HUGS Donut

HUGS Donut Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HUGS Donut, Mandalay.

17/08/2025

Celebrating my 9th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

24/07/2025
18/07/2025

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လို့ ခေါ်ရတာလဲ.." စသည်ဖြင့်ပါ။ အကြောင်းအရင်းတော့ ရှိရမှာပေါ့..။

နောက်ပိုင်း ကျောင်းဆရာဘဝနဲ့ မြန်မာစာပေ၊ မြန်မာ့သမိုင်းကို လေ့လာကြည့်တဲ့အခါမှာ မြန်မာဘာသာစကားပညာရှင် ဆရာကြီး ဦးဖိုးလတ် ရဲ့ "မြန်မာအစ" ဆိုတဲ့ စာပေတွေမှာ နေ့ရက်တွေရဲ့ အမည်တွေကို ရေးသားထားတာတွေ့လို့ အနာဂတ် မြန်မာလူငယ်လေးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

တနင်္ဂနွေနေ့ .................
မြန်မာအယူအဆမှာ တနင်္ဂနွေ ဟာ နေမင်းကြီးကို ကိုယ်စားပြုတဲ့ နေ့ပါပဲ..။ ပုဂံကျောက်စာ များမှာ.. "တန်နှင်ကုနုယ်၊ တန်နှင်ကုနွေ၊၊ တန်နှင်ကနွေ" ဟု ပါရှိတယ်လို့ မှတ်သားရပါတယ်။ "တန်နှင်" ကို မြန်မာဘာသာနှင့် နှီးနွယ်သော ရောင်းရင်း ဖြစ်ပြီး ဘာသာစကားတို့နှင့် ချင့်ချိန်၍ အဓိပ္ပါယ်ကောက်သောအခါ "နေ့" ဟု အဓိပ္ပါယ် ရပါတယ်။ "ကုနုယ်၊ ကုနွေ၊ ကနွေ" ဟူသည်ကား"နေ" ကို ဟောခြင်းဖြစ်ပါတယ်။ ထို့ကြောင့် "တန်နှင်ကုနုယ်" မှာ "နေနေ့" ဟု အဓိပ္ပါယ် ရပါတယ်။

တနင်္လာနေ့ ................
အလုပ်လုပ်တဲ့သူတွေနဲ့ ကျောင်းတက်သူတွေ တော်တော်များများ မနှစ်သက်တဲ့ တနင်္လာနေ့ဟာ အမှန်တော့ အေးချမ်းခြင်းနိမိတ်ကိုဆောင်တဲ့ လမင်းကြီး (Moon) ကို ကိုယ်စားပြုတဲ့နေ့ ဖြစ်ပါတယ်။ တနင်္လာဟူသော ဝေါဟာရမှာ ပုဂံရှေးရေး "တန်နှင်လာ" မှ လာသည် လို့ဆိုပါတယ်။ "လာ" ဟူသောပုဒ်မှာ အလွန် ရှေးကျသော "လ" ဟောပုဒ်ဖြစ်သည်။ ထို့ကြောင့် "တနင်္လာ" ဆိုသည်မှာ "နေ့လ" သို့မဟုတ် "လမင်းနေ့" ဖြစ်သည်။ လမင်းကို အစွဲပြု၍ ခေါ်သောနေ့ပင် ဖြစ်ပါတယ်။

အင်္ဂါနေ့ ...........
တနင်္ဂနွေ၊ တနင်္လာမှအပ ကျန်နေ့များ၏ အမည်တို့မှာ မြန်မာအခေါ်အဝေါ် မဟုတ်ဘဲ သက္ကတဘာသာမှ ဆင်းသက်လာကြောင်း ဦးဖိုးလတ်က ဝန်ခံပါတယ် ။ ရှေးကျောက်စာတို့၌"အင်္ကာ၊ အင်ကာ၊ အင်္ဂါ"ဟူ၍တွေ့ရပါတယ်။ "အင်္ဂါရ"ဟူသော သက္ကတမှ လာသောစကား ဖြစ်၍ "မီးကျီးမီးခဲ"ဟု အဓိပ္ပါယ်ရသည် ။ ထို့ကြောင့်"အင်္ဂါ" ဆိုသည်မှာ "မီးကျီးကဲ့သို့ နီသောအဆင်းရှိသောဂြိုဟ်" ဟု အဓိပ္ပါယ်ရပါတယ်။ အင်္ဂါဂြိုဟ်ကိုအစွဲပြု၍ အင်္ဂါနေ့ဟု ဖြစ်ပေါ်လာရသည် ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့.............

