GIVEN Coffee

GIVEN Coffee Smiling People and Friendly Environment can change Stress to Happiness and, that happiness can help us to achieve our dreams.
(244)

26.3.21 မှ စ၍ ဆိုင်ခေတ္တပိတ်ထားပါအုံးမယ် ခင်ဗျာ🙏
26/03/2021

26.3.21 မှ စ၍ ဆိုင်ခေတ္တပိတ်ထားပါအုံးမယ် ခင်ဗျာ🙏

Our general Aung San had never died.He lives in our hearts forever.You will be very proud if you see Myanmar People are ...
13/02/2021

Our general Aung San had never died.
He lives in our hearts forever.

You will be very proud if you see Myanmar People are bravely fighting against Dictatorship though you will feel devastated by inhuman, greedy & power-starving dictators.

Happy Birthday Our General Aung San 🎉

အိမ်မှာ ကော်ဖီထားရင် အပူချိန်က အရေးပါသလား?အပူချိန်မြင့်ရင်...ကော်ဖီမှာ Oxidation ဖြစ်စဉ်(Oxygen နှင့် ကော်ဖီရဲ့ volatile...
31/01/2021

အိမ်မှာ ကော်ဖီထားရင် အပူချိန်က အရေးပါသလား?

အပူချိန်မြင့်ရင်...
ကော်ဖီမှာ Oxidation ဖြစ်စဉ်(Oxygen နှင့် ကော်ဖီရဲ့ volatile flavor compounds တွေ ဓါတ်ပြုခြင်း) ကိုမြန်စေပါတယ်။
ကော်ဖီရဲ့ Flavor compounds(အနံအရသာကိုဖြစ်စေသော compounds) တွေ oxygen နဲ့ ပေါင်းပြီး ပျောက်သွားတဲ့အတွက် ကော်ဖီရဲ့ မွှေးတာတွေ အရသာတွေ လျော့နည်းစေပါတယ်။

အရမ်းအေးပြီး ခဲထားရင်....
ကော်ဖီစေ့ထဲမှာ moisture ကို မြင့်တက်စေသောကြောင့် အနံအရသာကိုပေးတဲ့ တချို့compounds တွေကိုလည်း ပျော်ဝင်သွားစေပြီး quality ကိုလည်းကျစေပါတယ်။

ဒါဆို ဘယ်လောက်အပူချိန်အကောင်းဆုံးလဲဆိုတော့...
ပုံမှန်အခန်းအပူချိန် ပတ်ချာလည် 22-27’C အနေအထားမှာ အကောင်းဆုံးဖြစ်ပါတယ်

သူတို့လေးတွေ မပူမအေးအောင် ဂရုစိုက်ကြစို့ဗျာ 😊☕️



Say Cheese....😁ကိုယ်တိုင်ဖျော်ပြီး သူငယ်ချင်း၊ မိသားစုတွေနဲ့ မျှဝေကြရအောင် 😊
29/01/2021

Say Cheese....😁

ကိုယ်တိုင်ဖျော်ပြီး သူငယ်ချင်း၊ မိသားစုတွေနဲ့ မျှဝေကြရအောင် 😊

Cheese Coffee A DayKeep The Worries Away 😁အိမ်မှာနေရင်းသောက်မလားရုံးမှာအလုပ်လုပ်ရင်းသောက်မလားစာကြည့်နေရင်းသောက်မလား...ကိ...
29/01/2021

Cheese Coffee A Day
Keep The Worries Away 😁

အိမ်မှာနေရင်းသောက်မလား
ရုံးမှာအလုပ်လုပ်ရင်းသောက်မလား
စာကြည့်နေရင်းသောက်မလား...

