Han River Korea BBQ & Restaurant

Han River Korea BBQ & Restaurant သန့်ရှင်းလတ်ဆတ်သော ကိုရီးယား အစားအစာ မျိုးစုံကို ရောင်းချနေပါတယ်ရှင့်
(344)

Han Riverမှာ ရောင်းနေတဲ့ မီနူးတွေထဲက 95%လောက်ကတော့မင်မင်ကြိုက်တဲ့ မီနူးလေးတွေပါ(ကိုယ်ကြိုက်တာ ကိုယ်ရောင်းတာပဲ😁)ကျန် 5%လေ...
31/08/2026

Han Riverမှာ ရောင်းနေတဲ့
မီနူးတွေထဲက 95%လောက်ကတော့
မင်မင်ကြိုက်တဲ့ မီနူးလေးတွေပါ
(ကိုယ်ကြိုက်တာ ကိုယ်ရောင်းတာပဲ😁)

ကျန် 5%လောက်ကတော့ မင်မင် မကြိုက်ပေမယ့်
တောင်းဆိုမှု များလို့ ရောင်းပေးတဲ့ မီနူးတွေပါ✌️

တောင်းဆိုမှု များလို့ ရောင်းပေးရတဲ့
မီနူးတွေထဲမှာ ခေါက်ဆွဲအေးလည်း အပါအဝင်ပါပဲ

ခေါက်ဆွဲဆို အရမ်း ကြိုက်တဲ့ မင်မင်က
ခေါက်ဆွဲအေးကိုတော့ လုံးဝ မစားတတ်ပါဘူး🚫
ခေါက်ဆွဲဆို ပူနေမှ စားတတ်တဲ့သူမို့
ခေါက်ဆွဲအေးအေးကြီးက မင်မင်နဲ့ ဘယ်လိုမှ
အဆင်မပြေပါဘူး🥲

ကိုယ် မစားတတ်တော့
သူများတွေလည်း မစားတတ်လောက်ဘူးထင်ပြီး
ခေါက်ဆွဲအေးကို တော်တော်နဲ့ မရောင်းခဲ့ဘူးရယ်🤧

အဲ နောက်ပိုင်းကျ အသိ ကိုရီးယားတွေကရော
Han Riverချစ်သူလေးတွေကပါ ခေါက်ဆွဲအေး တောင်းဆိုလို့ ရောင်းလိုက်တော့ ❓❓❓

ဟိုက်ရှားပါး ရောင်းကောင်းချက်ဆိုတာ💯

ကိုရီးယားတွေဆိုရင်
၄ယောက်လာ ခေါက်ဆွဲအေး ၄ပွဲ မှာကြတာမျိုး🤩

ကိုရီးယားဆန်တဲ့ Han Riverချစ်သူလေးတွေကလည်း ခေါက်ဆွဲအေး ပစ္စည်းပြတ်ရင်
စိတ်ဆိုးကြတာမျိုး🥺

ကိုရီးယားတွေကတော့ ခေါက်ဆွဲအေး အသုပ်ကို
ပို ရွေးတတ်ကြပြီး မြန်မာတွေကတော့ ခေါက်ဆွဲအေး အရည်ကို အစားများပါတယ်✌️

ခေါက်ဆွဲအေးမှာ သုံးတဲ့
ကိုရီးယားခေါက်ဆွဲလေး ဝယ်မရလို့
မင်မင်တို့ Han Riverမှာ ခေါက်ဆွဲအေးလေး
မရတာ အလစ်တဲလေး ကြာသွားပါတယ်🥺

ခေါက်ဆွဲအေး ချစ်သူလေးတွေ စိတ်ကောက်နေလို့
မင်မင် ကြိုးစားပမ်းစား ရှာလိုက်တော့
အလစ်တဲလေး ဝယ်လို့ရခဲ့ကြောင်း
ခေါက်ဆွဲအေး ချစ်သူများအား
သတင်းကောင်း ပါးလိုက်ပါတယ်ရှင်🥰

Han River Korea Restaurant
33Aလမ်း 68×69ကြား မန်းလေးမြို့
09787909898,09769994989
Open Daily-11AM to 9PM
Last Order- 8PM

