SYW Coffee House

SYW Coffee House The Best You Can Get!

Favorite Matcha 🍵 🍃
22/07/2023

Favorite Matcha 🍵 🍃

Sh**ha ကို ၁၃ရာစုလောက်ကတည်းက အိန္ဒိယလူမျိုးတွေက စတင်သောက်သုံးခဲ့ကြပြီး ထိုအချိန်တုန်းက ပုံမှန် Tabacco အရသာကို water bas...
22/07/2023

Sh**ha ကို ၁၃ရာစုလောက်ကတည်းက အိန္ဒိယလူမျိုးတွေက စတင်သောက်သုံးခဲ့ကြပြီး
ထိုအချိန်တုန်းက ပုံမှန် Tabacco အရသာကို water base ခံပြီး အသုံးပြုကြပါတယ်လို့ စာပေတစ်ချို့မှာဖော်ပြထားပါတယ်
သူ့ပုံစံကို မြင်သာအောင်ပြောရရင် တိုင်းရင်းသားတွေ ခပေါင်းစသောက်တဲ့ပုံစံနဲ့ဆင်တူပြီး
ကျနော်တို့လက်ရှိအသုံးပြုနေကြတဲ့ water pipe ကိုတော့ ၁၅ရာစုအရောက်ာက်မှာ Abul-Fath Gilani လို့အမည်ရတဲ့ Mughal Emperor ရဲ့ တတိယမြောက်ဘုရင် Akbar ရဲ့ ပါရှန်သမားတော်ကနေပြီးအိန္ဒိယနိုင်ငံ Fatehpur Sikri မြို့မှာတီထွင်ခဲ့ပါတယ်

၁၆ ရာစုနှစ်အရောက်မှာ Arabian လူမျိုးတွေက
အိန္ဒိယ ၊ အီဂျစ်၊ အီတလီ စတဲ့နိုင်ငံတွေနဲ့ကုန်ကူးရင်း
အထူးသဖြင့် ဟင်းခတ်အမွှေးအကြိုင်များလည်းကူးသန်းရောင်း၀ယ်ကျရင်းက Sh**ha ဆေးတွေကိုလည်း
flavor မျိုးစုံ၊ tabacco မျိုးစုံတို့ကို စတင်စမ်းသပ်သောက်သုံးကြရင်း ကမ္ဘာ့စျေးကွက်ကိုစတင်ဖြန့်ဖြူး ရောင်းချခဲ့ပါတယ်
၁၉ ရာစုအရောက်မှာတော့ ကမ္ဘာ့နိုင်ငံအချို့နှင့် Bar တွေ၊ Club တွေမှာ Sh**ha ဟာ အထူးဇိမ်ခံပစ္စည်းတစ်ခု၊ Intertainment culture တစ်ခုအနေနဲ့ရော အခွန်ဆောင်ပြီးတင်သွင်းရတဲ့ပစ္စည်းတစ်ခုအနေနဲ့ပါ တွယ်ကျယ်စွာမှာယူ သုံးစွဲလာခဲ့ကြပါတယ်
နိုင်ငံအများစုမှာ အထူးသဖြင့် Middle East နိုင်ငံတွေ ၊ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အီရက်တို့၊ ဆီးရီစယားတို့လို နိုင်ငံတွေမှာ Sh**ha ကို Culture အနေနဲ့ relaxation တစ်ခုအနေနဲ့ပါ ဇိမ်ခံပြီး တွင်ကျယ်စွာသောက်သုံးနေကြသော်လည်း ၊မြန်မာနိုင်ငံနိုင်ငံတော့ ၂၁ရာစုရောက်မှသာ Sh**ha ကို Bar တွေ၊ club တွေနဲ့ တစ်ချို့သော Pub တွေမှာ fashion တစ်ခုအနေနဲ့သာ((အခုအချိန်အထိ)) သောက်သုံးကြပါတယ်
ဘာကြောင့် တွင်တွင်ကျယ်ကျယ် မသောက်သုံးကြပဲ ၊ fashoin အဖြစ်နဲ့သာ သောက်သုံးကြတာလဲဆိုရင် Sh**ha master တွေ၊ Sh**ha trainers တွေကောင်းကောင်းမရှိတာရယ် ၊ sale person တွေဖြစ်ကြတဲ့ bartender တွေနဲ့ Server တွေမှာ product knowledges ကောင်းကောင်းမရှိ၊ မသိတာရယ်ကြောင့်လိုပဲ အတိုချုပ်ပြီးပြောချင်ပါတယ်
Sh**ha ကို Dubai တို့လို Middle East နိုင်ငံတွေမှာ narghile, argileh, hubble-bubble, ho**ah and goza စသဖြင့်လည်း ခေါ်ဝေါ်ကြပါသေးတယ်
ထို့အတူ Ho**ah ဆိုတဲ့စကားလုံးဟာ အာရဗီဘာသာမှ ဟိန္ဒူစတန် စကားလုံး ``huqqa´´မှ ဆင်းသက်လာတာဖြစ်ပါတယ်

