KT Bakery

Call Directions

KT Bakery Crepe cakes,cupcakes,pizzaနှင့် ကိတ်အမျိုးမျိုးကို စိတ်တိုင်းကျမှာယူနိုင်ပါပီ
(359)

KT bakery ရဲ့ မွေးနေ့ကိတ်လေးတွေကို ယုံကြည်စိတ်ချစွာ မှာယူပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ...
15/10/2026

KT bakery ရဲ့ မွေးနေ့ကိတ်လေးတွေကို ယုံကြည်စိတ်ချစွာ မှာယူပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ 💕

ချစ်ရသူရဲ့ မွေးနေ့ပွဲတွေတင်မကဘဲ...

💍 တစ်သက်မှာ တခါပဲ ရှိတဲ့ မင်္ဂလာပွဲ၊ စေ့စပ်ပွဲများ (Catering Service)

🎉 နှစ်ပတ်လည်နေ့နှင့် အထိမ်းအမှတ်ပွဲများ

❤️ အရေးကြီးတဲ့ အမှတ်တရ ရက်စွဲတိုင်း စသဖြင့်

ချစ်ရသူတွေကို Surprise လုပ်ချင်တဲ့ "အရေးကြီးတဲ့ ရက်တိုင်း" အတွက် KT bakery က အမြဲ အသင့်ရှိနေမှာပါ။ 🥰

အကောင်းဆုံး အရသာနဲ့ အလှပဆုံး ဒီဇိုင်းတွေကို KT bakery မှာ စိတ်ကြိုက် မှာယူနိုင်ပါပြီ။

အသေးစိတ်ကို အနုစိတ် ဖန်တီးပေးတာမို့ ပွဲတိုးပြီး မျက်နှာပွင့်စေမှာ အသေအချာပါပဲ။

⏳အလတ်ဆတ်ဆုံးနဲ့ အသန့်ရှင်းဆုံး အရသာကို ပေးစွမ်းချင်တာကြောင့် (၁) ရက်ကြိုတင် မှာယူပေးဖို့တော့ လိုပါမယ်ရှင်။

အော်ဒါတင်ရန် သို့မဟုတ် အသေးစိတ် စုံစမ်းရန် Page Messenger ကနေ အခုပဲ ဆက်သွယ်နိုင်ပါပြီ။ 📲

သန်ဘက်ခါ (၁၃.၁၀.၂၀၂၆) မှာ ချောကလက်ချစ်သူတွေ အတွက်  ရွေးချယ် လို့ရအောင် Premium အရသာ ပေးစွမ်းတဲ့ choco bun လေး နဲ့ ရာသီပေ...
11/10/2026

သန်ဘက်ခါ (၁၃.၁၀.၂၀၂၆) မှာ ချောကလက်ချစ်သူတွေ အတွက် ရွေးချယ် လို့ရအောင် Premium အရသာ ပေးစွမ်းတဲ့ choco bun လေး နဲ့ ရာသီပေါ် အသီးဖြစ်တဲ့ ထောပတ်သီး ကို လတ်လတ်ဆတ်ဆတ် နဲ့ အရသာ ဆိမ့်ဆိမ့်လေး နဲ့ စားလို့ ကောင်းတဲ့ avocado crepe အတွက် အော်ဒါလေး ကြိုကောက်ပေးပါရစေရှင့်။ 🍫✨

အချိုကြိုက်သူတွေတင်မကဘဲ တကယ့် Chocolate အရသာအစစ်ကိုမှ ကြိုက်နှစ်သက်တဲ့ လူတွေ ပါ အသည်းစွဲဖြစ်သွားစေမယ့် Menu လေးတွေမို့ အမြန်ဆုံး လှမ်းမှာလိုက်တော့နော်။

🤎 🍫 Choco Bun – 10,000 Ks
ဒီတိုင်း Bun မဟုတ်ဘူးနော်... Chocolate Lover တွေအကြိုက် ဖန်တီးထားတဲ့ Double Chocolate အရသာလေး! နူးညံ့ပြီး ဂျုံသားအိစက်နေတဲ့ Bun ထဲမှာ အိစိမ့်နေတဲ့ Dark Choco ခရင်မ်တွေအပြည့် ညှစ်ထည့်ပေးထားပါတယ်။ အပေါ်ကနေလည်း Rich ဖြစ်တဲ့ Chocolate တွေနဲ့ ထပ်ပြီး Coat လုပ်ပေးထားလို့ ကိုက်လိုက်တိုင်း နှုတ်ခမ်းဘေးမှာပါ ပေကျံသွားမယ့် Messy Style စားကောင်းခြင်းမျိုး။ အရသာက အရမ်းမချိုဘဲ အရည်အသွေးမြင့် Choco ရဲ့ စွဲမက်စရာ Rich ဖြစ်တဲ့ အရသာကို ပေးစွမ်းမှာပါ။

🥑 Avocado Crepe — ၈,၀၀၀ ကျပ်
လတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ ထောပတ်သီးအနှစ်စစ်စစ်ကို နူးညံ့အိစက်နေတဲ့ crepe မုန့်သားနဲ့ ရောထွေးပီး အဆိမ့်အရသာလေး နဲ့ ပြုလုပ်ထားတာ မို့ အီစိမ့်မနေဘဲ လတ်ဆတ်ပြီး စားလိုက်တာ နဲ့ ပါးစပ်ထဲ ပျော်ဝင်သွားပီး စားလို့ကောင်းတဲ့ မုန့်လေးပါနော် ..

