Little Eve Bites

Little Eve Bites 🍰 Homemade desserts with love

 #ကုန်သွားပါပီရှင့် 😍🤎24.8.26 (တင်္နလာနေ့) အတွက် မုန့်လေးတွေ orderလုပ်ရင်း brownie အပိုလေးတွေရပါဦးမယ်ရှင့် 💗Brownie လေးတ...
24/08/2026

#ကုန်သွားပါပီရှင့် 😍🤎
24.8.26 (တင်္နလာနေ့) အတွက် မုန့်လေးတွေ
orderလုပ်ရင်း brownie အပိုလေးတွေရပါဦးမယ်ရှင့် 💗

Brownie လေးတွေ တို့မိန်းကလေးများအတွက်
ပိုစားပေးသင့်ပါတယ် နွားနို့ပူပူ ကော်ဖီပူပူလေးနဲ့ဆို
Brownie စားရတာ အရသာရှိတာထက်ပိုပါတယ် 🤤🥛🍫

Brownie အတုံး - 7500 ks
Brownie ဘူး - 6500 ks

Cheese Cake ကတော့ကုန်သွားပါပီနော် 😍

Brownie လေးကို မစားဖြစ်ရင် ရေခဲသေတ္တာထဲ
သိမ်းရပါမယ်ရှင့် 3/4ရက်ခံပါတယ် 💗
စားမယ်ဆို နာရီဝက်လောက် အပြင်ကြိုထုတ်ပီးမှ
သုံးဆောင်ပေးပါနော် ကျေးဇူးတင်ပါတယ်ရှင့်🤎

☎️ - 09401265916
🏬 - 5ရပ်ကွက်၊9လမ်း၊ဒေါ်တင်အုန်းစတိုး၊မအူပင်မြို့။


  😍23.8.26(တနင်္ဂနွေနေ့)အတွက် Little Eve Bites မှDark Chocolate messy bread နဲ့ Coconut Milk Sticky Rice bread လေးတွေလုပ...
23/08/2026

😍
23.8.26(တနင်္ဂနွေနေ့)အတွက် Little Eve Bites မှ
Dark Chocolate messy bread နဲ့ Coconut Milk Sticky Rice bread လေးတွေလုပ်ပါတယ်ရှင် 💗

🍫Dark Chocolate messy bread ဆိုတာ homemade ချောကလက်ပေါင်မုန့်ကို အချိုမစူးတဲ့ homemade premium chocolate sauce လေးနဲ့တွဲဖက်ထားလို့ ချောကလက်အရသာအပြည့်ခံစားရမှာရှင့်

🥥 အုန်းနို့ငချိတ်ပေါင်မုန့်လေးကတော့ အုန်းနို့ခရင်မ်အရသာအီစိမ့်လေးနဲ့ ကောက်ညင်းငချိတ်ဖောက်ဖောက်လေးနဲ့တွဲထားတော့ တစ်ကိုက်ဆိုတစ်ကိုက်ထိမိနေတာပဲနော်

ငချိတ်ပေါင်မုန့် - 7500 ks
ချောကလက်ပေါင်မုန့် - 9000 ks

အခုရပါပီနော် ပေါင်မုန့်တွေ ခရင်မ်တွေက ကိုယ်တိုင်လုပ်ထားတာဖြစ်လို့ စိတ်ချလက်ချစားလို့ရပါတယ်
ငချိတ်ပေါင်မုန့်ဆိုရေခဲသေတ္တာထဲသိမ်းရပါမယ်
နေ့ချင်းပီးစားပိုကောင်းပါတယ်ရှင် တာရှည်ခံတွေ
မပါလို့ပါနော် 💗

☎️ - 09401265916
🏬 - 5ရပ်ကွက်၊9လမ်း၊ဒေါ်တင်အုန်းစတိုး၊မအူပင်မြို့။

မနက်ဖြန် တနင်္ဂနွေနေ့ရမဲ့ ပေါင်မုန့်2မျိုးပါ ချောကလက်ခရင်မ်ပေါင်မုန့်ကတော့ တစ်ခေါက်ရောင်းပီးပီအုန်းနို့ငချိတ်ပေါင်မုန့်က...
22/08/2026

