Sharing is Caring

Sharing is Caring Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sharing is Caring, Cafe, Mandalay.

ဒန့်ဒလွန်သီးချက်မစားဖြစ်သေးရင် မရင့်အောင် ခြောက်မသွားအောင် ဘယ်လိုသိမ်းမလဲ???ရေနွေးပွက်ပွက်ဆူအောင်တည်ပြီး အကြောသင်ပြီးသား...
21/04/2024

ဒန့်ဒလွန်သီးချက်မစားဖြစ်သေးရင် မရင့်အောင် ခြောက်မသွားအောင် ဘယ်လိုသိမ်းမလဲ???

ရေနွေးပွက်ပွက်ဆူအောင်တည်ပြီး အကြောသင်ပြီးသား ပိုင်းဖြတ်ထားတဲ့ ဒန့်ဒလွန်ပိုင်းလေးတွေကို ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးထဲထည့်ပြီး အဖုံးအုပ်ထားပါ။

တစ်မိနစ်လောက်ဆိုရပြီ။

ပြီး ရေငှဲ့ပြီးရေအေးထဲစိမ်ထားပါ။

ပြီးရင်ဇကာနဲ့ရေစစ်ထားပါ။

ရေခြောက်ရင် အိတ်နဲ့ဖြစ်ဖြစ် ဗူးနဲ့ဖြစ်ဖြစ်သေချာ ပိတ်ပြီး ရေခဲသေတ္တာထဲသိမ်းထားပါ။

စားချင်တဲ့နေ့မှထုတ်ချက်စားနိုင်ပါတယ်။
လချီပြီးအထားခံပါတယ်နော်။

ကိုယ်လဲfb ကသူများသင်ပြတာ
ကြည့်ပြီးလိုက်လုပ်တာအဆင်ပြေလို့
ပြန်မျှဝေတာပါ။

Crd

17/10/2023

အိမ်မှာအလွယ်တကူ လိုက်လုပ်စားလို့ရတဲ့
ထိုင်းစတိုင် အချိုပွဲလေးပါ





👉  စျေးခဏခဏမသွားနိုင်တဲ့ကာလ​တွေမှာ အသားငါး အသီးအရွက်အစုံ ရေခဲသေတ္တာထဲ​ ကြာရှည်ခံအောင် ထိမ်းသိမ်းထားလို့ရမယ့် နည်းလမ်းလေး...
17/10/2023

👉 စျေးခဏခဏမသွားနိုင်တဲ့ကာလ​တွေမှာ အသားငါး အသီးအရွက်အစုံ ရေခဲသေတ္တာထဲ​ ကြာရှည်ခံအောင် ထိမ်းသိမ်းထားလို့ရမယ့် နည်းလမ်းလေးမျှဝေပေးချင်ပါတယ်
🍗🍖🍗🐔🐮🐓🐷
အသားဆို ​သေချာဆေးကြော ဆားနနွင်းဟင်းခတ်မှုန့်နယ်ပြီး ကော်ဘူးထဲထည့်ပြီး ရေခဲ​သေတ္တာအခဲခန်းထဲထည့်သိမ်းလို့ရပါတယ် (ကြက်၊ဘဲ၊ဝက်၊အမဲ၊ဆိတ် အသားမှန်သမျှထိုနည်းအတိုင်းပါ)

🐟🦐🐟🦀🐟🦀🦑🐙🦐🐟🐙🦑🦐
ပုစွန်ဆို ကိုင်ပြီး ဆားနဲ့လှော်ကာ ဘူးထဲထည့်သိမ်းလို့ရပါတယ်
ကျက်နေအောင်ပြုတ်ပြီး ဆီအနည်းငယ်နဲ့ ကြော်ပြီးလည်း သိမ်းနိုင်ပါတယ်🍤🍤🍤

ငါးဆို ကိုင်ပြီး ဆနွင်းတမျိုးပဲနယ်ပြီး ဘူးနဲထည့် သိမ်းပါ
ငါးမွှေဖို့ဆို ငါးကို ငံပြာရည်နဲ့မာမာလေးပြုပ်ပြီး အသားနွှင် ဘူးထဲထည့်သိမ်းလို့ရပါတယ်
ငါးဖယ်ကိုတော့ ချက်မှာဆို မပျော့မမာလေးကြော်ထားပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်
ငါးဖယ်အစိမ်းချက်ဆိုရင်တော့ ရေနွေးဆူထဲ ဆားနည်း၂ထည့် လက်လေးနဲ့ အနေတော်လုံးပြီး ၃မိနစ်လောက်ပြုပ်ပြီး ဘူးထဲထည့် သိမ်းလို့ရပါတယ်

