The Spicy House Mandalay

Call Directions Contact the business

The Spicy House Mandalay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Spicy House Mandalay, Chinese restaurant, 41st Street, Between 66x67 street, Mandalay.

✨ တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့မှာ မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေလို့ The Spicy House မှ ဆ...
26/09/2026

✨ တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့မှာ မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေလို့ The Spicy House မှ ဆုတောင်းလိုက်ပါတယ်ရှင်။ 🙏

ဒီလို ငြိမ်းချမ်းသာယာတဲ့ လပြည့်နေ့လေးမှာ ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းများနှင့်အတူ The Spicy House ရဲ့ ခံတွင်းမြိန်စေပြီး အရသာစုံလင်လှတဲ့ အစားအသောက်ကောင်းလေးတွေကို သုံးဆောင်ရင်း ပျော်ရွှင်ဖွယ် အချိန်လေးတွေကို ဖန်တီးလိုက်ကြရအောင်လားနော်... 🌶🍲

#တော်သလင်းလပြည့်နေ့ #ဂရုဓမ္မအခါတော်နေ့

22/09/2026

သူငယ်ချင်းနဲ့ food date ဖို့ ဆိုင်ကောင်းကောင်းလေးရှာနေတာလား?

မာလာအရသာစစ်စစ် မွှေးမွှေးစပ်စပ်လေးနဲ့မှ စားချင်တယ်၊ Portion လည်း များရမယ်၊ အသားတွေကလည်း နူးအိပြီး ဟင်းသီးဟင်းရွက်တွေကလည်း လတ်ဆတ်နေမှ ကြိုက်တယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက် The Spicy House မှာ ချိန်းလိုက်တော့နော်

ဆိုင်ထဲဝင်လိုက်တာနဲ့ နွေးထွေးတဲ့ အပြုံးတွေနဲ့ ကြိုဆိုမယ့် Staff လေးတွေ ၊ စားနေရင်း လိုအပ်တာလေးတွေ အစစအရာရာ ဂရုစိုက်ပေးမယ့် ဝန်ဆောင်မှုတွေကြောင့် အဝလည်းစားရ၊ စိတ်လည်း အလွန်ကျေနပ်ရမှာ အသေအချာပဲနော် ✨

"နောက်ခါ မာလာ Date ဆို The Spicy House ပဲ!" လို့ တန်းပြောဖြစ်သွားမယ့် အဲ့ဒီအရသာနဲ့ ဝန်ဆောင်မှုကို ကိုယ်တိုင်လာရောက် ခံစားလိုက်ရအောင်လား ရှင် 🤩

ဒီ weekend ဘယ်သူနဲ့သွားစားမလဲ? Comment မှာ mention ခေါ်လိုက်တော့နော် 👇

The Spicy House Mandalay

📍 လိပ်စာ - ၄၁ လမ်း၊ ၆၆ × ၆၇ လမ်းကြား၊ မန္တလေးမြို။
☎️ ဖုန်း - 09 - 766 440 041
⏰ ဆိုင်ဖွင့်ချိန် - မနက် ၁၀ နာရီ မှ ည ၉ နာရီအထိ

#မာလာရှမ်းကော

16/09/2026

အစပ်ကြိုက်တဲ့ မာလာ Fan လေး တွေရော၊ စပ်တာမစားနိုင်ပေမဲ့ အရသာရှိတာလေးတွေမှ ချစ်မြတ်နိုးတဲ့သူတွေအတွက်ပါ ကွက်တိဖြစ်စေမယ့် Menu အစုံThe Spicy Houseမှာရှိတယ်နော် ... ❤️

မာလာရှမ်းကော ရှူးရှူးရှဲရှဲလေးပဲ စားမလား၊ Collagen Bone Soup သောက်မလား ထိုင်းစတိုင်လေးပဲစားမလား... စိတ်ကြိုက်ရွေးချယ်လို့ ရနေပြီနော်။