ဒီနေ့ ဝါခေါင်လပြည့်နေ့ ဆိုင်ဖွင့်ပါတယ်ရှင့်ဟိုးရက်ပိုင်းက ရေပိုက်လိုင်းလေးတွေ ပြင်လို့၂ရက်ခွဲ ဆိုင်စား ပိတ်လိုက်တာ အခုထိ...
28/08/2026

ဒီနေ့ ဝါခေါင်လပြည့်နေ့ ဆိုင်ဖွင့်ပါတယ်ရှင့်

ဟိုးရက်ပိုင်းက ရေပိုက်လိုင်းလေးတွေ ပြင်လို့
၂ရက်ခွဲ ဆိုင်စား ပိတ်လိုက်တာ

အခုထိ ဆိုင်စား မရသေးဘူးထင်ပြီး
ဆိုင်စားပြန်ရပြီလားလို့ မေးနေကြတဲ့
ကာကာလေးတွေ ရှိနေလို့

ဆိုင်စား/ပါဆယ်/Deli အားလုံး ရပါတယ်နော်

မီနူးအနေနဲ့ဆိုရင်လည်း ခေါက်ဆွဲအေးကလွဲပြီး
ကျန်မီနူးတွေ အစုံ ရပါတယ်ရှင့်

Han River Korea Restaurant
33Aလမ်း 68×69ကြား မန်းလေးမြို့
09787909898, 09769994989
Open Daily- 11AM to 9PM
Last Order- 8PM

စံချိန်တင်သွားသော ဝက်ခြေထောက်ကင်မ်ချီဟင်းရည်လေး🍲တခြားဆိုင်တွေတော့မသိဘူးမင်မင်တို့ Han Riverလေးရဲ့ အထာကတော့မီနူးအသစ် စထုတ...
20/08/2026

စံချိန်တင်သွားသော
ဝက်ခြေထောက်ကင်မ်ချီဟင်းရည်လေး🍲

တခြားဆိုင်တွေတော့မသိဘူး
မင်မင်တို့ Han Riverလေးရဲ့ အထာကတော့
မီနူးအသစ် စထုတ်ထုတ်ချင်းမှာ
ရောင်းကောင်းတယ်ဆိုတာ မရှိခဲ့ဖူးပါဘူး🥹

အခု လူကြိုက်အရမ်းများနေတဲ့
ဝက်ကျောရိုးမုန်ညင်းစိမ်းဟင်းရည်ဆိုလည်း
မီနူးအသစ်အနေနဲ့ စထုတ်တုန်းက
အစပိုင်းမှာ မရောင်းရခဲ့ပါဘူး

နောက်ပိုင်းမှ တဖြည်းဖြည်းချင်း
လူသိများပြီး လူကြိုက်များလာခဲ့တာပါ✌️

အဲ ဒါပေမယ့် အခုတစ်ခေါက် ထုတ်လိုက်တဲ့
ဝက်ခြေထောက်ကင်မ်ချီဟင်းရည်လေးကတော့
စရောင်းတဲ့နေ့မှာကတည်းက ညနေတောင်မစောင်းသေးဘူး အကုန်ကုန် 🤩

နောက်ရက်တွေ ပိုချက်တော့လည်း
ချက်သလောက်ကုန်👏

ဝက်ခြေထောက်ကင်မ်ချီဟင်းရည်လေးကို
အားပေးကြသူတွေထဲမှာ မှတ်မှတ်ရရ ဖြစ်နေတဲ့
သူတစ်ယောက်ရှိပါတယ်😍

ဝက်ခြေထောက်ကင်မ်ချီဟင်းရည်လေးကို
သမီးလေးနဲ့အတူ လာသောက်ပြီး အပြန်မှာ
ဝက်ခြေထောက်လေး စားကောင်းတယ်နော်လို့
ပြုံးပြုံးလေးနဲ့ တကူးတက ပြောပေးသွားတဲ့
အန်တီ့ကိုတော့ မင်မင်ရော မင်မင့်ညီမလေးတွေရောက တကယ် မေ့လို့မရပါဘူး🫶

မီနူးအသစ် ထုတ်ပြီဆို
မင်မင်ရော ချက်တဲ့ စားဖိုမှူးအပါအဝင်
တစ်ဆိုင်လုံး ရင်တထိတ်ထိတ်ပါပဲ🥹

