CRAZY SPICY

CRAZY SPICY This is the online Food Shop that you can order food such as Ma la Xiang Guo and others. You Can See

ဂွတ်ရှယ် မာလာဟင်းလေး 😍 ကောင်းမှကောင်း 🤤ဒီချိန်ရာသီဥတုအေးအေးလေးနဲ့ အလိုက်ဖက်ဆုံးမာလာဟင်းလေး 🫶
04/01/2024

ဂွတ်ရှယ် မာလာဟင်းလေး 😍 ကောင်းမှကောင်း 🤤

ဒီချိန်ရာသီဥတုအေးအေးလေးနဲ့ အလိုက်ဖက်ဆုံးမာလာဟင်းလေး 🫶

အရမ်း…အရမ်းကိုမှ စားကောင်းသော ခေါက်ဆွဲ🫶သက်က thb exchange လုပ်နေတော့ customer တွေဆီ ဘတ်အရွက်ပို့ရင်း Thong Lo ဘက်ရောက်တာ ...
12/12/2023

အရမ်း…အရမ်းကိုမှ စားကောင်းသော ခေါက်ဆွဲ🫶

သက်က thb exchange လုပ်နေတော့ customer တွေဆီ ဘတ်အရွက်ပို့ရင်း Thong Lo ဘက်ရောက်တာ ၂ ခေါက်မြှောက်မှ ဝင်စားဖြစ်တဲ့ homemade ခေါက်ဆွဲဆိုင်လေး 🤤

သူ့ဆိုင်က ဆုတွေလည်းရထားတယ် ပုစွန် ဖက်ထုပ်လေးဆို လုံးဝဘန်ကောက်ကစားဖူးသမျှထဲမှာ အကောင်းဆုံး အရသာလေး 🫠 ခေါက်ဆွဲသားကလည်းပြောမပြတတ်အောင် စားကောင်း 🥹 ပုံထဲမှာပါတဲ့ ဝက်နံရိုးဆို ဆိုင်က အလကားပေးတဲ့ဟင်းရည် ပါရှင် 😍

အိမ်သာလည်းရှိပြီးသုံးရတာလည်းသန့်ရှင်းပါတယ် ✌️ဆိုင်ဖွင့်ချိန်က မနက် ၅ နာရီကနေ ည ၁၁ ထိဖွင့်ပြီး ဝန်ထမ်းအမပြောတာတော့ တနေကုန်အမြဲရောင်းကောင်းနေတာပါတဲ့ 🫶

အရမ်းတော့ review မပေးတတ်ပေမယ့် အရသာကအရမ်းကောင်းနေတာရယ် စျေးလည်းတန်နေတာရယ် လူတွေအများကြီးစားနေပြီး deli သမားတွေလည်းများနေတာကြောင့်ရယ် မြန်မာအမကြီးတွေအများကြီးရှိပြီး service လည်းကောင်းတော့ ဘန်ကောက်ရောက်နေရင် စားသင့်တဲ့ဆိုင်လေးမလို့ပါရှင် ✌️

📍Thong Lo BTS 1081 Sukhumvit Road, แขวง วัฒนา Watthana, Bangkok 10110, Thailand

22/11/2023

Baht အရောင်းအဝယ်လုပ်တာ ၁ လပြည့်အမှတ်တရ ✌️

ဘယ်အလုပ်မှလုပ်ရတာမလွယ်ပေမယ့် ဘဝမှာလုပ်ဖူးသမျှတွေထဲ မာလာရှမ်းကောရောင်းတာရယ် ခု exchange လုပ်နေတာလေးကို သဘောအကျဆုံးပဲ 🤭