ကိုယ်တိုင်ဖန်တီးလို့ရတယ်နော်
လုပ်နည်းအသေးစိတ်အတွက် အောက်က link မှာ ကြည့်လို့းပါတယ် 👇

https://givencoffee.godaddysites.com/cheese-cold-brew


ဒီပုံလေးကတော့ Coffee (Cherry) အသီးတွေကို နေလှန်းထားတဲ့ပုံပါ။နေရာကတော့ ရွာငံမှာဖြစ်ပါတယ်ကော်ဖီသီးကို အပင်ကနေ ခူး၊ အသီးအကေ...
28/01/2021

ဒီပုံလေးကတော့ Coffee (Cherry) အသီးတွေကို နေလှန်းထားတဲ့ပုံပါ။

နေရာကတော့ ရွာငံမှာဖြစ်ပါတယ်
ကော်ဖီသီးကို အပင်ကနေ ခူး၊ အသီးအကောင်းတွေကိုရွေးကောက်၊ လှန်းစင်ပေါ်တင်ပြီး နေလှန်းအခြောက်ခံထားတာပါ
ဒီလိုလုပ်တာကို Natural Processing (သီးလုံးလိုက်နေလှန်းခြင်း) လို့ခေါ်ပါတယ်
လိုချင်တဲ့ အနေအထားထိခြောက်ဖို့ဆိုရင် (၁)လ ဝန်းကျင်ကြာပါတယ်။

ဒီလိုကော်ဖီတွေရဲ့ ထူးခြားချက်က...
- အသီးအရသာစုံလင်တယ်
- အခြားနည်းတွေထက် လုပ်ရတာ ရက်ပိုကြာပြီး ကုန်ကျစရိတ်များတဲ့အတွက် စျေးပိုကြီးပါတယ်။

Natural Processed Coffee ကောင်းကောင်းတစ်ခွက်ကို သောက်ရတာ ဝိုင်လိုပဲ၊ တခါတလေ ကော်ဖီသောက်နေရတယ်ဆိုတာတောင် မေ့တယ်ဗျာ 😁



Coffee လည်းသောက်Work လည်း Out 🏋️‍♀️
27/01/2021

Coffee လည်းသောက်
Work လည်း Out 🏋️‍♀️


Espresso သောက်ကြစို့ 🤗Journal of Nutrition ရဲ့ Study အသစ်အရEspresso သောက်ခြင်းဟာ ရောဂါတခုခုကြောင့်သေဆုံးနိုင်ခြေ...အထူးသ...
27/01/2021

Espresso သောက်ကြစို့ 🤗
Journal of Nutrition ရဲ့ Study အသစ်အရ
Espresso သောက်ခြင်းဟာ ရောဂါတခုခုကြောင့်သေဆုံးနိုင်ခြေ...အထူးသဖြင့် နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါကြောင့် သေဆုံးနိုင်ခြေ ကို လျော့ကျစေတာတွေ့ရပါတယ်။

Researchers တွေက Espresso နဲ့ NTproBNP ဆိုတဲ့ Peptide အကြား ဆက်နွယ်မှုကြောင့်ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်

✅ ဒီ Study ဟာ နှလုံးရောဂါနှင့် Cancer ရောဂါ ကင်းရှင်းသော လူပေါင်း 20,487 ဦး ကို (၈) နှစ်ကြာအောင် လေ့လာစမ်းသပ်မှုပြုလုပ်ထားတာဖြစ်ပါတယ်

Reference - National Library of Medicine


ရေခဲသေတ္တာမှာသိမ်းထားမယ်ဆိုရင် Cold Brew က ရိုးရိုး ice coffee ထက် အနံအရသာကို ပိုပြီးကြာကြာထိန်းထားနိုင်ပါတယ်။(ရိုးရိုး ...
26/01/2021

ရေခဲသေတ္တာမှာသိမ်းထားမယ်ဆိုရင်

Cold Brew က ရိုးရိုး ice coffee ထက် အနံအရသာကို ပိုပြီးကြာကြာထိန်းထားနိုင်ပါတယ်။
(ရိုးရိုး ice coffee က အနံအရသာပျယ်လွင့်မှုမြန်ပါတယ်)

ဒါကြောင့် ဒီလိုခြေအနေတွက်ဆို 👇
Cold Brew 😊


အေးအေး မွှေးမွှေး Cold Brewလေး 😊လိုတဲ့ချိန် ခွက်ထဲထည့်၊ ရေဆတူရော၊ သီချင်းအေးအေးလေးဖွင့်ပြီး Chill ရုံပဲ 😉Call 0977410026...
23/01/2021

အေးအေး မွှေးမွှေး Cold Brewလေး 😊

လိုတဲ့ချိန် ခွက်ထဲထည့်၊ ရေဆတူရော၊ သီချင်းအေးအေးလေးဖွင့်ပြီး Chill ရုံပဲ 😉

Call 09774100269 for doorstep delivery
Or
Pickup at 73 St x 38A & 38B.