ကင်းမွန်၊ ရေဘဝဲတို့ဆို သေချာကိုင်ပြီး ရေနွေးနဲ့ခနပြုပ်ပြီး ဘူးထဲထည့်အခဲခန်းထဲသိမ်းနိုင်ပါတယ်

🥦🥦🥬🥬🥬🥔🥔🍁🍄🍄💐🌶🌶🍆🍆🍅
ကင်းပွန်းချဉ်ရွက်ကို​ ရေသေချာဆေးပြီး ရေနွေးဆူဆူထဲ ခနပြုတ်ပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်

ကန်စွန်းရွက်ကိုတော့ ရင့်တာတွေဖယ်ပြီး
စားမယ့်အနုတွေချည်းကို သတင်းစာနဲ့ပတ်ပြီး သိမ်းနိုင်ပါတယ်

ကန်စွန်းရိုးနီကိုတော့ ရေနွေးဆူထဲ ခနထည့်ပြုတ်ပြီး ကော်ဘူးထဲ သိမ်းနိုင်ပါတယ်

ဂေါ်ရခါးသီးကိုတော့ သတင်းစာနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်

ချဉ်ပေါင်ရွက်တွေကိုတော့ ချွေရေစင်အောင်ဆေးပြီး
ရေအနည်းငယ်နဲ့ နွမ်းသွားအောင်ပြုတ်ပြီး ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ် (အခဲကန့်ထဲဆိုနှစ်ပေါက်ထားလို့ရပါတယ်)

မုန်လာဥနီကိုတော့ သတင်းစာနဲ့ ၂ထပ်လောက်ပတ်ပြီး သိမ်းနိုင်ပါတယ် 🥕🥕🥕

မုန်လာဥကိုတော့ ရေနွေးဆူထဲ ခနထည့်ပြီး နဲနဲနူးရင် ဘူးထဲထည့်သိမ်းနိုင်ပါတယ်

မုန်ညင်းကိုတော့ တလွှာချင်းစီခွာပြီး သတင်းစာနဲ့တဖတ်ချင်းစီပတ်ပြီး သိမ်းနိုင်ပါတယ် 🥬🥬🥬

မျှစ်ကိုတော့ ရေစင်အောင်ဆေး တနာရီလောက်ပြုပ် ရေစစ်ပြီး အဖတ်တွေကို အိတ်လေးတွေနဲ့ထုပ်ပြီး အခဲကန့်မှာ ထည့်သိမ်းနိုင်ပါတယ်

ပဲပင်ပေါက်ကိုတော့ ရေစင်အောင်ဆေးပြီး ရေနွေးနဲ့ခနပြုပ် အခဲကန့်ထဲ တခါချက်စာ အိတ်လေးတွေနဲ့ထည့်ပြီး သိမ်းနိုင်ပါတယ်

ပဲပြားကိုတော့ ရေစင်အောင်ဆေး ၃မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲပဲပြားတုံး ရေမြုပ်တဲ့ထိစိမ်ပြီး သိမ်းနိုင်ပါတယ်

ဇရစ်ရိုးကိုတော့ အမျှင်တွေဖယ်သင်ပြီး ရေဆေးပြီး ရေနွေးဖျောကာ အခဲကန့်ထဲမှာ ဘူးနဲ့သိမ်းနိုင်ပါတယ်

ဂေါ်ဖီထုပ်ကိုတော့ ရိတာတွေ ပိုးကိုက်တာတွေကို ဓားနဲ့သင်ပြီးမှ သတင်းစာနဲ့ ၃ထပ်လောက်လုံနေအောင်ပတ်ပြီး သိမ်းနိုင်ပါတယ်

နံနံပင်ကိုတော့ အမြစ်တွေဖယ် မသန့်တာတွေရွေးဖယ်ပြီး သတင်းစာနဲ့လုံအောင်ပတ်ပြီး
အိတ်ထဲထည့်ကာ သိမ်းနိုင်ပါတယ်
နောက်တနည်းက ​ဖန်ပုလင်းထဲထည့်ပြီး ရိုးရိုးအအေးခန်းထဲ ထည့်သိမ်းရင်လဲရပါတယ်

ငြုပ်သီးစိမ်းကိုတော့ ရေစင်အောင်ဆေး အညာချွေပြီး ရေနွေးဆူထဲ ၅မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်
ပြုတ်မထားဘဲ အစိမ်းထားချင်သူက ပလတ်စတစ်ဘူး အောက်ခြေမှာ သတင်းစာလေးခံပြီး ရေမဆေးပဲ အညာချွေထားတဲ့ငြုပ်သီးလေးတွေကို ထည့် အပေါ်ကသတင်းစာပြန်အုပ်ပြီးအဖုံးပိတ်ပီး ​​ရေခဲသေတ္တာ ရိုးရိုးအအေးခန်း(chiller)
ထဲ သိမ်းထားနိုင်ပါတယ် 🌶🌶🌶

