KKT Food Villa

KKT Food Villa Your Satisfaction is Our Pleasure 💛
(275)

21/07/2025
ဘာတဲ့လဲ ပြိတ်သတ်ကြီး 😇
14/07/2025

ဘာတဲ့လဲ ပြိတ်သတ်ကြီး 😇

VPN  တွေကြောင့်  post တင်တိုင်း fail  ဖြစ် စာပို့တိုင်း fail  ဖြစ်နဲ့မို့ ဖုန်းလေးသာဆက်ပါနော် 🙏097834241419:30AM -08:00P...
27/06/2025

VPN တွေကြောင့် post တင်တိုင်း fail ဖြစ် စာပို့တိုင်း fail ဖြစ်နဲ့မို့ ဖုန်းလေးသာဆက်ပါနော် 🙏

09783424141
9:30AM -08:00PM

38,39/71,72 ကြား ရေနီမြောင်းလမ်းမပေါ်

27/06/2025

လကုန်တဲ့ ညနေတိုင်း ရုံးအပြန် အဖေ ပါလာတဲ့ ခေါက်ဆွဲ​ကြော်ကို သတိရမိတိုင်း စားဖြစ်တယ်

ခုတော့ အဖေမရှိတော့တာ ၅ နှစ်ရှိပြီတဲ့လေ 😢

သတိတရလှမ်းပြောတဲ့ ဧည်သည်စကားကြားတော့ ကိုယ်လဲ အဖေ့အလွမ်းပြေ ခေါက်ဆွဲကြော်အလုံးတုတ်တုတ် နဲ့ ချိုအီရွှဲ အရသာလေး ကိုစားမိပြန်ရော.......

ခေတ်တွေပြောင်းတော့ ဖက် အစား ဖော့ဘူးတွေဖြစ်ကုန်ပေမယ့် အလွမ်းတွေကတော့ မပြောင်းဘူး ဖေဖေ .....💛💛💛

38/39 &71/72ကြား ရေနီမြောင်းလမ်းမပေါ်
KKT Food Villa
09783424141

❤️ဆိုင်ဖွင့်ပါတယ်ရှင် ❤️ဈေးရောင်းပ်ို့စ် တွေ သင်္ကြန်ပြီးလောက် အခြေနေကောင်းမှ သာ ပြန်တင်ပါမယ်ရှင် …ဈေးရောင်းပြီးမှ လှူနိ...
08/04/2025

❤️ဆိုင်ဖွင့်ပါတယ်ရှင် ❤️

ဈေးရောင်းပ်ို့စ် တွေ သင်္ကြန်ပြီးလောက် အခြေနေကောင်းမှ သာ ပြန်တင်ပါမယ်ရှင် …

ဈေးရောင်းပြီးမှ လှူနိုင်မှာမို့လို့လဲ မပြောချင်ပါဘူးရှင် ။

ကိုယ်တတ်နိုင်သလောက် ကိုယ်တော်တာ ကိုယ်လုပ်ရင်း နိုင်တဲ့
ဘက်က တတ်သားသရွေ့ ဝန် ထမ်းနေပါတယ်

ဧည့်သည်များ အန္တရာယ်ကင်းဖို့ ကျနော်တို့ အဖွဲသားတွေ ဝိုင်းနေရာ ပြန်လည်စီစဉ်ထားပါတယ်

အပျက်အစီးများကိုလည်း အားချင်းပြန်လည်ရှင်းလင်းနေပါတယ်ရှင်

❤️ မနက် ၉:၀၀ မှ ညနေ ၅:၀၀ ထိ ဖုန်းအား/မီးသီး သွင်းလို့ရပါတယ်ရှင် ။
❤️ အမှန်တကယ် ခက်ခဲသူပြည်သူများအတွက် မေတ္တာနဲ့ ကျွေးမွေးပါရစေရှင် ။

ရန်သူမျိုး ငါးပါးဘေးမှ တနိုင်ငံလုံး လွတ်မြောက်ကြပါစေ 🙏

14/03/2025

#မယ်အွန်းခေါက်ဆွဲပြုတ်ဆိုင်

 #အဖေ...ဟိုအရင်တုန်းက ခေါက်ဆွဲကြော်တို့ ကြာဇံကြော်တို့ကို ဆိုင်ကဝယ်လာရင် ဖက်ကလေးနဲ့ထုတ်ပေးတာ။ခုများလို ဖော့ဗူးတို့ ပလပ်စ...
13/03/2025

#အဖေ...