အဲ့တော့ Sh**ha အကြောင်းပြောနေရင်း
What is Sh**ha?
အဲ့တော့ sh**ha ဆိုတာဘာလဲ
ဘာတွေနဲ့ပြုလုပ်ဖန်တီးထားတာလဲ ဆိုတဲ့မေးခွန်းလေးတွေကလည်း သူ့အလိုလိုပေါ်လာပြန်ပါတယ်
Sh**haဆိုတာ လွှစာမှုန့်တွေလို မွ​ချေထားတဲ့ ဆေးရွက်ကြီးခြောက် တွေကို 1* molassesလို့ခေါ်တဲ့ ကြံရည်အနှစ်ဖတ်တွေကိို ၊ 2* honey လို့ခေါ်တဲ့ ပျားရည်အချို့ရယ်၊ 3* dried fruit အချိူ့နှင့် စပျစ်၊ ဘယ်ရီ၊ kiwi, apple , floral and etc etc စတာတွေကို 5* sweet, aroma and flavour တွေအဖြစ် ဖန်တီးထားတဲ့ နီကိုတင်းပါ၀င်တဲ့သောက်စရာ ဆေးတစ်မျိုးပဲဖြစ်ပါတယ် ။
* Sh**ha အိုး ၊Pot does matter ?
The answer is YES ! ပါ အိုးအသေး၊ အကြီးက sh**ha serve လုပ်တဲ့နေရာမှာ အရမ်းစကားပြောပါတယ်
Sh**ha အိုးဟာ မသေးလွန်း၊ မကြီးလွန်းပဲ
standard အိုးဖြစ်လေ ကောင်းလေပါ
* ဆေး Flavor Sheesha ဆေးကို စျေးကွက်အတွင်မှာရနိုင်တဲ့ အရည်အသွေးမှီတဲ့ ဆေး brands တွေကိုသာ ၀ယ်သုံးပြီး ဉာဏ်ရှိသလို ရောနှောသုံးစွဲသင့့်ပါတယ်
* Water ကို down stem အောက် လက်တစ်လုံးခွဲ သို့) လက်၂လုံးမြုပ်ရုံထည့်ပေးရပါမယ်
ထည့်တဲ့ရေ အနည်း/ များပေါ်မူတည်ပြီး
ရေများရင် လေး ပြီး ရှူရှိုက်ရတာ မောပါမယ်
ရေနည်းရင်တော့ ပေါ့နေပါလိမ့်မယ်
*Pipes မြန်မာနိုင်ငံမှာသာ ရေခဲပိုက်ဘာညာ အထူးဆန်းတွေလုပ်နေကြပေမယ့် Dubai မှာတော့ သာမန်ပိုက်လေးတွေနဲ့ပဲ serve လုပ်ကြပါတယ်
*Alu foil ကို ကျနော့် personal အနေနဲ့ပြောရရင် အပြင် supplier တွေက၀ယ်တဲ့ Foil ထက်၊ ကိုယ့်ဘာ လက်နဲ့အပေါက်ညီအောင်ဖောက်ထားတဲ့ foil က အကွက်ပိုညီပြီး မီးခဲတင်ရတာ ပိုအဆင်ပြေစေပါတယ် ၊ အကွက်လည်းသိပ်မကျဲတော့ မီးခဲမှာပါတဲ့ ကာဗွန်မှုန့်တွေလည်း ဆေးထဲကိုသိပ်မ၀င်နိုင်တော့ဘူးပေါ့
*Charcoal က တော့ ကိုယ်က ၁၃မိနစ်တစ်ခါ၊ ၁၅မိနစ်တစ်ခါ မီးခဲလဲပေး၊ လှန်ပေးနိုင်ရင် သိပ်ကြီး serious ထားစရာမလိုပါဘူးလို့ပဲပြောချင်ပါတယ်၊ ဆိုက Busy ဖြစ်တယ် ၊ ၀န်ထမ်းအင်အားလည်းနည်းတယ်ဆိုရင်တော့ မီးခဲကောင်းတာလေးတွေ၀ယ်သုံးဖို့ပဲ အကြံပေးချင်ပါတယ်

