30/03/2023
တစ်ကျောင်းတဂါထာ တစ်ရွာတပုဒ်ဆန်း
🇲🇲မြန်မာ့ရိုးရာ🇲🇲
🐓ကြက်ဆေးကုနည်း🐓
🐣🐣🐣🐣🐣🐣🐣🐣🐣🐣🐣🐣🐣🐣🐣🐣
၁။ ။ အအေးဖမ်းနှာစီးပြီး အသက်ရှုမဝ
ချွဲသံလိုကြားနေရပြီဆိုရင်တော့
ဗူးရွက်တရွက် နဲ့ ပူစီနံ ဒါမှမဟုက်
ဇီရာ (သို့) ပင်စိမ်းရွက် လေးငါးရွက်ရောပြီး
လက်ဝါးထဲထည့်ခြေပြီး
ထွက်လာတဲ့အရည်ကို
ကြက်ပါးစပ်ထဲညှစ်ထည့်ပေးပါ
အရည်ညှစ်ပြီးသားအဖတ်တွေကိုလည်း
ခွံ့ကျွေးပေးပါ ။
ကျန်အရွက်တွေရှာမရရင်
ဗူးရွက်တမျိုးထဲလည်းအစဉ်ပြေပါတယ်
ချွဲခြောက်ကပ်နေတဲ့ကြက်တွေလည်း
ဒီနည်းနဲ့အစဉ်ပြေပါတယ်ဗျာ။(သုံးစွဲပြီး)
၂။ ။ ပထမ(၁)အဆင့်ထက်ကျော်လွန်လာပြီး
ကြက်ဟာ🐔🐔🐔
လည်တိုပြီးကုတ်ချောင်းချောင်းနဲ့
စိတ်ပါကျလာပြီဆိုရင်တော့
စပါးလင်ပင်တပင်ကိုရှာပြီးငြုပ်ဆုံထဲထည့်
ထုထောင်းပြီးအရည် ထမင်းစားဇွန်းနဲ့ထည့်ပြီး
ကြက်ကိုတိုက်ပေးပါ
ရလာတဲ့အဖတ်တွေကိုလက်မရဲ့
လက်တဆစ်လောက်ခွံ့ပေးပါ ။
ပြီးနောက်အုပ်ဆောင်းနဲ့နာရီဝက်
တနာရီ လောက်အုပ်ထားပေးပါ
ပြီးမှရေခွက်လေးထဲရေထည့်ပြီး
အနားမှာချပေးလိုက်ပါ
ကြက်ကရေထသောက်လာပြီဆိုရင်
ဆေးဦးပါပြီ
တရက်ခြားလောက်ဆက်တိုက်ပေးပါ ။
ကြက်က ရေထသောက်တာမတွေ့ရင်တော့
အခြားဆေးနည်းတခုနဲ့ပြောင်းပြီးတော့ကုပါ။
(သုံးစွဲပြီး)
၃။ ။အဆင့်(၁)နဲ့(၂) မဖြစ်ခင်
ကိုယ့်ပတ်ဝန်းကျင်မှာကြက်နာကျတဲ့
အသံကြားရင်တော့ ကာကွယ်တဲ့အနေနဲ့
ရေဖလား ခွက်တလုံးရဲ့
သုံးချိုးနှစ်ချိုးလောက်ရေထည့်ပြီး
စပါးလင်၂ ပင်လောက်
ထုထောင်းရောနှောကာ
ဆနွင်းမှုံ့ထမင်းစားဇွန်း
တဇွန်းလောက်ထည့်မွှေပြီး
ကြက်အကြီး အလတ်တွေကိုထမင်းစားတဇွန်း
အငယ်တွေကိုတော့
တဇွန်းကိုလေးကောင်နှုန်းလောက်နဲ့
တပတ်ကို တကြိမ်လောက်
တိုက်ပေးထားလိုက်ပါ
(၃)ကြိမ်(၄) ကြိမ်လောက်တိုက်ရပါတယ်
(a)နောက်တနည်းကတော့
စမုံစပါး ကို ကျွေးနေကျ
အစာနဲ့ရောကျွေးပါ (သို့)
လက်ဖက်စားဇွန်းနဲ့တဇွန်းစာလောက် ကျွေးပါ။
(b)နောက်တခုကတော့ ရှားလိမ့်မယ်ထင်ပါတယ်
ဆင်ရဲ့ မစင်ကို ကြက်သောက်မယ့်ရေခွက်ထဲ
ထည့်ပေးထားရတာပါ အစိုပဲဖြစ်ဖြစ်
အခြောက်ပဲဖြစ်ဖြစ်ရပါတယ်
(အရင်သစ်ထုတ်လုပ်ရေးအဖွဲ့နဲ့
တောလည်သွား ရင်း ကရင်ရွာက