✨ Order တင်ရန် အသေးစိတ် ✨
ရမယ့်ရက်: ၁၃ ရက်နေ့ (အင်္ဂါနေ့)

premium quality တွေ ပဲ သုံးစွဲ ပေးထားတာ မို့ လူမျိုး ဘာသာ မရွေး အားပေးသုံးဆောင်နိုင်ပါ တယ်ရှင်

အော်ဒါကို Page Chatbox ကနေဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ အခုကတည်းက စာရင်းပေးသွင်းနိုင်ပါပြီရှင့်။
(မုန့်တွေကို အကောင်းဆုံးနဲ့ အလတ်ဆတ်ဆုံး ရစေချင်လို့ အကန့်အသတ်နဲ့ပဲ လုပ်မှာမို့ လက်မနှေးဖို့တော့ လိုမယ်နော် 🥰)

🎂 **သီတင်းကျွတ်မှာ ချစ်ခြင်းမေတ္တာတွေနဲ့အတူ ကိတ်မုန့်လေးတွေ လက်ဆောင်ပေးကြမယ်။** 🏮✨သီတင်းကျွတ်အခါသမယမှာ မိဘ၊ ဘိုးဘွား၊ ဆရ...
09/10/2026

🎂 **သီတင်းကျွတ်မှာ ချစ်ခြင်းမေတ္တာတွေနဲ့အတူ ကိတ်မုန့်လေးတွေ လက်ဆောင်ပေးကြမယ်။** 🏮✨

သီတင်းကျွတ်အခါသမယမှာ မိဘ၊ ဘိုးဘွား၊ ဆရာသမားနဲ့ လူကြီးသူမတွေကို ဂါရဝပြုကန်တော့ဖို့ အမှတ်တရလက်ဆောင်လေး ရှာနေပြီလား?

ဒီနှစ်သီတင်းကျွတ်မှာတော့ ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုတွေကို KT Bakery ရဲ့ အရသာရှိတဲ့ ကိတ်မုန့်လေးတွေနဲ့အတူ ဖော်ပြလိုက်ပါ။ 🎁💛

🎂 **KT Bakery မှာ သီတင်းကျွတ်အတွက် ကိတ်မုန့်များကို ကြိုတင်မှာယူနိုင်ပါပြီ။**

✅ မိဘ၊ ဘိုးဘွားနှင့် လူကြီးသူမများကို ဂါရဝပြုလက်ဆောင်ပေးရန်

✅ ဆရာ၊ ဆရာမများအား သီတင်းကျွတ်အမှတ်တရ လက်ဆောင်ပေးရန်

✅ ရုံး၊ ကျောင်း၊ Company များမှ ဝန်ထမ်းများနှင့် လုပ်ဖော်ကိုင်ဖက်များအား လက်ဆောင်ပေးရန်

✅ လုပ်ငန်းရှင်များမှ မိတ်ဖက်လုပ်ငန်းများနှင့် Customer များအား လက်ဆောင်ပေးရန်

🏢 **ရုံး၊ ကျောင်းနှင့် Company များအတွက်လည်း သီးသန့် Order များ လက်ခံဆောင်ရွက်ပေးနေပါပြီ။**

အဖွဲ့အစည်းအလိုက် အရေအတွက်များများ မှာယူလိုသူများအတွက်လည်း လိုအပ်ချက်အပေါ်မူတည်ပြီး ကြိုတင်ညှိနှိုင်းမှာယူနိုင်ပါတယ်ရှင့်။

သီတင်းကျွတ်မှာ ကိုယ်ချစ်ရတဲ့သူတွေဆီ အမှတ်တရလက်ဆောင်လေး ပေးချင်တယ်ဆိုရင်တော့ KT Bakery မှာ အခုပဲ ကြိုတင်မှာယူလိုက်ပါနော်။ 🥰

📍 **လိပ်စာ**
အမှတ် (၁၆၅/၁၇)၊ ၈၄ လမ်း၊ ၃၁ × ၃၂ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

📞 **မှာယူရန် ဆက်သွယ်နိုင်သော ဖုန်းနံပါတ်များ**
09 974 025 625
09 770 119 455

🎂 “မေမေ… ဒီနှစ် မွေးနေ့ကိတ်က ဘာပုံလေးလဲဟင်?”မွေးနေ့နီးလာတိုင်းသားသားမီးမီးလေးတွေက သူတို့အကြိုက်ဆုံး ကာတွန်းဇာတ်ကောင်လေးတ...
01/10/2026

