21/11/2024
ချစ်ခြင်းမေတ္တာက အားလုံးကို ပြုံးပျော်စေပါတယ် ဒါကြောင့် A1 Family က ထုတ်ကုန်တွေကို အားပေးပါနော်
A1 Family ရဲ့ အစ ချစ်ခြင်းမေတ္တာက ✨
ဘာပဲ လုပ်လုပ် ချစ်ခြင်း မေတ္တာပါဖို့
သိပ်ပြီး အရေးကြီးပါတယ်...
၁၉၈၂ ခုနှစ်မှာ စတင်ခဲ့တဲ့ ငရုတ်နဲ့ ကြက်သွန်
ပွဲရုံလုပ်ငန်းလေးက A1 Family ရယ်လို့
ဖြစ်လာစေဖို့ အခြေခံဖြစ်ခဲ့ပြီး မိသားစုကြားက
စည်းလုံးညီညွတ်မှုတွေနဲ့ ချစ်ခြင်းမေတ္တာ
တွေကြောင့်ပဲ မြစ်သား၊မြင်းခြံ၊ကူမဲ၊
သာလွန်၊မိတ္ထီလာ၊ပျော်ဘွယ်နဲ့ ဧရာ၀တီ
တိုင်းဒေသကြီးတွေမှာ ပွဲရုံခွဲတွေ ထူထောင်
နိုင်ခဲ့ပါတယ်...🌟
A1 Family မိသားစုတွင်းက ချစ်ခြင်းမေတ္တာနဲ့
နွေးထွေးလုံခြုံမှုတွေကိုတခြားသော မိသားစုတွေ
ဆီကိုပါ ဖြန့်ကျက်ပေးနိုင်ဖို့ စဉ်းစားတဲ့အခါ
အရည်အသွေးမြင့်ငရုတ်ထုတ်ကုန်တွေ ထုတ်လုပ်
ပေးခြင်းအားဖြင့် စားသုံးသူ မိသားစုတွေကြားက
ချစ်ခြင်းမေတ္တာနဲ့ ဘေးကင်းပြီး နွေးထွေးလုံခြုံ
စိတ်ချရမှုတွေကို ပိုမိုကြာရှည်စေမယ်ဆိုတာကို
နားလည်ခဲ့ရပါတယ်...
ဒါကြောင့်ပဲ ၂၀၁၃ ခုနှစ်မှာ New A1 Family
Co.,Ltd ကို တည်ထောင်ပြီး ကျန်းမာရေးကို
လုံး၀ မထိခိုက်စေနိုင်တဲ့ အကောင်းစား ငရုတ်
ထုတ်ကုန်တွေကို စတင်ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်...
အခုဆိုရင်တော့ A1 Family အကောင်းစား
ငရုတ်သီးမှုန့်နဲ့ ငရုတ်ထုတ်ကုန်တွေက
အိမ်ရှင်မတွေရဲ့ မီးဖိုချောင်ထဲက
မရှိ၊မဖြစ် အရာတစ်ခု အဖြစ် ရှိနေပြီ ဖြစ်ပြီး
ကျန်းမာရေးနဲ့လည်း အထူးညီညွတ်စေတာကြောင့်
မိသားစုပေါင်း များစွာရဲ့ ချစ်ခြင်းမေတ္တာတွေကိုပါ
ကြာရှည် တည်တံ့စေခဲ့ပြီ ဖြစ်ပါတယ်...
ချစ်ခြင်းမေတ္တာကို အခြေခံပြီး A1 Family က
အကောင်းစား စေတနာနဲ့ ထုတ်လုပ်ထားတဲ့
အကောင်းစား ငရုတ်သီးမှုန့်နဲ့ 🌶ငရုတ်
ထုတ်ကုန်တွေကို အသုံးပြုခြင်းအားဖြင့်
မိသားစုတွေကြားက ချစ်ခြင်းမေတ္တာတွေ
နောင်နှစ်ပေါင်းများစွာတိုင် တည်တံ့နိုင်ကြပါစေ...✨
🌶တစ်ဇွန်းသုံးရုံနဲ့ပိုသာတယ် ကျန်းမာရေးအတွက်
ပိုစိတ်ချရတဲ့ 𝐀𝟏 𝐅𝐚𝐦𝐢𝐥𝐲 အကောင်းစားငရုတ်သီးမှုန့် 🌶
#အိမ်ရှင်မတိုင်းလက်စွဲသုံး_A1Family_အကောင်းဆုံး