05/04/2025
ထိုင်းနိုင်ငံမှာ နေတဲ့ မိတ်ဆွေများ ကိုယ့်ဆင်းမ်ကဒ်က ဖုန်းဘေမထည့်တာ ကြာရင် သက်တမ်းကုန်တတ်ပါတယ်နော် သက်တမ်းကုန်ရင် ဆင်းမ်ကဒ်ပျက်တတ်ပါတယ်။
အထူးသဖြင့် အင်တာနက်ဖရီး သုံးကြတဲ့ မိတ်ဆွေများ သတိထားကြပါလို့
ပြန်ရှာရလွယ်အောင် သိမ်းထားလိုက်ပါဗျ။
အောက်မှာ Dtac & TrueMove & AIS 12call
ဆင်းမ်ကဒ်သက်တမ်းတိုးနည်းများ တင်ပေးလိုက်ပါတယ်။
🔵 Dtac ဆင်းမ်သက်တမ်းတိုးနည်း 🔵
ကဒ်သက်တမ်း စစ်ရန်
*101*9 # ကို ဖုန်းခေါ်ပါ
_____________________________
• 30ရက် သက်တမ်းတိုးရန် (2ဘတ် ကုန်မည်)
*113*30*9 # ကို ဖုန်းခေါ်ပါ
• 60ရက် သက်တမ်းတိုးရန် (4ဘတ် ကုန်မည်)
*113*60*9 # ကို ဖုန်းခေါ်ပါ
• 90ရက် သက်တမ်းတိုးရန် (6ဘတ် ကုန်မည်)
*113*90*9 # ကို ဖုန်းခေါ်ပါ
• 180ရက် သက်တမ်းတိုးရန် (12ဘတ် ကုန်မည်)
*113*180*9 # ကို ဖုန်းခေါ်ပါ
မှတ်ချက် - ဆင်းမ် ကို အနည်းဆုံး ရက် 90 ကြာအသုံးပြုပြီးသားဖြစ်ရမယ် သို့မဟုတ် ဖုန်းဘေ 200 ဘတ်အထက် အသုံးပြုမှု ရှိရပါမည်။
တကယ်လို့ ရက်90မပြည့်သေးပါက ဖုန်းဘေ 20ထည့်ပေးလိုက်ပါ ဒါဆိုရင် သက်တမ်းတစ်လပြန်ရပါတယ်
🔴 TrueMove သက်တမ်းတိုးနည်း 🔴
ကဒ်သက်တမ်း စစ်ရန်
*123 # ကို ဖုန်းခေါ်ပါ
_____________________________
• 30ရက် သက်တမ်းတိုးရန် (2ဘတ် ကုန်မည်)
*934*30 # ကို ဖုန်းခေါ်ပါ
• 90ရက် သက်တမ်းတိုးရန် (6ဘတ် ကုန်မည်)
*934*90 # ကို ဖုန်းခေါ်ပါ
• 180ရက် သက်တမ်းတိုးရန် (12ဘတ် ကုန်မည်)
*934*180 # ကို ဖုန်းခေါ်ပါ
မှတ်ချက် - ဆင်းမ် ကို အနည်းဆုံး ရက် 90 ကြာအသုံးပြုပြီးသားဖြစ်ရမယ် သို့မဟုတ် ဖုန်းဘေ 200 ဘတ်အထက် အသုံးပြုမှု ရှိရပါမည်။
တကယ်လို့ ရက်90မပြည့်သေးပါက ဖုန်းဘေ 20ထည့်ပေးလိုက်ပါ ဒါဆိုရင် သက်တမ်းတစ်လပြန်ရပါတယ်
🟢 AIS 12call သက်တမ်းတိုးနည်း 🟢
ကဒ်သက်တမ်း စစ်ရန်
*121 # ကို ဖုန်းခေါ်ပါ
_____________________________
30ရက် သက်တမ်းရဖို့ ဖုန်းဘေ 10 ဘတ်ထည့်ပါ။
နောက်နည်းလမ်းတစ်ခု
30ရက် သက်တမ်းတိုးရန် (30ဘတ် ကုန်မည်)
*500*9 # ကို ဖုန်းခေါ်ပါ
AIS ဆော့ဝဲ Update အသစ်ဒေါင်းရန်
- https://bit.ly/4hU0eVa
True ဆော့ဝဲ Update အသစ်ဒေါင်းရန်
- https://bit.ly/3EO2P4g
Dtac ဆော့ဝဲ Update အသစ်ဒေါင်းရန်
- https://bit.ly/3D6SuQs
Credit -
dtac App, a lifestyle application that lets you do more than just check your usage, pay bills, or top up. We have more than that waiting for you. Special secret promotions only on dtac App. The best value here only. dtac Reward and dtac Reward Coins. Many privileges from leading partners specially s...