Carnival Music Bar & Restaurant

Carnival Music Bar & Restaurant Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Carnival Music Bar & Restaurant, Restaurant, Corner of Ayarwaddy 2nd Street and Shwetamar 2nd Street, Za Bu Thi Ri township, Naypyidaw.

သီချင်းဆိပ်ကမ်းပေါ်က  #ကျော်ကြီး (သို့မဟုတ်) Rock ငှက်တစ်ကောင်- - - - - - - - - - - - - - - - - - - - - - - - - - - - - ...
30/08/2026

သီချင်းဆိပ်ကမ်းပေါ်က #ကျော်ကြီး
(သို့မဟုတ်) Rock ငှက်တစ်ကောင်
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
#ဖရက်ဒီ
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ကနေ့ခေတ် ဂီတလောကရဲ့ လူငယ်အများစုဟာ
ကိုယ်ပိုင်သံစဉ် သီချင်းသစ်တွေကို
ဖက်တွယ်ပြီး ဂီတလောကထဲကို
ထိုးဖောက်ဝင်ရောက်လာတာဟာ
ကောင်းမွန်တဲ့အလားအလာပါပဲ၊ ဂီတကိုရူးသွပ်ခုံမင်စွာ နားထောင်ကြတဲ့ ပရိသတ်ကလည်း ကိုယ်ပိုင်သံစဉ်သီချင်းတွေကို တောင်းတကြတာပါပဲ။ ဂီတဆိုတာ လူတွေရဲ့ သောတအာရုံအတွက် သိမ်မွေ့တဲ့ လေးနက်မှုပါပဲ။

သီချင်းတွေဟာ
လူသားတွေရဲ့ယဉ်ကျေးမှုကို
ပိုမိုတောက်ပြောင်စေခဲ့တာပါပဲ။
အခုလည်း သီချင်းတွေကို ကိုက်ချီပျံသန်းလာတဲ့ Rock ငှက်တစ်ကောင်ကို တွေ့ခဲ့ပါတယ်။
သူကတော့ #ကျော်ကြီး ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေကို ကမ္ဘာမြေကြီးကိုပေးဆပ်ဖို့ ရောက်လာသူဆိုရင်လည်း မမှားဘူး။ နှစ်ပေါင်းများစွာ ဂီတလေကိုရှူရှိုက်ပြီး သီချင်းတွေကို ရှင်သန်သူပဲ ဖြစ်ပါတယ်၊ မဆုတ်မနစ် ကြိုးစားပြီး #မြင်းခြံမြို့ ကနေ အနုပညာမြို့တော်ဖြစ်တဲ့ ရန်ကုန်ကို အရောက်လာခဲ့သူဖြစ်ပါတယ်။
ယုံကြည်တဲ့ လူငယ်တိုင်းဟာ
ကိုယ်ယုံကြည်ရာ ပန်းတိုင်ကိုတော့
ရောက်ရစမြဲပါပဲ။
ကျော်ကြီးဟာ ဂီတအတွက် ပေးဆပ်ခဲ့ရတဲ့အချိန်တွေ၊ အရင်းနှီးတွေကို ညီမျှခြင်းထိုးလိုက်တော့ #သီချင်းဆိပ်ကမ်းစီးရီး ဖြစ်လာပါတယ်။
#ကျော်ကြီးရဲ့ #သီချင်းဆိပ်ကမ်းစီးရီး
ကို (Iron Cross) တေးဂီတက အကောင်းဆုံး တီးခတ်ပေးထားပါတယ်။ ကျော်ကြီးရဲ့ အနုပညာကိုယုံကြည်တဲ့ ကျော်ကြီးသူငယ်ချင်း #အောင်ခိုင် (မြင်းခြံ) က မူပိုင်အဖြစ် စီစဉ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဉ် သီချင်းသစ်များကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုထားတဲ့ ကျော်ကြီးနဲ့ အင်တာဗျူးဖြစ်ပါတယ်။
အင်တာဗျုးကို ရုပ်ရှင်တေးကဗျာ
မဂ္ဂဇင်းစာမျက်နှာကနေ ကူးယူဖော်ပြလိုက်ရပါတယ်. . .

ဒီ - ကျော်ကြီး ဂီတကို ဘယ်အရွယ်က စတင်စိတ်ဝင်စားခဲ့ပါသလဲ။
ကျော် - ကျွန်တော် ၅ တန်းလောက်မှာ ဂစ်တာတီးတတ်နေပါပြီ။

ဒီ - ကျော်ကြီးရဲ့ ပထမဦးဆုံး လက်ဦးဆရာတွေက ဘယ်သူလဲ။

ကျော် - ကျွန်တော့်ရဲ့လက်ဦးဆရာက ကျွန်တော့်ရဲ့အစ်ကိုပါ၊ အဲဒီနောက်မှာတော့ အစ်ကို့သူငယ်ချင်း ကိုခင်မောင်ဝင်းက Notes သင်ပေးပါတယ်။ အဲဒီနောက်တော့ ကိုယ့်ဘာသာ လေ့လာသင်ယူရင်း ပြည်တွင်းပြည်ပက မြင်ဆရာ၊ ကြားဆရာတွေ အများကြီးပါပဲ။

