Coffee Chit Thu

Coffee Chit Thu 100% Arabica Coffee

08/04/2026

Coffee Chit Thu
✅ ပြင်ဦးလွင်ဒေသထွက်
✅ 100% ကော်ဖီမှုန့်စစ်စစ်
✅ 110g
🏠 ပင်ရင်း
ရကက(၁၁) ရေငယ်
ပြင်ဦးလွင်
📞 095136311
📱 09798725425

Hello ချစ်သူတို့ရေ ကော်ဖီမှုန့်ကို ဘယ်လိုသိမ်းဆည်းကြမလဲ???? ........ကော်ဖီမှုန့်ရဲ့ ရနံ့(Aroma)ဆိုတာ စနစ်တကျသိမ်းတတ်ရင် ...
03/04/2026

Hello ချစ်သူတို့ရေ
ကော်ဖီမှုန့်ကို ဘယ်လိုသိမ်းဆည်းကြမလဲ???? ........
ကော်ဖီမှုန့်ရဲ့ ရနံ့(Aroma)ဆိုတာ စနစ်တကျသိမ်းတတ်ရင် သူ့ရဲ့သက်တမ်းရှိသလောက်ထိခံအောင်ထားလို့ရတယ်နော်...
တချို့ကော်ဖီမှုန့်တွေဝယ်ပြီး၂ပတ်လောက်နဲ့အနံ့တွေလျော့သွားတာ အနံ့မရှိတော့တာတွေဟာ ချစ်သူတို့ရဲ့ ကော်ဖီမှုန့်ကိုထိန်းသိမ်းပုံဟာ
မှားနေလို့ပါပဲ 😌.
အဲ့ဒီတော့ ကော်ဖီမှုန့်ကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ အချောတကာ့အချောလေးက ပြောပြမှာပေါ့ 😛😛😛..
ကော်ဖီမှုန့်တွေဟာအောက်ဆီဂျင်နဲ့ထိတွေ့တဲ့အခါဓာတ်ပြုပြီး အနံ့တွေတဖြည်းဖြည်းပြယ်လာတတ်ပါတယ်။အလုံပိတ်ပုလင်းတွေထဲမှာဆိုရင်တောင် ကော်ဖီမှုန့်ကတစ်ဝက်ပဲရှိတဲ့အခါ အပေါ်မှာ ကျန်တဲ့တစ်ဝက်က လေတွေနေရာယူထားတာတွေ့ရမှာပါ။အဲ့ဒီပုလင်းထဲက မဆိုစလောက်လေမှာပါတဲ့ အောက်ဆီဂျင်ကတောင်ကော်ဖီရဲ့အနံ့ကို ပျက်ပြယ်စေပါတယ်။ဒါကြောင့် ဖန်ပုလင်းတွေနဲ့လာတဲ့ကော်ဖီမှုန့်တွေရဲ့ ရနံ့သက်တမ်းဟာ ဖောက်ပြီး နှစ်ပတ်မှ သုံးပတ်ထိပဲ အပြည့်အဝရတာပါ။😞..
ဒါဆို...ဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲ..
ဒီနေ့ခေတ်မှာ သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီပြီးသုံးရလွယ်ကူတဲ့ ကုန်ပစ္စည်းတွေအများကြီးထွက်ရှိလို့နေပါပြီ။စက္ကူဇစ်ပိတ်အိတ် အလူမီနီယမ်ဇစ်ပိတ်အိတ် နဲ့ ပလတ်စတစ်ဇစ်ပိတ်အိတ်တွေဟာ လေလုံပြီး အထဲကကုန်ပစ္စည်းရဲ့အရည်အသွေးကိုအကြာကြီးထိန်းသိမ်းထားနိုင်ပါတယ်။အဲ့လိုအိတ်တွေနဲ့ သိမ်းဆည်းခြင်းဖြင့် ကော်ဖီမှုန့်ရဲ့ ရနံ့ကိုသူ့သက်တမ်းရှိသလောက်ထိ အပြည့်အဝထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။
ချစ်သူတို့ တစ်ခုသတိပြုရမှာက ကော်ဖီမှုန့်တစ်ခါထုတ်ယူပြီးတိုင်း အိတ်ထဲမှာလေမကျန်အောင် သေချာပြားပြီးပိတ်ဖို့ပါပဲ။ကဲ ဒီလိုဆိုတော့လည်း အလွယ်လေးပဲနော်...
Coffee Chit Thu (100%arabica coffee)ရဲ့ packing အိတ်တွေဟာဆိုရင်quality ကောင်းမွန်တဲ့ Recycled Papar များကို အသုံးပြုထားတာဖြစ်ပြီးတော့ အိတ်အတွင်းမှာ လူကိုအန္တရာယ်မဖြစ်စေတဲ့ ဖယောင်းလွှာတစ်ထပ် ပါတာကြောင့်စက္ကူရဲ့ အနံ့ယိုစိမ့်နိုင်တဲ့ဟာကွက်တွေကိုပါ ကာကွယ်ပြီးသားဖြစ်ပါတယ်။ဒါကြောင့် အက်ဒမင်အချောလေးတို့ဆီက ကော်ဖီမှုန့်ဝယ်ပြီးတဲ့အခါ
ဘယ်ထဲမှပြောင်းထည့်စရာမလိုပဲ သူ့အိတ်ထဲမှာပဲ စနစ်တကျယူပြီးသေချာပြန်ပိတ်ရင်ရပြီမို့ ကော်ဖီမှုန့်ထည့်ဖို့ ဘူးတွေပုလင်းတွေတကူးတကရှာဖွေမနေနဲ့တော့နော်။ချစ်သူတို့အပေါ် စေတနာမေတ္တာအပြည့်နဲ့ သိမ်းဆည်းရလွယ်ကူအောင်အထိ အချောလေးတို့က လုပ်ပေးထားတာမို့ ယုံယုံကြည်ကြည်နဲ့သာ အားပေးလိုက်ကြတော့နော်။......
နှလုံးသားထဲအထိစွဲမက်စေမဲ့
အနံ့အရသာနဲ့
Coffee Chit Thu
100%Arabica Coffee
Since 2022..
product of Pyin Oo Lwin
hotline..095136311

ရေးသားသူ - Htat Wai

Address

Maymyo

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 17:00

Telephone

+959765136311

Website

Alerts

Be the first to know and let us send you an email when Coffee Chit Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category