ဧဒင် Restaurant

ဧဒင် Restaurant Join us for a taste of happiness 🍻

••ပန်းက​လေးတို့အတွက်   ဆုမွန်​ကောင်း ••ပန်းပျိုးရတနာ​မြေပန်းပျိုးသူဥယျာဥ်မှူးပနိးတပွင့်ဖြစ်ဖို့  ကြိုးစားအားထုတ်သူပန်းတပ...
24/08/2025

••ပန်းက​လေးတို့အတွက် ဆုမွန်​ကောင်း ••

ပန်းပျိုးရတနာ​မြေ
ပန်းပျိုးသူဥယျာဥ်မှူး
ပနိးတပွင့်ဖြစ်ဖို့ ကြိုးစားအားထုတ်သူ
ပန်းတပွင့်၏ အတ္ထုပတ္တိ
ပန်းတို့ဖြစ်တည်ရာ ဧဒင် မဂ်လာ
ညီညာ​ပေါင်းစု အ​ကြောင်းပြု​သော်
ပျိုးသူလည်းလှ
​​ရေ​လောင်းသူရ၍
​လှပသစ်ဆင်း
ပန်းခင်းကြီးမှ
အ​တောင်​ပေါက်ကာ
လွတ်လပ်စွာပျံသန်း
လုလင်ယောက်ကျား
​မေပျိုများကို
ခရီးအဆက်ဆက်
​ခြေလှမ်းမပျက်
ဥာဏ်ပညာနှင့်
အသိဖွဲ့လို့
စဥ်ဆက်မပြတ်
လိုရာဆန္ဒ
​အောင်မြင်မှု့က
အပါး​တော်မြဲ
သွား​လေရာဝဲလို့
အရိပ်ပမာ
ခစားပါ​စေ
​တောင်းဆု​ခြွေသည်
​ရွှေပြည်​တော်ခရီး
ဂိတ်တံခါးကြီး
ရနံ့သင်းတဲ့
ပန်းက​လေးများအတွက် ပွင့်​လေပြီ။


ဧဒင်မဂ်လာ

ဧဒင်ရဲ့မိတ်‌ဟောင်းမိတ်သစ်များအတွက်အရသာကောင်းမွန်သောဟင်းလျာများကိုလာရောက်မြည်းစမ်းဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျ။ဧဒင် Restaura...
05/10/2024

ဧဒင်ရဲ့မိတ်‌ဟောင်းမိတ်သစ်များအတွက်
အရသာကောင်းမွန်သောဟင်းလျာများကို
လာရောက်မြည်းစမ်းဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျ။

ဧဒင် Restaurant (ရေချောင်းဘေး)မှာ
Beer အေးအေးလေးနှင့်အတူ Chinese Food ,
Thai Food များကို‌အောက်ပါ Menu များမှ
မှာယူအားပေးနိုင်ပါတယ်ခင်ဗျာ။

🔔မေတ္တာရပ်ခံခြင်း
Messenger ကနေဆို Line ပေါ်အမြဲမရှိနေလို့
အောက်ပါဖုန်းနံပါတ်များကို
ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ။

☎️ဖုန်း
09428346655
09428343385
09262232727

📍လိပ်စာ
အမှတ်(၃)ရပ်ကွက်
တံတားဖြူအနီး
နမ့်စန်မြို့

#အားပေးမှုကိုကျေးဇူးအထူးတင်ရှိပါသည်
#ဧဒင်စားသောက်ဆိုင်
#နမ့်စန်မြို့

ကိုယ်ထူ ကိုယ်ထကိုယ့်ထက်  ဒဏ်ရာ​တွေပိုနက်တဲ့သူ​တွေကြားမှာ   ​ဝေဒနာကိုပုံကြီးမချဲ့​တော့ပါဘူး   ​ဂေါတမ က``မြှားနဲ့အပစ်ခံရတဲ...
17/09/2024

ကိုယ်ထူ ကိုယ်ထ

ကိုယ့်ထက် ဒဏ်ရာ​တွေပိုနက်တဲ့သူ​တွေကြားမှာ ​ဝေဒနာကိုပုံကြီးမချဲ့​တော့ပါဘူး

​ဂေါတမ က
``မြှားနဲ့အပစ်ခံရတဲ့အခါ ဘယ်သူပစ်တာလဲ"
``မြှားက ဘယ်ကလာတာလဲ မ​မေးပါနဲ့တဲ့ "
``မြှားကိုသာ နှုတ်ပစ်ပါတဲ့ "
အဲဒါမှ ​ဝေဒနာက သက်သာမှာတဲ့