ခုလုပ်နေတာ ပိုက်ဆံ (ငွေကြေး) ဆိုတော့ ယုံကြည်မှု့ကအဓိက ရယ် လုပ်ငန်းနားလည်ဖို့ရယ် အလိမ်မခံရဖို့ရယ် 🤢(မိသားစုရဲ့ဆုတောင်းမှု့တွေမေတ္တာတွေကြောင့် လာလိမ်တဲ့သူတွေရှိပေမယ့် အလိမ်တော့မခံရ🥰 လာလိမ်လို့လည်းမရဘူး ရှင့် ဦးနှောက်ရှိပါတယ်ရှင့် 🥰)

Exchange အသိုင်းအဝိုင်းကမဟုတ်ပဲ ဘာမသိညာမသိ လုံးဝ zero ကနေ စရာက ခုလိုလေး ဖြစ်လာတာ ဆွဲခေါ်ပေးတဲ့ bro တွေရယ် ဘေးက ဘာလုပ်လုပ်အမြဲ support ပေးတဲ့ ကောင်လေးကြောင့်ရယ် မသက်ဆိုပြီး အားပေးကြတဲ့ သူငယ်ချင်းတွေရယ်ကြောင့် 🥰 (အရမ်းချစ်တယ်နော် မွေးနေ့ကြရေအဝတိုက်မယ်ရှင့် 🥹🫶) Fb မှာပဲ fri ဖြစ်ပြီး ယုံ”ကြည်” အားပေးတဲ့ ပထမဆုံးအမကိုလည်း ကျေးဇူးတင်ပါတယ်ခ (အဲ့အမဆို bank acc မပို့လာသေးလို့ ခုထိ thb မယူပဲ သက်ကပဲသိမ်းထားပေးရတာ 🤭) နောက်ထပ် fri မဖြစ်ပဲ message request နဲ့ လာအားပေးတဲ့ ထိုင်းကအမကိုလည်း ကျေးဇူးတင်ပါတယ်ခ 🥰🫶

လာကျောကြတဲ့သူတွေရယ် အကျင့်မကောင်းကျတဲ့ သူတွေရယ် စျေးနိမ်ချင်တဲ့သူတွေရယ် တချို့စိတ်အနှောင့်အယှက်ပေးနေတဲ့သူတွေရဲ့ ကျေးဇူးကြောင့် ဒီစီးပွါးရေးလောကထဲက အကြောင်းကို ပိုနားလည်လာလို့ လည်း ကျေးဇူးပါလို့ 🥰🙏(ဘယ်သူတဦးတယောက်ကိုမှ ကိုယ့်ဘက်ကစပြီး အကျင့်မယုတ်မာဖူးလို့ အဲ့လိုလူတွေနဲ့ဆုံကိုမဆုံချင် မဆုံရပါစေနဲ့တော့ 🥴)

ရှေ့လျှောက်ပြီး ပိုကြိုးစားမယ် စိတ်ထဲမှာလည်း အနှောင့်အယှက်အကြောင်းတွေမထားပဲ ကြိုးစားပြီး service ကောင်း” စျေးကောင်းပေးနိုင်အောင် ကြိုးစားမှာမို့ THB လိုရင် ပြန်ရောင်းချင်ရင် အားပေးကြပါအုံး ရှင့် 🫶

သက့်ရဲ့ private acc လေးနဲ့ Messenger Gp မှာ Update တင်မှာမို့ Join ချင်ရင် ment or cb လာပေးပါနော် 🥰
#ဘတ်

ဒီနေတော့ BKK က မြို့နယ်တိုင်းလိုမှာ ရှိပြီး စားလို့လည်းကောင်း စျေးလည်းသင့်တဲ့ Suki ဆိုင်လေးကို share ပေးမှာမို့ စာလေးကို...
03/10/2023

ဒီနေတော့ BKK က မြို့နယ်တိုင်းလိုမှာ ရှိပြီး စားလို့လည်းကောင်း စျေးလည်းသင့်တဲ့ Suki ဆိုင်လေးကို share ပေးမှာမို့ စာလေးကို အဆုံးထိ ဖတ်ပေးပါအုံးနော် 🥰🫶

