Mae Sot Diary - CNX

Mae Sot Diary - CNX ချင်းမိုင်ဆိုင်

ကြက်ခြေထောက်ဂျူးမြစ်တဘူးကို ဘတ် ၁၅၀ ပေးရလို့ မတန်ဘူးဆိုတဲ့စကားက ဟိုကောင်မ သိန်းရင်လုပ်ကြံပြီးပြောတာ🙄ကျွန်တော်တို့ admin ...
17/06/2026

ကြက်ခြေထောက်ဂျူးမြစ်တဘူးကို ဘတ် ၁၅၀ ပေးရလို့ မတန်ဘူးဆိုတဲ့စကားက ဟိုကောင်မ သိန်းရင်လုပ်ကြံပြီးပြောတာ🙄

ကျွန်တော်တို့ admin တွေအဲ့လိုမပြောဘူး
ကျွန်တော်တို့ ပြောတာက ကြက်ခြေထောက် ၁ ကီလို ၁၁၀ ၊ ဂျူးမြစ်က ၂ စီး ၁၀၈ ဘတ်(အပေါ်ကဟာကြီးတွေဖယ်လိုက်ရင် အောက်ကအမြစ်က ဘာမှမကျန်ဘူး)

အဲ့ဒီနှစ်မျိုးလုံးကို အဆင်သင့် အရသာရှိရှိစားလို့ရအောင် ပြင်ဆင်ပြီးမှ မာလအနှစ်တွေ ၊ အခြားထည့်ရတဲ့ Ingredients တွေကရောရသေးတယ်

အဲ့သလို အဲ့သလို ဖန်တီးထားတဲ့ ကြက်ခြေထောက်ဂျူးမြစ်ထုံစပ်မွှေးကို ၁ ဘူး ၁၅၀ ဘတ်ဆိုတာ မတန်ဘူးလားလို့ပြောတာ🫢🤔

နောက်ပြီး ၁ ဘူးဆို အသားတင် ၃၅၀ g ကနေ ၄၀၀ g ထိ ထည့်ပေးတာမို့ ဘူးမှာကပ်တင်ပါရုံလေးမဟုတ်ဘူးလေ
အားရပါးရ ကိုက်ရမယ့်၊ စားရမယ့် ကိစ္စကြီးကို😐🥹

ပြီးတော့ အရသာမရှိရင်တော့ ဘယ်လောက်များများပါပါ ၊ ဘယ်ဈေးဖြစ်ဖြစ် မတန်ဘူးပေါ့
အခုဟာက…တော်ပါပြီ

မှာချင်ရင် ဒီနေ့အတွက် ၅ ဘူး ရပါဦးမယ်
အရင်မှာတဲ့သူကို အရင်ရောင်းချပေးပါမယ်ခင်ဗျာ🤩🙏

❌❌❌ကြာရှည်ခံဆေး၊ ဆိုးဆေး ၊ ဓာတုဗေဒဆေးဝါးများ သုံးစွဲထားခြင်း(လုံးဝ) မရှိလို့ အော်ဒါပို့ဆောင်ရက်ကို တစ်ရက်ထဲ အကုန်ပြီးစီးအောင် စုပို့ပေးပါမယ်❌❌❌

⚠️⚠️⚠️အော်ဒါရရှိပြီး မသုံးဆောင်ဖြစ်သေးပါက အအေးခန်း/ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားပေးပါ⚠️⚠️⚠️

#မဲဆောက်ဒိုင်ယာရီ #ကြက်ခြေထောက်ဂျူးမြစ်ထုံစပ်မွှေး #ပိုတန်ပိုများပိုကောင်း

ထီပေါက်ရင် စားမယ်လို့ အားခဲထားတာဆိုအခုရော ခြေနေ?😁 #မဲဆောက်ဒိုင်ယာရီ      #ပိုတန်ပိုများပိုကောင်း  #ချင်းမိုင်
16/06/2026

ထီပေါက်ရင် စားမယ်လို့ အားခဲထားတာဆို
အခုရော ခြေနေ?😁

#မဲဆောက်ဒိုင်ယာရီ #ပိုတန်ပိုများပိုကောင်း #ချင်းမိုင်

ချင်းမိုင်က စားသောက်ဆိုင်အတော်အများမှာ မာလရှမ်းကောဆိုတဲ့ မီနူးကမပါမဖြစ်လို့ကြားတယ်ဗျခက်တာက ကျွန်တော်တို့ကလည်း မဲဆောက်မှာ...
16/06/2026

