Karaweik Cafe 80

Karaweik Cafe 80 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Karaweik Cafe 80, Tea room, Corner of 80th Street and 23rd Street, Mandalay.

တစ်မိသားစုလုံးရဲ့ အသည်းကျော် သားသားလေးရဲ့  (၁) နှစ်ပြည့်အတွက် ချစ်ခြင်းမေတ္တာအပြည့်နဲ့ ကျင်းပပြုလုပ်ပေးခဲ့တဲ့ အမှတ်တရ မွ...
26/09/2026

တစ်မိသားစုလုံးရဲ့ အသည်းကျော် သားသားလေးရဲ့ (၁) နှစ်ပြည့်အတွက် ချစ်ခြင်းမေတ္တာအပြည့်နဲ့ ကျင်းပပြုလုပ်ပေးခဲ့တဲ့ အမှတ်တရ မွေးနေ့ပွဲလေး... 🎂✨

အမှတ်တရတွေ၊ ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေတဲ့ သားသားလေးရဲ့ (၁) နှစ်ပြည့် မွေးနေ့ပွဲလေးကို လမ်း (၈၀) ကရဝိက်ရဲ့ "အပေါ်ထပ်သီးသန့်နေရာ" လေးမှာ ကျင်းပပြုလုပ်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်...

မိသားစုဝင်တွေ၊ ချစ်ရတဲ့သူတွေနဲ့အတူ နွေးထွေးပျော်စရာကောင်းတဲ့ မွေးနေ့အမှတ်တရ အချိန်လေးမှာ ကရဝိက်ရဲ့ နာမည်ကြီး "ကြက်သားအစိမ်းဒန်ပေါက်" ပူပူမွှေးမွှေးလေးနဲ့ ဆိုင်မှာတင် စိတ်တိုင်းကျ တည်ခင်း ဧည့်ခံခွင့်ရခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်ခင်ဗျာ..💛

တက်ရောက်အားပေးကြတဲ့ ချစ်မိတ်ဆွေတွေ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိသလို... မွေးနေ့ရှင် သားသားလေးလည်း သက်ရှည်ကျန်းမာပြီး မိသားစုရဲ့ ချစ်ခြင်းမေတ္တာတွေကြားမှာ ပျော်ရွှင်စွာ ကြီးပြင်းလာနိုင်ပါစေလို့ ကရဝိက်မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

နောင်လာမယ့် ပျော်ရွှင်စရာ အထူးအစီအစဉ်လေးတွေနဲ့ မွေးနေ့ပွဲ၊ မင်္ဂလာပွဲ၊ မိသားစုပွဲတွေအတွက်လည်း "ကရဝိက်" ကို ယုံကြည်စိတ်ချစွာ ထပ်မံလာရောက်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ..🙏✨

#အရသာမှာထိပ်မန္တလေးကရဝိက် #ကရဝိက် #၁၉၇၆ #လမ်း၈၀ကရဝိက် #ကြက်သားအစိမ်းဒန်ပေါက် #မွေးနေ့အမှတ်တရ

မနက်လင်းပြီဆိုတာနဲ့ ပြေးမြင်မိတာက ပူပူနွေးနွေး မနက်စာလေးတွေပါပဲ 🍜💛ဒီတစ်ပတ်မှာတော့ ပုံမှန်စားနေကျ မနက်စာတွေကနေ ခွဲထွက်ပြီ...
25/09/2026

မနက်လင်းပြီဆိုတာနဲ့ ပြေးမြင်မိတာက ပူပူနွေးနွေး မနက်စာလေးတွေပါပဲ 🍜💛

ဒီတစ်ပတ်မှာတော့ ပုံမှန်စားနေကျ မနက်စာတွေကနေ ခွဲထွက်ပြီး အုန်းနို့နံ့ သင်းသင်းလေးနဲ့ ပူပူနွေးနွေး မနက်စာဖြစ်တဲ့ ကရဝိက်ရဲ့ နာမည်ကြီး "အုန်းနို့ခေါက်ဆွဲ" ပူပူလေးကို အားရပါးရ ဆွဲကြည့်ရအောင်..

