U.S.A PIZZA

U.S.A PIZZA 🍀 USA PIZZA ကိုအားပေးကြသော ချစ်မိတ်ဆွေများ အားလုံး ကျန်းမာချမ်းသာကြပါစေ ခင်ဗျား 🙏🙏🙏။ Amarican Pizza စစ်စစ် ရဲ့ အရသာ U.S.A PIZZA ကို စားသုံးကြည့်ပါ။

ဆိုင်မဖွင့်သေးဘူးလား ၊ဒီတခါပိတ်တာ အရမ်း ကြာတာပဲနော် ၊ Pizza လေးတွေ လွမ်းလှပီတဲ့ 😭 ။ ချစ်သော Customers တွေရဲ့ message တွေ...
03/06/2024

ဆိုင်မဖွင့်သေးဘူးလား ၊ဒီတခါပိတ်တာ အရမ်း ကြာတာပဲနော် ၊ Pizza လေးတွေ လွမ်းလှပီတဲ့ 😭 ။ ချစ်သော Customers တွေရဲ့ message တွေဖတ်ရတာ ကျွန်တော် တို့လည်း တကယ်ပဲ မိတ်ဆွေတွေကို အရမ်း သတိရလွမ်းဆွတ်မိပါတယ် ဗျာ 😔 ။

Post တွေလည်း မတင်ကြာပီ ။ ဆိုင်လည်း မဖွင့်ဖြစ်တာ ၂ နှစ် ခွဲ တောင် ရှိခဲ့ပီ 😭 ။ ပြန်ဖွင့်မယ် စဉ်းစားလိုက်ပြန်ရင် ဒေါ်လာစျေးတွေက တက် ကုန်စျေးနှူန်း တွေက တက်နဲ့ ။ ဒါနဲ့ပဲ နိုင်ငံရေး အခြေအနေနဲ့ ကုန်စျေးနှုန်းလေးတွေ ကျလိုကျညား အခြေအနေစောင့်ကြည့်မယ်ကွာ ဆိုပြီး နေလိုက်ပြန် ။ ကုန်ကြမ်း စျေးတွေက ထပ်တက်လိုက်ပြန်နဲ့ ။ ခုထက်ထိ ကို ဖွင့်ဖို့ အဆင်မပြေသေးပါဘူး ဗျာ 😔။

ဖွင့်တာ က ရပါတယ် ။ တက်ရင် တက်စျေး လိုက်ရောင်းလို့ရတာပဲ လေဗျာ ။ ခက်တာက စျေးက တက်ပြီး တနှစ် လောက်ကို ငြိမ်မနေပြန်တာပဲ ။ တလ နှစ်လနေ စျေးက တက်လိုက် ။ ခန နေ ဆက်တက်နဲ့ ။ ခနခန စျေးက ပြောင်းနေရမှာဆိုတော့ လည်း အဆင်မပြေဘူး ။ Customers တွေအတွက်ပေါ့ ။

ကျွန်တော် တို့ဆိုင်က စျေးကို အများကြီး ပိုမယူထားတော့ ကုန်စျေးနှုန်း တက်တိုင်း ရောင်းစျေးက ခနခန လိုက်တက်နေရမှာ ကြောင့်ပါ ။

ဒါကြောင့်မို့လည်း ခုချိန်ထိ ဆိုင်ပြန်မဖွင့်သေးတာပါ ခင်ဗျာ 🙏🏻 ။ နားလည် လက်ခံပေးကြတဲ့ မိတ်ဆွေ များအားလုံး ကျန်းမာချမ်းသာစွာ ရှိကြပြီး ရန်သူမျိုးငါးပါး ကပ်သုံးပါး ဘေးမှ ကင်းဝေးကြပါစေ ကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ 🙏🏻🙏🏻🙏🏻 ။

Still Closed Until Now 🙏🏻
21/01/2024

Still Closed Until Now 🙏🏻

U.S.A Pizza ကို အမြဲ အားပေးခဲ့ကြသော ချစ်မိတ်ဆွေများ ခင်ဗျာ .....

