Sip Café Club

Sip Café Club Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sip Café Club, Cafe, Mandalay.

Permanently closed.
“ရွှေညီလာ”မြန်မာရိုးရာပန်းချီကား၊ အရှေ့တိုင်းပန်းချီတွေရဲ့ အားသာချက်က Line တွေပါပဲ။ Line တွေက သပ်ရပ်တယ်, လှပတယ်၊ စနစ်ကျတ...
24/01/2022

“ရွှေညီလာ”

မြန်မာရိုးရာပန်းချီကား၊ အရှေ့တိုင်းပန်းချီတွေရဲ့ အားသာချက်က Line တွေပါပဲ။ Line တွေက သပ်ရပ်တယ်, လှပတယ်၊ စနစ်ကျတယ်။ အရှေ့တိုင်းပန်းချီတွေက ဘယ်လောက်ကောင်းလည်းဆိုရင် ဟိုးအရင်တုန်းက အနောက်ဖက်က လူတွေက အရှေ့တိုင်းပန်းချီတွေကို အတုယူခဲ့ရတယ်။ ဒီပန်းချီကားမှာလည်း ဆရာမကြီး ဒေါ်ခင်မျိုးမြင့်ရွှေ(မာမီကြီး)က အင်မတန်လှပပြီး လက်ဝင်တဲ့ Line တွေနဲ့ ရေးဆွဲထားတယ်။

ဒီပန်းချီကားမှာ Subject အနေနဲ့ လူ ၁၂ ယောက်ထိပါတယ်။ ပန်းချီကားတခုမှာ အင်မတန်များတဲ့ Subject လို့တောင် ပြောလို့ရတယ်။ ဒါပေမယ့် ပါဝင်နေတဲ့ လူ ၁၂ ယောက်က ရှုပ်ထွေးမနေဘူး။ သူ့ Level နဲ့ သူ ၊ သူ့နေရာနဲ့သူ အရာအားလုံးကို harmony ဖြစ်နေတယ်။

ပြောစရာရှိတာက ဒီမှာ လူ ၁၂ ယောက်ပါပေမယ့် ဒီပန်းချီကားက လူတွေကို ရေးဆွဲထားတဲ့ ပန်းချီကားမဟုတ်ဘူး။ ဒီပန်းချီကားက ခေတ်ကို ရေးထားတာ၊ အချိန်ကာလကို ရေးထားတာ၊ ညီလာခံအချိန်ကာလလေးရဲ့ အလှတရားလေးကို ရေးထားတာ။ ဒီပန်းချီကားမှာ ပါတဲ့အရာတွေအားလုံးက အင်းဝခေတ်ကို ကိုယ်စားပြုတယ်။ အမျိုးသမီးတွေရဲ့ ဆင်ယင်မှုတွေ၊ ပန်းခတ်တွေ၊ အသုံးဆောင်တွေ အစရှိသဖြင့်ပေါ့။

အထူးသဖြင့်တော့ မျက်လုံးတွေ။ ဒီပန်းချီကားမှာ စိတ်ဝင်စားစရာ အကောင်းဆုံးကလည်း မျက်လုံးတွေလို့ မြင်မိတာပဲ။ အင်းဝခေတ်ပန်းချီတွေက မျက်လုံးတွေကို အခုလို အပေါ်ပင့်ထားတဲ့ ဟန်တွေနဲ့ ရေးဆွဲခဲ့ကြသတဲ့။ ပုဂံခေတ်မှာ မျက်လုံးတွေကို ရေးတာတမျိုး၊ ရတနာပုံခေတ်မှာ မျက်လုံးတွေကို ရေးတာတမျိုးတဲ့။ ဆိုတော့ မြန်မာ့ပန်းချီတွေမှာ ခေတ်ကိုလိုက်ပြီး မျက်လုံးရေးဟန်တွေ ကွဲတယ်ဆိုတာကို သိလိုက်ရတယ်။ ဘယ်လောက် လှလိုက်သလဲဗျာ။