မာလာအရသာအချိုးကျကျနဲ့ ထုံစပ်မွှေး လျှာလည်ချက်ပြုတ်ပေးထားတာမို့ မာလာချစ်သူတွေ ထပ်ခါထပ်ခါ မှာစားရတဲ့ မာလာရှမ်းကောနဲ့မာလာထန်

ပြောင်းဖူးချိုချိုလေးကို ထိုင်းစတိုင် သုပ်ထားတာမို့ မာလာဟင်းတွေနဲ့ တွဲဖက်စားသုံးရင် အစပ်ပြေခံတွင်းမြိန်စေမယ့် Corn Salad

အာဟာရပြည့်ဝလို့ ခန္ဓာကိုယ်အတွက်လည်း အကျိုးရှိသလို အရသာကလည်း ဆိမ့်နေမယ့် Collagen Bone Soup

Cheese Greek Yogurt လေးလို နူးညံ့အိစက်ပြီး လျှာပေါ်တင်လိုက်တာနဲ့ ချိုချိုချဉ်ချဉ်လေး ပျော်ဝင်သွားတာမို့ The Spicy House ရောက်တိုင်းမဖြစ်မနေမှာစားရမယ့် Cheesy Island Dessert
ဒါ‌တင်ပဲလားဆိုမဟုတ်သေးဘူးနော် ...ထိုင်းစတိုင် Menu တွေ Chinese Bbq နဲ့ မာလာငါးကင် တွေလည်းရသေးတယ်နော်

ဒါ‌ေြကာင့် သူငယ်ချင်းတွေ၊ မိသားစုတွေ အစပ်ကြိုက်တာ မတူလို့ စိတ်မပူနဲ့တော့နော်... The Spicy House မှာ အကုန်စုံအောင် ရနိုင်တာမို့ ဒီနေ့ပဲ လက်တွဲပြီး လာခဲ့လိုက်တော့နော်! ✨

📍 လိပ်စာ - ၄၁ လမ်း၊ ၆၆ × ၆၇ လမ်းကြား၊ မန္တလေးမြို့။
☎️ ဖုန်း - 09 - 766 440 041
⏰ ဆိုင်ဖွင့်ချိန် - မနက် ၁၀ နာရီ မှ ည ၉ နာရီအထိ

#မာလာရှမ်းကော

10/09/2026

ဒီလို ရာသီဥတုမျိုးမှာ ပူပူစပ်စပ် မာလာထန် ပူပူလေးတစ်ဇွန်းလောက် သောက်လိုက်ရရင်... 🤤🔥

The Spicy House ရဲ့ မာလာထန်က ကိုယ်ကြိုက်တဲ့ Spicy Level အလိုက် စိတ်ကြိုက်ရွေး၊ ကိုယ်နှစ်သက်တဲ့ အသားနဲ့ အသီးအရွက်တွေကို စိတ်တိုင်းကျရွေးချယ်စားလို့ ရတယ်နော်!

မွှေးမွှေးလေးနဲ့ မာလာရဲ့ ပူပူစပ်စပ် အရသာတို့ ပေါင်းစပ်ထားလို့ မာလာထန် စွဲလမ်းသူတွေအတွက်တော့ သုခဘုံပါပဲ။

ပူပူနွေးနွေး ခေါက်ဆွဲနုနုလေးနဲ့ အသားဖတ်ကို အငွေ့တထောင်းထောင်း မာလာဟင်းရည် ပူပူစပ်စပ်လေးနဲ့ တွဲသောက်လိုက်ရတဲ့ အရသာကတော့... တစ်လုတ်စားလိုက်တာနဲ့ မျက်လုံးပါ ပွင့်သွားစေရမယ်! 💯✨

ပူပူစပ်စပ် မာလာထန် စစ်စစ်ရဲ့ အရသာကို အပြည့်အဝ ခံစားချင်တယ်ဆိုရင်တော့ ဒီနေ့ပဲ The Spicy House ကို အရောက်လှမ်းလာခဲ့တော့နော်!