ဂျင်းတက်ဆိုရင် အင်တုံ(သို့)ပလတ်စတစ်ပုံးထဲကို သဲထည့်ပြီး ရေနည်းငယ်စိုစွတ်အောင်ထည့်ထားပီး သဲအစိုထဲထိုးထည့်ထားရင် ဂျင်းတွေခြောက်မသွားပဲ ကြာကြာအထားခံပါတယ်

ဂေါ်ဖီပန်းပွင့်ကိုတော့ မကောင်းတာတွေဓားနဲ့ရှပ်ပြီး လက်တဆုပ်စာလေးတွေသင်ပြီး သတင်းစာလေးနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်🥦🥦🥦

ခရမ်းချဉ်သီးကိုတော့ ရေစင်အောင်ဆေး ရေနွေးဆူထဲထည့် အနှစ်ရတဲ့ထိမွှေပြီး အနှစ်ပျစ်လာတဲ့အခါအခါဆယ်ပြီး ဘူးထဲထည့် သိမ်းနိုင်ပါတယ်🍅🍅🍅

ခရမ်းသီးကိုတော့ ရေစင်အောင်ဆေးပြီး သေချာခြောက်နေအောင် ပြန်သုတ်ပြီးတလုံးချင်းစီ သတင်းစာနဲ့ပတ်ပြီး သိမ်းနိုင်ပါတယ် 🍆🍆🍆

သံပရာသီးကိုတော့ ရေခြောက်နေအောင်သုတ်ပြီး ဖန်ပုလင်းနဲ လေလုံအောင်ထည့်ပြီးအပြင်မှာထားလို့ရပါတယ်🍋🍋🍋

သံပရာသီးခြောက်မှာစိုးရင်တော့ အလုံးလိုက်အရည်တွေ ညစ်ယူပြီး ဖန်ပုလင်းအသန့်ထဲ ထည့်ကာ ​ရေခဲသေတ္တာထဲ သိမ်းနိုင်ပါတယ်

ကြက်ဥ ဘဲဥကိုတော့ ရေစင်အောင်​ဆေးပြီး ကတ် သို့မဟုတ် ဇကာပေါက်ပါတဲ့ ကော်ခြင်းထဲထည့်ကာ သိမ်းနိုင်ပါတယ်🥚🥚🥚

🍐🍎🍏🍐🍉🥭🍑🍒🍓🍇
အသီးအနှံတွေကိုတော့ ရေဆေးပြီး ရေစင်အောင်ပြန်သုတ်ပြီး သတင်းစာလေးတွေနဲ့ တလုံးချင်းစီပတ်ကာ သိမ်းဆည်းနိုင်ပါတယ် 🍎🍇🍊🍋

ဆီခနခနသတ် အဖြူအနီတွေမထုထောင်းချင်ဖူးဆိုရင်တော့ ဂျင်းကြက်သွန်ဖြူနီကိုများများနွှာပြီးထုထောင်း ဆီသတ်နွမ်းတဲ့အခါ
အရောင်တင်မှုန့်ထည့်ပြီး
ဟင်းချက်နှစ်ကို စတီးချိုင့်ထဲထည့်ကာ သိမ်းနိုင်ပါတယ်

ရေခဲသေတ္တာထဲ မထည့်သင့်တဲ့ အသီးကတော့ ငှက်ပျောသီးပါ အမှည့်ကြာစေတာမို့ အပြင်မှာဘဲထားစားပါ

ပေါင်မုန့်ကိုလည်းမထည့်သင့်ပါဖူး အစိုဓာတ်ကိုခြောက်သွေ့စေပြီး ပေါင်မုန့်သား မာဆတ်၂ ဖြစ်စေလို့ပါ

ကြက်သွန်ဖြူနီတွေကိုလည်းနွှာပြီး ရေခဲသေတ္တာထဲ ဒီတိုင်းမထည့်သင့်ပါဖူး အနံ့တွေနံတတ်လို့ပါ သိမ်းချင်ရင်နွှာပြီး ဘူးနဲ့ထည့်သိမ်းလို့ရပါတယ်ရှင့်
မူရင်းရေးသားသူကို လေးစားစွာ ပေးပါတယ်ရှင့် ကိုယ်တိုင် စမ်းသပ်အသုံးတည့်ထားတဲ့ နည်းတချို့လဲ ထပ်ဖြည့်ထားပါတယ်ရှင်

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Sharing is Caring posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share