ပြီးတော့ အရောင်တွေ။ ဒီပန်းချီထဲမှာ အရောင်အတော်စုံတယ်။ ဆန့်ကျင်ဖက်အရောင်တွေလည်းပါနေတယ်။ ဒါပေမယ့် ဆန့်ကျင်ဖက်အရောင်တွေက ဆန့်ကျင်မနေကြဘူး။ သူဟာနဲ့သူ ချိတ်ဆက်မိနေကြတယ်။ တသားတည်းဖြစ်နေကြတယ်။ ဒီလိုတသားတည်းဖြစ်နေမှုက ပန်းချီကို မြင်လိုက်တာနဲ့ ထပ်ထပ်ပြီး မကြည့်ဘဲကို မနေနိုင်လောက်အောင်ကို ဆွဲဆောင်နေတာ။ ဒီပန်းချီကားကို ကြည့်တာနဲ့ စိတ်ချမ်းသာမှု၊ ကြည်နူးမှုလေးတွေ ပေးတယ်လို့ ခံစားရတယ်၊ ပန်းချီထဲမှာ ဖော်ပြထားတဲ့ အချိန်ကာလလေးရဲ့ အလှတရားကိုလည်း ပြည့်ပြည့်ဝဝခံစားရတယ်။

အဆုံးအနေနဲ့ ပြောပြချင်တာက ဒီပန်းချီကို
SIP Cafe' Club မှာ ကော်ဖီသောက်ရင်း
အရသာခံ ကြည့်ရှုနိုင်ပါပြီနော် 🤗

SIP မှာ ဘာတွေ အသစ်လာဖို့ရှိမယ် ထင်လဲ 🤔
08/01/2022

SIP မှာ ဘာတွေ အသစ်လာဖို့ရှိမယ် ထင်လဲ 🤔

⛄️ Merry Xmas to you all ⛄️ Christmas အချိန်အခါလေးမှာ ပျော်ရွှင်ခြင်းတွေ၊ ဝမ်းမြောက်ခြင်းတွေနဲ့အတူငြိမ်းချမ်းခြင်းတွေ၊ အ...
24/12/2021

⛄️ Merry Xmas to you all ⛄️

Christmas အချိန်အခါလေးမှာ
ပျော်ရွှင်ခြင်းတွေ၊ ဝမ်းမြောက်ခြင်းတွေနဲ့အတူ
ငြိမ်းချမ်းခြင်းတွေ၊ အေးချမ်းခြင်းတွေကို
Santa Claus က ပေးတဲ့ လက်ဆောင်အဖြစ် ရကြပါစေလို့
SIP Team ကနေ ဆုတောင်းလိုက်ပါတယ်နော်

ပုညခင် အိပ်မက်ဆက်ကြိုးရွှေဥဒေါင်း တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များနတ်နွယ် မြန်မာပြည်မြောက်ပိုင်းစာအုပ်တွေ ထပ်ဖြည့်ထား...
23/12/2021

ပုညခင် အိပ်မက်ဆက်ကြိုး
ရွှေဥဒေါင်း တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ
နတ်နွယ် မြန်မာပြည်မြောက်ပိုင်း

စာအုပ်တွေ ထပ်ဖြည့်ထားပါတယ်။

Sip မှာရှိတဲ့ စာအုပ် list ကိုလည်း ထည့်သွင်းဖော်ပြပေးထားပါတယ် ကော်ဖီလေားသောက်ရင်း စာအုပ်အသစ်လေးလည်း မြည်းကြည့်ကြဖို့ ဖိတ်ခေါ်ပါတယ် . . .