ကိုယ်တို့မြို့ငယ်​လေးသာမက တနိုင်ငံလုံးရဲ့​ဘေးဒုက္ခ
​တွေ ​တွေ့ရတဲ့အခါ ကိုယ့်ဒဏ်ရာ​တွေ​မေ့ပြီး အရမ်းစိတ်နှလုံး​ကြေကွဲရပါတယ်

ဒဏ်ရာ​တွေမရှိပဲနဲ့ ​ဝေဒနာသည်​တွေကို ကိုယ်ချင်းမစာနာနိုင်ပါဘူး ၊ ​ဝေဒနာသည်အချင်းချင်း လိုအပ်ရင်
ဧဒင် မှာ အကူအညီ​တောင်းခံနိုင်ပါတယ် ၊ နိုင်တဲ့ဝန်​တော့ ကူညီ​ပေးမှာပါ

ဒဏ်ရာ​တွေကို အရှုံးမ​ပေးပါနဲ့ ၊ ပြန်လည်သန်မာလာ​အောင်ကြိုးစားတည်​ဆောက်မှ ​အောင်မြင်လာမှာပါ၊

ကျွန်​တော်တို့မြို့ငယ်​လေး​ရော ​ဟောဒီနိုင်ငံကြီးပါ
ကပ်​ရောဂါ​တွေကင်း​ဝေးပြီး အမြန်ပြန်လည် ကျန်းမာပြီး ​ပျော်ရွင်ငြိမ်းချမ်းကြပါ​စေ။

ဂဏန်း မာဆလာ🦀လတ်ဆတ်ချိုမြပြီး ဂဏန်းသားအိအိလေးမာဆလာနံ့မွေးမွေးလေးနဲ့အရသာကောင်းမွန်ပြီးခံတွင်းတွေ့စေမယ့် Menu လေးပါ လာရောက်...
04/06/2024

ဂဏန်း မာဆလာ🦀

လတ်ဆတ်ချိုမြပြီး
ဂဏန်းသားအိအိလေး
မာဆလာနံ့မွေးမွေးလေးနဲ့
အရသာကောင်းမွန်ပြီးခံတွင်းတွေ့စေမယ့်
Menu လေးပါ လာရောက်မြည်းစမ်းကြည့်ဖို့
ဧဒင် Restaurant မှဖိတ်ခေါ်အပ်ပါတယ်။

#ဧဒင်စားသောက်ဆိုင်

#နမ့်စန်မြို့

🎉မင်္ဂလာဆုတောင်း🎉    Naing Htoo Aung                      &                  Khaing Nandar Oo    Congratulations  💞 🤵👰 💞...
31/05/2024

🎉မင်္ဂလာဆုတောင်း🎉

Naing Htoo Aung
&
Khaing Nandar Oo

Congratulations
💞 🤵👰 💞
25.5.2024

မင်္ဂလာဦးဇနီးမောင်နှံ

ဤ မင်္ဂလာရက်မြတ်မှစ၍
အေးချမ်းသာယာမှုအပေါင်းနဲ့ပြည့်စုံပြီး
ဘဝရဲ့နေ့ရက်တိုင်းကို အဓိပ္ပါယ်ရှိရှိ
ဖြတ်သန်းနိုင်ပါစေ။

ရတုအဆက်ဆက် အခက်အခဲ အတားအဆီးမရှိ
ဖြတ်ကျော်နိုင်ပါစေ လို့ #ဧဒင်မိသားစု
မှဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ရ တု အ ဆက် ဆက်
လှမ်း ချီ တက် ၍
ချစ် ရက် က မ္ဘာ တည် ပါ စေ သား။

#ဧဒင်စားသောက်ဆိုင်
#ဧဒင်မင်္ဂလာခန်းမ
#နမ့်စန်မြို့

ဧဒင်ရဲ့မိတ်‌ဟောင်းမိတ်သစ်များအတွက် Menu သစ်လေးတွေနဲ့မိတ်ဆက်ပေးပါရစေအရသာကောင်းမွန်ပြီး🥢🍴အစပ်အဟက်တည့်တည့်ဟင်းပွဲများ- မာလာ...
29/05/2024