ကြက်ဥ၊ ငါးဖယ်နဲ့ ပဲကြော်ကြွပ်ကြွပ်လေးတွေအစုံထည့်... ပြီးရင် ငရုတ်သီးမှုန့်လေး ခတ်၊ သံပရာသီးလေး ညှစ်စားလိုက်ရင်တော့ အရသာက ကွက်တိပဲပေါ့။

ကရဝိက်ရဲ့ လက်ရာက အုန်းနို့များပြီး အီသွားတာမျိုး မဟုတ်ဘဲ အုန်းနို့နံ့ သင်းသင်းလေးနဲ့ ချိုချို ဆိမ့်ဆိမ့်လေးမို့ မနက်ခင်းအတွက် ပေါ့ပေါ့ပါးပါးနဲ့ ခံတွင်းမြိန်စေမယ့် အရသာလေးပါ။

မနက်ခင်းကို အရသာရှိတဲ့ အစားအစာနဲ့ စတင်မှသာ တစ်နေ့တာလုံး အလုပ်လုပ်တဲ့အခါ စိတ်ကြည်လန်းပြီး အားအင်တွေ ပြည့်ဝနေမှာလေ။

ဒါကြောင့် ရုံးမသွားခင်ဖြစ်ဖြစ်... အလုပ်မစခင်ဖြစ်ဖြစ် "ကရဝိက်"မှာ အရင်ဆုံးဝင်ပြီး ခံတွင်းတွေ့စေမယ့် အုန်းနို့ခေါက်ဆွဲလေးနဲ့ အာဟာရဖြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ..

Start your day right with a warm, comforting bowl of our famous Ohn No Khao Swe! 🍜✨

Drop by Karaweik to fuel up before work! 🏃‍♂️💨

အော်ဒါများ စုံစမ်းမှာယူရန်
📍 𝐊𝐚𝐫𝐚𝐰𝐞𝐢𝐤 𝐂𝐚𝐟𝐞 𝟔𝟓
(၆၅ လမ်း၊ ၃၁ × ၃၂ လမ်းကြား)
📞 09-980444444, 09-444443265

📍 𝐊𝐚𝐫𝐚𝐰𝐞𝐢𝐤 𝐂𝐚𝐟𝐞 𝟖𝟎
(လမ်း ၈၀၊ ၂၃ လမ်းထောင့်)
📞 09-420078899, 09-978444444

📍 𝐊𝐚𝐫𝐚𝐰𝐞𝐢𝐤 𝐂𝐚𝐟𝐞 𝟏𝟎𝟕
(၁၀၇ လမ်း၊ ၆၉ လမ်းထောင့်)
📞 09-979444444, 09-676595378

#အရသာမှာထိပ်မန္တလေးကရဝိက် #ကရဝိက် #၁၉၇၆ #အုန်းနို့ခေါက်ဆွဲ #မနက်စာ

အဖိုးတို့ခေတ်က ကရဝိက်အဖိုးတို့ခေတ်တုန်းက မနက်ခင်းတွေဆိုတာ ဆိုင်ထိုင်၊ သတင်းစာဖတ်၊ စကားဝိုင်းဖွဲ့ရင်း လက်ဖက်ရည်တစ်ခွက်နဲ့...
25/09/2026

အဖိုးတို့ခေတ်က ကရဝိက်

အဖိုးတို့ခေတ်တုန်းက မနက်ခင်းတွေဆိုတာ ဆိုင်ထိုင်၊ သတင်းစာဖတ်၊ စကားဝိုင်းဖွဲ့ရင်း လက်ဖက်ရည်တစ်ခွက်နဲ့ စတင်ခဲ့တာမျိုးပေါ့။

ကျွန်တော့် ငယ်ဘဝအမှတ်တရတွေထဲမှာလည်း မနက်လင်းတာနဲ့ အဖိုး/ အဖေ လက်ကိုဆွဲပြီး လိုက်သွားခဲ့ရတဲ့ 'ကရဝိက်' လက်ဖက်ရည်ဆိုင်လေးကို အခုထိ မျက်စိထဲမှာ မြင်ယောင်နေဆဲပါ။

ခုံပုလေးတွေပေါ်မှာ ထိုင်ရင်း အဖိုး/ အဖေ က သူ့သူငယ်ချင်းတွေနဲ့ စကားတွေပြော၊ ကျွန်တော်က အီကြာကွေးကို လက်ဖက်ရည်ထဲ နှစ်စားခဲ့တဲ့ အချိန်တွေ...

မွှေးပျံ့နေတဲ့ လက်ဖက်ရည်အငွေ့အသက်တွေ.. စည်ကားနေတဲ့ ဆိုင်အပြင်အဆင်တွေနဲ့ အသက်ဝင်နေတဲ့ မနက်ခင်းတွေဟာ အဖိုး/ အဖေနဲ့ ကျွန်တော်ကြားက အနွေးထွေးဆုံး အမှတ်တရတွေပါပဲ။

အခု ကျွန်တော်တို့ခေတ်...