ချင်းမိုင်က စားသောက်ဆိုင်အတော်အများမှာ မာလရှမ်းကောဆိုတဲ့ မီနူးကမပါမဖြစ်လို့ကြားတယ်ဗျ

ခက်တာက ကျွန်တော်တို့ကလည်း မဲဆောက်မှာတုန်းက မာလရှမ်းကော ၊ မာလာမောက်ချိုက်နဲ့ မြေအိုးဟော့ပေါ့ သီးသန့်ရောင်းခဲ့တာ ၊ ရောင်းအားတွေတက်တော့ စားသုံးသူတွေအကြိုက်လိုက်လို့ တခြားဟင်းပွဲတွေထပ်တိုးခဲ့ရတာတော့ရှိတာပေါ့

စကားပြန်ဆက်ရရင် ချင်းမိုင်ရောက်တော့လည်း မာလရှမ်းကော အဓိက ရောင်းမယ်လို့ပဲဆုံးဖြတ်တာပဲ

ကျွန်တော်နားလည်တာတခုပဲရှိတယ်
ဘယ်ဆိုင် ဘာရောင်းရောင်း ၊ ဘယ်လိုပဲရောင်းရောင်း
ကျွန်တော့်ဆိုင်က ကိုယ့်ပုံစံနဲ့ပဲ အစားအသောက်တွေကို ပြင်ဆင်ရောင်းချမယ်
အပိုထည့်ပေးစရာ စေတနာရှိမယ် ၊ မေတ္တာရှိမယ်
စားချင်တဲ့ပုံစံပြောပေးရင် အနီးစပ်ဆုံး တူအောင်ချက်ပေးဖို့ကြိုးစားမယ်

အဲ့ဒါ ကျွန်တော်တို့ပေးနိုင်တဲ့ ဝန်ဆောင်မှုနဲ့ Mae Sot Diary - CNX ရဲ့ မပြောင်းလဲသော စံတခုပဲခင်ဗျ

လူ့အကြိုက် နတ်တောင်မလိုက်နိုင်တော့ စားသုံးသူအားလုံးရဲ့ အကြိုက်က ကျွန်တော်တို့ဆိုင်ပဲ မဟုတ်နိုင်ဘူးဆိုတာလည်း လက်ခံထားတယ်၊ တဖက်မှာလည်း ကျွန်တော်တို့ဆိုင်ကို ရွေးချယ်တဲ့ ကာစတန်မာတိုင်းကို စိတ်ကျေနပ်သည်ထိ ဝန်ဆောင်မှုပေးပါ့မယ်

စီးပွါးရေးလောကမှာတို့ ၊ F & B လုပ်ငန်းမှာတော့ ဒီလိုမျိုးတွေက ဘာညာ စကားလုံးတွေကျွန်တော်တကယ်အာရုံထဲမရှိဘူး

ကျွန်တော်သိတာ ကျွန်တော့်ဆီက တခါမှာစားရင် ကျွန်တော်တို့ ထမင်းရှင်ပဲ ၊ ကျွန်တော် အကောင်းဆုံးချက်ပေးမယ်

နောက်ပြီး ဘယ်သူက ဘယ်လိုလေးကြိုက်တတ်တယ်ဆိုတာ အမြဲအမှတ်ရတတ်တယ်🩵

#မဲဆောက်ဒိုင်ယာရီ #မာလရှမ်းကော #မာလာမောက်ချိုက် #ပိုတန်ပိုများပိုကောင်း

Mae Sot Diary ဆိုင် ပိတ်တော့မယ်ဆိုတော့ တခုပဲစဉ်းစားရတယ်လုပ်ငန်းကို လက်လွှဲမလား ၊ နောက်တမြို့မှာ ထပ်ဖွင့်မလား ဆိုတာကိုပေါ...
14/06/2026

Mae Sot Diary ဆိုင် ပိတ်တော့မယ်ဆိုတော့ တခုပဲစဉ်းစားရတယ်
လုပ်ငန်းကို လက်လွှဲမလား ၊ နောက်တမြို့မှာ ထပ်ဖွင့်မလား ဆိုတာကိုပေါ့
အစက လုပ်ငန်းလက်လွှဲဖို့ကြိုးစားကြည့်သေးတယ်
ဈေးစကားပြောပြီးတဲ့အထိ အဆင်လည်းပြေတယ်
ခက်တာက ကိုယ်ကိုယ်တိုင် စလယ်ဆုံး ပျိုးထောင်ထားရတဲ့လုပ်ငန်းကို တခြားတစ်ယောက်ကိုလွှဲပေးရတော့မယ့်အချိန်မှာဖြစ်သွားတဲ့ ဖီလင်က အတော်ထိတာ
ဘယ်လိုပြောရမလဲ ၊ ကိုယ်မွေးထားတဲ့သားသမီးကို သူများ မွေးစားဖို့ပေးလိုက်ရသလိုပဲ