မီနူးအသစ် မှာတဲ့ဝိုင်းဆို မင်မင်ကအစ
အဆင်ပြေရဲ့လားဆိုပြီး လှမ်းလှမ်းကြည့်ဖြစ်ပါတယ်

အခုလို စားကောင်းကြောင်းကို တကူးတက
ပြုံးပြုံးလေး ပြောပြီး ပြန်သွားတော့ မင်မင် တကယ် အားရှိရပါတယ် အန်တီရယ်🙏

အန်တီကတော့ ပြောပြီး ပြန်သွားတာပဲ
မင်မင်တို့ တစ်ဆိုင်လုံးကတော့ ပျော်ပြီး ကျန်ခဲ့တာပါ

နောက်ထပ် မီနူးအသစ်အသစ်တွေ ထုတ်ဖို့
အားဖြစ်စေလို့ ကျေးဇူးအများကြီးတင်ပါတယ် အန်တီ

ဝက်ခြေထောက်ကင်မ်ချီဟင်းရည်လေးကို
မီနူးအသစ် ထုတ်ထုတ်ချင်းမှာ
ယုံယုံကြည်ကြည်နဲ့ အားပေးကြတဲ့
တစ်ယောက်ချင်းကို တကယ် ကျေးဇူးတင်ပါတယ်ရှင့်

Han River Korea Restaurant
33Aလမ်း 68×69ကြား မန်းလေးမြို့
09787909898,09769994989
Open Daily- 11AM to 9PM
Last Order- 8PM

ပို ကောင်းတဲ့ အသစ်ကို ပို ချစ်တဲ့ အဟောင်းနဲ့ မလဲနိုင်ဘူးတဲ့ရှင်မင်းလေးက ❤Han River Fanလေးတွေလည်း ရှင်မင်းနဲ့ အတူတူပဲထင်တ...
18/08/2026

ပို ကောင်းတဲ့ အသစ်ကို
ပို ချစ်တဲ့ အဟောင်းနဲ့ မလဲနိုင်ဘူးတဲ့
ရှင်မင်းလေးက ❤

Han River Fanလေးတွေလည်း
ရှင်မင်းနဲ့ အတူတူပဲထင်တယ်ရော

မီနူးအသစ် ဝက်ခြေထောက်ကင်မ်ချီဟင်းရည်လေး
ထွက်ထားရဲ့သားနဲ့ ဝက်ကျောရိုးမုန်ညင်းစိမ်းဟင်းရည်လေးကိုပဲ တမ်းတမ်းတတ မေးကြတာတော့

ဒီရက်ပိုင်း ဒေသတစ်ချို့မှာ ရေကြီးရေလျှံဖြစ်နေတော့ဝက်ကျောရိုးဟင်းရည်မှာ သုံးတဲ့ အရွက်လေး ဝယ်မရလို့ ၃ရက်လောက် ဝက်ကျောရိုးဟင်းရည်လေး မရလိုက်တာကို

ဝက်ကျောရိုးဟင်းရည်ပဲ သောက်ချင်တာဆိုပြီး
မီနူးအသစ်(ဝက်ခြေထောက်ကင်မ်ချီဟင်းရည်)ကို
ပလစ်တာနော် ရှင်မင်းကျနေတာပဲ 😁

အသားလွှာစက်လေးပျက်သွားလို့
အပြင်ဆိုင် ပို့ထားတဲ့ ၂ရက်လောက်မှာ
ဝက်ဆလတ်မရဘဲ ဖြစ်သွားတော့လည်း

ဝက်ဆလတ် မရလို့တဲ့ ဘာမှ မစားဘဲ ပြန်ကြတဲ့
ဝက်ဆလတ် ချစ်သူတွေက တစ်ဖွဲ့🥲

ဆိုင်မှာ လူကြိုက်များတဲ့
ဝက်ကျောရိုးမုန်ညင်းစိမ်းဟင်းရည်လေးရယ်
ဝက်ဆလတ်လေးရယ် တစ်ပြိုင်နက်တည်း မရတော့
မင်မင်တို့မှာ ရောင်းရတာ မျက်နှာလေးကို ငယ်လို့💔

