Ave Maria Restaurant

Ave Maria Restaurant Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ave Maria Restaurant, Restaurant, Ava, Mandalay.

12/04/2019

သင်္ကြန်တွင်း၊အင်းဝမြို့ဟောင်းရှိ ဗားကရာကျောင်း၊ရတနာ့ဆီမီး၊မယ်နုအုတ်ကျောင်းနှင့် နန်းမြင့်မျှော်စင်များ ပိတ်ထားခြင်း မရှိကြောင်း၊ tickets ကောင်တာများသာ ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
tickets ကောင်တာများ နှစ်ဆန်း၂ရက်နေ့မှ ပုံမှန်အတိုင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရပါသည်။

လေးစားစွာဖြင့်
Nyi Nyi
09794421514/0973103278

10/04/2019

သင်္ကြန်အကြိုနေ့မှနှစ်ဆန်းတစ်ရက်နေ့ထိ အင်းဝမြင်းလှည်းခ(နိုင်ငံခြားသား ၂ယောက်စီး) တစ်စီးလျှင် ၁၅၀၀၀ကျပ်၊ ပြည်တွင်း(သုံးယောက်စီး) တစ်စီးလျှင် ၁၅၀၀၀ကျပ်။
အင်းဝမြို့ဟောင်း အိုးတ္တုတန်းစက်လှေခ ပုံမှန်အတိုင်းသာ ကောက်ခံမည်။
ကျန်နေ့တွေမှာ ပုံမှန် အတိုင်းသာ ကောက်ခံမည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

Nyi Nyi
09794421514/0973103278

18/12/2018

ကျနော့်သမီး ကိုင်ဆောင်သော mi5+ ဖုန်းနံပါတ် 09420327878သည် မသူတော်တို့၏ ပျောက်ပျက်ခြင်းခံသွားရပြီဖြစ်သဖြင့် တခြား မလိုလားအပ်သောကိစ္စရပ်များ ပေါ်ပေါက်လာပါက ကျနော်၏တာဝန် မဟုတ်ပါကြောင်း နှင့် ဆိုင်ကိစ္စရေးရာများ ရှိပါက တခြားဖုန်းနံပါတ်များသို့ ခေါ်ဆိုပေးကြပါရန် အနူးညွတ် မေတ္တာရပ်ခံအပ်ပါသည်။
Nyi Nyi
09794421514/0973103278

Wine Catering Services at U Bein Bridge
28/10/2018

Wine Catering Services at U Bein Bridge

လေးစားရပါသော ခရီးသွားအေးဂျင့်များ၊ဧည့်လမ်းညွှန်များနှင့် ကားဆရာကြီးများ ခင်ဗျား.....အင်းဝမြို့ဟောင်း၊အိုတ္တုတန်းစက်လှေဆိပ...
19/09/2018

လေးစားရပါသော ခရီးသွားအေးဂျင့်များ၊ဧည့်လမ်းညွှန်များနှင့် ကားဆရာကြီးများ ခင်ဗျား.....

အင်းဝမြို့ဟောင်း၊အိုတ္တုတန်းစက်လှေဆိပ် ဒုဌဝတီမြစ် ဖြတ်သန်းကူးတို့ခသည် ၀၁.၁၀.၂၀၁၈မှစ၍ နိုင်ငံခြားသားတစ်ဦးလျှင် (အသွား/အပြန်) ၁၅၀၀ကျပ်သို့ ပြောင်းလဲကောက်ခံတော့မည်ဖြစ်ကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးအပ်သည်။

ချစ်ခင်စွာဖြင့်
Nyi Nyi
09794421514/09420327878/0973103278

ဒီလရဲ့ ရှားရှားပါးပါး USAဂရုတိုး...လောလောဆယ်အခြေအနေကတော့ အင်းဝရေ အရမ်းကြီး မတိုးသေးပါ
08/06/2018

ဒီလရဲ့ ရှားရှားပါးပါး USAဂရုတိုး...