နင့်ဟာကလည်း ပိုကိုပိုလွန်းတာလို့တော့မထင်နဲ့ဗျ
ပြည်တွင်းက ထွက်ရလာပြီးကာလတွေမှာ ဒီဆိုင်က ကျွန်တော်တို့ရဲ့ အသက်ရှူပေါက် ၊ ရပ်တည်မှု ၊ ဘဝဖြစ်သွားတာ

အဲ့တော့ ဘယ်နည်းနဲ့မှတော့ မစွန့်လွှတ်နိုင်တာသေချာတော့ အလုံးအခဲနဲ့ ရမယ့်ပိုက်ဆံလည်းမမြင်နိုင်တော့ပဲ ပြောင်းမယ်ဟာ ၊ သွားမယ်
နယ်မြေသစ်မှာ ပြန်ပြီးကြိုးစားပစ်မယ်ဆိုတဲ့စိတ်နဲ့ ဘုရင့်နောင် ဖောင်ဖျက်လာတာပဲ

သူငယ်ချင်းတွေ ၊ မိတ်ဆွေတွေကပြောကြတယ် “ မဲဆောက်ဒိုင်ယာရီဆိုတာ မဲဆောက်မှာဒီလောက်ရောင်းရတာ ၊ မင်းဆိုင်နာမည်က ဒီမြို့နဲ့ အသားကျနေပြီ ၊ Brand လိုဖြစ်နေပြီ၊ တခြားနေရာဆို မိတ်အသစ်ပြန်ရှာရတာနဲ့ ဖြစ်ပါ့မလား” ဆိုတဲ့ စကားတွေ ၊ အကြံပြုချက်တွေ ပြန်ရပေမယ့် ကိုယ်တွေမှာလည်း ကိုယ့်အကြောင်းနဲ့ ကိုယ်ပဲမို့ ဒီထိရောက်လာပြီး စွန့်စားလိုက်တာပဲ စားသုံးသူတို့ရေ

မဲဆောက်ရဲ့ စံချိန်ကို မချိုးနိုင်သေးရင်တောင် များများတော့ရောင်းရမှာဖြစ်မှာမို့ စားသုံးသူတွေရဲ့ Honest review လေးတွေ နေရာသစ်မှာ ဆိုင်သစ်အနေနဲ့ ယုံကြည်မှုရအောင် တနေ့ တခါတော့ တင်ခွင့်ပြုစေလိုပါတယ်🙏

နောက်နေ့မှ မဲဆောက်မှာ ဆိုင်ခွဲဘာလို့မထားခဲ့လဲဆိုတာ ပြောပြတော့မယ်ဗျ

ဒီနေ့တော့ တရက်တာ ပြီးပြီမို့ နောက်တနေ့မှာ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ကြိုးစားရင်း စားသုံးသူတို့လည်း ကျန်းမာ ချမ်းသာ စီးပွါးတက်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ🤩✨

#မဲဆောက်ဒိုင်ယာရီ #ပိုတန်ပိုများပိုကောင်း

အစကတော့ review တွေတင်ရမှာရှက်တယ်ဗျ😥ကိုယ်ရောင်း ကိုယ်ကောင်းနေတာပါကွာလို့ ထင်ခံရမှာပိုရှက်တယ်🥹ကျွန်တော်တို့ဆိုင်က အားလုံးရ...
13/06/2026

အစကတော့ review တွေတင်ရမှာရှက်တယ်ဗျ😥
ကိုယ်ရောင်း ကိုယ်ကောင်းနေတာပါကွာလို့ ထင်ခံရမှာပိုရှက်တယ်🥹
ကျွန်တော်တို့ဆိုင်က အားလုံးရဲ့အကြိုက်နဲ့ကိုက်ညီမှုတော့ ရှိချင်မှရှိမှာကိုသိသော်ငြားလည်းပဲ…