ခေတ်တွေ ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ... သူငယ်ချင်းတွေ ဆုံဖို့ဖြစ်ဖြစ်၊ အလုပ်ကိစ္စ အကြောင်းတွေ ပြောဖို့ဖြစ်ဖြစ် ကျွန်တော်တို့ ခြေဦးလှည့်ဖြစ်တာကလည်း ဒီ 'ကရဝိက်' လက်ဖက်ရည်ဆိုင်လေးဆီကိုပါပဲ။ အဖိုး/ အဖေတို့ခေတ် ကတည်းက သောက်ခဲ့ရတဲ့ ချိုဆိမ့်အရသာ၊ ရင်းနှီးကျွမ်းဝင်နေတဲ့ လက်ဖက်ရည်ဆိုင် အငွေ့အသက်နဲ့ နွေးထွေးတဲ့ ခံစားမှုတွေက အခုချိန်ထိ မပြောင်းလဲသေးပါဘူး။

ဒီလို မျိုးဆက်တစ်ဆက်ကနေ နောက်တစ်ဆက်ဆီ အမှတ်တရတွေကို လက်ဆင့်ကမ်း သယ်ဆောင်လာပေးရင်း...

၁၉၇၆ ခုနှစ်ကတည်းက မန္တလေးမြို့ရဲ့ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုကို အစပျိုး ပုံဖော်ပေးခဲ့တဲ့ နေရာ အရသာမှာထိပ် မန္တလေးကရဝိက် ☕️

From childhood mornings with my grandfather to today's meetups with friends, Karaweik Cafe remains our go-to spot. The signature taste and warm memories never change.

"Pioneering Mandalay’s tea shop culture since 1976."

#အရသာမှာထိပ်မန္တလေးကရဝိက် #ကရဝိက် #၁၉၇၆ #မန္တလေးလက်ဖက်ရည်ဆိုင်

ထမင်းကြော်စားတိုင်း ရွေးရခက်လွန်းတဲ့ဆိုင်အရသာစုံလွန်းလို့ ဘယ်တစ်ပွဲကို ရွေးချယ်ရမလဲဆိုတာ ကရဝိက်ကို ရောက်တဲ့အခါတိုင်း ကြု...
25/09/2026

ထမင်းကြော်စားတိုင်း ရွေးရခက်လွန်းတဲ့ဆိုင်

အရသာစုံလွန်းလို့ ဘယ်တစ်ပွဲကို ရွေးချယ်ရမလဲဆိုတာ ကရဝိက်ကို ရောက်တဲ့အခါတိုင်း ကြုံတွေ့ရတတ်တဲ့ အခိုက်အတန့်တစ်ခုပါ။

ထမင်းကြော်ကိုမှ အမြဲနှစ်သက်စွာ သုံးဆောင်တတ်တဲ့ ချစ်မိတ်ဆွေများအတွက် မတူညီတဲ့ ချို၊ ချဉ်၊ စပ် နဲ့ အရသာအစုံအလင်ကို နိုင်ငံတကာ စတိုင်လ်မျိုးစုံနဲ့ ကရဝိက်မှာ စိတ်ကြိုက် ရွေးချယ်နိုင်ပါပြီ..

မိမိနှစ်သက်တဲ့ အသားတစ်မျိုးမျိုး (ကြက်၊ ငါး၊ အမဲသား၊ ဆိတ်သား၊ ပုစွန်၊ ပင်လယ်စာ) ကို ရွေးချယ်ပြီး၊ အောက်ပါ ထမင်းကြော် အရသာစတိုင်လ်များနဲ့ စိတ်ကြိုက် တွဲဖက်မှာယူနိုင်ပါပြီ ခင်ဗျာ -

🍛 တရုတ်ထမင်းကြော်
🍛 စပိန်ထမင်းကြော်
🍛 အမေရိကန်ထမင်းကြော်
🍛 ပသျူးထမင်းကြော်
🍛 မလေးရှားထမင်းကြော်
🍛 ထိုင်းထမင်းကြော်
🍛 မက္ကဆီကန် ထမင်းကြော်
🍛 ယူနန်ထမင်းကြော်
🍛 တုံယမ်းထမင်းကြော်
🍛 ပင်စိမ်းထမင်းကြော်
🍛 ထောပတ်ထမင်းကြော်
🍛 သီးစုံထမင်းကြော်
🍛 ငပိထမင်းကြော်