ဗုဒ္ဓဟူးနေ့ကို သက္ကတဘာသာဖြင့် "ဗုဒ္ဓဒိန" ဟူ၍လည်းကောင်း၊ "ဗုဒ္ဓဝါရ" ဟူ၍လည်းကောင်း ခေါ်ဆိုကြပါတယ်။ ဗုဒ္ဓ၏ အနက်မှာ "နိုးကြားခြင်း၊ ပညာရှိခြင်း၊ သောမဂြိုဟ်ဖြစ်သော လမင်း၏သား" ဟူ၍ဖြစ်၏။ ရာဇမတ္တဏ် စသောကျမ်းတို့၌ တနင်္လာဂြိုဟ် (လမင်း) မိဖုရား တာရာဒေဝီတွင် ဖွားမြင်သောသား ဟု ဖော်ပြသည်။ "ဒိန" နှင့် "ဝါရ" တို့၏ အနက်မှာ နေ့ဖြစ် သည်။ ဗုဓ ဟူသောပုဒ်ကို ပါဠိ၊ သက္ကတတို့၌ ဗုဒ္ဓဟူ၍ လဲလှယ်ရေးသားခေါ်ဝေါ်ကြသည်။ မွန်တို့က "ဗုဒ္ဓဝါရ" တွင် "ရ" ကိုချေ၍ "ဗုဒ္ဓဝါ" ဟုခေါ်သည်။ မြန်မာတို့က ဗုဒ္ဓဟူး ဟုခေါ်သည်။

ကျောက်စာတို့၌ "ပုတ္တ" ဟု တွေ့ရသဖြင့် ရှေးမြန်မာတို့သည် ဗုဒ္ဓကို အမည်လွှဲပြီး "ပုတ္တ" ဟုရေးကြသည်ဟု သိနိုင် ပါသည်။ ထို့ကြောင့် "ပုတ္တ" မှာ "ဗုဒ္ဓ" ပင်ဖြစ် သည်။ "ဟူ" သည် ပင့်ခေါ်ခြင်းအနက်ရှိသည်ဟု ဆို၏။ ထို့ကြောင့် "ပုတ္တဟူ" "ဗုဒ္ဓဟူး" သည် ဘုရားရှင်ကိုပင့်ခေါ်သောနေ့ဟု အဓိပ္ပါယ်ကောက်လို့ရပါတယ်။

ကြာသပတေးနေ့......................
ရာဇမတ္တဏ်ကျမ်းအရ ကြာသပတေး သည် သိဒ္ဓတိုင်း၊ အင်္ဂီရသအနွယ်၊ "ကျာသပတေး" ကို အစွဲပြု၍ ခေါ်သည် ဟု ဆို၏ ။ ပုဂံကျောက်စာတို့၌ "ကြာသပတိယ်" နှင့်ဆင်တူအရေးအသားကို တွေ့ရသည်။ ယင်းပုဒ်သည် "ဗြိဟသွတိ" မှ သော် လည်းကောင်း၊ ယင်းနှင့်အနက်တူ "ဝစသံပတိ (သို့) ဝကျသံပတိ" မှသော်လည်းကောင်း လာဟန်ရှိကြောင်း ဦးဖိုးလတ်က ဆိုပါတယ်။

၄င်းပုဒ်နှစ်ခုစလုံး၏ အနက်မှာ "ဝစသာ = စကား + ပတိ = အရှင်" = စကား၏အရှင် ဖြစ်သည်။ မြန်မာ ကျောက်စာ၌ ရေးသော "ပတိယ်" သည် ခေတ်အရေးအသားနှင့်ဆိုသော် "ပတိ" နှင့် အတူတူပင်ဖြစ်သည်။

