23/01/2019
"Worth a try ရှမ်ကော"
မာလာရှမ်ကောဟာ မန္တလေးမှာ အတော်တန်ပေါက်ပြီးပြီဆိုရမယ်။ ဘယ်လောက်ထိလဲဆို ရှမ်ကောကို ဘယ်ဆိုင်နေနေ ရောင်းတဲ့အဖြစ်ထိပါပဲ။ ဆိုတော့ကား ရောင်းတာတွေများတဲ့ထဲ ကျွန်တော်ကြိုက်မိတဲ့ CHILLI HOUSE နဲ့မိတ်ဆက်ပါရစေ။
သူက မနက်၁၁လောက်ဆိုရပြီ။ ည၉နာရီလောက်ထိပါ။ ညနေပိုင်းဆို အကင်လည်းရတယ်။
တစ်ပွဲစာကို ကိုယ်တိုင်ရွေးမဟုတ်ဘဲ လူကြိုက်များတဲ့အမယ်ကို ဆိုင်က တစ်ပွဲစာပြင်နှင့်ပြီးသားပါ။မှာမှပြင်ပြီးသားခြင်းလေးကိုယူ သွားကြော်လိုက်ရုံပဲ။ ကြက်/ဝက်ဆို ၈,၀၀၀ ပါ။ ပုဇွန်ဆို ၉,၀၀၀ ပါ။ သားသတ်လွတ် ဆို ၅,၀၀၀နဲ့ရတယ်။ အသားစုံပါရောင်းဖို့ ပြောခဲ့သေးတယ်။
ဆိုင်ရဲ့ရှမ်ကောဘာလို့ကြိုက်သလဲဆို တစ်ပွဲစာ ၂-၃ယောက်စားလို့ရတယ်။ ပုဇွန်ကို ၁၂ ကောင်လောက်ထည့်ပေးထားတယ်။ အရသာအနေနဲ့ စပ်ပြီးမွှေးတယ်ဆိုပေမဲ့ ဆီမရွှဲဘူး။ ထုံထူမနေဘူး။အစပ်ကိုဦးစားပေးပြီး အထုံကို အနံ့အရသာအဓိကယူထားတာ။ အတော်လေးအဆင်ပြေတယ်။ အနှစ်ရွှဲ အဆီဝင်းတာမျိုးမဟုတ်ဘဲ အခြောက်ကြော်လေးလိုလုပ်ထားတာ။ ထမင်းနဲ့တွဲစားခဲ့တာ။ ၂ ယောက်ဆို အဝကြိတ်လို့ရတယ်။ အစားနည်းသူဆို ၃ယောက်လောက်စားလို့ရတယ်။ အချိန်နဲ့ ကိုယ်ကြိုက်တာကိုယ်ရွေးထက်စာရင် လက်မလွန်တော့တာပေါ့။ အရသာအနေနဲ့တော့ ရှိရင်းစွဲဆိုင်တွေနဲ့ကွဲပါတယ်။ ရှမ်ကောသမားဆို အပြောင်းအလဲအနေနဲ့ စမ်းကြည့်သင့်တယ်။ ဖရဲသီးကျွေးသေးတယ်ဆိုင်က။ ၉,၀၀၀နဲ့ အပြင်မှာ ဒီလောက် ပမာဏ ဒီလောက်ပုဇွန်အရေအတွက်ရဖို့တော့မလွယ်ဘူး။
စားနေတုန်းမှာဘဲ ဆိုင်မှာစားနေနဲ့သူတွေ၊ဖုန်းဆက်ပြီးမှာတဲ့သူတွေ၊ Deliveryကလာယူတဲ့သူတွေနဲ့ အတော်လေးလူစားများကြတယ်။
ဆိုင်မှာလည်းထိုင်လို့ရတယ်။
ပါဆယ်တော့အတော်လေးရောင်းရတယ်။
《CHILLI HOUSE》
28 75 76 Mandalay
11am to 9pm
09252105558
09445574756
Page : https://www.facebook.com/chillihouse09252105558/