တစ်ယောက်ကစလို့ အများလည်းကြိုက်တဲ့ လက်ခံနိုင်တဲ့ဆိုင်မျိုးဖြစ်အောင်တော့ ချင်းမိုင်မြို့မှာလည်း ကြိုးစားမှာမို့ “နံနက် ၁၀ နာရီကနေ ည ၁၀ နာရီထိ မှာစားလို့ရကြောင်း ကြော်ငြာဝင်ပါရစေခင်ဗျ”💯🔥

#မဲဆောက်ဒိုင်ယာရီ #မာလရှမ်းကော #မာလာမောက်ချိုက် #ပိုတန်ပိုများပိုကောင်း #မာလာအကင်သုပ်

13/06/2026

မာလာအကင်သုပ်🔥❤️

“မာလာအကင်သုပ်” လို့ပြောလိုက်ရင် ကျွန်တော်တို့ မြန်မာအခေါ်ကတော့ ကိုရီးယားအသားလုံး/ချောင်း တွေပေါ့။ အဲ့ဒါကို ကြော်ပြီး မာလ...
13/06/2026

“မာလာအကင်သုပ်” လို့ပြောလိုက်ရင် ကျွန်တော်တို့ မြန်မာအခေါ်ကတော့ ကိုရီးယားအသားလုံး/ချောင်း တွေပေါ့။ အဲ့ဒါကို ကြော်ပြီး မာလာအမှုန့် ၊ spicyအနှစ် နဲ့ အသီးအရွက်တွေထည့်ပြီးသုပ်တာကိုပြေးမြင်ကြတာပေါ့

ကျွန်တော်ကတော့ စားဖူးသမျှထဲ တော်တော်အကြိုက်တွေ့တဲ့ ရန်ကုန်မြို့ ၊ ၄၃ လမ်း အလယ်ဘလောက်က အန်တီကြီးဆိုင်ကို သွားသွားပြေးမြင်တာပဲ

ရွေးစရာတွေကလည်းအများကြီးကိုမှ လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်က ၄၀၀၀/၅၀၀၀ ဖိုးဆို တခွက်ကြီးရတာ သတိရမိပါသေးတယ်
အရသာကလည်း လွှတ်ကောင်းတာ ၊ ရှယ်ကောင်းတာ ။ စားဖူးသူတွေတော့ သိမယ်ထင်ရ၏

အဲ့လိုနဲ့ ကိုယ့်ဆိုင်မှာလည်း မာလာအကင်သုပ်ကို မီနူးထဲထည့်မယ်ဆိုတော့ အနှစ်စပ်ပုံစပ်နည်းကို အတော်လေ့လာရတယ်

မာလာအကင်သုပ်ဆိုတော့ မာလအရသာလည်းပါရမယ်၊ ပါတဲ့လုချင်းအသားလုံးတွေကလည်းလတ်ရမယ်၊ သူ့ကို မပျော့မမာလေးကြော်ပြီး အဆိမ့် အစပ် အရသာထွက်အောင် သုပ်ရမယ်ဆိုပြီး အကြံရတာပဲ

အဲ့လိုနဲ့ လုချင်းနဲ့ ပါဝင်တဲ့အနှစ်တွေနဲ့ တသားတည်းဖြစ်နေတဲ့ အကင်သုပ်တပွဲ ရပါပြီခင်ဗျာ❤️💯

လုချင်း ၁၀ မျိုး ပါဝင်တဲ့ မာလာအကင်သုပ်တပွဲကို ၉၉ ဘတ်ထဲနဲ့ ပြည့်ပြည့်ဝဝ သုံးဆောင်နိုင်ပါပြီ✅🔥

ထည့်သုပ်ပေးထားတဲ့ သခွါးသီး ၊ မုန်လာဥနီနဲ့ ဆလပ်ကတော့ ဆိုင်ရဲ့စေတနာပါဗျ… ချစ်လို့ထည့်ပေးတာပါခင်ဗျာ🥹🤫

#မဲဆောက်ဒိုင်ယာရီ #ပိုတန်ပိုများပိုကောင်း #မာလာအကင်သုပ် #မာလရှမ်းကော #မာလာမောက်ချိုက်

ဒါတစ်ပွဲဘယ်လောက်လဲ😍😍ဒါတစ်ပွဲကို အနှစ်ဖိုးပါပြီးသားမှ 202 b ပဲကျသင့်တယ်ဆို ယုံမလားခင်ဗျ🤩🥹ဟုတ်လို့လားဆို ဟုတ်တာပေါ့ခင်ဗျာ💯...
12/06/2026

