18/06/2026
ဒီအလုပ်ကိုချစ်မြတ်နိုး၍
ဒီအလုပ်မှာပျော်ရွှင်စွာဖြတ်သန်းရင်း
ဒီအလုပ်ကပဲပေးတဲ့ စိတ်ဖိစီးမှုတွေများလာလို့
ဒီနေရာကနေထိုင်ငေးကာ ပြန်တွေးလိုက်လျှင်
သတ္တိမွေးပြီး စခဲ့တဲ့အစမှာရှိခဲ့တဲ့ တွန်းအားရယ်၊
ဒီခရီးတစ်လျှောက်မှာ ကြုံဆုံခဲ့ရသမျှ အနိမ့်အမြင့်တွေရယ်၊
တစ်ဆင့်ချင်းပုံဖော်လာနိုင်တဲ့ ဒီနာမည်တစ်ခုကပေးတဲ့ ယုံကြည်မှုတွေကြောင့်
ရှေ့ဆက်ရမယ့် နံနက်ဖြန်တွေအတွက်
ခွန်အားတွေအလိုလိုပြန်ပြည့်လာတာ
(၅) နှစ်တောင် ပြည့်တော့မှာပဲ....