ဒီ - နယ်မှာတုန်းက Band တွေမှာရော တီးဖြစ်သေးလား။

ကျော် - နယ်မှာတုန်းကတော့ ကျွန်တော်တို့ မြင်းခြံမှာ ဝိုင်း (၃) ဝိုင်းပေါ့၊ "Passion", "SKY", "Infinity" အဲဒီ သုံးဝိုင်းမှာ တီးခဲ့ပါတယ်။

ဒီ - အတီးနဲ့အဆို ဘယ်ဟာကို ပိုပြီး အားသန်ပါသလဲ။

ကျော် - ကျွန်တော် ငယ်ငယ်က မက်ခဲ့တဲ့အိပ်မက်က Player ပါ။ Player ဘဝမှာ သီချင်းတွေရေးရင်း ခွေကြမ်းလုပ်ဖြစ်တယ်။ အဲဒီခွေကြမ်းကို သူငယ်ချင်းအောင်ခိုင်ပြကြည့်တော့ သူလုပ်မယ်ဆိုတာနဲ့ ဒီအခွေကို ဆိုဖြစ်သွားတာပါ။

ဒီ - ငယ်ငယ်တုန်းကရော ဘယ် Player တွေကို အားကျခဲ့ဖူးပါသလဲ။

ကျော် - ငယ်ငယ်တုန်းက ကိုဟန်ငွေထွန်း၊ ဦးဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း)၊ ပြည်ပကဆိုရင်တော့ "Deep Purple" VaHanlen, Scorpion တို့ရဲ့ တီးလုံးတွေကို အားကျခဲ့ပါတယ်၊ ခုလည်းအားကျဆဲပါပဲ။ အဆိုကတော့ ကိုယ့်ရှေ့က ကောင်းတဲ့၊ တော်တဲ့ အဆိုတော်မှန်သမျှကို အားကျပါတယ်။

ဒီ - အခုစီးရီးက ကိုယ်ပိုင်သံစဉ်သီချင်းတွေလို့ လူပြောများနေတယ်၊ အဲဒါ ဟုတ်ပါသလား၊ စီးရီးနာမည်ကိုလည်း သိပါရစေ။
ကျော် - ကိုယ်ပိုင်သံစဉ်တွေပါ၊ စီးရီးနာမည်ကတော့ #သီချင်းဆိပ်ကမ်းလို့ အမည်ပေးထားပါတယ်။

ဒီ - တေးရေးဆရာတွေ ကရော ဘယ်သူတွေပါသေးလဲ၊ Band, Studioနဲ့ မူပိုင်ဖြန့်ချိရေးကို သိပါစေ။
ကျော် - တေးရေးကတော့ ကျွန်တော်တစ်ယောက်တည်းပါ။ Iron Cross Band နဲ့ PTL Studio မှာ အသံဖမ်းယူပါတယ်။ #မူပိုင်ကတော့ အောင်ခိုင်(မြင်းခြံ)ဖြစ်ပြီး မြန်မာတစ်ပြည်လုံးကိုတော့ ရတနာမြိုင်တေးသံသွင်းက ဖြန့်ချိပါတယ်။

ဒီ - သီချင်းဆိပ်ကမ်းစီးရီးမှာ ဘယ်လိုသီချင်းပုံစံတွေ အများဆုံးပါဝင်ပါသလဲ။
ကျော် - Rock ကို အခြေခံပြီး ပုံစံစုံအောင် လုပ်ထားပါတယ်၊ Morden Rock, Alter, Bule Rock, Slow Rock, Pop Rock အမျိုးအစားတွေ ပါဝင်ပါတယ်။

ဒီ - သီချင်းဆိပ်ကမ်းစီးရီးကို ဘယ်အတိုင်းအတာထိ မျှော်မှန်းထားပါသလဲ။

ကျော် - ကျွန်တော့်ဘက်ကတော့ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်၊ ကျန်တဲ့အပိုင်းက ပရိသတ်ရဲ့အဆုံးအဖြတ်နဲ့ အားပေးမှုအပေါ် မူတည်ပါတယ်။

ဒီ - Iron Cross က Arrangement လုပ်ပေးတာလား။
ကျော် -ကျွန်တော်တတ်သလောက်လေး လုပ်ထားတာကို I.C ကိုခင်မောင်သန်းက ပိုကောင်းအောင် Arrange ပြန် လုပ်ပေးပါတယ်။