ဟိုအရင်တုန်းက ခေါက်ဆွဲကြော်တို့ ကြာဇံကြော်တို့ကို ဆိုင်ကဝယ်လာရင် ဖက်ကလေးနဲ့ထုတ်ပေးတာ။

ခုများလို ဖော့ဗူးတို့ ပလပ်စတစ်အိတ်တို့မသုံးသေးဘူး။

ခေါက်ဆွဲကြော်လေးကလည်း ဖက်သင်းနံ့မွှေးမွှေးလေးနဲ့ အလွန်စားကောင်းတာပဲ။

ကလေးဘဝမှာ လကုန်မှခေါက်ဆွဲကြော်ဆိုတာစားရတယ်။

အဖေက လခစားအလုပ်ဆိုတော့ လကုန်မှလခရတယ်။

အဲဒီတော့မှ ခေါက်ဆွဲကြော် ကြာဇံကြော်တစ်ထုတ် ဝယ်လာတယ်။

မောင်နှမတစ်စုက အဖေအလာကိုမျှော်နေတယ်။

မနက်ကတည်းက စိတ်ကူးယဥ်နေကြတယ်။

ညနေကျတော့အမေက ထမင်းအိုးတစ်လုံးတည်ထားတယ်။

အစ်မကြီးက ထမင်းဇလုံတွေအဆင်သင့်ပြင်ထားတယ်။

အဖေအလုပ်ကပြန်လာတာနဲ့ ခေါက်ဆွဲကြော်ဝယ်လာမယ်။

ညနေခြောက်နာရီမြန်မြန်ထိုးစေချင်နေပြီ။

နေ့လည်ဆယ့်နှစ်နာရီထဲကစားထားတဲ့နေ့လည်စာကအစာကျေနှင့်ပြီ။

ဝမ်းထဲကတဂွီဂွီနဲ့တောင်အချက်ပေးသံကြားနေရပြီ။

ဒီနေ့ညနေရထားအဝင်နောက်ကျနေသလိုပဲ။

စိတ်စောနေလို့ဖြစ်မှာပါလေ။

သနပ်ခါးကိုမျက်နှာမှာနေရာမလပ်လိမ်းထားတဲ့မောင်နှမတစ်စု သူတို့မျက်လုံးလေးတွေက ရထားဘူတာဆီကိုသာ။

ဟော...ညနေခြောက်နာရီ လော်ကယ်ရထားအချိန်မှန် ဥသြသံကြားရပြီ။

ဟေး...ခေါက်ဆွဲကြော်နဲ့ထမင်း စားရတော့မယ်ကွ...။

အင်္ကျီအဖြူရောင်လေးနဲ့အဖေ ခေါက်ဆွဲကြော်ထုတ်လေးလက်မှာကိုင်ပြီးတရွေ့ရွေ့နဲ့အိမ်ဆီသို့။

မကြီးက ထမင်းအဆင်သင့်ခူးပြီးသား။

စားလိုက်ကြတာမောင်နှမတွေ။

ခေါက်ဆွဲတစ်ထုတ်ကို မောင်နှမငါး​ယောက် အညီအမျှခွဲဝေပြီး ထမင်းနဲ့ရောစားလိုက်ကြတာခေါင်းမဖော်တမ်း။

အဖေနဲ့အမေကခေါက်ဆွဲကြော်မကြိုက်ပါ။

ထမင်းနဲ့လည်းမစားတတ်ပါ။

အမေကတော့ ညနေငါးနာရီလောက်ထဲက မနက်ကကျန်တဲ့ငါးခြောက်ဟင်းလေးနဲ့အိုးလူးပြီးစားနှင့်ချေပြီ။

အဖေက လကုန်ရက်ဆိုတော့ကြက်သားသုတ် ဝက်ခေါင်းသုတ် ဝယ်စားတယ်။

ဒီနေ့တော့ ထူးထူးခြားခြား အဖေ ဦးစိန်လျောင်တို့ ဆိုင်ကဝက်ခေါင်းသုတ်မဝယ်ခိုင်းပါလား။