Suki စားတော့မယ်ဆို သက်တို့ ကျောင်းနားမှာတော့ Teenoi နဲ့ Lucky ဆိုပြီး ရွေးစရာ က ၂ ဆိုင်ရှိတယ်ပေါ့နော် ✌️ ဒါပေမယ့် lucky က နေ့လည် ၁၁:၃၀ ကနေ မနက် ၂ နာရီထိပဲရပြီး Teenoi ကတော့ နေ့လည် ၁၁ ကနေ မနက် ၅ နာရီထိ စားလို့ရပါတယ် 🥰

သူ့ဆိုင် ၂ ဆိုင်က စားစရာတွေ ဖျော်ရည်တွေ side dishes တွေကတော့ အတူတူပါပဲ နော်

Teenoi မှာတော့ တခါတလေ စောင့်ရင်း နဲ့ free ကျွေးတဲ့အချိုမုန့်လေးရှိပါတယ် (token no ပြပြီး အလကားစားရတာမျိုး အဆာပြေလေးပေါ့ 😁)

lucky မှာတော့ မန်ထို ရပေမယ့် extra အနေနဲ့ သတ်သတ်မှာရတာပါနော် (သက့်ရဲ့ fav မန်ထိုကြော် လေး custard လေးနဲ့တို့စားရင် အရသာက ဆွေမျိုးမေ့တဲ့ထိ ကောင်း 🫠 ဒါပေမယ့် buffet ထဲမပါလို့ သိပ်တော့မှာမစားဖြစ် 🥹)

အဲ့ ၂ ခုထဲမှာ သက့်ရဲ့ fav ကတော့ Teenoi ပါ 😁 ပုံလေးတွေနဲ့သေချာရှင်းပြထားလို့ ပုံလေးတွေအောက်မှာ စာလေးဝင်ဖတ်ပေးပါနော် 🫶(ဟီးဟီး 😁)

ကိုယ်ရောက်နေတဲ့နေရာမှာ ခုပြောပြထားတဲ့ဆိုင်လေးတွေနဲ့နီးတယ်ဆိုရင် သွား try ကြည့်နော် လုံးဝတန်စေရမယ် ခ 🫶

တခြားသိချင်တာ လေးတွေ ကျောင်းနဲ့ပတ်သက်တာလေးတွေ မေးချင်တာရှိရင် chat box မှာလာရောက်မေးမြန်းနိုင်ပါတယ်ရှင့် 🥰❤️

Bingsu 🧊 ဟလို.. မင်”ရဲ့ မာလာရှမ်းကောဖန်တွေကို မာလာရှမ်းကောပြီးရင် မင်”အကြိုက်ဆုံး bingsu လေးအကြောင်း sharing လုပ်ပေးချင်...
30/09/2023

Bingsu 🧊

ဟလို.. မင်”ရဲ့ မာလာရှမ်းကောဖန်တွေကို မာလာရှမ်းကောပြီးရင် မင်”အကြိုက်ဆုံး bingsu လေးအကြောင်း sharing လုပ်ပေးချင်လို့ပါရှင် 😁

ရေခဲမုန့်ဆို ချောကလက်လောက်ပဲစားနေကြမင်”က Bingsu ကို မှတ်”ရ” စtrendတုန်းက မန္တလေးက dessert ဆိုင်တခုမှာ ပုံလှ”လေးလည်းရိုက်ရင်း သွားစားဖူးတယ်ပေါ့နော် 🍨 ဒါပေမယ့် အရသာက ငယ်”က လမ်းထဲမှာ စားဖူးသလို ရေခဲခြစ်လို အရသာမျိုးမလို့ နောက်လည်းသွားမစားတော့သလို တခါမှလည်း မစားဖြစ်တော့ဘူးနော်

