03/09/2026
တနဂ်နွေနေ့ နောက်ဆုံးထားစာရင်းပေးပြီး မှာယူထားလိုက်တော့နော် နောက်ကျရင်လူပြည့်သွားမယ်နော်...
🎒 ကျောင်းဖွင့်ပြီ! မနက်ခင်း ထမင်းဘူးပြင်ရတဲ့ သောကတွေကို Little Kitchen ဆီ လွှဲပေးလိုက်ပါ။
မနက်အစောကြီးထ၊ ဈေးပတ်၊ ဟင်းချက်ပြီး ကလေးထမင်းဘူး ပြင်ရတာ ဖေဖေမေမေတို့အတွက် တကယ့်ကို အချိန်ကုန် ပင်ပန်းရတဲ့ အလုပ်တစ်ခုဘဲ right?
ဒီကျောင်းဖွင့်ရာသီမှာ ရင်သွေးငယ်တွေရဲ့ နေ့လည်စာအတွက် Little Kitchen ရှိနေပါပြီဗျာ.. စီးပွားရေးထက် ကလေးလေးတွေနဲ့ ဖေဖေမေမေတို့ အဆင်ပြေစေဖို့ ကိုယ်တိုင် ချက်ကျွေးသလိုမျိုး အကောင်းဆုံး ဝန်ဆောင်မှုပေးသွားမှာပါ 💚
🔥 Little Kitchen ရဲ့ဝန်ဆောင်မှုကို ယူခြင်းဖြင့် ဖေဖေမေမေတို့ ရရှိမယ့် "တကယ့်အကျိုးကျေးဇူး (၄) ချက်"
၁။ နေ့လည်စာအချိန်မှီ ပို့ဆောင်ပေးခြင်း
ကျောင်းက နေ့လည် ထမင်းစားချိန် အမှီ ကလေးတွေလက်ထဲ အရောက် သေချာပို့ဆောင်ပေးမှာမို့လို့ ဖေဖေမေမေတို့ လုပ်ငန်းခွင်ထဲမှာ "ငါ့ကလေး ထမင်းငတ်နေမလား၊ အချိန်မှီစားရပါ့မလား" ဆိုပြီး ဘယ်တော့မှ နောက်ဆံတင်းစရာ မလိုတော့ပါဘူး။ သားသားမီးမီးလေးတွေ အာဟာရရှိရှိ စားနေရပြီမို့ မိဘတွေအနေနဲ့ အလုပ်ကို ကောင်းကောင်းမွန်မွန် အာရုံစိုက်နိုင်ပါပြီ။
၂။ ငွေကြေးကုန်ကျမှု သိသိသာသာ သက်သာခြင်း
အပြင်မှာ ဝယ်ကျွေးရင် — ကလေးကျောင်းမုန့်ဖိုး တစ်ရက် (၃,၀၀၀ မှ ၅,၀၀၀) ပေးရုံတင်မက၊ မိဘကိုယ်တိုင် ဈေးဝယ်ချက်ပြုတ်ရတဲ့ ဂတ်စ်ဖိုး၊ ဆီဖိုး၊ ဟင်းချက်စရိတ်တွေ ပေါင်းလိုက်ရင် တစ်လကို အနည်းဆုံး (၂) သိန်းထက်မက ကုန်ကျတတ်ပါတယ်။
Little Kitchen ဝန်ဆောင်မှုယူရင် — တစ်လစာ (၄ ပတ်) အတွက် ၁၆၀,၀၀၀ ကျပ် သာ ကျသင့်ပြီး တစ်ရက်စာ ပျမ်းမျှ (၈,၀၀၀) ဝန်းကျင်လေးနဲ့ ထမင်း၊ ဟင်း၊ အဆာပြေမုန့် (Snack) ရော၊ အသီး (သို့) ဖျော်ရည်တစ်မျိုးပါ ရရှိမှာမို့လို့ တကယ့်ကို တွက်ခြေကိုက်ပါတယ်။