အခုတော့ ၂မျိုးလုံး ပြန်ရပါပြီနော်👏

ဝက်ကျောရိုးဟင်းရည်ချစ်သူတွေရယ်
ဝက်ဆလတ်ချစ်သူတွေရယ်
ပြန်လာခဲ့တော့နော်

Han River Korea Restaurant
33Aလမ်း 68×69ကြား မန်းလေးမြို့
09787909898,09769994989
Open Daily-11AM to 9PM
Last Order-8PM

နတ်ဖွက်ထားတာ မဟုတ်ဘဲမင်မင် ဖွက်ထားတဲ့ မီနူးလေး❤(Aug 17ရက်နေ့ကနေ Aug 19ရက်နေ့အထိ ၃ရက်တိတိ 10% Off🎉🎉🎉)ဒီ ဟင်းရည်လေးကိုတော့...
17/08/2026

နတ်ဖွက်ထားတာ မဟုတ်ဘဲ
မင်မင် ဖွက်ထားတဲ့ မီနူးလေး❤

(Aug 17ရက်နေ့ကနေ Aug 19ရက်နေ့အထိ
၃ရက်တိတိ 10% Off🎉🎉🎉)

ဒီ ဟင်းရည်လေးကိုတော့ မင်မင် ကြိုက်လွန်းလို့
ကိုယ် စားချင်တဲ့အခါတိုင်း အများကြီး ပို လုပ်ပြီး
ချစ်ခင်ရတဲ့ မင်မင့် မိတ်ဆွေတွေဆီကို
ပို့ပေးလေ့ရှိပါတယ်🍱

ဒီဟင်းရည်လေးကို စားဖူးတဲ့ မိတ်ဆွေတိုင်းကလည်း ကြိုက်ကြတယ်😍

အရမ်း ရင်းနှီးတဲ့ မိတ်ဆွေတွေက မင်မင့်ကို
ဘယ်လိုတောင် ပြောလဲဆိုရင်

ဒီလောက် ကောင်းတာကို မရောင်းဘဲ
သူတို့ချည်း တိတ်တိတ်လေး စားနေတာလားတဲ့😁

သူတို့ခမျာ ကြိုက်လို့ ဝယ်စားချင်ရင်တောင်
ဆိုင်မှာ ရောင်းတဲ့ မီနူး မဟုတ်တော့
စားချင်တဲ့ အချိန်တိုင်း မစားရရှာ💔

မင်မင်နဲ့ ရင်းနှီးမှ စားရတဲ့
မင်မင် ဖွက်ထားတဲ့ မီနူးတွေမှ များကြီးပဲ😬

အားလုံးလည်း ကြိုက်ကြမယ် ထင်လို့
အခုတော့ ဒီ ဟင်းရည်လေးကိုထုတ်ပြလိုက်ပြီနော်

မင်မင်က ဒီ ဟင်းရည်လေးကို
ဝက်ခြေထောက်ကင်မ်ချီဟင်းရည်လို့
နာမည် ပေးထားပါတယ်

ဝက်ဒူးဆစ်နဲ့ ဝက်ခြေထောက်လေးတွေကို
အိအိလေး ပေါင်းထားပြီး
ကင်မ်ချီဖတ်အကြီးကြီးတွေနဲ့
အရည်သောက်လေး ချက်ထားတာမို့

ချဥ်စပ်ဟင်းရည်လေး ကြိုက်တယ်ဆိုရင်
သဘောခွေ့မှာ အသေအချာပါပဲ💯

ဒီ ဟင်းရည်လေးကို မီနူးအနေနဲ့ ရောင်းဖို့
တွေးနေခဲ့တာလည်း ကြာပြီ
မီနူးစာအုပ်ထဲ ထည့်ထားတာလည်း ကြာပြီရယ်

မရောင်းသေးပေမယ့် ဒါလေး သောက်ချင်တာ
ဘယ်တော့ ရမှာလဲလို့ မီနူးပုံလေး လက်ညှိုးထိုး
မေးနေတဲ့ ကာကာလေးတို့ရေ အခု ရပြီနော်✌️

Han River Korea Restaurant
33Aလမ်း 68×69ကြား မန်းလေးမြို့
09787909898,09769994989
Open Daily-11AM to 9PM
Last Order- 8PM