ကိုယ့်ရဲ့ စိတ်တိုင်းကျ အရသာနဲ့ အကိုက်ညီဆုံးဖြစ်မယ့် ထမင်းကြော်ကို စုံလင်လှတဲ့ Menu တွေထဲကနေ စိတ်ကြိုက်ရွေးချယ် သုံးဆောင်နိုင်ဖို့ ကရဝိက်မှ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။

"Spoiled for Choice!" 🍛 Pick your favorite meat and pair it with any of our 13 signature fried rice styles—from Chinese to Tom Yum. Your perfect plate awaits at Karaweik!

အော်ဒါများ စုံစမ်းမှာယူရန်

𝐊𝐚𝐫𝐚𝐰𝐞𝐢𝐤 𝐂𝐚𝐟𝐞 𝟔𝟓
📍 ၆၅ လမ်း၊ ၃၁ × ၃၂ လမ်းကြား
☎️ 09-980444444, 09-444443265

𝐊𝐚𝐫𝐚𝐰𝐞𝐢𝐤 𝐂𝐚𝐟𝐞 𝟖𝟎
📍 လမ်း ၈၀၊ ၂၃ လမ်းထောင့်
☎️ 09-420078899, 09-978444444

𝐊𝐚𝐫𝐚𝐰𝐞𝐢𝐤 𝐂𝐚𝐟𝐞 𝟏𝟎𝟕
📍 ၁၀၇ လမ်း၊ ၆၉ လမ်းထောင့်
☎️ 09-979444444, 09-676595378

#အရသာမှာထိပ်မန္တလေးကရဝိက် #ထမင်းကြော် #တရုတ်ဟင်းလျာ

ဥပုသ်နေ့ ဆုံစည်းမှုတိုင်းမှာ ပိုပြည့်စုံစေဖို့...လူသာစုထားလိုက်ပါ..ဒီလိုအချိန်နဲ့ ကွက်တိအကျဆုံးဖြစ်မယ့် ဥပုသ်နေ့တိုင်းရဲ...
25/09/2026

ဥပုသ်နေ့ ဆုံစည်းမှုတိုင်းမှာ ပိုပြည့်စုံစေဖို့...လူသာစုထားလိုက်ပါ..

ဒီလိုအချိန်နဲ့ ကွက်တိအကျဆုံးဖြစ်မယ့် ဥပုသ်နေ့တိုင်းရဲ့ Signature ကရဝိက်ရဲ့ နာမည်ကျော် "ဆိတ်ပေါင်စိမ်းဒန်ပေါက်" အမှာများကို စတင်လက်ခံပေးနေပြီ ဖြစ်ပါတယ်။

ချစ်ရတဲ့ မိသားစု၊မိတ်ဆွေတွေနဲ့ အတူဝိုင်းဖွဲ့ပြီး ဆုံစည်းသုံးဆောင်ဖို့ပဲဖြစ်ဖြစ်...

ဥပုသ်နေ့ အလှူအတန်းအတွက် ဆွမ်းကပ်၊ဒါနပြုဖို့အတွက်ပဲဖြစ်ဖြစ် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်စေရမှာပါ...

အိစက်မွှေးပျံ့တဲ့ ဆိတ်ပေါင်စိမ်းဒန်ပေါက်ကို သုံးဆောင်ပြီးတဲ့အခါ... အရသာကို ပိုပြီးပြည့်စုံသွားစေဖို့ ကရဝိက်ရဲ့ နာမည်ကျော် "ထန်းလျက် ဒိန်ချဉ်" လေးကိုပါ တွဲဖက်မှာယူပြီး ဥပုသ်နေ့ရဲ့ အားလပ်ရက်လေးကို အကောင်းဆုံး ဖြတ်သန်းလိုက်ပါ။

"Indulge in our limited special day special: tender, flavorful bone-in mutton biryani, crafted with a heritage of taste since 1976."