ထမင်းလဲစားတာမတွေ့ဘူး။

အလုပ်မှာသူငယ်ချင်းတွေနဲ့ တစ်ခုခုစားလာလို့နဲ့တူပါတယ်လေ။

ညဘက်ရောက်တော့ သောက်ရေအိုးထဲကရေခပ်သောက်သံလေးငါးကြိမ်မကကြားရတယ်။

အဖေနေမကောင်းဘူးနဲ့တူတယ်။

မနက်ရောက်တော့ အဖေကအစောကြီးအလုပ်ကိုသွားတယ်။

ထမင်းထုတ်လဲယူမသွားဘူး။

အမေကပြောတယ်။

မနေ့ကနင်တို့အဖေ လခမရခဲ့ဘူး။

သူဌေး ခရီးကပြန်မရောက်လို့တဲ့။

တစ်ပါတ်ဆယ်ရက်လောက်ကြာဦးမယ်တဲ့။

မနေ့ကခေါက်ဆွဲကြော်ဝယ်ဖို့ပိုက်ဆံကိုသူ့ကြက်ဆင်ထီးအသစ်လေး ကိုအဟောင်းတန်းမှာရရာစျေးနဲ့ရောင်းပြီးဝယ်ခဲ့တာတဲ့။

ကလေးတွေသူ့အလာကိုမျှော်နေမှာကိုသူသိတယ်တဲ့။

ဝမ်းနည်းလိုက်တာအဖေရယ်။

အလိုက်ကန်းဆိုးမသိတဲ့ငါတို့တွေက ခေါက်ဆွဲကြော်ကိုစားနေလိုက်ကြတာ။

အဖေခမြာ တစ်ညလုံးဗိုက်ဆာနေမှာ။

ရင်တွေပူပြီးရေထသောက်နေတာကိုနေမကောင်းဘူးထင်နေတာ။

အဲဒီကတည်းက လကုန်ရက်ရောက်တိုင်းခေါက်ဆွဲကြော်ဝယ်ခဲ့ပါအဖေလို့ တကြော်ကြော်မပူဆာခဲ့တော့ပါ။

အဖေကတော့ ဝတ္တရားမပျက်ခဲ့ပါ။

သားသမီးတွေက မှာသည်ဖြစ်စေ မမှာသည်ဖြစ်စေ လကုန်ရက်ရောက်တိုင်း အင်ဖက်လေးနဲ့ထုတ်ထားတဲ့ခေါက်ဆွဲထုတ်လေးအမြဲဝယ်လာတယ်။
ဒီဘက်ခေတ်မှာတော့ ရှားရှားပါးပါး အင်ဖက်လေးနဲ့ထုတ်ပိုးပြီးရောင်းတဲ့ခေါက်ဆွဲဆိုင်လေးတွေရှိလာတယ်။

သတိရမိသွားစေတယ်။
ငယ်ဘဝအမှတ်ရစရာလေးတွေကို။
အဖေနဲ့ပတ်သက်ပြီးရေးပြစရာတွေအများကြီးရင်ထဲမှာရှိနေခဲ့ပါတယ်။
အချိန်ရရင်တော့ ချစ်သောတို့ကို ရေးပြပါဦးမယ်။

#အဖေများနေ့ကိုဂုဏ်ပြုပါတယ်။

#ချစ်တဲ့
#ခင်လှမြတ်ခိုင်

စားရေးသူအားလေးစားစွာဖြင့် card ပေးပါတယ်ရှင် (KKT FoodVilla)

ပူလာပြီဆိုတော့ J Cap milkshake  လေး သောက်ရင်းနွေရာသီရဲ့ ငယ်ဘဝကိုပြန်လွမ်းမောရအောင်လေ ……🌵🌞🍇🧃
18/02/2025

ပူလာပြီဆိုတော့ J Cap milkshake လေး သောက်ရင်းနွေရာသီရဲ့ ငယ်ဘဝကိုပြန်လွမ်းမောရအောင်လေ ……🌵🌞🍇🧃

မနက်ဖြန် 16 ရက်နေ့ ဆိုင်တစ်ရက် ပိတ်ပါတယ်ရှင်
15/01/2025

မနက်ဖြန် 16 ရက်နေ့ ဆိုင်တစ်ရက် ပိတ်ပါတယ်ရှင်

လတ်လတ်ဆတ်ဆတ် Cambodia Sausage (Lao Sausage )  ရပါပြီရှင်09783424141
07/01/2025

လတ်လတ်ဆတ်ဆတ် Cambodia Sausage (Lao Sausage ) ရပါပြီရှင်

09783424141

ပဲခေါက်ဆွဲ 🍜
01/01/2025

ပဲခေါက်ဆွဲ 🍜

Address

Bet (38*39)/(71*72)st, Yay Niyaung Street
Mandalay
M

Opening Hours

Monday 10:00 - 21:00
Tuesday 10:00 - 20:00
Wednesday 10:00 - 21:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 10:00 - 21:00
Sunday 10:00 - 21:00

Telephone

+959783424141

Alerts

Be the first to know and let us send you an email when KKT Food Villa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KKT Food Villa:

Share