Coffee Win

Coffee Win Giving true taste of Coffee to everyone.

ဘာလို့ Slow Brew Bar ​လေး လုပ်ဖြစ်လဲ ?
05/08/2026

ဘာလို့ Slow Brew Bar ​လေး လုပ်ဖြစ်လဲ ?

ဒီနေ့တော့ Yangon Specialty Coffee Hub မှာဖွင့်ထားတဲ့ Coffee Eain - ကော်ဖီအိမ် လေးအကြောင်း ပြောပါရစေ .. .

ဒီ Coffee Eain - ကော်ဖီအိမ် လေးရဲ့ ထူးခြားချက်လေးက‌တော့ Specialty Coffee ကို ပိုပြီး ရင်းရင်းနှီးနှီး ထိတွေ့ခံစားစေဖို့ ရည်ရွယ် ဖန်တီးထားတဲ့ ရပ်ဝန်းငယ်လေး တစ်ခုဖြစ်ပါတယ်။
Slow Brew Bar လေးမှာ customer အနေနဲ့ ကိုယ်မှာလိုက်တဲ့ ကော်ဖီနဲ့ ပတ်သက်ပြီး အသုံးပြုထားတဲ့ ကော်ဖီစေ့၊ processing, roasting နဲ့ နောက်ဆုံး သောက်သုံးမယ့် ကော်ဖီအတွက် accessories နဲ့ ဖျော်ပုံဖျော်နည်းလေးတွေပါ Barista နဲ့ မေးကြပြောကြရင်း အနီးကပ် လေ့လာကာ enjoy လုပ်နိုင်ပါတယ်။
နောက်ပြီး Coffee Win မှ ကော်ဖီချစ်သူတွေအတွက် Specialty Coffee ကိုခံစားဖို့ စျေးကြီးပေးမှ ရတယ်ဆိုတာမျိုး မဟုတ်ဘဲ၊ အားလုံး လက်လှမ်းမှီနိုင်တဲ့ စျေးနှုန်း တစ်ခုမှာလည်း ဒေသထွက် Specialty Coffee တစ်ခုရဲ့ အရည်အသွေးကို သိရှိခံစားစေချင်တာကြောင့် ဖြစ်ပါတယ်။

Coffee Win ရဲ့ Specialty Coffee ခရီးစဉ်က ဘာကြောင့် ရွာငံကနေ စတင်တာလဲ?ကော်ဖီတစ်ခွက်ရဲ့ အရသာကောင်းမွန်မှုဟာ ဘယ်ဒေသကနေ ထွက်...
01/08/2026

Coffee Win ရဲ့ Specialty Coffee ခရီးစဉ်က ဘာကြောင့် ရွာငံကနေ စတင်တာလဲ?

ကော်ဖီတစ်ခွက်ရဲ့ အရသာကောင်းမွန်မှုဟာ ဘယ်ဒေသကနေ ထွက်ရှိတဲ့ ကော်ဖီ ဖြစ်သလဲ ၊ ဘယ်လို Processing တွေနဲ့ ထုတ်လုပ်ထားသလဲ၊ Harvest တစ်ခုချင်းစီမှာ ဘယ်လိုထူးခြားတဲ့ အရသာအလားအလာတွေ ရှိသလဲဆိုတာ နားလည်ခြင်းကနေ စတင်ပါတယ်။

Coffee Win က ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံဒေသ မှာ စိုက်ပျိုးတဲ့ အရည်အသွေးမြင့် ကော်ဖီများကို ရွေးချယ်ပြီး၊ ကော်ဖီ ချယ်ရီသီးမှ စလို့ Green Bean၊ Roasting မှတဆင့် နောက်ဆုံးကော်ဖီတစ်ခွက်အထိ ခရီးစဉ်တစ်လျှောက် အရည်အသွေးကို သေချာစွာ လေ့လာထိန်းသိမ်းခြင်းဖြင့်လုပ်ဆောင်ပါတယ်။