The Spicy House Mandalay
📍 လိပ်စာ - ၄၁ လမ်း၊ ၆၆ × ၆၇ လမ်းကြား၊ မန္တလေးမြို့။
☎️ ဖုန်း - 09 - 766 440 041
⏰ ဆိုင်ဖွင့်ချိန် - မနက် ၁၀ နာရီ မှ ည ၉ နာရီအထိ

#မာလာရှမ်းကော

05/09/2026

အချစ်ဦးလိုပဲ... ဘယ်တော့မှ မေ့လို့မရနိုင်မယ့် အရသာ ❤️🔥

ဘဝမှာ ပထမဆုံး ရင်ခုန်ဖူးခဲ့တဲ့ အချစ်ဦးကို ဘယ်တော့မှ မေ့လို့မရနိုင်သလိုပဲ...

တစ်ခါစားဖူးလိုက်တာနဲ့ လျှာဖျားမှာ စွဲကျန်ရစ်စေမယ့် မာလာအနံ့မွှေးမွှေးလေးနဲ့ ထုံထုံစပ်စပ်မာလာရှမ်းကော! 🌶✨

သန့်ရှင်းလတ်ဆတ်တဲ့ အသား၊ အသီးအရွက်တွေနဲ့ ပူပူနွေးနွေး အရသာရှိလှတဲ့မာလာရှမ်းကောကို တစ်ခါ စားလိုက်တိုင်းမှာ စွဲလန်းသွားစေမှာနော်

ကဲ The Spicy House ရဲ့မာလာရှမ်းကော ကိုအရသာရှိရှိစားဖို့ အခုပဲ လာခဲ့လိုက်တော့နော်။

📍 လိပ်စာ - ၄၁ လမ်း၊ ၆၆ × ၆၇ လမ်းကြား၊ မန္တလေးမြို့။
☎️ ဖုန်း - 09 - 766 440 041
⏰ ဆိုင်ဖွင့်ချိန် - မနက် ၁၀ နာရီ မှ ည ၉ နာရီအထိ

#မာလာရှမ်းကော

26/08/2026

လကုန်ခါနီး ပိုက်ဆံအိတ်ထဲ ၂၅,၀၀၀ ပဲကျန်တော့လို့ စိတ်ညစ်မနေနဲ့တော့... 💸🤫

မာလာရှမ်းကော စားချင်စိတ်ကလည်း မထိန်းနိုင်၊ အိတ်ကပ်ထဲက Budget လေးနဲ့လည်း ကွက်တိဖြစ်ချင်ရင် ဒီလိုလေးသာ ရွေးစားလိုက်တော့နော်!

ခေါက်ဆွဲများများ၊ အရွက်လတ်လတ်ဆတ်ဆတ်လေးတွေရယ်၊ ကြက်မဲ၊ သွေးခဲနဲ့ ကိုယ်ကြိုက်တဲ့ အသားလေးတွေပါ အချိုးကျရောလိုက်ရင် Budget လည်းချို၊ ဗိုက်လည်းပြည့်ပြီး ရှမ်းကောအရသာ စပ်စပ်လေးနဲ့ အကြိုက်တွေ့စေမှာ အမှန်ပဲ။ 🤤🥢

ကိုယ်တိုင်ချိန်တွယ်ရွေးရတာ ဈေးပိုသွားမှာ စိုးရိမ်နေရင်လည်း The Spicy House မှာ "၂၅,၀၀၀ ဖိုး လုပ်ပေးပါ" လို့သာ Order မှာလိုက်… အသား၊ အရွက်နဲ့ ခေါက်ဆွဲတွေကို သတ်မှတ် Budget နဲ့ ကွက်တိဖြစ်အောင် Staff တွေက သေချာချိန်ပြီး ရွေးပေးဦးမှာနော်။ ✨