သိခဲ့တဲ့နည်းပါ)
အခုကာကွယ်နည်းလေးတွေက
နိုင်ငံခြားဆေးတွေမထွန်းကားခင်အချိန်က
ရာသီကူးချိန် ကျေးရွာတွေမှာသုံးခဲ့တဲ့
နည်းလမ်းလေးတွေပါ။ ။
(၄) ကြက်တွေ ကျောက်ပေါက်ရင်
( တချို့အရပ်ကတော့နှင်းသီးတယ်
ပြောကျပါတယ်)
အိမ်သုံးဆားကို
မန်ကျည်းစေ့လောက် လက်ဝါးထဲထည့်ပြီး
ကျန်လက်ညှိုးလက်မနဲ့ညှစ်ခြေလိုက်ပြီး
အမှုန့်ရအောင်ပြုလုပ်ထားပါ။
နောက်တခုကလမ်းဘေးမှာ
အလေ့ကျပေါက်တဲ့ပိန်းအရိုးနီ (ညို မဲ)
အရိုးဖြတ်ယူလိုက်လျှင်ထွက်လာတဲ့အစေးနဲ့
ဆားအမှုန့်ရောပြီးကျောက်ပေါက်တဲ့နေရာအနှံ့
သွေးစို့လာတဲ့အထိဖိပွတ်ပေးပြီး
နှီးပြားလေးနဲ့ခြစ်ချပေးလိုက်ပါ ။
မျက်လုံးထဲမဝင်အောင်တော့ဂရုစိုက်ပေးပါ။
တခါလောက်လုပ်ပေးတာနဲ့အစဉ်ပြေပါတယ်။
(၅) မိမိရဲ့ကြက် ညကအစာ
မနက်အထိကျန်နေသေးရင်
အစာမကျေဖူးဆိုရင်
ကြက်သွန်နှစ်တက်လောက်ကို
ဓားပြားရိုက်ပျားရည်နဲ့နယ်ပြီးကျွေးပါ။
( ၆) မိမိရဲ့ကြက်မှာပွေးစွဲ
ပွေးကပ်နေပြီဆိုရင်တော့
သံပုရာသီး အပင်ရဲ့ အမြစ်ကို
ဆားအနည်းငယ်နဲ့ရောပြီးသွေးလိမ်းပေးပါ။
(၇) တိုက်ဝိုင်းမှာဖြစ်ဖြစ်
ခွပ်လက်ခြေစမ်းရင်းဖြစ်ဖြစ်အတက်စူးမိရင်
ငှက်ပျောပင်ရဲ့ထွက်ခါစ
အရွက်လိပ် အနုကို
အရည်ညှစ်ထည့်ရသလို
အနာပေါက်ထဲကိုချေပြီးထည့်ရပါတယ်
အနာဖြစ်တဲ့အချိန်ထည့်ထားပေးပါက
အဆွေးတည်ခဲ့ရင်တောင်
အထဲထိလှိုက်မစားပဲ အနာဝတင်အခဲဖြစ်ပြီး
လက်နဲ့ညှစ်ထုတ်ရင်တောင်သစ်ဆွေးက
ထွက်နိုင်တဲ့အနေမှာပဲဖြစ်တတ်ပါတယ်
အနာကိုတော့ရေစင်အောင်ဆေးပေးရပါတယ်။
(၈) ဒူးကွဲနာ ဖြစ်ရင်တော့
ဒူးအထိ ရေစိမ်ပေးကြပါတယ်ဗျာ
(ကျနော်အခုပြောပြခဲ့တဲ့နည်းလေးတွေက
တချိန်က ကျေးလက်ဒေသတခုရဲ့အသုံးချနေခဲ့တဲ့နည်းလမ်းလေးတွေပါ
ကျနော်ကိုယ်တိုင်လည်းအသုံးပြုခဲ့ပြီး
လက်ရှိလည်းအသုံးပြုတဲ့နည်းလေးပါ
ခုချိန်မှာလည်လိမ်မျက်စဉ်းဆေးလို
နိုင်ငံခြားဆေးနဲ့လည်းကာကွယ်ပါတယ်
မှားယွင်းမှု့ရှိခဲ့ရင် ကျနော်ရဲ့ချွတ်ချော်မှု့သာ
ဖြစ်ပြီး
အကျိုးပြုမှု့တခုခုရခဲ့ပါရင် သင်ဆရာ မြင်ဆရာ ကြားဆရာ များရဲ့ ကျေးဇူးဂုဏ်သာဖြစ်ပါတယ်ဗျာ)
#မူရင်ရေးသားသူအာလေးစားပါတယ်းးးး
တိုက် ကြက် ချစ်မြတ် နိုးသူ