Hi Pork Myanmar

Hi Pork Myanmar စားလိုက်တိုင်း လျှာလည်သွားမယ့် Hi Pork
tiktok.com/

20/08/2026

Sausage တွေထဲမှာ ဘယ် sausage ကိုအကြိုက်ဆုံးလဲ🤤🤤🤤

Hi Pork fan စစ်စစ် ဆိုရင် ဒီဆိုင်လေးက ဘယ်နားကဆိုင်လဲဆိုတာ သိကြမယ်ဟုတ်?🤔🤔🤔
16/08/2026

Hi Pork fan စစ်စစ် ဆိုရင် ဒီဆိုင်လေးက ဘယ်နားကဆိုင်လဲဆိုတာ သိကြမယ်ဟုတ်?🤔🤔🤔

အထာကျကျနဲ့ ရှယ်စားလို့ရမယ့် Thai Style ဝက်သားလုံးကြော် ရပြီနော်! 💥Hi Pork ရဲ့ Menu အသစ်စက်စက်လေးက စားဖူးသမျှ ဝက်သားလုံးက...
15/08/2026

အထာကျကျနဲ့ ရှယ်စားလို့ရမယ့် Thai Style ဝက်သားလုံးကြော် ရပြီနော်! 💥

Hi Pork ရဲ့ Menu အသစ်စက်စက်လေးက စားဖူးသမျှ ဝက်သားလုံးကြော်တွေနဲ့ မတူဘူးနော်။ ထိုင်းစတိုင် စစ်စစ် Flavor မို့ အီတာမျိုး လုံးဝမရှိဘူး။ အနံ့ကတင် ဆွဲဆောင်လွန်းလို့ အနားဖြတ်သွားရင်တောင် လှည့်ဝယ်ရမှာအသေအချာပဲ! 😎

တစ်ချောင်းဆို တစ်ချောင်း အသားပြည့်ပြည့်ဝဝနဲ့ အလုံးကြီးကြီးမို့ တန်မှတန်။
ဒီညနေ သူငယ်ချင်းတွေနဲ့ ဆုံဖြစ်ရင်ဖြစ်ဖြစ်၊ အိမ်ပြန်ရင်း ဗိုက်ဆာရင်ပဲဖြစ်ဖြစ် Hi Pork ကို သတိရလိုက်ပါ! 😉

11/08/2026

ဒီနေ့ ဘာစားချင်လဲ 😋

"ရည်းစားဟောင်းက စိတ်ပြောင်းတာထက် ပိုမြန်တာ ဘာရှိလဲဆိုတော့... ခေတ်ကာလ အခြေအနေအရ တရိပ်ရိပ်တက်လာတဲ့ ကုန်စျေးနှုန်းတွေပဲပေါ့...
06/08/2026

"ရည်းစားဟောင်းက စိတ်ပြောင်းတာထက် ပိုမြန်တာ ဘာရှိလဲဆိုတော့... ခေတ်ကာလ အခြေအနေအရ တရိပ်ရိပ်တက်လာတဲ့ ကုန်စျေးနှုန်းတွေပဲပေါ့! 🥲
အချစ်တွေ ပြောင်းလဲသွားပေမယ့် Hi Pork ရဲ့ ရှယ်အရသာနဲ့ မွှေးပျံ့နေတဲ့ အသားကင်လေးတွေရဲ့ အရသာကတော့ (၁) မီလီမီတာတောင် မပြောင်းလဲပါဘူးနော်။ စျေးနှုန်းလေးတွေ အနည်းငယ် Update ဖြစ်သွားပေမယ့် ပေးရတဲ့ ကျပ်ပြားတိုင်းအတွက် ရှယ်တန်နေတုန်းပဲနော်။ 🐷✨
အရသာကို လျှာလည်သွားစေဖို့ အရင်အတိုင်းပဲ အားပေးဖို့ စောင့်မျှော်နေပါတယ်ဗျို့! ♥️"

🥩✨ တောင်ကြီးမြို့ အေးသာယာမှာ HiPork ရဲ့ ဝက်သားကြော်နဲ့ ဝက်အူချောင်း ပူပူမွှေးမွှေးလေးတွေ စတင်ရောင်းချနေပြီနော်! 😋🔥အပြင်လ...
05/08/2026

🥩✨ တောင်ကြီးမြို့ အေးသာယာမှာ HiPork ရဲ့ ဝက်သားကြော်နဲ့ ဝက်အူချောင်း ပူပူမွှေးမွှေးလေးတွေ စတင်ရောင်းချနေပြီနော်! 😋🔥

အပြင်လွှာ ကြွပ်ကြွပ်လေးနဲ့ အသားထဲအထိ အရသာစိမ့်ဝင်နေတဲ့ ဝက်သားကြော် (Pork Fried Meat) နွေးနွေးလေးရယ်... ကိုက်လိုက်ရင် အမွှေးအကြိုင်အရသာ ပြည့်နှက်သွားမယ့် ဝက်အူချောင်း (Sausage) ပူပူလေးရယ်ကို တောင်ကြီး၊ အေးသာယာမှာ ဝယ်ယူရရှိနိုင်ပါပြီ။