Origin ထွက်ရှိရာဒေသ တူညီပေမယ့် Processing မတူညီတဲ့အခါ နောက်ဆုံးမှာ ရရှိလာတဲ့ အရသာတွေကလည်း ကွဲပြားနိုင်ပါတယ်။

Natural — သစ်သီးဆန်သောအနံ့အရသာ၊ ပိုပြည့်ဝတဲ့ ချိုမြိန်မှုနဲ့ Body
Honey — နူးနူးညံ့ညံ့လေး ခံစားရတဲ့ ချိုမြမြ အရသာလေးမှာ ၊ မျှတတဲ့ Fruit Character နဲ့ Smooth Body
Fully Washed — ရှင်းရှင်းလင်းလင်း သိသာပေါ်လွင်တဲ့ Cup Profile နဲ့ Flavours ပိုင်းမှာလည်း ထင်ထင်ရှားရှား ပေါ်လွင်မှု

ဒီ မတူညီတဲ့ အရသာ ထူးခြားမှုတွေ အားလုံးကို ပေးချင်တာကြောင့် Coffee Win က Roasting ကော်ဖီလှော်တဲ့အခါမှာလည်း ကော်ဖီအားလုံးကို Roast Profile တစ်မျိုးတည်းနဲ့ မလှော်ပါဘူး။ Lot တစ်ခုချင်းစီကို Sample Roasting နဲ့ Cupping ပြုလုပ်ပြီး Processing နဲ့ Bean ရဲ့ သဘာဝလက္ခဏာအလိုက် အပူချိန်၊ အချိန်နဲ့ Roast Development ကို သေချာညှိယူပါတယ်။

ရည်ရွယ်ချက်ကတော့ ကော်ဖီတစ်မျိုးခြင်းစီမှာ ရှိနေတဲ့ မူရင်း အရသာ၊ ရနံ့နဲ့ ထူးခြားတဲ့ Character ကို အကောင်းဆုံး ဖော်ထုတ်ပြီး သောက်သုံးသူများကို မျှဝေခံစားလိုတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ Coffee Eain - ကော်ဖီအိမ်

From Ywar Ngan. Roasted by Coffee Win. Slow brew at Coffee Eain - ကော်ဖီအိမ်
26/07/2026

From Ywar Ngan. Roasted by Coffee Win.
Slow brew at Coffee Eain - ကော်ဖီအိမ်

ONE ORIGIN.
THREE EXPRESSIONS. ☕🌿

Ywar Ngan Specialty Coffee Collection

နေရာတစ်ခုတည်းက ထွက်ရှိတဲ့ ကော်ဖီစေ့တွေဟာ processing method မတူညီတဲ့အခါ အနံ့၊ အရသာနဲ့ ခံစားမှုတွေ ဘယ်လောက်ထိ ကွာခြားသွားနိုင်မယ် ထင်ပါသလဲ ?
ရှမ်းပြည်နယ် ရွာငံဒေသမှ ထွက်ရှိတဲ့ specialty coffee beans များကို Coffee Win မှ စနစ်တကျ လှော်စပ်ပြီး—
🔴 Natural
🟡 Honey
🔵 Fully Washed

ဆိုတဲ့ processing method သုံးမျိုးနဲ့ ကော်ဖီတစ်မျိုးချင်းစီရဲ့ မတူညီတဲ့ character ကို
လေ့လာခံစားနိုင်အောင် ဖန်တီးထားပါတယ်။
ကော်ဖီကောင်းတစ်ခွက်ဟာ အလျင်စလို သောက်ဖို့သက်သက် မဟုတ်ပါဘူး။ကော်ဖီစေ့ရဲ့ မူလဒေသ၊ ပြုပြင်ထုတ်လုပ်ပုံနဲ့ လှော်စပ်မှုတို့က ဖန်တီးပေးထားတဲ့ ကွာခြားချက်တွေကို အချိန်ပေးပြီး အရသာခံဖို့ပါ။

From Ywar Ngan. Roasted by win.

