20/08/2026
အလှူမင်္ဂလာဆောင်တွေမှာ မျက်နှာပန်းလှလှဧည့်ခံနိုင်ဖို့ အရသာရော သန့်ရှင်းမှုပါ အထူးကောင်းမွန်တဲ့ အေးမေတ္တာ ⚜
အလှူအတန်း၊ မင်္ဂလာဆောင်၊ မွေးနေ့ပွဲကအစ အိမ်မှာအာရုံဆွမ်းကပ်တာနဲ့ ကုမ္ပဏီပွဲတွေအဆုံး ပွဲတစ်ခုဖြစ်မြောက်ဖို့အတွက် အစားအသောက်က အဓိကအကျဆုံး အခန်းကဏ္ဍကရှိနေတာပါ 💯
ဧည့်သည်တွေစားကောင်းသောက်ကောင်း စားရစေဖို့နဲ့ အလှူရှင်၊ ဖိတ်ကြားသူတွေ မျက်နှာပန်းလှစေဖို့ “အေးမေတ္တာ” မြန်မာထမင်းဆိုင်က တာဝန်ယူပေးပါရစေ… 👨🍳
✅ ဆိုင်မှာအစဉ်အမြဲ လာရောက်အားပေးကြတဲ့ 𝑪𝒖𝒔𝒕𝒐𝒎𝒆𝒓 တွေ သဘောကျနှစ်သက်တဲ့လက်ရာအတိုင်း အရသာကို အလှူပွဲတွေမှာလည်း ကောင်းမွန်အောင်ချက်ပြုတ်ပေးပါတယ်။
✅ ဟင်းချက်စရာကုန်ကြမ်းတွေကို နေ့စဉ်အလတ်ဆတ်ဆုံးနဲ့ အကောင်းဆုံးတွေကိုပဲ ရွေးချယ်အသုံးပြုပြီး သန့်ရှင်းမှုကို အထူးဦးစားပေးထားပါတယ်။
✅ လူကြိုက်များတဲ့ မြန်မာရိုးရာဟင်းလျာမျိုးစုံ၊ ဆီပြန်ဟင်း၊ အကြော်အလှော်၊ အဖျော်ယမကာနဲ့ အချိုပွဲတွေအထိ ပွဲအမျိုးအစားပေါ်မူတည်ပြီး လူဦးရေနဲ့ 𝑩𝒖𝒅𝒈𝒆𝒕 အလိုက် အဆင်ပြေအောင် ညှိနှိုင်းမှာယူနိုင်ပါတယ်။
✅ အလှူပွဲတွေမှာ အချိန်တိကျမှုက အလွန်အရေးကြီးတာကြောင့် မှာယူထားတဲ့အချိန်အတိုင်း အပူအစပ် အဆင်သင့်သုံးဆောင်နိုင်ဖို့ အချိန်မီအရောက် ပို့ဆောင်ပေးပါတယ်။
ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ ပွဲလုပ်ဖို့စိတ်ကူးရှိပြီဆိုရင်တော့ အစားအသောက်အတွက် စိတ်ပူစရာမလိုဘဲ ယုံကြည်စိတ်ချရတဲ့ “အေးမေတ္တာ” ကိုသာ သတိရလိုက်ပါနော် 🤩
“အေးမေတ္တာ” မြန်မာထမင်းဆိုင်
⏰ ဆိုင်ဖွင့်ချိန် - မနက် (၈) နာရီမှ ည (၈) နာရီအထိ။
☎ ဖုန်းနံပါတ် - 09 783 783 533, 09 783 783 633, 09 944 042 022, 09 444 042 021
🏡 ဆိုင်လိပ်စာ - အမှတ် (၅၃၀) ၊ ၈၁ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
#အေးမေတ္တာ #မြန်မာထမင်းဆိုင် #မန္တလေး #အလှူ #မင်္ဂလာဆောင် #မွေးနေ့