အော်ဒါများ စုံစမ်းမှာယူရန်

𝐊𝐚𝐫𝐚𝐰𝐞𝐢𝐤 𝐂𝐚𝐟𝐞 𝟔𝟓
📍 ၆၅ လမ်း၊ ၃၁ × ၃၂ လမ်းကြား
☎️ 09-980444444, 09-444443265

𝐊𝐚𝐫𝐚𝐰𝐞𝐢𝐤 𝐂𝐚𝐟𝐞 𝟖𝟎
📍 လမ်း ၈၀၊ ၂၃ လမ်းထောင့်
☎️ 09-420078899, 09-978444444

𝐊𝐚𝐫𝐚𝐰𝐞𝐢𝐤 𝐂𝐚𝐟𝐞 𝟏𝟎𝟕
📍 ၁၀၇ လမ်း၊ ၆၉ လမ်းထောင့်
☎️ 09-979444444, 09-676595378

#အရသာမှာထိပ်မန္တလေးကရဝိက် #ကရဝိက် #၁၉၇၆ #ဆိတ်ပေါင်စိမ်းဒန်ပေါက် #ဥပုသ်နေ့အလှူ #မန္တလေးအစားအသောက်

"ဘယ်တော့မှ မငြင်းနိုင်တဲ့ ပဲထမင်း..." ဟင်းအမယ်တွေ ဘယ်လောက်ပဲ စုံနေပါစေ...ထောပတ်နံ့ သင်းသင်းလေးနဲ့ ပဲထမင်း ပူပူလေးကို မြင...
24/09/2026

"ဘယ်တော့မှ မငြင်းနိုင်တဲ့ ပဲထမင်း..."

ဟင်းအမယ်တွေ ဘယ်လောက်ပဲ စုံနေပါစေ...ထောပတ်နံ့ သင်းသင်းလေးနဲ့ ပဲထမင်း ပူပူလေးကို မြင်လိုက်ရင်တော့ ဘယ်သူမှ မငြင်းရက်ကြတာ အမှန်ပါပဲ။

ကရဝိက်ရဲ့ "ပဲထမင်း" က ပဲစေ့ဆိမ့်ဆိမ့်လေးတွေရဲ့ အရသာကို ထမင်းသားထဲ သေချာစိမ့်ဝင်သွားအောင် အချိန်ပေး ချက်ပြုတ်ထားလို့ တစ်လုတ် စားလိုက်တိုင်း အိဆိမ့်မွှေးပျံ့နေတဲ့ အနံ့အရသာကို ရရှိစေမှာပါ။ ဒါကိုမှ အရသာ ပြည့်စုံတဲ့ ကြက်သားတုံး အိအိကြီးနဲ့ ဟင်းအနှစ် မြိုင်မြိုင်ကို ထမင်းနဲ့ ရွှဲနေအောင် တွဲနယ်ပြီး စားလိုက်ရတဲ့ အရသာကတော့ ရှယ်ပဲပေါ့။

တစ်လုတ်စားတိုင်း ပုစွန်ခြောက် အစပ်လေးနဲ့ သရက်သီးသနပ် ချဉ်ချဉ်လေးကို နည်းနည်းစီ တွဲစား... ပြီးရင် ချဉ်စပ်ဟင်းရည် ပူပူလေး တစ်ငုံလောက် သောက်ချလိုက်ရင် ခံတွင်းတွေ့ပြီးရင်း တွေ့ဖြစ်သွားမှာ သေချာပါတယ်။

ကြက်ဆီပြန်နဲ့မှ မဟုတ်ဘူးနော်... ကိုယ့်အကြိုက်ပေါ် မူတည်ပြီး အမဲနှပ်နဲ့ ဆိတ်နှပ်ဆိုတဲ့ အစသားတွေနဲ့လည်း စိတ်ကြိုက် မှာယူနိုင်ပါတယ်ဗျာ။

ကဲ... ဒီနေ့အတွက် ခံတွင်းအတွေ့ဆုံး ဖြစ်စေမယ့် ကရဝိက်ရဲ့ "ပဲထမင်း" လေးကို အခုပဲ လာဆွဲလိုက်တော့နော် 🏃‍♂️💨

Irresistible Pea Rice paired with your choice of rich curry and flavorful sides—a Karaweik classic you can never say no to! 🤤

#အရသာမှာထိပ်မန္တလေးကရဝိက် #ကရဝိက် #၁၉၇၆ #ပဲထမင်း #ကရဝိက်ပဲထမင်း

"ဒန်ပေါက်ဆို ဆိတ်ပေါင် နူးနူးအိအိလေးနဲ့မှ..." 🤤မှန်တာပေါ့။ ဒါပေမယ့် ဒီလို စားမြိန်ဖို့အတွက် ဆိတ်ပေါင်သား ဆိုတာမျိုးက သေခ...
24/09/2026

