28/06/2026
ဒါမျိုးပိုစ့် မရေးချင်..
ဒါပေမဲ့ ရေးချင်စိတ်ကို တားမရ မြစ်ကြီးနားမြို့ ဧရာ ရပ်ကွက် ထမင်းကြော်ဆိုင်
တစ်ဆိုင်ရှိတယ်။မာလာဟင်း မာလာရှမ်းကောတို့ ငါးမာလာ ငါးသံပုရာ တို့လည်းရတယ်
ဘီးကြဲ ကြီး ရောင်းတာ။
လူကကြိတ်ကြိတ်တိုးပဲ။
ကိုယ်အမြဲ ပါဆယ်ဝယ်နေကျ။
ဟင်းတွေ စုံတယ်
စျေးချိုပေမယ့် ခို မထားဘူး။
ထူးခြားတာက သူများဆိုင်တွေလို
ထမင်းကြော် အတု မဟုတ်ဘူး။
ထမင်းကြော် အစစ်..။
ထမင်းကြော် အတုဆိုတာက စကားအဖြစ်ပြောတာ။မီးဖိုပေါ်တင်ပြီး ထမင်းဖြူကို အရသာနဲ့ နယ်..
မီးအေးအေးလေး ထိုးထားတာမျိုး။
ဒီဆိုင်ကျ ထမင်းကြော်ကို ဂြိုးကျအောင်
အမှန်အကန် ကြော်တာ။
ပထမ တစ်ခါ နှစ်ခါ ဝယ်တုန်းက တူးနေတဲ့ အခဲတွေ
ထည့်ပေးတယ် ထင်နေတာ..
မဟုတ်ဘူး..အမြဲ အဲဒီလိုပဲ..
ဒါ ဒီဆိုင်ရဲ့ စတိုင်။
ထားပါတော့ ...
ရေးချင်တဲ့ ကိစ္စက ခုမှ လာမှာ။
ဒီလိုဟေး...။
မနေ့က ထမင်းကြော် သွားဝယ်တော့
ဝက်သားနဲ့ တစ်ပွဲကို အိုင်က
တစ်သောင်း တန်ပေးလိုက်တယ်။ရှစ်ထောင်
ကျတာဆိုတော့ နှစ်ထောင်
ပြန်အမ်းရမယ်ပေါ့။
ပိုက်ဆံ ယူတာက တစ်ယောက်။
ပြန်အမ်းတော့ ကောင်လေးတစ်ယောက်
ထွက်လာတယ်။
"ဒီနှစ်ထောင် ဘယ်သူ့ကို အမ်းရမှာလဲ..''လို့
ဆိုင်ထဲကို လှမ်းမေးတယ်။
ဆိုင်ထဲက ဘာပြန်ပြောတယ် ထင်လဲ။
"အဲဒီက ခပ်ဖြောင့်ဖြောင့် ၊
ခပ်ချောချော အကိုကြီးကို အမ်းရမှာဟ..'' တဲ့..။
ဟိုကောင်လေးကလည်း ကိုယ့်ကိုကြည့်ပြီး
"အကို့ကို အမ်းရမှာ မဟုတ်လား...ရော့..'' တဲ့..။
ဟာကွာ...မင်းတို့ မင်းတို့..
ငါပိုစ့်တင်မယ်...
ငါပိုစ့်တင်မယ်..
ငါကွာ....။
"ဟိုညီလေး....အဲဒီ ပိုတဲ့ နှစ်ထောင်
မင်းယူလိုက်တော့....''
စိတ်တိုလိုက်တာကွာ...။
FAT BOY.မာလာရှမ်းကော ဆိုင်။ 09268905021.09799319001