အေးချမ်းတဲ့ တောင်ကြီးမြို့လေးမှာ အဆာပြေမုန့်စားရင်းပဲဖြစ်ဖြစ်၊ ရည်စား/သူငယ်ချင်းတွေနဲ့အတူ သရေစာစားရင်း စကားပြောဖို့ပဲဖြစ်ဖြစ် HiPork ရဲ့ ဝက်သားကြော်နဲ့ ဝက်အူချောင်းလေးတွေကို လာရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ❤️

📍 ဆိုင်လိပ်စာ

ရွှေညောင်-တောင်ကြီး လမ်းမပေါ်၊ Pro 1 Mart ရှေ့၊ တောင်ကြီးမြို့။

ဝက်သား ဝယ်တော့မယ်ဆိုရင် လတ်မလတ် ဘယ်လို စစ်ဆေးမလဲ 🥩🔍စျေးထဲမှာပဲဖြစ်ဖြစ်၊ စူပါမားကတ်မှာပဲဖြစ်ဖြစ် ဝက်သားဝယ်တဲ့အခါ လတ်ဆတ်သန...
30/07/2026

ဝက်သား ဝယ်တော့မယ်ဆိုရင် လတ်မလတ် ဘယ်လို စစ်ဆေးမလဲ 🥩🔍

စျေးထဲမှာပဲဖြစ်ဖြစ်၊ စူပါမားကတ်မှာပဲဖြစ်ဖြစ် ဝက်သားဝယ်တဲ့အခါ လတ်ဆတ်သန့်ရှင်းတဲ့ ဝက်သားကောင်းကို မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့ အရမ်းအရေးကြီးပါတယ်နော်။

ဒါဆိုရင် ဝက်သား လတ်မလတ်ကို စက္ကန့်ပိုင်းအတွင်း လွယ်လွယ်ကူကူ ဘယ်လိုကြည့်မလဲဆိုတာ ဒီ (၃) ချက်နဲ့ စစ်ဆေးကြည့်ရအောင် 👇

🎨 ၁။ အရောင် (Color)

လတ်ဆတ်တဲ့ ဝက်သားဟာ သဘာဝ ပန်းရောင်ပြေးပြေး ရှိပြီး တောက်ပနေတတ်ပါတယ်။

အရောင် မည်းမှောင်နေတာ၊ ဖြူဖျော့လွန်းတာမျိုး ဒါမှမဟုတ် ညိုပုပ်ပုပ် ဖြစ်နေရင်တော့ မလတ်ဆတ်တော့တဲ့ လက္ခဏာပါပဲ။

👃 ၂။ အနံ့ (Smell)

ဝက်သားစိမ်းရဲ့ သဘာဝ အနံ့ ပဲ ရှိရပါမယ်။

သိုးနံ့၊ ချဉ်စူးစူးအနံ့ ဒါမှမဟုတ် ပြင်းထန်တဲ့ ညှီနံ့ဆိုးတွေ ထွက်နေရင်တော့ လုံးဝ မဝယ်သင့်တော့ပါဘူး။

👆 ၃။ အသားအနေအထား (Texture & Elasticity)

လက်ချောင်းလေးနဲ့ ဖိကြည့်လိုက်တဲ့အခါ အသားက ပြန်ကြွလာရပါမယ် (ကျစ်လစ်မှုနဲ့ ရုန်းအား ရှိရပါမယ်)။

ဖိလိုက်လို့ ချိုင့်ဝင်သွားပြီး ပြန်မကြွလာတော့တာ၊ စိမ်းရွှဲပြီး စိမ့်နေတာမျိုးဆိုရင်တော့ လတ်ဆတ်မှု မရှိတော့တာပါ။

Hi Pork ကတော့ သန့်ရှင်းလတ်ဆတ်မှု၊ ကျန်းမာရေးနဲ့ ညီညွတ်မှု စံချိန်စံညွှန်းတွေကို အပြည့်အဝ ထိန်းသိမ်းထားတာမို့ မေမေတို့နဲ့ အိမ်ရှင်မများ စိတ်အေးချမ်းသာစွာ ဝယ်ယူအားပေးနိုင်ပါတယ်နော် ✨

💬 မေမေတို့ရော ဝက်သားဝယ်ရင် ဘယ်အချက်ကို အဓိကကြည့်ပြီး ဝယ်လေ့ရှိလဲဆိုတာ ကော်မန့်မှာ မျှဝေပေးခဲ့ပါဦးနော်။

Hashtags:

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🌕မြတ်စွာဘုရား...
29/07/2026

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🌕

မြတ်စွာဘုရားရှင်တရားဦး ဓမ္မစကြာဒေသနာတော်ကို စတင်ဟောကြားတော်မူခဲ့သည့် ထူးမြတ်လှသော ဝါဆိုလပြည့်နေ့တွင် –