"ဒန်ပေါက်ဆို ဆိတ်ပေါင် နူးနူးအိအိလေးနဲ့မှ..." 🤤

မှန်တာပေါ့။ ဒါပေမယ့် ဒီလို စားမြိန်ဖို့အတွက် ဆိတ်ပေါင်သား ဆိုတာမျိုးက သေချာ ချက်တတ်၊ ပြုတ်တတ်မှ စားလို့ကောင်းတဲ့ အသား အမျိုးအစားပါ။

အညှီအနံ့ကင်း... ခရင်းလေးနဲ့ ဆွလိုက်တာနဲ့ အသားက အလိုလို ကွာကျလာတဲ့အထိ နူးအိနေအောင်... ပြီးတော့ ဟင်းခတ်အမွှေးအကြိုင် အစပ်အဟပ်တွေ ကွက်တိဖြစ်အောင် ချက်ဖို့ဆိုတာ အချိန်ရော၊ ဂရုစိုက်မှုပါ အများကြီး ပေးရပါတယ်။

ဒီလို အချိန်ပေးချက်ပြုတ်ရတဲ့ အထူးဟင်းပွဲဖြစ်လို့ နေ့တိုင်းတော့ မရနိုင်ပါဘူးနော်... တစ်ပတ်ကို (၁) ရက် (ဥပုသ်နေ့) မှာသာ သီးသန့် ရရှိနိုင်မှာပါ။

အမြဲ ရောင်းအားကောင်းပြီး ချက်ချင်းကုန်တတ်လို့ သေချာပေါက် စားရဖို့ဆိုရင်တော့ (၁) ရက် ကြိုတင် အော်ဒါတင်ထားမှ စိတ်ချရပါမယ်ခင်ဗျာ..💨

ရောက်လာတော့မယ့် ဥပုသ်နေ့အတွက် အခုပဲ ကြိုတင် Order တင်လိုက်တော့နော်.. 👇

Melt-in-your-mouth Mutton Leg Biryani... 🤤

Slow-cooked to perfection, our signature Mutton Leg Biryani is an exclusive special available ONLY once a week (on Sabbath days)!
It sells out fast, so pre-order 1 day in advance to secure your portion for the upcoming Sabbath. 💨👇

📞 အော်ဒါများ စုံစမ်းမှာယူရန် ဆိုင်ခွဲများ
𝐊𝐚𝐫𝐚𝐰𝐞𝐢𝐤 𝐂𝐚𝐟𝐞 𝟖𝟎
လမ်း ၈၀၊ ၂၃ လမ်းထောင့်
𝟎𝟗-𝟒𝟐𝟎𝟎𝟕𝟖𝟖𝟗𝟗, 𝟎𝟗𝟗𝟕𝟖𝟒𝟒𝟒𝟒𝟒𝟒

𝐊𝐚𝐫𝐚𝐰𝐞𝐢𝐤 𝐂𝐚𝐟𝐞 𝟏𝟎𝟕
၁၀၇ လမ်း၊ ၆၉ လမ်းထောင့်
𝟎𝟗-𝟗𝟕𝟗𝟒𝟒𝟒𝟒𝟒𝟒, 𝟎𝟗-𝟔𝟕𝟔𝟓𝟗𝟓𝟑𝟕𝟖

𝐊𝐚𝐫𝐚𝐰𝐞𝐢𝐤 𝐂𝐚𝐟e 𝟔𝟓
၆၅ လမ်း၊ ၃၁* ၃၂ လမ်းကြား
𝟎𝟗-𝟗𝟖𝟎𝟒𝟒𝟒𝟒𝟒𝟒, 𝟎𝟗-𝟒𝟒𝟒𝟒𝟒𝟑𝟐𝟔𝟓

#အရသာမှာထိပ်မန္တလေးကရဝိက် #ကရဝိက် #၁၉၇၆ #ဆိတ်ပေါင်စိမ်းဒန်ပေါက် #ကရဝိက်ဒန်ပေါက် #ဥပုသ်နေ့

Menu ထဲမှာ ရှာမတွေ့နိုင်တဲ့ ကရဝိက်ရဲ့ Secret Menu 🤫"စာအုပ်ထဲမှာ မပါဘဲ ဘယ်လိုလုပ် သီးသန့် မှာစားလို့ရနေတာလဲ" လို့များ စဉ်...
24/09/2026

Menu ထဲမှာ ရှာမတွေ့နိုင်တဲ့ ကရဝိက်ရဲ့ Secret Menu 🤫

"စာအုပ်ထဲမှာ မပါဘဲ ဘယ်လိုလုပ် သီးသန့် မှာစားလို့ရနေတာလဲ" လို့များ စဉ်းစားသွားလား?