မနက်ဖြန် တနင်္ဂနွေနေ့ရမဲ့ ပေါင်မုန့်2မျိုးပါ
ချောကလက်ခရင်မ်ပေါင်မုန့်ကတော့ တစ်ခေါက်ရောင်းပီးပီ
အုန်းနို့ငချိတ်ပေါင်မုန့်ကတော့ မီနူးအသစ်ပါ😍

မနက်ကျငချိတ်ပေါင်းဖြစ်ဖို့ကြိုးစားရဦးမှာမို့ orderလက်မခံရဲသေးဖူး 🥹
ပေါင်မုန့်လေးတွေအရသာအကုန်အဆင်ပြေပီးအချောသတ်နိုင်မှ ဆိုင်မှာရပီဖြစ်ကြောင်းပေ့မှာတင်တော့မယ်နော်

စောင့်ကြည့်အားပေးကြပါအူးး 😗
မုန့်တွေနေ့တိုင်းရောင်းနေလို့ အပြစ်မမြင်ကြပါနဲ့
ဘေးကကူလုပ်ပေးတဲ့သူရှိတုန်း အသည်းအသန်လုပ်နေတာ
အဲ့လူက တနင်္လာနေ့ပြန်ပီမို့ မုန့်တွေတင်္နလာနေ့ထိပဲရောင်းပီး ရှေ့4ရက်ရောင်း နောက်1လနားပီ 😜

  💗22.8.26 (စနေနေ့)ရတဲ့ Little Eve Bites ရဲ့ Daifuku Mochi လေးတွေရပါပီရှင် 🍡✨Daifuku (ဒိုင်ဖုကု) ဆိုတာ ဂျပန်လို “ကံကောင်...
22/08/2026

💗
22.8.26 (စနေနေ့)ရတဲ့ Little Eve Bites ရဲ့
Daifuku Mochi လေးတွေရပါပီရှင် 🍡✨

Daifuku (ဒိုင်ဖုကု) ဆိုတာ ဂျပန်လို “ကံကောင်းခြင်း”လို့
အဓိပ္ပါယ်ရပါတယ်နော် 🍀🎋

မိုချီသားအိအိညက်ညက်လေးနဲ့ အထဲက creamအရသာမျိုးစုံနဲ့ဆိုတော့ဘယ်လိုတွေစားကောင်းမလဲဆိုတာပြောစရာမလို

Chocolate Mochi - dark chocolate အနှစ်ကို ကိုယ်တိုင်
လုပ်ပီးထည့်ထားတာမို့ ချောကလက်အရအသာကိုအပြည့်အဝရနေမှာရှင့် 🍫🍡

Fruit Mochi - စျေးကြီးပါပေ့ အစေ့လွတ် စပျစ်သီးစိမ်း
အကိတ်တွေနဲ့လုပ်ထားတာမို့ အအီပြေစားချင်တယ်ဆို
သူ့ကိုရွေး 🍇🍡

Oreo Mochi - oreo biscuitရွရွလေးတွေနဲ့creamရဲ့ချိုစိမ့်တာလေးပေါ့ပေါ့ပါးပါးစားချင်တယ်ဆို သူရမယ် 🍪🍡

ဘေဘီလေးတွေကအစ ဖိုးဖွားတို့အဆုံး လူကြီးလူငယ်မရွေး
စားနိုင်မဲ့ အချိုအစိမ့်အရသာမို့ စိတ်ချနော် 💗

🍫 Chocolate Mochi 1 pc - 5000 🍡 ကုန် ❌
🍇 Fruit Mochi 1 pc - 4500 🍡 ကုန် ❌
🍪 Oreo Mochi 1 pc - 4000 🍡

☎️- 09401265916
🏬 - 5ရပ်ကွက်၊9လမ်း၊ဒေါ်တင်အုန်းစတိုး၊မအူပင်မြို့။

လာဝယ်လဲရပါတယ် deliအပ်ရမယ်ဆိုလဲချိတ်ပေးပါတယ်
လိုချင်တာလေးရှိရင် မရမရှိအောင် စာပို့တာထက်ဖုန်းဆက်လဲရတယ်နော် 💗


  💗✨21.8.26 (သောကြာနေ့) မှာရတဲ့ Little Eve Bites ရဲ့ Dessert လေးတွေပါရှင်🍡🫐🍫🧀🍰✨Surprise dessert အသစ်လေးကတော့ ကိုက်လိုက်ရ...
21/08/2026