ဈေးနှုန်း မတည်ငြိမ်မှုများ နိုင်ငံရေးမတည်ငြိမ်မှု များကြောင့် ကျနော်တို့ ဆိုင်လေးအား ရက်အကန့်အသတ်မရှိ ပိတ်ထားပါဦးမည် ခင်ဗျား 🙏🙏🙏 ။
အမြဲတမ်း အားပေးခဲ့ကြသော မိတ်ဟောင်း မိတ်သစ် Customer များအား ထာဝရ ကျေးဇူး အထူးတင်ရှိလျက်ပါ ခင်ဗျား 🙏🙏🙏 ။

Due to price instability and political instability, our shop will be closed indefinitely 🙏🙏🙏.
I am eternally grateful to the old friends and new customers who have always encouraged me 🙏🙏🙏.

U.S.A Pizza ကို အမြဲ အားပေးခဲ့ကြသော ချစ်မိတ်ဆွေများ ခင်ဗျာ .....ဈေးနှုန်း မတည်ငြိမ်မှုများ နိုင်ငံရေးမတည်ငြိမ်မှု များကြ...
12/08/2022

U.S.A Pizza ကို အမြဲ အားပေးခဲ့ကြသော ချစ်မိတ်ဆွေများ ခင်ဗျာ .....

ဈေးနှုန်း မတည်ငြိမ်မှုများ နိုင်ငံရေးမတည်ငြိမ်မှု များကြောင့် ကျနော်တို့ ဆိုင်လေးအား ရက်အကန့်အသတ်မရှိ ပိတ်ထားပါဦးမည် ခင်ဗျား 🙏🙏🙏 ။
အမြဲတမ်း အားပေးခဲ့ကြသော မိတ်ဟောင်း မိတ်သစ် Customer များအား ထာဝရ ကျေးဇူး အထူးတင်ရှိလျက်ပါ ခင်ဗျား 🙏🙏🙏 ။

Due to price instability and political instability, our shop will be closed indefinitely 🙏🙏🙏.
I am eternally grateful to the old friends and new customers who have always encouraged me 🙏🙏🙏.

မိတ်ဆွေများကို တောင်းပန်ပါရစေခင်ဗျာ 🙏 ။ ခက်ခဲသော အ‌ခြေအနေ အကြောင်း အရာ တခုကြောင့်  ကျနော်တို့ဆိုင်လေး ခေတ္တ ပိတ်ထား ရပါဦ...
27/12/2021

မိတ်ဆွေများကို တောင်းပန်ပါရစေခင်ဗျာ 🙏 ။ ခက်ခဲသော အ‌ခြေအနေ အကြောင်း အရာ တခုကြောင့် ကျနော်တို့ဆိုင်လေး ခေတ္တ ပိတ်ထား ရပါဦးမည် ခင်ဗျာ 😓 ။ အမြဲတမ်းသည်းခံပီး အားပေးနေကျသော မိတ်ဟောင်း မိတ်သစ်များအားလုံး
ကျန်းမာ ချမ်းသာ ရှိကြပါစေ ။ ကပ်ကြီးသုံးပါးကို ကျော်လွှားနိုင်ကြပါစေ ခင်ဗျား 🙏🙏🙏 ။

08/12/2021

Dec 10 2021 မှာ ကျနော်တို့ ဆိုင်လေး တရက်ပိတ်ပါမယ် ခင်ဗျာ ။
Promotion လေးပေးထားတာ 10 ရက်နေ့ထိ ဖြစ်လို့ တရက် ပိတ်လိုက်ရတဲ့ အတွက် 11/12 ရက်နေ့များကို Promotion ထပ်တိုးရက်အဖြစ် သက်မှတ်ပြီး လက်ဆောင်များ ထည့်ပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ ။ ဝယ်ယူ အားပေးကြသော ချစ်မိတ်ဆွေများအားလုံး ကျန်းမာချမ်းသာပြီး ကပ်ကြီး သုံးပါးဘေးမှ ကင်းလွတ်ကြပါစေ ခင်ဗျာ 🙏🙏🙏 ။