တကယ်တော့ ဟင်းပွဲနာမည်တွေကို လျှို့ဝှက်ထားတာ မဟုတ်ပါဘူး။ ကရဝိက်ရဲ့ Menu တွေထဲမှာ မရှိပေမယ့်၊ လာစားနေကျ ဆိုင်စွဲဆရာကြီးတွေက ကိုယ့်အကြိုက်နဲ့ကိုယ် သီးသန့် မှာစားတတ်တဲ့ Customized ဟင်းပွဲလေးတွေကို "Secret Menu" လို့ တင်စားလိုက်တာပါ။

ကရဝိက်ရဲ့ One Portion ဟင်းပွဲတွေကို လာစားတဲ့ Customer တစ်ယောက်ချင်းစီရဲ့ ခံတွင်းအလိုက်၊ တောင်းဆိုမှုအလိုက် စိတ်ကျေနပ်မှု အပြည့်ရအောင် သီးသန့်ဖန်တီး ပြုလုပ်ပေးတာပဲ ဖြစ်ပါတယ်။ ခေါက်ဆွဲကြော်ကို ဘယ်လိုလေး အရသာလုပ်ပေး၊ ထမင်းကြော်ကို ဘာအသားလေးနဲ့ ဘယ်လိုပုံစံလေး ကြော်ပေးဆိုပြီး ကိုယ်ပိုင်ဟင်းပွဲတစ်ခုလို စိတ်ကြိုက်မှာလို့ရတဲ့ အခွင့်အရေးမျိုးပါ။

ကဲ... ဆိုင်ကို အမြဲလာနေကျ ချစ်မိတ်ဆွေတို့ခင်ဗျ.. "ကရဝိက်" ရောက်ရင် အမြဲမှာစားဖြစ်တဲ့ ကိုယ်ပိုင် "Secret Menu" အလန်းစားလေးတွေ ရှိရင် တခြားသူတွေပါ လိုက်စမ်းစားကြည့်လို့ရအောင် Comment မှာ လာကြွားသွားကြပါဦးဗျ... 👇✨

Secret Menu မဖန်တီးရသေးတဲ့ သူတွေကလည်း ဒီနေ့ပဲ ကရဝိက်မှာ ကိုယ့်အကြိုက်ဆုံး အရသာနဲ့ ကိုယ်ပိုင် One Portion ဟင်းပွဲတစ်ခုလောက် စမ်းပြီး မှာစားကြည့်လိုက်တော့နော်! 🏃‍♂️💨

A Karaweik Secret Menu you won't find in the book! 🤫
Our "Secret Menu" is all about YOU! We fully customize our One Portion meals exactly the way you crave them. Got a unique go-to combo? Share it in the comments! 👇✨

#အရသာမှာထိပ်မန္တလေးကရဝိက် #ကရဝိက် #၁၉၇၆ #ကရဝိက်လျှို့ဝှက်ချက်

☕ လက်ဖက်ရည်ဖိုး တစ်ပြားမှ မကုန်ဘဲ မန္တလေးမြို့၊ ကရဝိက်ရဲ့ အကောင်းဆုံး လက်ဖက်ရည်ကို အခမဲ့ သောက်လို့ရပြီဆိုတာ သိပြီးပြီလား...
23/09/2026

☕ လက်ဖက်ရည်ဖိုး တစ်ပြားမှ မကုန်ဘဲ မန္တလေးမြို့၊ ကရဝိက်ရဲ့ အကောင်းဆုံး လက်ဖက်ရည်ကို အခမဲ့ သောက်လို့ရပြီဆိုတာ သိပြီးပြီလား 💥

ကရဝိက်မှာ ကြိုက်နှစ်သက်ရာတွေ မှာယူစားပြီးလို့ ငွေရှင်းတဲ့အခါ Free Tea Coupon လေးတွေ ရနေပါပြီ 💳