သောကြာနေ့.................
တောဇာဂ္ဋတိုင်းသား၊ သေတဗျအမျိုး၊ ဘဝုရသေ့၏မယားဖြစ်သူ သုဇိတာမှ ဖွားမြင်သော "သောကြာ" ကို အစွဲပြု၍ "သောကြာ" ဟုခေါ်ကြောင်း ရာဇ မတ္တဏ်ကျမ်းတွင် ပြဆိုသည်။ "သုကြာ" ဟူသောအရေးအသားကို ပုဂံ ကျောက်စာများတွင် တွေ့ရသည် ။ "သုကြာ" ဟူသောပုဒ်မှာ သက္ကတဘာသာ "သုကြ" မှ ဆင်းသက်လာ သောပုဒ်ဖြစ်သည်ကို မငြင်းသာချေ။ "သုကြာ" မှ သောကြာဖြစ်လာပုံကိုဦးဖိုးလတ်က အဆင့်ဆင့်ရှင်းပြ ထားသည်။ သုကြာ၏ အဓိပ္ပါယ်မှာ "ဖြူစင်တောက်ထွန်းခြင်း" ဖြစ်၏

စနေနေ့..........
ရာဇမတ္တဏ်ကျမ်း၌ "စနေ" ကို "သနေ" ဟုပြသည်။ သောရဌတိုင်း၊ ကာရ အနွယ် ၊ တနင်္ဂနွေ ဂြိုဟ်မင်း၏ မယား ၊ ယသိဆာယာတွင် ဖွားမြင်သောသား "ဇပ္ပ"ကို အစွဲပြု၍ခေါ်ကြောင်းလည်း ဆိုသည် ။

ပုဂံ ကျောက်စာတို့၌ စနေကို "စနိဟ်" ဟုရေးသည်။ ယင်းမှာ သက္ကတဘာသာ"ဂနိ" (ရှနိ ဟု ဖတ်ပါ) မှဆင်းသက်လာသည် ဟု ဦးဖိုးလတ်က ရှင်းပြသည်။ အဓိပ္ပါယ်မှာ "ဖြည်း ညင်းစွာသွားခြင်း" ဖြစ်၏။ ရှေးရိုးကျမ်းဂန်တို့၌ စနေနှင့်စပ်လျဉ်း၍ "သနေ စရ" ဖြည်းဖြည်းသွားသည်ဟု ဆိုကြသည်။

အနာဂတ် လူငယ်များအတွက်..

Credit to original uploader

https://www.facebook.com/share/p/16aWYP3qrv/?mibextid=wwXIfr
17/07/2025

https://www.facebook.com/share/p/16aWYP3qrv/?mibextid=wwXIfr

✨ “မီးဖိုချောင်ထဲက မင်းသမီး” ✨

ရွာတစ်ရွာမှာ ရိုးရိုးလေးနဲ့နေထိုင်တဲ့
မယ်မောင်ဆိုတဲ့အိမ်ရှင်မတစ်ဦးရှိတယ်။
သူမအိမ်က ငှက်အသံတွေညံသံကြားရတဲ့
နွေးထွေးတဲ့အိမ်လေး။

မယ်မောင်ဟာ မနက် ၅နာရီမှာ နိုးတယ်။
အိမ်သားတွေထမင်းစားဖို့
မနက်ခင်းတည်းက ထမင်းနှင့်ဟင်းချက်တယ်။ ကျော်ကျော်မှီ မြေပဲဆုံဆီ သုံးပြီးတော့ပေါ့။
ထမင်းနံ့နဲ့အတူ မနက်စောစောကတည်းက
သူမရဲ့နေ့စဉ် အလုပ်တွေစလုပ်တယ်။