💢 U.S.A Pizza Mandalay ကို အားပေးကြသော ချစ်မိတ်ဆွေများ အားလုံး မင်္ဂလာပါ ခင်ဗျာ ။ လူကြီးမင်းတို သိကြတဲ့အတိုင်းပဲ အမျိုးမ...
28/11/2021

💢 U.S.A Pizza Mandalay ကို အားပေးကြသော ချစ်မိတ်ဆွေများ အားလုံး မင်္ဂလာပါ ခင်ဗျာ ။ လူကြီးမင်းတို သိကြတဲ့အတိုင်းပဲ အမျိုးမျိုးသော အကြောင်းအရာတိုကြောင့် ကျနော်တို့ ဆိုင်ကို ခေတ္တ ပိတ်ထားသည်မှာ အတော်ကြာခဲ့ ပါပြီ ။ ပိတ်ထားဆဲ ကာလမှာလည်း Message box မှာ လာပြီး ‌သတိတရ Pizza မှာယူကြသော Customer များကို လည်း Order များမရနိုင်လို့ အရမ်းအားနာရသလို ကျေးဇူးလည်း အထူးပင် တင်ရှိပါတယ် 🙏 ။

💢 ယခု ဆိုင်လေး ပြန်ဖွင့်ပါတော့မယ် ခင်ဗျာ ။ ဒီနေရာမှာ တခုလောက် တောင်းပန်ချင်ပါတယ် ။ လူကြီးမင်းတို့သိ ကြတဲ့အတိုင်းပဲ အစစ အရာရာ သော ကုန်ဈေး နှုန်းများသည် အရင်ကထက် နှစ်ဆ ခန့် ဈေးတက်နေပါတယ် ။ ဒါကြောင့် ကျနော်တို ဆိုင်မှ Pizza လေးများကိုလည်း ဈေးနှုန်းများ အနည်းငယ် မြှင့်တင်လိုက်ချင်း အ‌ပေါ် နားလည် ခွင့်လွှတ်ကြပါရန် တောင်းပန်ပါတယ် ခင်ဗျာ 🙏 ။

💢 ယခု ကျနော်တို ဆိုင်လေးကို December 1 ရက်နေ့မှ စ၍ ပြန်ပြီး ဖွင့်သွားပါမယ် ခင်ဗျာ ။

💢 ဆိုင် ပြန်ဖွင့်တဲ့ အထိမ်းအမှတ်ဖြင့် ဝယ်ယူအားပေးကြသော မိတ်ဟောင်း မိတ်သစ်များ အား ခါတိုင်းလိုပဲ Chocolate Cake နှင့် Coke ဘူးလေးများ လက်ဆောင်ထည့် ပေးသွားပါ့မယ် ခင်ဗျား ။

👉 Promotion ကာလလေးကတော့ 1 Dec 2021 မှ 10 Dec 2021 ထိ 10 ရက် တိတိ ပါခင်ဗျာ 😊 ။
🌿 ဝယ်ယူအားပေး စားသုံးကြသော မိတ်ဟောင်း မိတ်သစ်များအားလုံး ကို ကျေးဇူးအထူးပင် တင်ရှိပါတယ် ခင်ဗျား 🙏🙏🙏 ။

နိုင်ငံရေး မတည်ငြိမ်မှု များနှင့်အတူ ကုန်ဈေးနှုန်း များ အဆမတန်ကြီးမြင့် လာမှုကြောင့်  ကျနော်တို့ ဆိုင် ရက်အကန့်အသတ် မရှိ...
14/09/2021

နိုင်ငံရေး မတည်ငြိမ်မှု များနှင့်အတူ ကုန်ဈေးနှုန်း များ အဆမတန်ကြီးမြင့် လာမှုကြောင့် ကျနော်တို့ ဆိုင် ရက်အကန့်အသတ် မရှိ ခေတ္တ ပိတ်ထားပါဦးမည် ။ ပြန်ဖွင့်မည့် ရက်ကို ကြေညာပေးပါ့မယ် ခင်ဗျာ 📣။
💢 အားပေးခဲ့ကြသော မိတ်ဟောင်း မိတ်သစ် Customer များအားလုံး ကပ်ကြီးသုံးပါး အန္တရာယ်များမှ လွတ်ကင်းနိုင်ကြပါစေ ခင်ဗျား 🙏🙏🙏 ။