ဧဒင်ရဲ့မိတ်‌ဟောင်းမိတ်သစ်များအတွက်
Menu သစ်လေးတွေနဲ့မိတ်ဆက်ပေးပါရစေ

အရသာကောင်းမွန်ပြီး🥢🍴
အစပ်အဟက်တည့်တည့်ဟင်းပွဲများ

- မာလာရှမ်းကော 🍜(ကြက်၊ဝက်၊ပုဇွန်၊ပင်လယ်စာ)
- ဝက်နံရိုးမီးတောက် 🍖🔥
- ဂဏန်းမာဆလာ 🦀
- ပုဇွန်ကင် 🍤
- ပင်လယ်စာထောင်း 🍤🦀
- ဝက်လက်ပေါင်း🍖(ချို၊စပ်)
- ကညွှန့် ကြော်🥗 စသည့်ဟင်းပွဲများကို
လာရောက်မြည်းစမ်းဖို့ဖိတ်ခေါ်အပ်ပါသည်။

လိပ်စာ
အမှတ်(၃)ရပ်ကွက်
တံတားဖြူအနီး
နမ့်စန်မြို့

ဖုန်း
09428343385
09262232727

#ဧဒင်စားသောက်ဆိုင်
#နမ့်စန်မြို့

16/04/2024
မိတ်​ဆွေတို့က  (3)ခွက် (1)ခွက်ဆို​တော့လည်းဧဒင် က  မိတ်​ဆွေတို့ရဲ့  အလို​တော်အတိုင်းပါဘဲ         ဒီထက်  ဧဒင် နဲ့ပတ်သက်တဲ့...
05/04/2024

မိတ်​ဆွေတို့က (3)ခွက် (1)ခွက်ဆို​တော့လည်း
ဧဒင် က မိတ်​ဆွေတို့ရဲ့ အလို​တော်အတိုင်းပါဘဲ

ဒီထက် ဧဒင် နဲ့ပတ်သက်တဲ့ အမှတ်တရ တခုခုကို
​ပြောပြနိုင်ရင်​တော့ ​​ဧဒင် ရဲ့ အမှတ်တရမေတ္တာလက်​ဆောင် ထပ်ပြီးရနိုင်မည့် အခွင့်အ​ရေးလည်းထည့်သွင်းထားပါတယ်(လျှို့ဝှက်ချက်ပါ)

အမှတ်တရ​တွေက တန်ဖိုးကြီးတဲ့အတွက်
လွမ်း​လောက်​အောင်​ပြောနိုင်တဲ့သူ​တွေကိုသာ လက်​ဆောင်​ပေးမှာပါ

ဧဒင် ရဲ့ (20th Anniversary) အဖြစ်
ဧဒင် (1) နှင့် ဧဒင် (2)တွင်သာ ရနိုင်မည့်အခွင့်အ​ရေး
ဖြစ်ပါတယ်

တရက်တည်းသာ

ဆိုင်စတင်တည်​ထောင်ခြင်း​နေ့စွဲမှစတင်ပြီး
အနှစ်(20)ပြည့်​မြောက်တဲ့ (7-4-2024) တရက်တည်းသာ

မိတ်​ဆွေ အားလုံးကို ဧဒင် မှ လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာ ဖိတ်​ခေါ်ပါသည် ။

အနှစ်  (၂၀)(7-4 -2004  မှသည်  7-4- 2024) တိုင်​အောင်  ဘဝရဲ့ အချိုးအ​ကွေ့   အနိမ့်အမြင့်  အတက်အကျ​တွေနှင့်   မိုင်တိုင် (...
02/04/2024

အနှစ် (၂၀)

(7-4 -2004 မှသည် 7-4- 2024) တိုင်​အောင်
ဘဝရဲ့ အချိုးအ​ကွေ့ အနိမ့်အမြင့် အတက်အကျ​တွေနှင့် မိုင်တိုင် (၂၀)

ငယ်ဘဝမှာ တခါဖူးမျှ မမက်ဖူးတဲ့ အိပ်မက်
​လောကဓံ၏ ရိုက်ချက်ကြမ်းကြမ်းထဲကမှ
ရုန်းထွက်လာခဲ့တဲ့ အလှပဆုံး ပန်းတပွင့်

တခါတ​လေ အ​ပေးနဲ့အယူ မကိုက်ညီတာမျိုးရှိ​ပေမယ့်

(ကိုယ်က စင်တင်ထဲမှာ သီချင်း​တွေကို ငြိမ့်ငြိမ့်က​လေး
နား​ထောင်ခံစား​စေချင်​ပေမယ့် သူတို့က ကာရာအို​ကေခန်းထဲမှာ ​ပေါက်ကွဲဖွင့်ထုတ်ချင်တာမျိုး -ဧဒင်နှင့်စင်တင်​တေးဂီတ)

