02/02/2024
၂၀၂၄ ခုနှစ်ရဲ့ အဦးဆုံးအသုတ်လဲဖြစ်တဲ့ ၂ လပိုင်း EPS calling အသုတ် 🎉🎉
ဖေဖော်ဝါရီလအစလေးကို ရင်ခုန်စရာသတင်းကောင်းလေးနဲ့ ဖွင့်ပေးပါရစေနော် 🥰🥰
၂၀၂၄ ခုနှစ်ရဲ့ ပထမဆုံး calling အသုတ်ကို အခုလထဲခေါ်ယူမှာဖြစ်ပြီး ခေါ်ယူသွားမယ့်လုပ်သားဦးရေက အယောက်သုံးသောင်းကျော်တောင်ဖြစ်ပါတယ်။ အရင်နှစ်တွေက တစ်ခါခေါ်ရင် တစ်သောင်းကျော် နှစ်သောင်းဝန်းကျင်ပဲခေါ်တာပါ။ အခုနှစ်မှာအများကြီး တိုးခေါ်ထားပါတယ် 💕💕
ကုန်ထုတ် 📦
ခေါ်ယူမည့်လုပ်သားဦးရေ : ၂၃,၂၃၂ ဦး
ခေါ်ယူသွားမည့်ရက်စွဲ : ၂ လပိုင်း ၂၉ ရက်နေ့ မှ ၃ လပိုင်း ၈ ရက်နေ့ထိ
စိုက်မွေး 🌾
ခေါ်ယူမည့်လုပ်သားဦးရေ : ၄,၂၀၉ ဦး
ခေါ်ယူသွားမည့်ရက်စွဲ : ၃ လပိုင်း ၁၁ ရက်နေ့ မှ ၃ လပိုင်း ၁၅ ရက်နေ့ထိ
ဆောက်လုပ်ရေး 🏗️
ယူမည့်လုပ်သားဦးရေ : ၁,၆၃၂ ဦး
ခေါ်ယူသွားမည့်ရက်စွဲ : ၃ လပိုင်း ၁၁ ရက်နေ့ မှ ၃ လပိုင်း ၁၅ ရက်နေ့ထိ
ဝန်ဆောင်မှုလုပ်ငန်းများ 🚚
ယူမည့်လုပ်သားဦးရေ : ၁,၂၉၇ ဦး
ခေါ်ယူသွားမည့်ရက်စွဲ : ၃ လပိုင်း ၁၁ ရက်နေ့ မှ ၃ လပိုင်း ၁၅ ရက်နေ့ထိ
ခေါ်စာစောင့်နေတဲ့ရွှေမြန်မာတို့ အမြန်ဆုံးခေါ်စာကျပြီး ဟန်းဂုမြေကိုအမြန်ဆုံးရောက်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် 💗🙏🏻
Credit