ဒီ - သီချင်းရေးတဲ့အခါ ဘယ်လိုအချိန်မျိုးမှာ ရေးဖြစ်ပါသလဲ။ ဥပမာ အချစ်အကြောင်း အရေးများလား၊ ဘဝအကြောင်းအရေးများလား၊ စစ်မက်တွေနဲ့ အသက်ရှူကျပ်နေတဲ့ ကမ္ဘာကြီးအကြောင်း ရေးဖြစ်သလား။
ကျော် - ဘယ်လိုအချိန်အခါမျိုးမှာ သီချင်းရေးမယ်ဆိုပြီး သတ်မှတ် မထားပါဘူး၊ Mood ဝင်ရင် ဝင်သလိုပဲ ရေးဖြစ်ပါတယ်။ အချစ်အကြောင်းကတော့ အများဆုံးရေးဖြစ်တာပေါ့၊ မရေးလို့လည်း မရဘူးလေ၊ ဘဝအကြောင်းတွေ၊ ခင်ဗျားပြောတဲ့ စစ်မက်တွေနဲ့ အသက်ရှူကျပ်နေတဲ့ ကမ္ဘာကြီးအကြောင်း ဆိုတာမျိုးတွေလည်း ရေးထားပြီးသားပါ။

ဒီ - ဒုတိယစီးရီးအတွက် အသင့်ဖြစ်နေပြီလား။
ကျော် - ဒုတိယစီးရီးအတွက် သီချင်းတွေစုနေတယ်၊ ကျွန်တော်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးရေးနေပါတယ်။

ဒီ - ဂီတပရိသတ်ကို ကျော်ကြီး ဘာပြောချင်ပါသေးလဲ။
ကျော် - သီချင်းဆိပ်ကမ်းစီးရီးကို နားထောင်ပေးပါ၊ ဝေဖန်ပေးပါ၊ အကြံဉာဏ်ပေးပါ ကျေးဇူးအထူးတင်ပါတယ်လို့ ပြောပါရစေ။

ဖရက်ဒီ

ကျော်ကြီး
#သီချင်းဆိပ်ကမ်း
(၂၀၀၄)

iRon cRoss | PTL | ရတနာမြိုင်
ရေး/ဆို တစ်ကိုယ်တော်

01 ဒဏ်ရာနမ်းသူ
02 ဝေးနေချိန်အလွမ်း
03 အိပ်မက်တောင်တန်း
04 စက်ဝိုင်း၏ကျေးကျွန်
05 နှလုံးသားလေးမူးနေပြီ
06 သိမ်းပိုက်သူ
07 လေပွေတစ်ကောင်
08 ပန်းချီကားလေး
09 နတ်မိစ္ဆာ
10 ရှင်သန်ခွင့်
11 သေဆုံးခြင်းနာရီများ
12 စိတ်မချလို့

Keep all your files safe, access them on any device you own and share with just the right people. Create a free pCloud account!

10/08/2026

အသံချိုချိုလေးနဲ့ အဆိုအရမ်းကောင်းသော ညီလေး #ဇော်ဇင်ထက် ရဲ့ #လမ်းခွဲ. . .🫰🏻

06/08/2026

ဘီး ကျဲ
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
🎙️ - #ဟိန်းဆက်
Carnival Music Band

03/08/2026

တကိုယ်ရေညများ
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
🎙️ - #ဂျွန်သံစဉ်လင်း
Carnival Music Band

02/08/2026

TAKE ME HOME COUNTRY ROADS
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
🎙️ - #မဉ္ဇူရီ
Carnival Music Band

01/08/2026

#ပြန်လာခဲ့. . .🤟🏻
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
🎙️ - ိုင်းဇီ
Carnival Music Band

31/07/2026

#ကိုယ့်အတွက်အိပ်မက်မင်းမက်လား
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
🎙️ - #အိသက်ထားမွန် (Bella)
Carnival Music Band

30/07/2026

တတိယမြောက် ရည်းစားစကားနိဒါန်း
- - - - - - - - - - - - - - - - - - - - - - - - - - - - - - -
🎙️ - #ဘိုဘိုဟန်

29/07/2026

ဖြူဖြူရယ်. . .နင်လိုချင်ရင်
ဘာမှလည်း မစဥ်းစား
ငါ့ အသွေး အသားကို ယူ. . .😁
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
🎙 - #ခင်မောင်ထူး

27/07/2026

သူစိမ်းတွေလိုနေလိုက်မယ်
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
🎙️ - #ပြည့်ဖြိုးစိန်လွင်
🎙️ - #ထက်ထက်ပုလဲ

Address

Corner Of Ayarwaddy 2nd Street And Shwetamar 2nd Street, Za Bu Thi Ri Township
Naypyidaw
15011

Opening Hours

Monday 10:00 - 23:00
Tuesday 10:00 - 23:00
Wednesday 10:00 - 23:00
Thursday 10:00 - 23:00
Friday 10:00 - 23:00
Saturday 10:00 - 23:00
Sunday 10:00 - 23:00

Website

Alerts

Be the first to know and let us send you an email when Carnival Music Bar & Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category