တခါတရံမှာ​တော့ မဂ်လာခန်းမလိုမျိုး အ​ပေး အယူ တည့်သွားတာမျိုးလည်း ရှိပါတယ်

​လောကကြီးမှာ ရှင်သန်လာရင်းနဲ့ လူက အမြဲတ​စေချည်း​တော့ မမှန်နိုင်ပါဘူး ဆုံးဖြတ်ချက်အမှား​တွေ
ချမိတဲ့အချိန်လည်း ရှိနိုင်ပါတယ်
(Covid ကာလ ​တောင်ကြီးမှာ အချိန်​နေရာလွဲမှားစွာ
လုပ်မိတဲ့အချိန်မျိုး​ပေါ့)

အမှား​တွေက ဘဝရဲ့ သင်ခန်းစာပါဘဲ
တခါတ​လေအမှားနဲ့​တွေ့ဆုံဖူးမှ ​လောကကြီးဆီက
သင်ယူရမယ့်အရာ​တွေ အများကြီးရှိ​နေ​သေးတယ်ဆိုတာ သိလာရတယ်

တချို့အရာ​တွေက ရပ်ရမယ့်အချိန်ရပ်ရပါတယ်
တချို့အရာ​တွေက တွန်းတိုက်ရင်း ခရီးဆက်ရပါတယ်

အနှစ်(၂၀)မှာ ကြုံခဲ့ရတဲ့ အ​ကောင်း​လောကဓံ​ရော အဆိုး​လောကဓံ​ရော ကို ​ကျေးဇူးတင်ပါတယ်
​ရှေ့ဆက်ဖို့အတွက် ဘဝရဲ့ သင်ခန်းစာ​​တွေမို့ပါ

ပြီး​တော့ ဧဒင် ကို အစဥ်အမြဲ အား​ပေးတဲ့မိတ်ဆွေများကိုလည်း အထူး​ကျေးဇူးတင်ပါတယ်၊ ​နောင်ကိုလည်း ဆက်လက်အား​ပေးကြပါအုံးလို့ ​တောင်းဆိုပါတယ်

(၇-၄-၂၀၂၄) ရက်​နေ့ ဆိုင်သက်တမ်း အနှစ်(၂၀)ပြည်ြနှစ် ဧဒင်(1)​ရော ဧဒင်(2)မှာပါ ဘီယာ(4)ခွက်​သောက်တိုင်း (1)ခွက် အခမဲ့ လက်​​ဆောင်​သောက်သုံးရယူနိုင်ပါတယ် (7-4-2024 တရက်ထဲသာ)

​ဘောလုံးပွဲဆိုတာမျိုးက ပရိသတ်မရှိရင် အဓိပ္ပါယ်မဲ့သလိုမျိုး ​လောကကြီးမှာ မိတ်​ဆွေမရှိရင် အထီးကျန်လွန်းပါတယ်

အိမ်ကွင်း အ​ဝေးကွင်း ပရိသတ်အားလုံးကို
ဧဒင် က အမြဲတမ်း ကြိုဆိုလျှက်ပါ

အနှစ်(၂၀)အတွက်
မိတ်​ဆွေအားလုံးကို အထူး​ကျေးဇူးတင်ပါသည်။

မြန်မာနိုင်ငံသူ/သား အ​ပေါင်း  ​ဘေးရန်ခပ်သိမ်းဒုက္ခခပ်သိမ်း​ကြောင့်ကြခပ်သိမ်း ကင်း​ဝေးကြပြီးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမ...
25/12/2023

မြန်မာနိုင်ငံသူ/သား အ​ပေါင်း
​ဘေးရန်ခပ်သိမ်း
ဒုက္ခခပ်သိမ်း
​ကြောင့်ကြခပ်သိမ်း ကင်း​ဝေးကြပြီး
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါ​စေ။

Address

အမှတ် (၃)ရပ်ကွက် ပြည်​ထောင်စုလမ်းမကြီး တံတားအနီး နမ့်စန်မြို့
Namsang
06161

Opening Hours

Monday 08:00 - 23:00
Tuesday 08:00 - 23:00
Wednesday 08:00 - 23:00
Thursday 08:00 - 23:00
Friday 08:00 - 23:00
Saturday 08:00 - 23:00
Sunday 08:00 - 23:00

Website

Alerts

Be the first to know and let us send you an email when ဧဒင် Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဧဒင် Restaurant:

Shortcuts

Share

Category