🎂 “မေမေ… ဒီနှစ် မွေးနေ့ကိတ်က ဘာပုံလေးလဲဟင်?”
မွေးနေ့နီးလာတိုင်း
သားသားမီးမီးလေးတွေက သူတို့အကြိုက်ဆုံး ကာတွန်းဇာတ်ကောင်လေးတွေ၊ စိတ်ကူးထဲက ကိတ်မုန့်လေးတွေအကြောင်း ပြောရင်း ရင်ခုန်စွာနဲ့ စောင့်မျှော်နေတတ်ကြပါတယ်။ 🥹💕
ပြီးတော့… မွေးနေ့ရောက်တဲ့နေ့မှာ
ကိတ်မုန့်ဘူးလေးကို ဖွင့်လိုက်တဲ့အချိန်
“ဟာ… ဒါ ငါကြိုက်တဲ့ဟာကြီး!” 😍
ဆိုပြီး မျက်လုံးလေးတွေ တောက်ပသွားတာ၊
အံ့အားသင့်ပြီး လက်ခုပ်တီးမက ဖြစ်သွားတဲ့
အဲ့ဒီမျက်နှာလေးကို မြင်လိုက်ရတဲ့အချိန်…
မိဘတွေအတွက်တော့ ကိတ်မုန့်တစ်လုံးထက် ပိုတန်ဖိုးရှိတဲ့ ပျော်ရွှင်မှုတစ်ခုပါပဲ။ ❤
တကယ်တော့…
ကလေးတွေဟာ ဒီအရွယ်လေးမှာပဲ ကလေးဖြစ်ခွင့်ရတာပါ။
ဒီနေ့ သူတို့အရမ်းကြိုက်နေတဲ့ Character လေးက
နောက်နှစ်မှာ သူတို့အကြိုက်မဟုတ်တော့နိုင်ပါဘူး။
ဒါပေမယ့် ဒီနေ့ရဲ့ ပျော်ရွှင်မှု၊ ဒီမွေးနေ့ရဲ့ အမှတ်တရ၊ မိဘတွေက သူတို့အတွက် ဖန်တီးပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေကတော့… သူတို့ရဲ့ ကလေးဘဝထဲမှာ အမြဲကျန်နေမှာပါ။ 🥹💕
🎂 ကလေးတစ်ယောက်ရဲ့ ကလေးဘဝဆိုတာ တစ်ခါပဲရတာမို့…
ဒီနှစ်မွေးနေ့မှာ
သူ့စိတ်ကူးထဲက အိပ်မက်လေးတစ်ခုကို
ကိတ်မုန့်လေးတစ်လုံးနဲ့ အကောင်အထည်ဖော်ပေးလိုက်ပါ။ ✨
KT Bakery မှာ သားသားမီးမီးတို့ရဲ့ စိတ်ကူးထဲက
ရောင်စုံ Cartoon Character ဒီဇိုင်းလေးတွေကနေစပြီး
စိတ်ကြိုက်ပုံစံ Custom Made Birthday Cake တွေကို
လက်ရာသေသပ်လှပစွာ ဖန်တီးပေးနေပါတယ်။ 🎂✨
💛 သန့်ရှင်းလတ်ဆတ်မှု
အရည်အသွေးမြင့် ပါဝင်ပစ္စည်းများကိုသာ အသုံးပြုထားလို့
သားသားမီးမီးတို့အတွက် စိတ်ချစွာ ကျွေးမွေးနိုင်ပါတယ်။
🎨 စိတ်ကြိုက် Custom Made
သူတို့အကြိုက်ဆုံး Character ဖြစ်ဖြစ်၊
သူတို့စိတ်ကူးထဲက ပုံစံလေးဖြစ်ဖြစ်
လိုချင်တဲ့ပုံစံအတိုင်း ပုံဖော်ဖန်တီးပေးပါတယ်။
ဒီမွေးနေ့မှာ ကိတ်မုန့်တစ်လုံးပေးတာထက်…
သားသားမီးမီးတို့ရဲ့ ကလေးဘဝထဲမှာ
မမေ့နိုင်တဲ့ ပျော်ရွှင်မှုလေးတစ်ခု ထည့်ပေးလိုက်ပါ။ 💕🎂
KT Bakery သင့်ကလေးရဲ့ အပြုံးလေးအတွက် ဖန်တီးပေးနေပါတယ်။ ✨
📍 လိပ်စာ
အမှတ် (၁၆၅/၁၇)၊ ၈၄ လမ်း၊ ၃၁ × ၃၂ လမ်းကြား၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
📞 ဆက်သွယ်ရန်
09974025625
09770119455

25/09/2026

Address

No(165/17), 84rd Btw 31&32, ChanAyeTharzan Township
Mandalay
095

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

09974025625

Website

Alerts

Be the first to know and let us send you an email when KT Bakery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share