လောလောဆယ်အခြေအနေကတော့ အင်းဝရေ အရမ်းကြီး မတိုးသေးပါ

အင်းဝမြို့ဟောင်း၊ အမှိုက်အုတ်ကန် တည်ဆောက်ရန် Tourism For Allက အလှုငွေ ၄၂၆၀၀၀ကျပ်ကို လက်ခံရရှိပါသည်။Nyi Nyi09794421514
26/04/2018

အင်းဝမြို့ဟောင်း၊ အမှိုက်အုတ်ကန် တည်ဆောက်ရန် Tourism For Allက အလှုငွေ ၄၂၆၀၀၀ကျပ်ကို လက်ခံရရှိပါသည်။
Nyi Nyi
09794421514

23/04/2018

အင်းဝမြို့ဟောင်း၌ အမှိုက်အုတ်ကန် ပြုလုပ်ရန် အလှုခံရာတွင်
01) Authentic MM Travel & Tourက အမှိုက် (၁)ကန်
02) RECS က အမှိုက် (၁)ကန်
03) Tourism For All က အမှိုက် (၁)ကန်
04) Golden Orbit Travel & Tour က (၂၀၀၀၀၀)ကျပ်
05) Ma Nan Sein Than က (၁၀၀၀၀)ကျပ်
06) မဝတ်မှုံဝေ(ပြင်သစ် ဧည့်လမ်းညွှန်) (၅၀၀၀၀)ကျပ်
07) Ma Chaw Moira Win(ဧည့်လမ်းညွှန်) (၂၀၀၀၀)ကျပ်
08) Bye Bye Plastic Bags Myanmarက အမှိုက် (၁)ကန်
ကောက်ခံရရှိထားပါသည်။

အမှိုက်ကန်များကို အင်းဝမြို့ဟောင်းရှိ မြင်းလှည်းဂိတ်၌ တစ်ကန်၊ကျုံးဘေး၌ တစ်ကန်၊ရတနာဆီမီးနား၌ တစ်ကန်၊ဗားကရားကျောင်း၌ တစ်ကန်နှင့် မယ်နုအုတ်ကျောင်း၌ တစ်ကန်၊စုစုပေါင်း(၅)ကန်ကို မေလ ၂ရက်နေ့မှ စတင်၍ ဆောက်လုပ်မည်ဖြစ်ပါသည်။

ကျေးဇူးတင်စွာဖြင့်
Nyi Nyi
09794421514

18/04/2018

အင်းဝမြို့ဟောင်း၌ အမှိုက်အုတ်ကန် ပြုလုပ်ရန် အလှုခံရာတွင်
01) Authentic MM Travel & Tourက (၁)ကန်
02) RECS က (၁)ကန်
03) Tourism For All က (၁)ကန်
04) Golden Orbit Travel & Tour က (၂၀၀၀၀၀)ကျပ်
05) Ma Nan Sein Than က (၁၀၀၀၀)ကျပ်
ကောက်ခံရရှိထားပါသည်။

ကျေးဇူးတင်စွာဖြင့်
Nyi Nyi
09794421514

ကျနော်တို့ Clean Avaက အပတ်စဉ်စနေနေ့တိုင်း အမှိုက်ကောက်၊သိမ်းဆည်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ပြိးခဲ့တဲ့အပတ်တွေမှာလည်း လူအင...
09/04/2018

ကျနော်တို့ Clean Avaက အပတ်စဉ်စနေနေ့တိုင်း အမှိုက်ကောက်၊သိမ်းဆည်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ပြိးခဲ့တဲ့အပတ်တွေမှာလည်း လူအင်အားဖြင့် အမှိုက် ကောက်ခြင်း မပြုလုပ်နိုင်ပေမယ့်၊အမှိုက်ကားတော့ အပတ်စဉ်ပုံမှန် လာအောင် ကြိုးစားခဲ့ပါသည်။
Clean Ava ဒုတိယအစီအစဉ်ဖြင့် အင်းဝမြို့ဟောင်း၌ အုတ် အမှိုက်ကန်များ ပြုလုပ်ထားရှိနိုင်အောင် ကြိုးစားပါသည်။ပထမအနေဖြင့် ရှေးဟောင်းခွင့်ပြုချက် ရယူနိုင်ခဲ့ပါသည်။နောက် စည်ပင် ခွင့်ပြုချက် ရယူနိုင်ခဲ့ပါသည်။

ခု ဆောက်လုပ်ဖို့ဘဲ ကျန်ရှိနေပါတော့သည်။

ကျနော့်ရည်ရွယ်ထားတာက အင်းဝမြို့ဟောင်းရှိ မြင်းလှည်းဂိတ် တစ်နေရာ၊ရေနံတန်း(ကျုံးဘေး)၌ တစ်နေရာ၊အပြင်စံရာမူလတန်းကျောင်းရှေ့(ရတနာ့ဆီမီး)၌ တစ်နေရာ ဗားကရာကျောင်းဝန်းကျင်(သို့)မယ်နုအုတ်ကျောင်းဝန်းကျင်၌ တစ်နေရာ စုစုပေါင်း (၄)နေရာ ရည်ရွယ်ထားပါသည်။