ကဲ... ဒါဆိုရင် ပြတ်တုန်းလပ်တုန်း ၂၃ မှာလည်း မာလာရှမ်းကော စားဖို့ The Spicy House သာလှမ်းလာခဲ့နော်

The Spicy House Mandalay

📍 လိပ်စာ - ၄၁ လမ်း၊ ၆၆ × ၆၇ လမ်းကြား၊ မန္တလေးမြို့။
☎️ ဖုန်း - 09 - 766 440 041
⏰ ဆိုင်ဖွင့်ချိန် - မနက် ၁၀ နာရီ မှ ည ၉ နာရီအထိ

#မာလာ #မာလာထန် #မာလာရှမ်းကော

လူတွေက အမှတ်တရတွေကို အနံ့နဲ့ တွဲပြီး မှတ်မိနေတတ်ကြတာ သဘာဝပါပဲ... 💭✨ဒါပေမဲ့ အဲဒီအနံ့ဆိုတာမျိုးက ရေမွှေးသင်းသင်းလေးတွေဆိုတ...
30/07/2026

လူတွေက အမှတ်တရတွေကို အနံ့နဲ့ တွဲပြီး မှတ်မိနေတတ်ကြတာ သဘာဝပါပဲ... 💭✨
ဒါပေမဲ့ အဲဒီအနံ့ဆိုတာမျိုးက ရေမွှေးသင်းသင်းလေးတွေဆိုတာမျိုးထက် နှစ်ယောက်တူတူ ထိုင်စားခဲ့တဲ့ အစားအသောက်ရဲ့ မွှေးကြိုင်တဲ့ ရနံ့ဆိုရင် ရင်ထဲ ပိုပြီး စွဲကျန်ခဲ့တာမျိုးပေါ့။

ပထမဆုံး Date မှာ ရင်ခုန်စရာ အချိန်လေးတွေကို သန့်ရှင်းသပ်ရပ်ပြီး သက်သောင့်သက်သာလည်းရှိ ရင်းရင်းနှီးနှီး စကားစမြည် ပြောလို့ အကောင်းဆုံးနေရာလေးဖြစ်တဲ့ The Spicy House Mandalay ရဲ့ ဝန်းကျင်လေးထဲမှာ အမှတ်တရလေးတွေတူတူ ဖန်တီးရအောင်နော်။
မီးဖိုပေါ်က ထွက်လာတဲ့ Chinese BBQ ရဲ့ ရနံ့နဲ့ စပ်စပ်မွှေးမွှေး မာလာအရသာက နှစ်ဦးသားရဲ့ ရင်ခုန်သံအသစ်တွေကို ပိုလို့တောင် နှိုးဆွပေးဦးမှာပါ... 🤤❤️
နောင်တစ်ချိန်မှာ ဒီအနံ့၊ ဒီအရသာလေးကို ပြန်ရတိုင်း ပထမဆုံး ဆုံခဲ့ဖူးတဲ့ ဒီအခိုက်အတန့်လေးကို တန်းပြီး သတိရနေတော့မှာ သေချာတယ်နော်။
နှစ်ဦးသားအတွက် အနံ့ရော အရသာပါ မမေ့နိုင်မယ့် First Date အမှတ်တရလေး ဖန်တီးဖို့ The Spicy House Mandalay ကိုပဲ သတိရပေးပါဦးနော်😉

📌 The Spicy House Mandalay
📞 Ph no: 09 - 766 440 041
🏡 Address: 41 လမ်း၊ 66 × 67 လမ်းကြား၊ မန္တလေးမြို့။
⏰ Opening hours: From 10 A.m To 9 P.m
(BBQ available from 5 P.m to 9 P.m)

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) မှာ ကုသိုလ်ရေးတွေလုပ်ရင်း မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်တဲ့ အချိန်လေးတွေကို ဖြတ်သန်းနိုင်...
29/07/2026

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) မှာ ကုသိုလ်ရေးတွေလုပ်ရင်း မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်တဲ့ အချိန်လေးတွေကို ဖြတ်သန်းနိုင်ကြပါစေလို့ The Spicy House Mandalay မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ 🙏🌕

ဝါဆိုလပြည့် ရုံးပိတ်ရက်လေးမှာ ချစ်ခင်ရတဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ စုစုစည်းစည်း သိုက်သိုက်ဝန်းဝန်းနဲ့ Family time‌ လေးတွေ ဖန်တီးနိုင်ကြပါ‌စေရှင်...