ဒါတစ်ပွဲဘယ်လောက်လဲ😍😍

ဒါတစ်ပွဲကို အနှစ်ဖိုးပါပြီးသားမှ 202 b ပဲကျသင့်တယ်ဆို ယုံမလားခင်ဗျ🤩🥹

ဟုတ်လို့လားဆို ဟုတ်တာပေါ့ခင်ဗျာ💯🔥

ကျွန်တော်တို့ဆိုင်မှာ မာလရှမ်းကော ၊ မာလာမောက်ချိုအတွက်ဆို အမယ်တမျိုး ၁၀ ဘတ်ကစရှိပြီးတော့ Set Menu လည်းရသလို အခုလို ကိုယ်တိုင် အမယ်တမျိုးခြင်းစီရွေးပြီးလည်း သုံးဆောင်လို့ရပါတယ်

အခုပွဲကြီးဆို အမယ် ၁၂ မျိုး ၊ စုစုပေါင်း 225 b ကျသင့်တာကို ဒီလကုန်ထိ ဘာမှာမှာ 10 % လျှော့ပေးနေတာကြောင့် 202 b ပဲကျသင့်တော့တာပါ

ဒါဆို Set Menu စားရင်ကောင်းမလား ၊ ကိုယ်တိုင်ရွေးရမလား ဝေခွဲရခက်နေတဲ့သူတွေအတွက်ဆို ကျွန်တော်က စားသုံးသူနေရာကနေဝင်ပြီး အကြံပေးချင်ပါတယ်ဗျ🤫🤭

တကယ်လို့ လူကြီးမင်း ဘာကိုမှ တခုခြင်းရွေးမနေချင်ဘူး ၊ အစုံလည်း စားချင်တယ်၊ ဘယ်နှယောက်သုံးဆောင်မလဲဆိုတာကိုလည်း သိတယ်ဆိုရင် All in one ပြီးပြည့်စုံတဲ့ Set Menu တွေရွေးပါဗျ ၊ အသားအစုံစားချင်တဲ့သူတွေဆို Combo Set တွေပါရွေးလို့ရပါတယ်🤗💯✅

ဒါပေမယ့် လူကြီးမင်းကတော့ ကိုယ်စားချင်တဲ့ အမယ်တမျိုးစီကိုမှ ဘယ်ဟာကိုတော့ များများစားမယ်၊ ဒါလေးလည်းစားချင်တယ်၊ ဟိုဟာလေးလည်း စားချင်တယ်ဆို Ingredients ပေါင်း 40 ရှိတဲ့ထဲက ကြိုက်နှစ်သက်ရာရွေးယူပါလို့ပြောရင်း…

Grab . Bolt deli များရဲ့ဈေးနှုန်းအတိုင်း ချင်းမိုင်မြို့တွင်း အိမ်အရောက်ပို့ ဝန်ဆောင်မှုပေးနေပါပြီခင်ဗျ🛵

#မဲဆောက်ဒိုင်ယာရီ #ပိုတန်ပိုများပိုကောင်း #မာလရှမ်းကော #မာလာမောက်ချိုက် #ချင်းမိုင်

မဲဆောက်မှာတုန်းက Mae Sot Diary ဆိုင်ဆို ၁၀ ဘတ်တန် မာလရှမ်းကောဆိုင်လို့သိကြတာခင်ဗျ✅✅တကယ်လည်း အသား ၊ အရွက် ၊ လုချင်း အမယ်တ...
12/06/2026

မဲဆောက်မှာတုန်းက Mae Sot Diary ဆိုင်ဆို ၁၀ ဘတ်တန် မာလရှမ်းကောဆိုင်လို့သိကြတာခင်ဗျ✅✅

တကယ်လည်း အသား ၊ အရွက် ၊ လုချင်း အမယ်တမျိုးစီကို ဘာယူယူ တမျိုး ၁၀ ဘတ်နဲ့ရောင်းပေးခဲ့တာပါ✨💫

အခု ချင်းမိုင်မှာကြတော့ ဈေးတွေဘယ်လိုသတ်မှတ်ရမလဲက ခေါင်းတော့အတော်စားတယ်
ကုန်ဈေးနှုန်းတွေကလည်း မဲဆောက်နဲ့ မဆိုင်သလိုပဲ🥹

ဒါပေမယ့်…
ဒါပေမယ့်လည်း… ရိုးရာကိုလည်းမဖျက်ချင်တာကြောင့် Ingredients တွေကို ၁၀ ဘတ်ကနေ စပြီးရွေးချယ်လို့ရအောင်လုပ်ပေးထားပါတယ်😍🤩