Slowly brewed at Coffee Eain.

Yangon ဝန်ကြီးများရုံး ရှိ Coffee Eain Slow Brew Bar မှာ Natural, Honey နဲ့ Fully Washed တို့ရဲ့ ကွဲပြားတဲ့ coffee expressions သုံးမျိုးကို တစ်ခွက်ချင်းစီ ဖြည်းဖြည်းချင်း ရှာဖွေခံစား ဖို့ ဖိတ်​​ခေါ်လိုက်ပါတယ်ရှင်။ ။

Take time to taste the difference.

ကော်ဖီဆို မြန်မာပီပီ ချိုချိုဆိမ့်ဆိမ့်လေးမှ ကြိုက်တတ်သူလား? ☕✨Coffee Win ရဲ့  ရိုးရာနှပ်ကော်ဖီ က Arabica ကော်ဖီအရသာနဲ့ ...
14/07/2026

ကော်ဖီဆို မြန်မာပီပီ ချိုချိုဆိမ့်ဆိမ့်လေးမှ ကြိုက်တတ်သူလား? ☕✨

Coffee Win ရဲ့ ရိုးရာနှပ်ကော်ဖီ က Arabica ကော်ဖီအရသာနဲ့ ချိုမြိန်နူးညံ့တဲ့ creaminess ကို ပေါင်းစပ်ထားလို့ သောက်လိုက်တိုင်း လျှာပေါ်မှာ ကိုယ်ရင်းနှီးနေကျ အရသာလေးနဲ့ စိတ်ကျေနပ်စရာကောင်းနေရော ။

မနက်စောစောတစ်ခွက်၊
နေ့လယ်နားချိန်တစ်ခွက်—
ကိုယ်နှစ်သက်တဲ့ ချိုဆိမ့်ကော်ဖီအရသာကို အချိန်မရွေး ခံစားလိုက်ပါ။

အမြဲ​ရောက်ဖြစ်တဲ့ Coffee Eain - ကော်ဖီအိမ် က ဘယ်ဆိုင်ခွဲ​လေး ဖြစ်မလဲ ? Coffee Win-ကော်ဖီအိမ် ၂
08/07/2026

အမြဲ​ရောက်ဖြစ်တဲ့ Coffee Eain - ကော်ဖီအိမ် က ဘယ်ဆိုင်ခွဲ​လေး ဖြစ်မလဲ ?

Coffee Win-ကော်ဖီအိမ် ၂

ရန်ကုန် ကို  ​Coffee Eain - ကော်ဖီအိမ်  ပြန်လှမ်းလာပါပြီ ☕️
02/07/2026

ရန်ကုန် ကို ​Coffee Eain - ကော်ဖီအိမ် ပြန်လှမ်းလာပါပြီ ☕️

Hello Yangon! Coffee Eaîn is back. ☕✨

ဒီတစ်ခါတော့ ပိုကောင်းတဲ့ service၊ ပိုသပ်ရပ်တဲ့ experience နဲ့အတူ ပိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးဖို့ Coffee Eaîn ပြန်လည်ရောက်ရှိလာပါပြီ။

Yangon Specialty Coffee Hub မှာ Coffee Eaîn ရဲ့ ကိုယ်တိုင်လှော်ထားတဲ့ roasted beans တွေနဲ့အတူ specialty coffee ချစ်သူတွေအတွက် အရသာအသစ်၊ အတွေ့အကြုံအသစ်တွေကို ယူဆောင်လာခဲ့ပါတယ်ရှင်။

အခါအခွင့်သင့်လို့ လမ်းကြုံခဲ့ရင် Coffee Eaîn ရဲ့ specialty brews အသစ်တွေကို လာရောက်မြည်းစမ်းကြည့်ပါဦးရှင် ။
မတူညီတဲ့ coffee moment လေးတစ်ခု Coffee Eaîn အသစ်လေးမှာ ဖန်တီးကြည့်ဖို့ ဖိတ်ခေါ်ပါရစေရှင်။