#ဓမ္မစကြာအခါတော်နေ့ #ဝါဆိုလပြည့်နေ့

မေမေရေ... ဒီနေ့ အိမ်ပြန်လမ်းလေးက ပိုပြီး မွှေးနေသလိုပဲနော် 🍢✨ကျောင်းကအပြန်၊ အလုပ်ကအပြန်... ဝင်ရတာ အလွန်လွယ်ကူတဲ့နေရာမှာ ...
25/07/2026

မေမေရေ... ဒီနေ့ အိမ်ပြန်လမ်းလေးက ပိုပြီး မွှေးနေသလိုပဲနော် 🍢✨

ကျောင်းကအပြန်၊ အလုပ်ကအပြန်... ဝင်ရတာ အလွန်လွယ်ကူတဲ့နေရာမှာ သားသားမီးမီးတွေနဲ့အတူ အချိန်ကောင်းလေးတွေ ဖန်တီးဖို့ဆို The Spicy House Mandalay က ရှယ်ပဲ!

Chinese BBQ ရဲ့ အရသာကလည်း "အစပ်နည်းနည်း၊ တအားမွှေး" တဲ့ စတိုင်မို့ ကလေးရော လူကြီးပါ ဘယ်လောက်စားစား မအီဘဲ စွဲနေပြီနော်... 🤤

စျေးနှုန်းကလည်း ၈၀၀ ကျပ်ကစပြီး ရှိတာမို့ ကိုယ်ကြိုက်တာလေးတွေ ရွေးချယ်ပြီး အဝစားလို့ ရပါတယ်။ အသားအစုံ၊ ပင်လယ်စာအစုံအပြင် ထူးထူးခြားခြား ဝက်ဦးနှောက်နဲ့ အမဲချဉ်ဆီလေးတွေပါ ရတာမို့ အရသာစုံစုံလင်လင်နဲ့ အရမ်းကို တန်ပါတယ်။

ဒါ့အပြင် The Spicy House Mandalay မှာ Car Parking၊ နေရာထိုင်ခင်းသက်သောင့်သက်သာရှိမှုကအစ၊ Waiting Time မကြာစေရဘဲ စိတ်တိုင်းကျ ဝန်ဆောင်မှုပေးဖို့ အဆင်သင့်ပါပဲ။

📌 Chinese BBQ Menu လေးတွေကိုတော့ ညနေ 5:00 နာရီကနေ စပြီး အားပေးလို့ ရပါပြီရှင်။

📍 The Spicy House Mandalay
📞 Ph no: 09 - 766 440 041
🏡 Address: 41 လမ်း၊ 66 × 67 လမ်းကြား၊ မန္တလေးမြို့။
⏰ Opening hours: From 10 A.m To 9 P.m
(BBQ available from 5 P.m to 9 P.m)
#မန္တလေးစားစရာ

Address

41st Street, Between 66x67 Street
Mandalay

Opening Hours

Monday 10:00 - 21:00
Tuesday 10:00 - 21:00
Wednesday 10:00 - 21:00
Thursday 10:00 - 21:00
Friday 10:00 - 21:00
Saturday 10:00 - 21:00
Sunday 10:00 - 21:00

Telephone

+959766440041

Website

Alerts

Be the first to know and let us send you an email when The Spicy House Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Spicy House Mandalay:

Shortcuts

Share