23/02/2026
မိသားစုတစ်စုရဲ့ စိတ်လက်ပေါ့ပါးရှိတဲ့ ခံစားချက်ဆိုတာ ဘယ်လိုမျိုးလဲ...
၁။ မိန်းမက ယောက်ျားကို အချိန်မရွေး လွတ်လပ်ပေါ့ပါး စနောက်နိုင်ပြီး ကလေးတွေကလည်း မိဘကို ချွဲနွဲ့ စနောက်ရဲတယ်။
၂။ ညနက်နက်မှာ အမေနဲ့ ကလေးက ယောက်ျားကို ဆွဲပြီး အကင် သွားစားနိုင်တယ်။
၃။ အားလပ်ရက်မှာ ခေါက်ဆွဲတစ်ပွဲ စားဖို့အရေး အဝေးကြီးသွားဖို့ ယောက်ျားကလည်း ဝမ်းမြောက်ဝမ်းသာ အလွယ်တကူ "ချောဆွဲခံ" တယ်။
၄။ ခရီးသွားတဲ့အခါ အခန်းဘွတ်ကင်မှားလုပ်မိလည်း ဒါမှမဟုတ် လမ်းမှားလည်း တစ်ယောက်ကို တစ်ယောက် ငြင်းခုံ၊ အပြစ်မတင်ဘူး။ မိသားစုတစ်စုလုံး အတူခရီးထွက်တဲ့ ပျော်ရွှင်မှုပဲရှိတယ်။
၅။ မိန်းမကားရေဆေးတုန်း ခြစ်မိသွားတော့ ယောက်ျားကို မတွန့်မဆုတ် ဖုန်းဆက်ပြီး "ယောက်ျားရေ ဘယ်လို လုပ်မလဲ" ပြောတယ်။ ဆူပူကြိမ်းမောင်းခံရမှာကို သူကြောက်မနေဘူး။
၆။ ကလေးတစ်ယောက်ယောက် ပြဿနာနဲ့ ကြုံတဲ့အခါ ပထမဆုံး တွေးမိတာက "ဖေဖေပြန်လာမှ ပြောပြမယ်" ဆိုတာ ဖြစ်တယ်။
၇။ ဒီလို မိသားစုက ကလေးတွေ စိတ်လုံခြုံပြီး မိမိကိုယ်ကို ယုံကြည်မှုရှိစေတယ်။ မိန်းမကလည်း တစ်ဗျစ်တောက်တောက် မရွတ်၊ မညည်း၊ စိတ်တိုဒေါသထွက်လွယ်တာမျိုးလည်း မရှိဘူး။
ဒါဟာ မိသားစုတစ်စုရဲ့ စိတ်လက်ပေါ့ပါးတဲ့ ခံစားချက်ဖြစ်တယ်။
မိသားစုတစ်စုအတွက် အကောင်းဆုံး ဖုန်းရွှေပညာက---
အမြော်အမြင် ကျယ်ပြန့်တဲ့ ခင်ပွန်း၊
စိတ်ခံစားချက်ကောင်း ရှိတဲ့ မိန်းမနဲ့
ပြုစုပျိုးထောင်မှုကောင်း ရှိတဲ့ သားသမီးတွေဖြစ်တယ်။
ငါ ပင်ပန်းတာကို နင် သိတယ်၊
နင့် ရုန်းကန်မှုကို ငါနားလည်တယ်၊
ဆင်းရဲပါစေ အဖေ့ကို အပြစ်မတင်ဘူး၊
ဘဝခါးသီးပါစေ မိန်းမကို အပြစ်မမြင်ဘူး။
ဘယ်လောက်ပဲ ဒေါသထွက်ပါစေ
သားသမီးအပေါ် မရက်စက်ဘူး။
ယောက်ျားနဲ့ မိန်းမ သဟဇာတဖြစ်မှ
မိသားစုက ကြီးပွားတိုးတက်မှာဖြစ်တယ်။
***
ချစ်ခြင်းမေတ္တာနဲ့ မိုးထားတဲ့ အိမ်ပေါ့။
ချစ်ခင် ရင်းနှီးမှု၊ ပွင့်လင်းမှု၊ ချီးကျူး အားပေးမှုတွေနဲ့ ဆက်ဆံတဲ့အခါ မိသားစုက နွေးထွေး ပျော်ရွှင်ရတယ်။
အရာဝတ္ထု၊ ပစ္စည်းတွေ ပျက်စီးသွားရင်၊
အစားထိုး ဝယ်ယူလို့ ရနိုင်ပေမယ့် ငယ်စဉ်ဘဝမှာ ရတဲ့ စိတ်ဒဏ်ရာက အသက်ရွယ် ကြီးလာတဲ့အထိ လိုက်ပါလာနိုင်တယ်။
ထမင်းဗြဲရင်၊ ဟင်း ငန်ရင် ပြန်ပြင်လို့၊ ပြန်ချက်လို့ ရနိုင်ပေမယ့် ကတောက်ကဆတ်တွေ၊ အပြစ်တင်မှုတွေက အကြိမ်များလာရင် လူကြီးတင်မက ကလေးပါ စိတ်မချမ်းမြေ့ဖြစ်ရတယ်။
ဘယ်အရာက အဓိကလဲ၊
ဘယ်အရာက သာမညလဲဆိုတာ သိရင်
ချစ်ခြင်းတွေ၊ ခွင့်လွှတ် နားလည်ခြင်းတွေ ပိုတိုးလာနိုင်တယ်လို့ ယုံကြည်ပါတယ်။
-- ဘာသာပြန် မျှဝေပါတယ်
💌
#နိုင်းနိုင်းစနေ