✨ ဘေးဘယာဝေးကွာ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေ။

✨ ကောင်းကျိုးလိုအင်ဆန္ဒမှန်သမျှ ပြည့်ဝဝပြောကြပါစေကြောင်း Hi Pork Myanmar မိသားစုမှ လှိုက်လှဲစွာ မေတ္တာပို့သအပ်ပါသည်။

ယနေ့ကျရောက်သော အခါတော်နေ့ထူးတွင် အလှူဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်းတို့ဖြင့် ကောင်းမှုကုသိုလ်အဖြာဖြာကို ဆည်းပူးနိုင်ကြပါစေ။ 🙏

#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့

ဝက်သားဝယ်ရင် ဒါတွေ သိပြီးပြီလား 🥩✨မီးဖိုချောင်ထဲမှာ ဟင်းချက်တော့မယ်ဆိုရင် ဘယ်ဝက်သား အစိတ်အပိုင်းကို ဘယ်လိုချက်စားရင် အကေ...
28/07/2026

ဝက်သားဝယ်ရင် ဒါတွေ သိပြီးပြီလား 🥩✨

မီးဖိုချောင်ထဲမှာ ဟင်းချက်တော့မယ်ဆိုရင် ဘယ်ဝက်သား အစိတ်အပိုင်းကို ဘယ်လိုချက်စားရင် အကောင်းဆုံးနဲ့ အပြင်က ဆိုင်တွေလို အဓိပ္ပာယ်ရှိရှိ အရသာရှိဆုံး ဖြစ်မလဲဆိုတာ မေမေတို့၊ အိမ်ရှင်မတို့ သိထားဖို့ လိုပါတယ်နော် 😉👇

🥓 ၁။ သုံးထပ်သား (Pork Belly)
အသားနဲ့ အဆီ အလွှာလိုက် မျှတစွာ ပါဝင်တာကြောင့် အကင်၊ ပေါက်စီ၊ ဝက်သားနီချက်နဲ့ နှပ်ဟင်းတွေ အတွက် အသင့်တော်ဆုံးပါပဲ။

🥩 ၂။ ပုခုံးသား (Pork Shoulder)
အသားချည်းပဲ မဟုတ်ဘဲ အဆီမျှင်လေးတွေ ပါဝင်လို့ ဟင်းချက်ရင် နူးညံ့ပြီး အရသာဝင်လွယ်ပါတယ်။ ကြော်ဖို့၊ ဟင်းချက်ဖို့ အကောင်းဆုံး အပိုင်းပါပဲ။

🍗 ၃။ ပေါင်းသား (Pork Leg)
အသားဓာတ် ကြွယ်ဝပြီး ကျစ်လစ်တဲ့ ပေါင်သားကိုတော့ အကင်နဲ့ ဟင်းချက်ဖို့ အတွက် အဓိက သုံးကြပါတယ်။

🦴 ၄။ နံရိုး (Pork Ribs)
အသားနဲ့ အရိုးတွဲလျက်ပါပြီး ဟင်းရည်ရဲ့ အရသာကို အချိုဆုံး ဖြစ်စေတာကြောင့် ဟင်းချို၊ စွပ်ပြုတ်နဲ့ နံရိုးမီးတောက် အကင်တွေ အတွက် မရှိမဖြစ်ပါပဲ။

💡 Tip: သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဝက်သားကောင်းတွေကိုမှ သုံးဆောင်ချင်တယ်ဆိုရင်တော့ Hi Pork ကို သတိရလိုက်ပါနော်။

မှိုနဲ့ ဝက်သားတို့ရဲ့ အမိုက်စား ပေါင်းစပ်မှု - Hi Pork Mushroom Pork Ball! 🍄🍢အရည်အသွေးမြင့် ဝက်သား အိအိလေးထဲမှာ မွှေးကြိ...
27/07/2026

မှိုနဲ့ ဝက်သားတို့ရဲ့ အမိုက်စား ပေါင်းစပ်မှု - Hi Pork Mushroom Pork Ball! 🍄🍢

အရည်အသွေးမြင့် ဝက်သား အိအိလေးထဲမှာ မွှေးကြိုင်တဲ့ မှိုအရသာကို အပြည့်အဝ ပေါင်းစပ်ထားလို့...
တစ်ကိုက် ကိုက်လိုက်တိုင်းမှာ စိမ့်ဝင်လှတဲ့ အရသာကို တကယ် အပြည့်အဝ ရရှိစေမှာပါ။

ညနေခင်း သရေစာအဖြစ်ပဲ စားစား၊ စကားပြောရင်း ပေါ့ပေါ့ပါးပါးပဲ စားစား အချိန်တိုင်းနဲ့ လိုက်ဖက်တဲ့ Hi Pork ရဲ့ မှိုဝက်သားလုံးလေးတွေကို စားဖူးကြပြီလား❤️

Address

Nwal Kway Bus Stop, Pyay Raod, Myanmar C. P. Livestock Co. , Ltd, Feedmill Factory
Mingaladon
11021

Website

Alerts

Be the first to know and let us send you an email when Hi Pork Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category