ဟိုတနေ့ကမှ ကျောင်းဘေးက bingsu ဆိုင်က ကျောင်းသားတွေကြား နာမည်ကြီးတာရယ် သူငယ်ချင်းကလည်း အတင်းခေါ်တာရယ်ကြောင့် မသွားချင်သွားချင် (ဟဲဟဲ..သူငယ်ချင်းဆီကအလကားစားရအောင်ဟန်ဆောင်တာ)နဲ့ သွားစားတာ အရသာက အရမ်းကောင်းပြီး toppings တွေမကျန်တော့တဲ့ နောက်ဆုံးထိကိုကောင်း လွန်းလို့ မင်”ရဲ့ page followers ထဲမှာ Bangkok Uni မှာ ကျောင်းတက်နေတဲ့ သူ or အမျိုးထဲက ညီမတွေမောင်လေးတွေ ရှိတယ်ဆိုရင် သွား try ကြည့်ပါလို့ ✌️ location ကို cmt မှာ ကြည့်ပေးပါနော် 🥰

နောက်ပိုင်းလည်း BU အနီးနဲ့ Bangkok ထဲက အရသာရှိတဲ့ စားစရာလေးတွေ နဲ့ ထူးဆန်းတဲ့နေရာလေးတွေကို မကြာခဏ sharing ပေးမှာမလို့ page လေးကို ဆက်လက်ပြီး follow လုပ်ထားပေးပါအုံးရှင့် 🥰🙏

06/02/2023

Kimchi review 🫠💕

အရမ်းစားကောင်းတဲ့ Kimchi လေးအကြောင်းကို review လေးပေးချင်လို့ပါရှင် သူက စားဖူးသမျှ kimchi တွေထဲမှာတော့ အကောင်းဆုံးလေး🥰✌️

ဒီ kimchi လေးကို ကျောင်းဘေးက only korea အစားအစာလေးတွေပဲ ရောင်းတဲ့ store ဆိုင်လေးက ฿100 နဲ့ ဝယ်ခဲ့တာ သူက စားနေကြ kimchi တွေလို မဟုတ်ပဲ နည်း”လေးထည့်ယုံနဲ့ကို သူ့အရသာကို ပေါ်စေတယ် ✌️

သူ့အရသာက ကိုရီယားအရသာနှစ်”လေး စားလိုက်ရင် အရွက်လေးတွေက ကြွပ်”ရွ”လေးမို့ လတ်”ဆတ်”စားနေရသလို ပါပဲရှင်🫠

Package လေးကလည်း သေ”ချာ” နဲ့လုံးဝ သပ်”ရပ်”လေးပါ 🥹

သူ့ကို ထမင်းနဲ့ကြော်စားတာ ခေါက်ဆွဲပြုတ်ထဲထည့်စားတာအပြင် ထမင်းနဲ့လည်းဒီတိုင်း စားလို့လည်းလုံးဝကောင်းပါတယ်ရှင်

Crazy Spicy ကအကိုတို့အမတို့ရဲ့ favorite kimchi လေးတွေကိုလည်း cmt မှာပြောပြပေးပါအုံးနော💕်

04/01/2023

Hello….. Crazy spicy ကို အမြဲအားပေးကြတဲ့ လူကြီးမင်းများရှင့် 💕 မင်”တို့ BKK ကို ကျောင်းသွားတက်ကြပြီမို့ မာလာရှမ်းကောရောင်းတာလေးကို နှစ်ရှည် ပိတ်လိုက်ပါပြီရှင် 🥹💕

ဒါပေမယ့် ဒီ page လေးမှာတော့ မာလာရှမ်းကော လုပ်နည်းလေးတွေနဲ့ တခြားစားကောင်းတဲ့ စားစရာလေးတွေကို တင်ပေးသွားမှာပါရှင် 🥰💕