🍽️ ဆိုင်ထိုင် (Dine-in) မှာယူအားပေးမယ်ဆိုရင်

၂၀,၀၀၀ ကျပ်ကျော်ရင် Coupon (၁) စောင် 🎫

၅၀,၀၀၀ ကျပ်ကျော်ရင် Coupon (၃) စောင် 🎟️

၁၀၀,၀၀၀ ကျပ်ကျော်ရင် Coupon (၆) စောင် 🎟️

ဒီလို ရရှိလာမယ့် Free Tea Coupon တွေကို ကိုယ်နှစ်သက်ရာ လက်ဖက်ရည် အရသာနဲ့ လဲလှယ်သောက်သုံးနိုင်မှာ ဖြစ်ပါတယ် ☕

📅 Free Tea Coupon Expired
1 Sept 2026 မှ - 10 Oct 2026

Free Tea Coupon တွေ နောက်ဆုံးထုတ်ပေးမယ့်ရက်က Sept 30 အထိဖြစ်တာမို့ လက်ဖက်ရည် Free ရမယ့် ကူပွန်လေးတွေ လက်မလွတ်ရအောင် "ကရဝိက်" ကို အမြန်ဆုံးလာဖို့ ဖိတ်ခေါ်ပါတယ် 🛵

#အရသာမှာထိပ်မန္တလေးကရဝိက် #ကရဝိက်
#၁၉၇၆ #အလကား

"ခန္ဓာကိုယ်အတွက် သကြားဓာတ် အလိုအပ်ဆုံး အချိန်..." 📉မနက်ကတည်းက အလုပ်တွေ ဆက်တိုက်လုပ်လာပြီး နေ့လယ် (၂) နာရီ၊ (၃) နာရီလောက်...
23/09/2026

"ခန္ဓာကိုယ်အတွက် သကြားဓာတ် အလိုအပ်ဆုံး အချိန်..." 📉

မနက်ကတည်းက အလုပ်တွေ ဆက်တိုက်လုပ်လာပြီး နေ့လယ် (၂) နာရီ၊ (၃) နာရီလောက် ရောက်ပြီဆိုတာနဲ့ လူက အလိုလိုနုံးခွေပြီး မျက်လုံးတွေ လေးလံလာတာမျိုး ကြုံဖူးကြမှာပါ။

ဒါက ခန္ဓာကိုယ်နဲ့ ဦးနှောက်က သကြားဓာတ် (Glucose) ကို အလိုအပ်ဆုံး အချိန်ရောက်နေပြီဆိုတဲ့ လက္ခဏာပါ။ ဒီလို အချိန်မှာ လူက အရမ်းနုံးနေပြီဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးဘဲ "ကရဝိက်"မှာ အချိုလေးစားရင်း ခဏလောက် အနားယူ အားမွေးလိုက်ပါနော်... 🤎

ပူပူနွေးနွေး လက်ဖက်ရည်/ကော်ဖီလေး တစ်ခွက်/ Fresh Juice တစ်ခွက်နဲ့အတူ ခန္ဓာလိုအပ်နေတဲ့ အချိုဓာတ်လေးကို ပြန်ဖြည့်ပေးမယ့် ☕🍹

Cake By Karaweik's ရဲ့ လတ်ဆတ် ကိတ်လေးတွေ၊ မြန်မာ့ရိုးရာ အချိုပွဲ မုန့်လေးတွေနဲ့သာ တွဲဖက်သုံးဆောင်လိုက်မယ်ဆိုရင်တော့ ခုနက နုံးခွေနေတာတွေ ချက်ချင်း လွင့်စင်သွားပြီး အလုပ်တွေကို လန်းလန်းဆန်းဆန်းနဲ့ ပြန်စတင်နိုင်မှာ အသေအချာပါပဲ။ ✨

ဒါဆို လိုနေတဲ့ သကြားဓာတ်တွေ ပြန်ဖြည့်ဖို့ အနီးဆုံးမှာရှိတဲ့ ကရဝိက် ဆိုင်ခွဲတိုင်းကို အခုပဲ လှမ်းခဲ့လိုက်တော့နော် 🏃‍♀️💨

Experiencing the mid-afternoon slump? 📉

That heavy, drained feeling around 2 or 3 PM is your body asking for a quick sugar boost! Take a short break and recharge at Karaweik Cafe with our hot tea and delicious sweet treats to get your energy back instantly. ☕️🍰

#အရသာမှာထိပ်မန္တလေးကရဝိက် #ကရဝိက် #၁၉၇၆

Address

Corner Of 80th Street And 23rd Street
Mandalay
05024

Alerts

Be the first to know and let us send you an email when Karaweik Cafe 80 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category