03/04/2025
အကြောင်းကြားအပ်ပါသည်ရှင် 🫂🫂🫂
ကျွန်မတို့"Dinosaur Errand Services" လုပ်ငန်းမှာ
2023 ခုနှစ် August 1ရက်မှစပြီး
ပြောင်းလဲလွန်းသောအခြေနေ အမျိုးမျိုးကြောင့် ယာယီရပ်နားထားခဲ့ပါသည် ။
တစ်ချိန်ချိန် အားအင်အပြည့်နှင့် ချစ်ရသော ဧည့်သည်များကို ပြန်လည် ဝန်ဆောင်မှု ပေးနိုင်ဖို့ကြိုးစားရင်း ယနေ့ထိ မလုပ်ဆောင်နိုင်သေးပါ ။
Founderတစ်ယောက်အနေဖြင့်
ဧည့်သည်များ၊ မိတ်ဖက်လုပ်ငန်းများ ၊ဝန်ထမ်းညီကိုမောင်နှမများနှင့်
အမှတ်တရများစွာ ရှိခဲ့သော လုပ်ငန်း Logo ပါ Uniformအသစ်များကို အမြတ်တနိုးသေချာစွာ သိမ်းဆည်းထားခဲ့ပါသည် ။
ယခုအခါ ငလျင်ဘေးသင့်သူများအတွက် အထောက်ပံ့ သေးသေးလေး တစ်ခုဖြစ်စေရန်အလို့ငှာ
3April2025တွင်
Dinosaur Logoပါ ဒီဇိုင်းစုံ(department မတူလျှင် ဒီဇိုင်းမတူပါ )
Uniform ( 386 )ထည်အား အမရပူရ (တောင်မြို့)ဘက်သို့ လှူဒါန်းခဲ့သည်ကို အသိပေးအကြောင်းကြားလိုပါသည်ရှင် ❤️
Dinosaur 🦕 လေးတွေ မြင်ရင် Dinosaur လေးတွေ ပြန်လည် ဝန်ဆောင်မှု ပေးနေတာမဟုတ်ပါဘူးနော်🫂🫂🫂
အားလုံးကို လွမ်းပါတယ်ရှင် ~~
အားလုံးဘေးကင်းကြပါစေရှင်