🍀မင်္ဂလာပါ ခင်ဗျာ ။U.S.A Pizza (Mandalay) ကို အားပေးကြသော မိတ်ဟောင်းမိတ်သစ်များ အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှိကြပါ...
11/07/2021

🍀မင်္ဂလာပါ ခင်ဗျာ ။U.S.A Pizza (Mandalay) ကို အားပေးကြသော မိတ်ဟောင်းမိတ်သစ်များ အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှိကြပါစေ ခင်ဗျာ 🙏🙏🙏။

🍀ယခုအခါ တွင် Covid-19 ရောဂါ ကူးစက်မှုများ အလွန် များပြား လျက်ရှိနေပါတယ်။

🍀 ဤရက်ပိုင်းတွင် ကုန်ကြမ်း များ ဝယ်ယူရအခက်အခဲ နှင့် Deli ပို့ဆောင်ရ အခက်အခဲများရှိ‌ပါ‌သော ကြောင့် ဆိုင်ခေတ္တ ပိတ်ထားပါတယ် ခင်ဗျား။

🌿 အားပေးကြသော မိတ်ဆွေများ အားလုံး ဂရုတစိုက် ကျန်းမာစွာ နေကြပါ ခင်ဗျား။ တတ်နိုင်မျှ အိမ်ထဲမှာနေကြပါ ။ မိတ်ဆွေများအားလုံး ကပ်ကြီးသုံးပါး အန္တရာယ်မှ ရှောင်လွှဲ လွတ်ကင်းနိုင်ကြပါစေခင်ဗျာ။ ကျေးဇူး အထူးပင် တင်ရှိပါတယ် ခင်ဗျား ။။။

🙏🙏🙏။
Photo Credit from Pngtree.

🌿 U.S.A. Pizza Mandalay ကို အမြဲ မပြတ် အားပေးကြသော မိတ်ဟောင်းမိတ်သစ်များအားလုံး ယခုအချိန် ကာလကြီးမှာ ဘေးအန္တရာယ်များ ကင်...
09/05/2021

🌿 U.S.A. Pizza Mandalay ကို အမြဲ မပြတ် အားပေးကြသော မိတ်ဟောင်းမိတ်သစ်များအားလုံး ယခုအချိန် ကာလကြီးမှာ ဘေးအန္တရာယ်များ ကင်းရှင်းကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျာ 🙏 ။

🌿အမြဲ အားပေးတဲ့ မိတ်‌ဆွေ များအတွက် 10-5-2021 ရက်နေ့မှ 19-5-2021 ထိ ဆယ်ရက် တိတိ မေတ္တာ လက်ဆောင် Chocolate 🍫 Cake 🍰 လေးများကိုလည်း ထည့်ပေးသွားဦးမှာပါ ခင်ဗျာ ။

🌿 အမြဲမပြတ်အားပေးကြသော ချစ်မိတ်ဆွေများကို အသိပေးတောင်းပန်စရာလေး တခုရှိပါတယ် ခင်ဗျာ 🙏 ။ ခုချိန်ကာလမှာ ကုန်ကြမ်း ပစ္စည်းများ ဘက်ပေါင်းစုံမှ ဈေးနှုန်းများ မြင့်တက်လျက်ရှိ သည်ကို ချစ်မိတ်ဆွေများလည်း သိရှိကြမှာပါ ခင်ဗျာ ။ ဒါကြောင့်မို့ ကျနော်တို့ ရဲ့ Pizza ဈေးနှုန်းလေးများကို အနည်းငယ် တိုးမြှင့် ရခြင်းကို ချစ်မိတ်ဆွေများ နားလည်ခွင့်လွှတ် ပေးကြပါရန် မေတ္တာ ရပ်ခံအပ်ပါတယ် ခင်ဗျာ 🙏🙏🙏။