အရင်ကတော့ ကိုရီးယားဟင်းရည်လို့ ပြောလိုက်တာနဲ့ ပရိတ်သတ်ကြီး အယောက် 100ရဲ့ အဖြေက👉ကင်မ်ချီဟင်းရည်ပါ👈ဒါပေမယ့် အခုတော့ မဟုတ်တ...
10/08/2026

အရင်ကတော့ ကိုရီးယားဟင်းရည်လို့ ပြောလိုက်တာနဲ့ ပရိတ်သတ်ကြီး အယောက် 100ရဲ့ အဖြေက
👉ကင်မ်ချီဟင်းရည်ပါ👈

ဒါပေမယ့် အခုတော့ မဟုတ်တော့ပါဘူးနော်🚫

Hanover Soupလို့လည်းခေါ်တယ်
အရက်သမားဟင်းရည်လို့လည်းခေါ်တယ်
ဟယ်ဂျန်းဂုလို့လည်း ခေါ်တဲ့ ဒီ ဟင်းရည်လေးက
ကင််မ်ချီဟင်းရည်နဲ့ အပြိုင် လူကြိုက်များတဲ့ ဟင်းရည်လေး ဖြစ်လာခဲ့ပါပြီ✌️

မင်မင်ကတော့ ဒီ ဟင်းရည်လေးကို
ဝက်ကျောရိုးမုန်ညင်းစိမ်းဟင်းရည်လို့
နာမည်ပေးထားပါတယ် 😍

ဟိုနေ့က စျေးကအပြန်
ဗိုက်ဆာဆာနဲ့ ဆိုင်ထဲအဝင်
ဝိုင်းတိုင်းနီးပါး ဝက်ကျောရိုးဟင်းရည်လေး
သောက်နေကြတော့ ဒီ မင်မင်လည်း မနေနိုင်တော့ဘူး

ချက်ချင်းပဲ တစ်ပွဲ မှာသောက်ရတယ်
(အရမ်း သွားရေကျနေလို့🥴)

တကယ်တကယ် ကိုယ့်ဆိုင်က ဟင်းကို
ကိုယ် ပြန်ကြွေမိတာ ခဏခဏပါပဲ 🫶

ဝက်ကျောရိုးလေးကို နူးအိနေအောင် ပြုတ်ထားပြီး
မုန်ညင်းစိမ်းရွက်လေးတွေနဲ့ ဟင်းရည်အရသာလေးကမြန်မာပါးစပ်နဲ့ ကွက်တိ 💯

ကိုရီးယားအရသာမှီလို့
ကိုရီးယားလူမျိုးတွေကိုယ်တိုင် ချီးကျူးထားတဲ့
ဒီ ဟင်းရည်လေးကို မသောက်ဖူးသေးရင်
သောက်ကြည့်ပါဦးလို့ 🤩

သောက်မိလို့ ကြိုက်သွားရင်တော့
Han Riverက တာဝန်ယူပါ့မယ်ရှင်😁

Han River Korean Restaurant
33Aလမ်း 68×69ကြား မန်းလေးမြို့
09787909898,09769994989
Open Daily- 11AM to 9PM
Last Order- 8PM

ဒီနေ့(Aug9)ရက်နေ့ကစပြီး ဆိုင်စား/ပါဆယ်/Deliအားလုံး ပုံမှန်အတိုင်း ပြန်ရပါပြီရှင့်🤩ဆိုင် ထိုင်စား ၂ရက် ပိတ်လိုက်တဲ့အချိန်...
09/08/2026

ဒီနေ့(Aug9)ရက်နေ့ကစပြီး
ဆိုင်စား/ပါဆယ်/Deli
အားလုံး ပုံမှန်အတိုင်း ပြန်ရပါပြီရှင့်🤩

ဆိုင် ထိုင်စား ၂ရက် ပိတ်လိုက်တဲ့အချိန်မှာ
သိလိုက်ရတာက Han Riverချစ်သူလေးတွေက
ပါဆယ်/Deliကို %Offပေးထားလည်း

ဆိုင်စားကိုပဲ မက်မက်မောမော
စားချင်ကြတယ်ဆိုတာပါပဲ

ဆိုင်ရှေ့ထိ ရောက်လာပြီးမှ
ဆိုင်ထိုင်စား ပိတ်ထားတယ်ပြောလို့
ပြန်သွားကြတဲ့ ကာကာလေးတွေကို
တကယ် အားနာမိပါတယ်😢