၃။ အိပ်ရေးဝဝအိပ်ပြီး မနက်ခင်းအချိန်ပို ထွက်လာခြင်း
ထမင်းဘူးပြင်ဖို့ အစောကြီး ထစရာမလိုတော့ပါဘူး။ မနက်ခင်း ပြာယာခတ်ရတဲ့ အချိန်တွေကို လျှော့ချပြီး အိပ်ရေးဝဝအိပ်နိုင်မယ့်အပြင်၊ ကလေးကို ကျောင်းအမှီ စိတ်အေးလက်အေး ပြင်ဆင်ပေးဖို့ အချိန်ပိုတွေ ရရှိလာပါမယ်။
၄။ ကလေးကျန်းမာရေးအတွက် စိတ်ချရခြင်း
အိမ်ချက်လက်ရာအတိုင်း နေ့စဉ် သန့်ရှင်းလတ်ဆတ်ပြီး အာဟာရရှိ အောင်သေချာပြင်ဆင်ပေးမှာမို့လို့ ရေရှည်မှာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အများကြီး အထောက်အကူပြုမှာပါ။
🚨 [အထူးအသိပေးချက် - ကလေးအယောက်အရေအတွက် ကန့်သတ်ထားပါသည်]
Little Kitchen အနေနဲ့ ကလေးငယ်တစ်ဦးချင်းစီအတွက် အကောင်းဆုံးဖြစ်အောင် အသေးစိတ် ဂရုစိုက်ပြီး ပို့ဆောင်ပေးမှာမို့ တစ်ရက်ကို ကလေးအယောက် [15] သာ ကန့်သတ်ပြီး လက်ခံပေးသွားမှာဖြစ်ပါတယ်။
(လူဦးရေ ပြည့်သွားပါက စာရင်းပိတ်ပါမည်)
✨ Little Kitchen ရဲ့ စေတနာပါတဲ့ ဝန်ဆောင်မှုများ
။ ။ နေ့ချင်းချက်၊ နေ့ချင်းပို့စနစ်ဖြင့် စိတ်ချရအောင် ပြင်ဆင်ပါတယ်
။ ။ ကလေးငယ်များ မငြီးငွေ့စေဖို့ Menu ကို နေ့စဉ်အဆန်းပြောင်းလဲပေးပါတယ်။
။ ။ ထမင်းအပြင် ကလေးတို့အကြိုက် မုန့်အဆာပြေနှင့် လတ်ဆတ်တဲ့ သဘာဝအသီးဖျော်ရည် (သို့မဟုတ်) ရာသီပေါ်သစ်သီး နေ့တိုင်း တစ်မျိုး စုံလင်စွာ ထည့်ပေးပါတယ်။
💰 ဝန်ဆောင်မှုနှုန်းထားများ
၁ ရက်စာ စမ်းသပ်နှုန်း — ၁၀,၀၀၀ ကျပ်
၁ ပတ်စာ (၅ ရက်) — ၄၅,၀၀၀ ကျပ် (၅,၀၀၀ ကျပ် သက်သာ)
၁ လစာ (၄ ပတ်) — ၁၆၀,၀၀၀ ကျပ် (၄၀,၀၀၀ ကျပ်အထိ အထူးသက်သာ)
ကျောင်းဖွင့်ရက်တစ်လလုံး မိမိရင်သွေးလေး စိတ်ချရတဲ့ အာဟာရရရှိဖို့နဲ့ ဖေဖေမေမေတို့ရဲ့ နေရာလွတ် မဆုံးရှုံးရစေဖို့ အခုပဲ အမြန်ဆုံး လာရောက်စာရင်းသွင်းလိုက်ပါဦးရှင် 🥰
📱 Little Kitchen သို့ ဆက်သွယ်ရန် - [09 440 018 327]
#မိုးကုတ်မြို့