💗✨
21.8.26 (သောကြာနေ့) မှာရတဲ့ Little Eve Bites ရဲ့ Dessert လေးတွေပါရှင်🍡🫐🍫🧀🍰✨

Surprise dessert အသစ်လေးကတော့ ကိုက်လိုက်ရင်အိတုံအိတုံလေးနဲ့ချိုချိုချဉ်ချဉ်အရသာပေါင်းထားတဲ့
Blueberry Mochi လေးပါရှင် အရသာရှိရှိနဲ့တန်တန်လေးဖြစ်အောင်လုပ်ထားပေးပါတယ်🫐🍡

Fudge mini brownie လေးနဲ့ double cheesecake ကတော့ ထွေထူးညွန်းပြောမနေတော့ဖူးနော် 🍰🍫🧀

9လမ်းမှာ အခုလာဝယ်လို့ရပါပီနော် stockရှိသလောက်
ရပါတယ် deliလဲအပ်ပေးပါတယ်ရှင် 💗

🍡🫐Blueberry mochi 1 pc- 4500 ks 🍡🫐
🍫 fudge mini brownie 1 pc - 7000 ks 🍫
🍰 🧀Double cheesecake 1 slice- 11000 ks 🍰🧀

☎️- 09401265916
🏬 - 5ရပ်ကွက်၊(9)လမ်း၊ဒေါ်တင်အုန်းစတိုး၊မအူပင်မြို့။

(စာပို့တာမရရင် ဖုန်းဆက်ဖယ်ခိုင်းတာပိုမြန်ပါတယ်)💗


မနက်ဖြန် သောကြာနေ့ကိုကွယ် မနက် 10နာရီလောက်ကစပီး 9လမ်းဆိုင်မှာ အချိုပွဲကို 3မျိုးလောက်ရမှာသိကြပီးပီလား? 🧐3ခုမှာ 2ခုကိုပြေ...
20/08/2026

မနက်ဖြန် သောကြာနေ့ကိုကွယ်
မနက် 10နာရီလောက်ကစပီး 9လမ်းဆိုင်မှာ အချိုပွဲကို
3မျိုးလောက်ရမှာသိကြပီးပီလား? 🧐

3ခုမှာ 2ခုကိုပြောပြမယ် တစ်ခုကိုဖွက်ထားမယ် 😗
2ခုက လူတိုင်းကြိုက်ပီးခဏလေးနဲ့ကုန်တဲ့
အကယ်ဒမီ brownie တုံးရယ် double cheesecake ရယ်

အသစ်တစ်ခုကတော့ မနက်ကျမှပဲ
ဘာလေးဖြစ်မလဲစဉ်းစားထားလိုက်ကြဦးနော် 😎💗

ဆိုင်မှာ အချိုပွဲ3မျိုးလုံးstockရှိသလောက်ရမယ်ရှင်
မနက်10ကနေ ည8နာရီအထိလာဝယ်လို့ရပါတယ်
Deliလဲချိတ်ပေးပါတယ်ရှင် 🫶🏻

 19.8.26 (ဗုဒ္ဓဟူးနေ့) 9လမ်း၊ဒေါ်တင်အုန်းစတိုးမှာရမဲ့Little Eve Bites ရဲ့ အချိုပွဲမီနူးအသစ်ဖြစ်တဲ့ချိုမွှေးစိမ့် Vanilla...
19/08/2026


19.8.26 (ဗုဒ္ဓဟူးနေ့) 9လမ်း၊ဒေါ်တင်အုန်းစတိုးမှာရမဲ့
Little Eve Bites ရဲ့ အချိုပွဲမီနူးအသစ်ဖြစ်တဲ့
ချိုမွှေးစိမ့် Vanilla Milk Lava Cake 🧁✨

အီမသွားတဲ့ နို့ဆိမ့်အရသာလေးနဲ့ ချိစ်ရဲ့အငန်စိမ့် အရသာ ပေါင်းစပ်ထားတဲ့ Vanilla Milk Lava Cake ✨

တစ်ဇွန်းစားလိုက်တာနဲ့ ပါးစပ်ထဲမှာ ပျော်ဝင်သွားမယ့် နူးညံ့အိစက်တဲ့ Vanilla Milk Sponge Cake လေးရဲ့ အလယ်မှာ ရွှဲရွှဲလေး စီးကျလာမယ့် Milk Lava Sauce ရယ်
အပေါ်ကနေ နို့မှုန့် လှလှလေး ဖြူးထားလို့ အချို မကဲဘဲ ဆိမ့်ဆိမ့်အိအိလေးနဲ့ လုံးဝ မအီဘဲ စားလို့
အရမ်းကောင်းနေမှာနော် 🫠💗