ဒီနေ့ကစပြီး ဆိုင် ထိုင်စား ပြန်ရပြီမို့
ဆိုင်မှာ အရံဟင်း စုံစုံလင်လင်လေးနဲ့
ပူပူနွေးနွေး အရသာရှိရှိလေး စားဖို့
Han Riverကို လာခဲ့နော်🫰

Han River Korea Restaurant
33Aလမ်း 68×69ကြား မန်းလေးမြို့
09787909898,09769994989
Open Daily- 11AM to 9PM
Last Order- 8PM

မီနူး အားလုံး ပါဆယ်နဲ့ Deli 10% Off🎉🎉🎉မင်မင်တို့ Han Riverဆိုင်လေး ရေလိုင်းလေးတွေ ပြင်စရာရှိနေလို့ ဒီနေ့ Aug 7နဲ့ Aug 8ရ...
07/08/2026

မီနူး အားလုံး ပါဆယ်နဲ့ Deli 10% Off🎉🎉🎉

မင်မင်တို့ Han Riverဆိုင်လေး ရေလိုင်းလေးတွေ ပြင်စရာရှိနေလို့ ဒီနေ့ Aug 7နဲ့ Aug 8ရက် (၂ရက်တိတိ)
ဆိုင် ထိုင်စားလေး မရသေးပါဘူးရှင့်😢

ပါဆယ်နဲ့ Deliတော့ ရပါမယ်နော်🛵

ပါဆယ်နဲ့ Deliကိုလည်း ဆိုင်စားလေးအတိုင်း
အရံဟင်း ကင်မ်ချီ အချိုပွဲ(ဖရဲသီး) အစုံ ထည့်ပေးပါတယ်ရှင့်🍱

Aug 7&8 နှစ်ရက်လုံးလုံး ပါဆယ်နဲ့ Deliကို 10%Off ပေးမှာမို့ ကိုရီးယားစာလေး စားချင်ရင် Han Riverလေးကို သတိရပေးပါဦးနော်✌️

(မှတ်ချက်- Page Messengerကနေ စာပြန်လို့မရလို့
ဖုန်းဆက်ပြီး မှာပေးပါနော် 🙏)

Han River Korea Restaurant
33Aလမ်း 68×69ကြား မန်းလေးမြို့
09787909898, 09769994989
Open Daily- 11AM to 9PM
Last Order- 8PM

Han Riverမှာ ရနိုင်တဲ့ ကြက်ကြော် အရသာ(၇)မျိုးထဲမှာ Spicy Chickenကို လူကြိုက်အများဆုံးလို့ ထင်နေတုန်းပဲလား??? Spicy Chick...
31/07/2026

Han Riverမှာ ရနိုင်တဲ့ ကြက်ကြော် အရသာ(၇)မျိုးထဲမှာ Spicy Chickenကို လူကြိုက်အများဆုံးလို့ ထင်နေတုန်းပဲလား???

Spicy Chickenနဲ့အတူ ပူးတွဲချန်ပီယံဆုကို ဆွတ်ခူးထားတာကတော့ Soy Sauce Chickenလေးပါ🍗

Soy Sauce Chickenကို ကြိုက်တဲ့သူကျတော့လည်း Spicy Chickenထက် ပို ကြိုက်တယ်ဆိုပဲ🫰

လူအများစုက အများအားဖြင့် Spicy Chickenကို ရွေးတတ်ကြပေမယ့် Soy Sauce Chicken Loverတွေနဲ့ တွေ့ရင် Spicy Chickenဆိုတာကလည်း အရွေးမခံရတဲ့ အပယ်ခံလေး ဖြစ်သွားရော🥴

အနံ့လေးကလည်း ရှယ်မွှေး
အရသာလေးကလည်း ဆိမ့်ဆိမ့်လေးနဲ့ တမူထူးနေမှတော့ Soy Sauce Chickenကို စွဲလမ်းကြတာလည်း မဆန်းပါဘူးလေ😋

Soy Sauce Chicken Loverတွေအတွက်
Soy Sauce Chickenလေး ပြန်ရနေပါပြီနော်✌️

Han River Korea Restaurant
33Aလမ်း 68×69ကြား မန်းလေးမြို့
09787909898, 09769994989
Open Daily- 11AM to 9PM
Last Order- 8PM