နောက်ဆုံးအနေနဲ့ပြောချင်တာက Sh**ha သောက်တယ်ဆိုတာဟာလည်း ဆေးအငွေ့ဟာ ရေကိုဖြတ်သန်းစေပြီးမှ ပိုက်ထဲကတစ်ဆင့် ပါးစပ်ထဲကိုရောက်တယ်ဆိုပေမယ့်လည်း သူ့မှာပါတဲ့ Ni****ne (နီကိုတင်း)၊ Tar (ကတ္တရာစေး) နဲ့ carbon monoxide တွေဟာ အခြားသော ဆေးလိပ်၊ v**e စတာတွေမှာပါတဲ့ အရာတွေနဲ့အတူဖြစ်တာမို့ မကြာခဏ သို့) ကြာရှည်စွာသောက်သုံးမယ်ဆိုရင် ရေရှည်မှာအဆုတ်နဲ့ ပတ်သတ်တဲ့ရောဂါတွေ၊ နှလုံးနဲ့ပတ်သတ်တဲ့ရောဂါတွေနဲ့ ၊ ပါးစပ် ၊လည်ချောင်းရောဂါ စတဲ့ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ side effect ဖြစ်စေနိုင်တဲ့အတွက် တန်ဆေး၊ လွန်ဘေးဆိုသလို သတိ၊ အသိနဲ့ရှုရှိုက် လုပ်ကိုင်ကြဖို့ အကြံပေးတိုက်တွန်းပြောကြားရင်း ကောင်းသောနေ့လေးပိုင်ဆိုင်ကြပါစေဗျ ။

Copy to Wathan Knowledge Sharing!

Coco freeze  🌴 🥥
11/04/2023

Coco freeze 🌴 🥥

Takeaway Vibe 🍃
23/02/2023

Takeaway Vibe 🍃

𝗖𝗼𝗺𝗶𝗻𝗴 𝗦𝗼𝗼𝗻...𝗧𝗵𝗲 𝗕𝗲𝘀𝘁 𝗬𝗼𝘂 𝗖𝗮𝗻 𝗚𝗲𝘁 !
22/11/2022

𝗖𝗼𝗺𝗶𝗻𝗴 𝗦𝗼𝗼𝗻...
𝗧𝗵𝗲 𝗕𝗲𝘀𝘁 𝗬𝗼𝘂 𝗖𝗮𝗻 𝗚𝗲𝘁 !

𝙲𝙰𝙿𝙿𝚄𝙲𝙲𝙸𝙽𝙾
22/09/2022

𝙲𝙰𝙿𝙿𝚄𝙲𝙲𝙸𝙽𝙾

Refresher Kiwi 🥝
05/06/2022

Refresher Kiwi 🥝

Good Morning
02/10/2021

Good Morning

B U B B L E 🖤🖤🖤
16/08/2021

B U B B L E 🖤🖤🖤

စာပေလေးတွေ ဖတ်ရင်း Coffee သောက်ရင်းပေါ့ဗျာ
11/08/2021

စာပေလေးတွေ ဖတ်ရင်း
Coffee သောက်ရင်းပေါ့ဗျာ

05/08/2021

Coffee Room

19 July မမေ့နိုင်။အာဇာနည်နေ့ တို့မမေ့။
19/07/2021

19 July မမေ့နိုင်။
အာဇာနည်နေ့ တို့မမေ့။

Address

Mandalay

Telephone

+959421366855

Website

Alerts

Be the first to know and let us send you an email when SYW Coffee House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category