ဒီတစ်ခါတော့အရသာရှိရှိနဲ့တန်တန်လေးလုပ်ထားပေးပါတယ်ရှင် ဘူးကြီး ဘူးသေး နှစ်မျိုးရပါတယ်နော် 🫶🏻

4” ဘူးကြီး - 14000 ks
ဘူးသေး - 8000 ks

9လမ်း ၊ ဒေါ်တင်အုန်းမှာအခုရပါပီရှင် လာဝယ်လို့ရသလို
Deliလဲချိတ်ပေးပါတယ်နော် ကျေးဇူးပါရှင် 💗



မနက်ဖြန် ဗုဒ္ဓဟူးနေ့ကို အချိုပွဲအသစ်Vanilla Milk Lava Cake 🧁 လေးနဲ့အတူပြန်လာခဲ့ပါမယ်Chocolate မကြိုက်ပဲ ဗနီလာနို့အရသာပဲ ...
18/08/2026

မနက်ဖြန် ဗုဒ္ဓဟူးနေ့ကို အချိုပွဲအသစ်
Vanilla Milk Lava Cake 🧁 လေးနဲ့အတူပြန်လာခဲ့ပါမယ်

Chocolate မကြိုက်ပဲ ဗနီလာနို့အရသာပဲ
ကြိုက်တဲ့သူအတွက် တစ်ဇွန်းဆို တစ်ဇွန်း ထိထိမိမိနဲ့
နတ်သုဒ္ဓအရသာလားခံစားရစေမဲ့ milk lava cake ✨

စောင့်ကြည့်အားပေးကြပါဦးရှင် 💗

ဒီနေ့ ဥပုသ်နေ့ လေးအတွက် double cheesecake လေး အပိုရပါသေးတယ်နော် 🤎Double cheesecake 11000တန်ကို လှီးလို့ပုံမလှတာလေးရပါမယ...
13/08/2026

ဒီနေ့ ဥပုသ်နေ့ လေးအတွက် double cheesecake
လေး အပိုရပါသေးတယ်နော် 🤎

Double cheesecake 11000တန်ကို လှီးလို့ပုံမလှတာလေး
ရပါမယ် 10000နဲ့ပဲယူနော် 8ဘူးရပါမယ်ရှင် ✨

ချောကလက် ချိစ်ကိတ် - 13000 ကုန် ✅
Double cheesecake အကြီး-13000 ကုန် ✅
Double cheesecake- 11000 ကုန် ✅

🏬- 5ရပ်ကွက်၊9လမ်း၊ဒေါ်တင်အုန်းစတိုး၊မအူပင်မြို့။


 ဟိတ် မနက်စာကို ကော်ဖီလေးနဲ့ပေါင်မုန့်နဲ့တွဲစားဖို့ကိုဘာပေါင်မုန့်စားရမလဲမသိဖူးဖြစ်နေလား ? 🧐အရသာရှိပီး သူ့တစ်လုံးထဲနဲ့တင...
12/08/2026


ဟိတ် မနက်စာကို ကော်ဖီလေးနဲ့ပေါင်မုန့်နဲ့တွဲစားဖို့ကို
ဘာပေါင်မုန့်စားရမလဲမသိဖူးဖြစ်နေလား ? 🧐

အရသာရှိပီး သူ့တစ်လုံးထဲနဲ့တင် ဗိုက်ပြည့်သွားမဲ့
Little Eve Bites ရဲ့ Korea style ပဲမဲပေါင်မုန့်အကိတ်
အခု 9လမ်း၊ဒေါ်တင်အုန်းမှာ ရနေပီနော် 🫘

ပဲမဲအကိတ်တစ်လုံး - 5000 ကျပ်

မနက်စာအမှီဆို အခုကစပီး ဝယ်ယူလို့ရနေပါပီရှင် 🤎

Address

အမှတ်(၅)ရပ်ကွက်၊ နံပါတ် ၂ ၊ (၉)လမ်း၊ဆေးရုံဟောင်းဘေး မအူပင်မြို့ ။
Maubin

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959778495983

Website

Alerts

Be the first to know and let us send you an email when Little Eve Bites posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category