အုတ် အမှိုက်ကန်(10'×12' အမြင့် 4')
ခန့်မှန်းကုန်ကျစရိတ် အုတ်တစ်ကန် လေးသိန်းကျပ်ခန့်(၄၀၀၀၀၀)၊ အမှိုက်ကန်(၄)ခုအတွက် စုစုပေါင်း ၁၆သိန်း(၁၆၀၀၀၀၀)ခန့် ကုန်ကျနိုင်သဖြင့် ကျနော်တစ်ဦးတည်းဖြင့် ဘယ်လိုမှ မတတ်နိုင်ပါ။

ထိုကြောင့် အများအားနဲ့သာ စုပေါင်းပြိး လုပ်မှသာ ရမည်လို့ ယူဆမိပါသည်။

အားနာစွာဖြင့်
Nyi Nyi
09794421514

ဒီအပတ် Clean Ava အစီအစဉ်ကို ပုံမှန် စနေ ညနေပိုင်းမှ အကြောင်းကြောင်းကြောင့် မနက်ပိုင်းသို့ ပြောင်းလဲ အမှိုက်ကောက်ခြင်း ပြု...
24/03/2018

ဒီအပတ် Clean Ava အစီအစဉ်ကို ပုံမှန် စနေ ညနေပိုင်းမှ အကြောင်းကြောင်းကြောင့် မနက်ပိုင်းသို့ ပြောင်းလဲ အမှိုက်ကောက်ခြင်း ပြုလုပ်ခဲ့ပါသည်။
အင်းဝမြို့ဟောင်း မြင်းလှည်းဂိတ်မှ အိုးတ္တုတန်းရွာ၊ကျုံးဘေးတလျှောက်ရှိ ရေနံတန်း၊ကျုံးထိပ်၊အပြင်စံရာ၊ရတနာဆီမီး၊ဗားကရားကျောင်းတစ်လျှောက်ရှိ ပလတ်စတစ်အမှိုက်များအား ကောက်ယူသိမ်းဆည်းခဲ့ပါသည်။
အထူးသဖြင့် တံတားဦးစည်ပင်မှ အမှိုက်သိမ်းကားတစ်စီးနှင့်ဝန်ထမ်းအင်အား၅ဦး ပံပိုးပေးပါသဖြင့် ကျေးဇူး အထူးတင်ရှိပါသည်။
လေးစားစွာဖြင့်
Nyi Nyi
09794421514/09420327878/09420173305

ယနေ့၁၇.၃.၁၈၊ ညနေ ၃:၄၀ မှ ၅:၄၀ထိ Clean Ava အစီအစဉ်ဖြင့် အင်းဝမြို့ဟောင်းရှိ မြင်းလှည်းဂိတ်မှ စတင်၍ ကျုံးဘေးရှိ ပလတ်စတစ်အမ...
18/03/2018

ယနေ့၁၇.၃.၁၈၊ ညနေ ၃:၄၀ မှ ၅:၄၀ထိ Clean Ava အစီအစဉ်ဖြင့် အင်းဝမြို့ဟောင်းရှိ မြင်းလှည်းဂိတ်မှ စတင်၍ ကျုံးဘေးရှိ ပလတ်စတစ်အမှိုက်များအား ကောက်ယူခြင်း၊ အမှိုက်အိတ်များ ဝေငှခြင်း၊ ကျုံးဘေးရှိပလတ်စတစ်အမှိုက်များအား မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
ဤအစီအစဉ်တွင် မန်းလေးအခြေစိုက် CMS အဖွဲ့သားများ၊အနှိုင်းမဲ့ပါရမီ ပရဟိတအသင်းသားများ၊မီနီမီးသတ်ကား တစ်စီးနှင့် ရွာသူရွာသားစုစုပေါင်း ၂၀ယောက်ခန့်ဖြင့် ပါဝင်ကူညီခဲ့ကြပါသည်။

ကျေးဇူးတင်စွာဖြင့်
Nyi Nyi
09794421514/09420327878/09420173305

Address

Ava
Mandalay
095

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959794421514

Website

Alerts

Be the first to know and let us send you an email when Ave Maria Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category