Coffee Eaîn — Home in Every Cup
🕘 Open Daily — 9 AM to 6 PM
📍 Coffee Eaîn - Yangon Specialty Coffee Hub, The Secretariat Office
📞 Ph - 09885199714

Coffee Break ချိန်လေးဆိုတာ တနေ့တာလုံး ဦးနှောက်စားထားရသမျှတွေကို အနားယူလန်းဆန်းချိန်လေးပေါ့။  Coffee ဆိုလည်း မနေ့က အချို...
25/06/2026

Coffee Break ချိန်လေးဆိုတာ တနေ့တာလုံး ဦးနှောက်စားထားရသမျှတွေကို အနားယူလန်းဆန်းချိန်လေးပေါ့။ Coffee ဆိုလည်း မနေ့က အချိုကဲလေး သောက်ချင်ပေမယ့် ဒီနေ့တော့ ခါးခါးလေး သောက်ချင်တတ်တာမျိုး ဖြစ်တတ်ပြန်ပါတယ်။
ဘယ်လိုနေ့ ဘယ်လို Mood မျိုးမဆို ကိုယ့်အကြိုက်အလိုက် ဖျော်လို့ရတဲ့ Coffee Win ရဲ့ စိတ်တိုင်းကျကော်ဖီလေးက အလုပ်စားပွဲမှာ မရှိမဖြစ် ဆောင်ထားရတဲ့ထဲ ပါပါတယ်။




ော်ဖီဝင်း
#ကော်ဖီဝင်းမြန်မာ

📅တနေ့လုံး ရုံးရဲ့ busy schedule တွေကြားမှာ  ☕coffee break လေး ယူချိန်ဆို အမြဲ ရွေးချယ်ဖြစ်တာ Coffee Win ရဲ့ 3 in 1 သဘာဝ ...
22/06/2026

📅တနေ့လုံး ရုံးရဲ့ busy schedule တွေကြားမှာ
☕coffee break လေး ယူချိန်ဆို
အမြဲ ရွေးချယ်ဖြစ်တာ Coffee Win ရဲ့ 3 in 1 သဘာဝ နှပ်ကော်ဖီလေးပေါ့။
🌧တနေကုန် မိုးကအေးအေးနဲ့ လိုက်ဖက်ညီစွာ
☕နှပ်ကော်ဖီ ခပ်နွေးနွေးလေး တစ်ခွက်က
☕ ဖျော်လိုက်တာနဲ့ ရတဲ့ မွှေးကြိုင်မှု၊
☕ သောက်လိုက်တာနဲ့ ရတဲ့ စိတ်ကျေနပ်မှု —
ဒါတွေကပဲ ကျန်ရှိနေတဲ့ workday တစ်နေ့တာလုံးကို ပိုပြီး အဆင်ပြေသွား ချောမွေ့သွားစေတာပဲ။

Coffee Win ရဲ့ မေမြို့လှည်း နှပ်ကော်ဖီကို လူကြိုက်များရတဲ့ အကြောင်းရင်းတခုက ကော်ဖီကို မှာတဲ့အခါမှ လတ်လတ်ဆတ်ဆတ် နှပ်ဖျော်...
15/06/2026

Coffee Win ရဲ့ မေမြို့လှည်း နှပ်ကော်ဖီကို လူကြိုက်များရတဲ့ အကြောင်းရင်းတခုက
ကော်ဖီကို မှာတဲ့အခါမှ လတ်လတ်ဆတ်ဆတ် နှပ်ဖျော်ပေးလို့
ပိုမွှေးပြီး ‌သောက်လို့ကောင်းတယ်လို့ ဆိုကြတယ်။
ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် ဖျော်မှတော့ သိသိသာသာ ပိုကောင်းပြီပေါ့ ☕

#ကော်ဖီဝင်း
#မေမြိ

Address

Corner Of 67th Street & 105th Street
Mandalay
05041

Alerts

Be the first to know and let us send you an email when Coffee Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Coffee Win:

Shortcuts

Share

Category