သူမက မိသားစုအတွက် အဝတ်လျှော်၊ အိုးခွက်ဆေး၊သားသမီးကျောင်းပို့၊ ခင်ပွန်းအိတ်ပေး တို့ကို
မပင်ပန်းတဲ့အတိုင်း စဉ်ဆက်မပြတ် လုပ်တယ်။
သူမလှပမှုဆိုတာ မိတ်ကပ်နဲ့ ဖက်ရှင်မဟုတ်ဘဲ
— သူမရဲ့ စိတ်ဓာတ်၊ ချစ်ခြင်း၊ ပြုစုမှုပဲဖြစ်ပါတယ်။

တစ်နေ့တော့ မယ်မောင်က သူမ့ကိုယ်သူတန်ဖိုးမထားဖြစ်နေတာကို မိမိလည်း သတိပြုလာတယ်။
“အရင်ကငါ့ကို မင်းသမီးလို့ ခင်ပွန်းကလည်းခေါ်တယ်… အခုတော့ ငါက မီးဖိုချောင်အတွင်းက မိန်းမတစ်ယောက်သာဖြစ်နေပြီထင်တယ်” လို့ စိတ်ထဲတွေးတယ်။

အဲ့ညမှာပဲ သူမအိပ်ပျော်ချိန်မှာ သက်တံတွေနဲ့
တောက်ပလှတဲ့ ငှက်မယ်နတ်တစ်ပါး ပေါ်လာတယ်။
🕊️ “မယ်မောင်ရေ… မင်းကို မင်းမသိလောက်တဲ့အထိ တန်ဖိုးရှိတယ်။
မင်းချက်တဲ့ ဟင်းတစ်ခွက်က သားသမီးတွေအတွက် မေတ္တာအပြည့်နဲ့ရောထားတာပဲ။
မင်းသန့်ရှင်းထားတဲ့အိမ်က မင်းခင်ပွန်းမပြောပြနိုင်တဲ့ ကျေးဇူးတစ်ခုပဲ။
မင်းစောင့်ရှောက်ပေးတဲ့အိမ်က တကယ်အနားနေရာဖြစ်လာတာမင်းကြောင့်ပဲ…”

မယ်မောင်က ဝမ်းမြောက်နေပြီး
မျက်ရည်နဲ့ပြုံးတယ်။
“တကယ်လား? ငါက မင်းသမီးလား?” ဆိုတဲ့မေးခွန်းကိုမေးတယ်

ငှက်မယ်နတ်က သူမရင်ထဲကို တက်လာပြီးပြောတယ် —
“မင်းက မီးဖိုချောင်ထဲက မင်းသမီးပဲ။ ချစ်ခြင်းနဲ့ပြည့်ပြီး စိတ်အားနဲ့ စီမံတတ်တဲ့ မိသားစုရဲ့ နှလုံးသား!”

နောက်နေ့နံနက် မယ်မောင်က သူ့မျက်နှာပြင်ထဲက သူ့ကိုယ်သူ ပြန်မြင်လာတယ်။

ချွတ်ခနဲနဲ့ ဆံပင်ညှပ်ချင်စိတ်ထက်
“ငါ့ဆံပင်က ငါ့ရဲ့အလှပဲ” ဆိုပြီး
ခြောက်သွေ့တဲ့အသားအရေအတွက်တောင် မြေပဲဆီနဲ့ လိမ်းပြီး အသားအရေထိန်းသိမ်းတယ်။🤪
သူမ့ရဲ့မျက်နှာမှာ မိတ်ကပ်မရှိပေမယ့် အေးသာတဲ့ပြုံးခြင်းတစ်ခုပဲ သူမကို မင်းသမီးအဖြစ်ဖော်ပြနေခဲ့တယ်။🥳

ပုံပြင်လေးကဒါပါပဲကွယ်

⸝

🌸 သင်ခန်းစာ

အိမ်ရှင်မ တစ်ဦးဟာ မိမိကိုယ်ကို ဂုဏ်ယူတတ်မှ အိမ်က တကယ့်နန်းတော်ဖြစ်လာနိုင်တယ်။

Address

Mandalay

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00

Website

Alerts

Be the first to know and let us send you an email when HUGS Donut posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share