🌿 USA Pizza Mandalay ကို အမြဲ အားပေးကြသော မိတ်ဆွေများအားလုံး ကျန်းမာချမ်းသာပြီး ကပ်ရောဂါများ ဘေးအန္တရာယ်များ မှ ကင်းလွတ်နိုင်ကြပါစေခင်ဗျား ။
🙏🙏🙏 ။

🌿 U.S.A. Pizza Mandalay ကို အမြဲ မပြတ် အားပေးကြသော မိတ်ဟောင်းမိတ်သစ်များအားလုံး ခုလို အရေးအခင်း ကာလကြီးမှာ ဘေးအန္တရာယ်မျ...
31/03/2021

🌿 U.S.A. Pizza Mandalay ကို အမြဲ မပြတ် အားပေးကြသော မိတ်ဟောင်းမိတ်သစ်များအားလုံး ခုလို အရေးအခင်း ကာလကြီးမှာ ဘေးအန္တရာယ်များ ကင်းရှင်းကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျာ 🙏 ။

🌿 ဒီချိန်မှာ ဈေး မရောင်းချင်ပေမယ့်လည်း ဝင်ငွေမရှိတာ ၂ လတာ ကြာခဲ့ပီမို့ 😓 မုန့်လေးတွေ ပြန်ရောင်းပါရစေ ခင်ဗျာ 🙏 ။

🌿 အထွေ အထူးတော မပြောတော့ပါဘူးခင်ဗျာ ။ Pizza Order လေးများ ပြန်လည် မှာယူလို့ ရပါပီ ဆိုတာလေး မိတ်ဆွေများကို ပြောပြချင်းဖြစ်ပါတယ် ခင်ဗျ 😊 ။

💢 တစ်ခုတော့ သတိပြုပေးကြပါ ခင်ဗျာ ။ ခရီး လမ်းကြောင်း အခြေအနေ ပေါ် မူတည်၍ မိတ်ဆွေများ မှာသော အော်ဒါများသည် ပုံမှန်အချိန်ထက် ပို၍ ကြန့်ကြာချင်း သို့မဟုတ် ပို့ဆောင်၍ မရခြင်းများ ဖြစ်ပေါ်လာပါက သည်းခံ စောင့်ဆိုင်း ပေးပါရန် အနူးအညွတ် မေတ္တာ ရပ်ခံ အပ်တယ် ခင်ဗျား 🙏🙏🙏 ။

🌿 U.S.A Pizza ကိုအားပေးကြသော ချစ်မိတ်ဆွေများအားလုံး ဘေးရန်ကင်းကွာ ချမ်းသာကြပါစေခင်ဗျား 🙏 ။

💢 အရေးတော်ပုံ .............အောင်ရမည် 💪။

မုန့်များလုပ်ရတာ လုံးဝစိတ်မပါ။စိတ်မကောင်းခြင်းများစွာ ဖြစ်နေပါသဖြင့် ...😓 1 FEB 2021..... နေ့မှစတင်၍ ဆိုင် ခေတ္တ ပိတ်ထား...
02/02/2021

မုန့်များလုပ်ရတာ လုံးဝစိတ်မပါ။
စိတ်မကောင်းခြင်းများစွာ ဖြစ်နေပါသဖြင့် ...
😓 1 FEB 2021.....
နေ့မှစတင်၍ ဆိုင် ခေတ္တ ပိတ်ထားပါကြောင်း။
U.S.A Pizza ကိုအားပေးကြသော မိတ်ဟောင်း မိတ်သစ်များ အားလုံး ကျန်းမာချမ်းသာကြပါစေ။ စိတ်ချမ်းသာမှုတွေ အမြန်ဆုံးရရှိနိုင်ကြပါစေ ခင်ဗျာ 🙏🙏🙏။

Address

71st Street , Pyigyitagon Township
Mandalay
05051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959954956565

Alerts

Be the first to know and let us send you an email when U.S.A PIZZA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to U.S.A PIZZA:

Share

Category