နောက်ပြီး လူကြီးမင်းတို့ထဲမှာ BKK က ပစ္စည်းလေးတွေ ကို “ကိုယ်တိုင်သုံးဖို့ / ဆိုင်ဖွင့်ဖို့ / os လုပ် “ ဆိုသူများရှိရင်လည်း ပစ္စည်းမှန် စျေးတန်ပြီး စိတ်ချယုံကြည်စွာနဲ့ မင်”တို့ကို ဆက်သွယ်လို့ရပါတယ်ရှင့် 💕 အမြဲ စေတနာအပြည့်နဲ့ပဲ အလုပ်လုပ်တာမို့ အားမနာတမ်း ကိုယ်လိုချင်တာကို ရှာခိုင်းလို့ ရပါတယ်ရှင့် 🛍🫶💕

လူကြီးမင်းတို့ကို အကျိုးအကြောင်းမပြောပဲ page လေးကို အကြာကြီးပြစ်ထားမိလို့ အနူးအညွှန့်တောင်းပန်ပါတယ်ရှင့် 🙏💕

“ဆိုင်ဖွင့်လား” “စားကောင်းတာကို ဘာလို့ပိတ်သွားလဲ နှမြောလိုက်တာ” လို့ ပြောကြတဲ့ အမတွေကိုလည်း အမတို့ကြောင့် အားတက်ရလို့ တကယ်ကို ကျေးဇူးတင်ပါတယ်ရှင့် 🫶🥰💕

ခုကစပြီး မင်”တို့ page ကို BKK ပစ္စည်းမှာယူလိုသူများ ဆက်သွယ် လို့ရပါပြီရှင့် 🛍💕

10/11/2022

ဒီနေ့အတွက် order လေး နား လိုက်ပါပြီရှင့် 🥰💕 အမြဲအားပေးကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် 🥰💕

မနက််ဖန် အတွက် ကြိုမှာထားရင်တော့ ကြိုမှာထားလို့ ရပါတယ်ဗျို့🤍

Admin ကတော့နေ့တိုင်း ရှမ်းကောနဲ့ ရေပါပဲ 🤤🤍မနက်ဖန်အတွက် မာလာရှမ်းကော မှာလို့ရပါပြီရှင် 🥰 ဒီနေ့အားပေးကြတဲ့ ချစ် customer တ...
08/11/2022

Admin ကတော့နေ့တိုင်း ရှမ်းကောနဲ့ ရေပါပဲ 🤤🤍

မနက်ဖန်အတွက် မာလာရှမ်းကော မှာလို့ရပါပြီရှင် 🥰 ဒီနေ့အားပေးကြတဲ့ ချစ် customer တွေကိုလည်း ကျေးဇူးကမ္ဘာပါရှင့် 🫶💕

☎️09789355550

ဒီနေ့အတွက် မာလာရှမ်းကောလေး မှာယူလို့ ရပါတယ်ရှင် 🥰 Extra cheese sausage လေးလည်း ရပါတယ်နော် 💕အိမ်တိုင်ရာရောက် deli လည်းရှိ...
08/11/2022

ဒီနေ့အတွက် မာလာရှမ်းကောလေး မှာယူလို့ ရပါတယ်ရှင် 🥰

Extra cheese sausage လေးလည်း ရပါတယ်နော် 💕
အိမ်တိုင်ရာရောက် deli လည်းရှိလို့ ph လေး တချက်ဆက်ယုံပါပဲနော် 😍
Menu App ကနေလည်း မှာယူနိုင်ပါတယ်ရှင့် ❤️

☎️09789355550

07/11/2022

လပြည့်နေ့မှာ လူစုစားဖို့ဆိုလည်း ရောက်နေတဲ့နေရာကို အရောက်ပို့ပေးနေပါပြီရှင် deli နဲ့မို့ 45 min လောက်စောင့်ယုံနဲ့ မြန်မှမြန်ပါပဲ နော် 🥳🤍

Address

Mandalay
05024

Telephone

+95 9 789 355550

Website

Alerts

Be the first to know and let us send you an email when CRAZY SPICY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CRAZY SPICY:

Share

Category