ဒုတိယဝါဆိုလပြည့်နေ့(July 29)ဆိုင်ဖွင့်ပါတယ်ရှင့်ဟိုရက်ပိုင်းက ဝက်လက်/ ဘိုဆာမ်း မရလို့ဆိုပြီး ဘာမှ မစားဘဲ ပြန်သွားကြတဲ့ အ...
28/07/2026

ဒုတိယဝါဆိုလပြည့်နေ့(July 29)
ဆိုင်ဖွင့်ပါတယ်ရှင့်

ဟိုရက်ပိုင်းက ဝက်လက်/ ဘိုဆာမ်း မရလို့ဆိုပြီး
ဘာမှ မစားဘဲ ပြန်သွားကြတဲ့ အဖွဲ့လေး ပြန်လာခဲ့တော့နော်😍😍😍

တကယ် တကယ် အဲ့ ခံစားချက်ကို
ကောင်းကောင်းကြီး သိတယ် 🥹

ကိုယ်က အဲ့တာကို စားချင်လို့ အဲ့ဆိုင်ကို သွားတာ
အဲ့ဆိုင်က အရသာကိုပဲ ကြိုက်တာ
ဆိုင်ရောက်တော့မှ အဲ့မီနူး မရဘူးဆိုတာ
သိလိုက်ရရင် အသည်းကွဲသလိုကြီး ခံစားရတာ
Foodiesတွေပဲ နားလည်တယ် 💔

Foodiesစစ်စစ်တွေ အစားအသောက်ပေါ်မှာ ထားတဲ့
နောက်ထပ် သစ္စာတရားတစ်ခုကတော့ စားချင်တာမှ
မရရင် တခြား ဘာမှ မစားဘူးဆိုတာပဲ💯

ဟိုရက်ပိုင်းက ဝက်လက်/ဘိုဆာမ်းမှာ သုံးတဲ့
ကိုရီးယားကုန်ကြမ်းတစ်မျိုး ပြတ်သွားလို့

ရက်ပိုင်းလောက် ဝက်လက်/ဘိုဆာမ်း မရဘဲ
ဖြစ်သွားပါသေးတယ်😢

အဲ့အချိန်မှာ ဝက်လက်မှ ဝက်လက်
ဘိုဆာမ်းမှဘိုဆာမ်း စားချင်တဲ့ အဖွဲ့လေးတွေ
ဆိုင်ရောက်ပြီးမှ ပြန်ပြန်သွားကြတော့

Foodieမင်မင် ကိုယ်ချင်းစာပြီး
စိတ်မကောင်းဖြစ်မိတယ်ရော😭

မင်မင်လည်း ကိုယ် စားချင်တာ မရရင်
တခြား ဘာမှ မစားပဲ ပြန်တတ်တဲ့ အကျင့်လေးရှိတယ်

သွေးတောင်းနေတာလေး စားရမှ
နေသာထိုင်သာရှိပြီး စိတ်ကြည်တတ်တဲ့ သူမျိုးမို့
ဗိုက်ပြည့်ပြီးရော ရတာကို မစားတတ်ဘူးရယ်🥴

အခုတော့ ကုန်ကြမ်းတွေ အလစ်တဲလေး ရောက်ပြီမို့
Han Riverမှာ မီနူးအားလုံးနီးပါး ပြန်ရနေပါပြီ👏
ကိုရီးယားစာလေးတွေ သွေးတောင်းနေရင်
Han Riverကို သတိရပေးနော်🫰

Han River Korea Restaurant
33Aလမ်း 68×69ကြား မန်းလေးမြို့
09787909898, 09769994989
Open Daily-11AM to 9PM
Last Order- 8PM

Address

33A Street, Between 68 & 69 Street
Mandalay
111

Opening Hours

Monday 10:30 - 21:00
Tuesday 10:30 - 21:00
Wednesday 10:30 - 21:00
Thursday 10:30 - 21:00
Friday 10:30 - 21:00
Saturday 10:30 - 21:00
Sunday 10:30 - 21:00

Telephone

+959787909898

Website

Alerts

Be the first to know and let us send you an email when Han River Korea BBQ & Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Han River Korea BBQ & Restaurant:

Shortcuts

Share

Category