Packaging ပိုင်းကိုလည်း Quality ကောင်းတဲ့အမျိူးအစားတွေပဲရွေးချယ်အသုံးပြုပေးထားတဲ့အပြင် တူ ၊ ဇွန်း ၊ sauce စတဲ့အရာတွေကိုလည်း လိုလေသေးမရှိ ပါဆယ်ထုပ်တိုင်းမှာ ထည့်ပေးနိုင်အောင် စီစဉ်ပေးထားပါတယ်

မဲဆောက်မှာကတော့ ယုံကြည်မှုရပြီး ရောင်းအားကောင်းခဲ့တယ်ဆိုတာ ဆိုင်ရဲ့ Fb page မှာတင်ထားတဲ့ order ပုံတွေက သက်သေပါပဲခင်ဗျာ

ချင်းမိုင်မှာကတော့ ဘယ်၍ ဘယ်ပုံ လာဦးမလဲမသိပေမယ့် မိတ်ဟောင်း မိတ်သစ် စားသုံးသူတိုင်းအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပါပြီ💯✅

Delivery ခကတော့ ကျွန်တော်တို့လည်း ကြားတောင်မကြားဖူးတဲ့ ဈေးနှုန်းတွေဖြစ်ပေမယ့် မြို့အကျယ်ကြီးမှာ နေရာပေါက်စေ့ အိမ်ရှေ့ထိ ရောက်အောင်ပို့ရတာဖြစ်တဲ့အတွက် ကိုယ်တိုင်အပြင်ထွက်မဝယ်ရတာတင် ဆီဖိုး၊ လူပန်းတာ သက်သာတယ်ဆိုပြီး ဒီလောက်ကတော့ တန်နေပြီလို့တွေးတဲ့သူတွေအတွက်က Grab Deli or ဆိုင် Deli ရှိပါမယ်💚

သွားရင်းလာရင်း ကြုံလို့ဖြစ်ဖြစ် ၊ လာယူချင်တာဖြစ်ဖြစ် Pick Up service လည်းရတာမို့ နံနက် ၁၀ နာရီကနေ ည ၁၀ နာရီအတွင်း မှာယူနိုင်ပါပြီခင်ဗျာ🤍

#မဲဆောက်ဒိုင်ယာရီ #ပိုတန်ပိုများပိုကောင်း #မာလရှမ်းကော #မာလာမောက်ချိုက် #ကြက်မဲအစိမ်း

ချင်းမိုင်မြို့မှာ ကြက်မဲရပါပြီ🖤Made In 🇹🇭 ကြက်မဲမို့ အရည်အသွေးပိုင်းကို စိတ်ချယုံကြည်လို့ရနိုင်မယ်မဟုတ်ပါလားခင်ဗျာ💯✅ကြက...
11/06/2026

ချင်းမိုင်မြို့မှာ ကြက်မဲရပါပြီ🖤

Made In 🇹🇭 ကြက်မဲမို့ အရည်အသွေးပိုင်းကို စိတ်ချယုံကြည်လို့ရနိုင်မယ်မဟုတ်ပါလားခင်ဗျာ💯✅

ကြက်မဲတတောင့်လုံးကို 2 kg ရှိပြီးတော့ 299 b နဲ့ ရောင်းချပေးမှာမို့ အိမ်မှာကိုယ်တိုင် ကင်စားဖို့ ၊ ကြော်စားဖို့ ၊ ဟင်းချက်စားစရာ အသားဟင်းအဖြစ် ဝယ်ယူထားနိုင်ပါတယ်⭐️⭐️⭐️⭐️⭐️

မူကထ ၊ ဟော့ပေါ့ လုပ်စားရင်မပါမဖြစ်၊ မာလရှမ်းကောဆို ကြက်မဲနဲ့မှ စားတတ်တာဆိုတဲ့ လူကြီးမင်းတို့အတွက်

Kg ဝက် 89 b🔥
1 kg 159 b🔥
2 kg 299 b🔥 ဆိုပြီး စိတ်ကြိုက်ဝယ်ယူလို့ရဦးမှာမို့ အခုပဲ မှာယူနိုင်ပါပြီ📲

#ကြက်မဲ #ကြက်မဲအစိမ်း #မဲဆောက်ဒိုင်ယာရီ #ပိုတန်ပိုများပိုကောင်း

Address

Myawadi

Website

Alerts

Be the first to know and let us send you an email when Mae Sot Diary - CNX posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category