ဒီနေ့ထိ ကော်ဖီသောက်သုံးမှုပုံစံမှာ Wave (3) ခုရှိပါတယ်။Wave တစ်ခုချင်းစီက ရှေ့က wave ကိုအထူးပြုပြီး ဖြစ်လာတာပါအခုခေတ်ကတေ...
23/01/2021

ဒီနေ့ထိ ကော်ဖီသောက်သုံးမှုပုံစံမှာ Wave (3) ခုရှိပါတယ်။

Wave တစ်ခုချင်းစီက ရှေ့က wave ကိုအထူးပြုပြီး ဖြစ်လာတာပါ

အခုခေတ်ကတော့ Third Wave ခေတ်ပါ
2003 ခုနှစ်လောက်မှာ Trish Rothgeb က စပြီးသုံးနှုန်းခဲ့တာဖြစ်ပါတယ်။

Wave (3)ခု အကြောင်း အကြမ်းဖျင်းပြောရရင်...

1st Wave
လူတွေကော်ဖီကို တွင်တွင်ကျယ်ကျယ်စသောက်တဲ့ခေတ်ပါ။ ကော်ဖီကို Quality မခွဲခြားပဲ ကော်ဖီစေ့မှန်တမျှကို ရော၊ Dark Roast ဖြစ်အောင်လှော်၊ အမှုန့်ကြိတ်၊ ဖြန်ချီရောင်းချပြီး အိမ်တွေမှာ သောက်ကြတာပါ။ အဲ့အချိန် အသင့်ဖျော်(instant) ကော်ဖီစတင်ရောင်းချလာကြပြီ။

2nd Wave
Starbucks ပေါ်ပေါက်လာပြီး Quality၊ Origin(ကော်ဖီထွက်ရှိရာဒေသ)၊ Espresso စက်နဲ့ဖျော်တဲ့ကော်ဖီတွေ စတင်သောက်လာတဲ့ခေတ်ပါ။ ဒီအချိန်မှာ လူတွေ ကော်ဖီအကြောင်းပိုနားလည်လာကြပြီ။

3rd Wave
ကော်ဖီ Origin, Quality, မတူတဲ့ကော်ဖီရဲ့ ထူးခြားတဲ့အရသာ, ကော်ဖီလှော်တဲ့သူတွေရဲ့ အနုပညာဆန်ဆန် ဖန်တီးမှု, Traceability(ထွက်တဲ့ဒေသကို လေးထားမှု)... ပိုပြီးတော့ Science ဆန်လာပြီး ဝိုင်တစ်ခွက်လို အရသာခံသောက်သုံးလာကြပါပြီ။

သင်ရော ဘယ် Wave ကိုသောက်သုံးသူလဲ?


2020 အတွင်း ကမ္ဘာမှာ ကော်ဖီတန်ချိန်ပေါင်း 10 Million နီးပါး (around 10 billion kilograms) သောက်သုံးခဲ့ကြပါတယ် 🔥မြန်မာကော...
22/01/2021

2020 အတွင်း ကမ္ဘာမှာ ကော်ဖီတန်ချိန်ပေါင်း 10 Million နီးပါး (around 10 billion kilograms) သောက်သုံးခဲ့ကြပါတယ် 🔥

မြန်မာကော်ဖီကို ကမ္ဘာမှာ ဂုဏ်ယူစရာဖြစ်အောင် ကြိုးစားကြစို့ 😊

Address

73rd Street Between 38 A & 39 B St
Mandalay
05032

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 20:00
Friday 09:00 - 19:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959774100269

Alerts

Be the first to know and let us send you an email when GIVEN Coffee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GIVEN Coffee:

Share

Category