ကော်ဖီတခွက်၏ဖြစ်တည်မှု ☕️ (Coffee Story) ကော်ဖီတခွက်ဖြစ်လာတယ်ဆိုတာလွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးလေနော် ပထမဆုံးတော့ ကော်ဖီစေ့လ...
11/11/2021

ကော်ဖီတခွက်၏ဖြစ်တည်မှု ☕️
(Coffee Story)

ကော်ဖီတခွက်ဖြစ်လာတယ်ဆိုတာ
လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးလေနော်

ပထမဆုံးတော့ ကော်ဖီစေ့လေးတွေကို
အမှုန့်ကြိတ်ရတယ်လေ
ကော်ဖီမှုန့်ရဲ့ texture ပေါ်မှာ မူတည်ပြီး
​ကော်ဖီရဲ့ အရသာက ပြောင်းလဲသွားနိုင်သေးတယ်

ကော်ဖီမှုန့်ကို စက်ထဲမထည့်ခင်မှာ
နည်းနည်းလေး သိပ်လိုက်ရသေးတယ်
ပြီးမှ စက်ထဲထည့်ပေါ့

ကော်ဖီစေ့အမျိုးစားပေါ် မူတည်ပြီးတော့ရော
သုံးတဲ့စက်အပေါ်မှာ မူတည်ပြီးတော့ရော
ထွက်လာတဲ့ ကော်ဖီအဆီက အပြောင်းလဲရှိတတ်တယ်
ပြီးတော့ အရသာမှာလဲ ပြောင်းလဲနိုင်တာပေါ့နော်

နွားနို့ကို အပူပေး၊ အမြှပ်ရိုက်တာကတော့
အလွယ်ကူဆုံးအဆင့်ပေါ့
ဒါပေမယ့် အချိန်ကြာလို့မရဘူး
မဟုတ်ရင် ပုံဖော်ရတာ အဆင်မပြေတော့ဘူး

ပုံဖော်တာကတော့ Barista ရဲ့
ကျွမ်းကျင်မှုအပေါ်မှာ မူတည်တာပေါ့

ကဲ ... နောက်ဆုံးမှာတော့
ဖြစ်တည်လာတဲ့ ကော်ဖီတခွက်ကို
သောက်သုံးလို့ရပါပြီ 😁

မတ်မတ်ညို ပြောပြတဲ့ Sip
05/11/2021

မတ်မတ်ညို ပြောပြတဲ့ Sip

"နေရာ"ခင်ဗျား စဉ်းစားဖူးလား ကျနော်တို့မှာ ကိုယ့်အတွက် နေရာကောင်းကောင်း မရှိနေတတ်ဘူးဆိုတာကိုပေါ့ ဒီလိုဗျ ကျနော်ပြောတဲ့ နေ...
24/10/2021

"နေရာ"

ခင်ဗျား စဉ်းစားဖူးလား
ကျနော်တို့မှာ ကိုယ့်အတွက် နေရာကောင်းကောင်း
မရှိနေတတ်ဘူးဆိုတာကိုပေါ့

ဒီလိုဗျ
ကျနော်ပြောတဲ့ နေရာဆိုတာ
ခင်ဗျားလုပ်တဲ့ အလုပ်ကို
အနှောက်အယှက်ကင်းကင်းနဲ့ လုပ်နိုင်ရမယ်၊
ခင်ဗျားဝါသနာပါတဲ့ အရာလေးတွေကို
လွတ်လွတ်လပ်လပ်ဖန်တီးနိုင်ရမယ်၊
ပြီးတော့ ခင်ဗျားကြိုက်တဲ့ ကော်ဖီကို
အနုပညာလေးတွေနဲ့ ပေါင်းစပ်ပြီး
အရသာ ခံနိုင်ရမယ်၊ အဲလိုနေရာမျိုး။

တကယ်တော့ SIP Café Club ဖြစ်ပေါ်လာခြင်းက
ခင်ဗျားကို အဲလိုနေရာမျိုးလေး တခု
ဖန်တီးပေးဖို့အတွက်ပါပဲ။
ခင်ဗျားရဲ့ လွတ်လပ်မှုက ခင်ဗျားရဲ့ လက်ထဲမှာ
အပြည့်အဝရှိနေတဲ့ နေရာမျိုးပေါ့။

ပျော်ရွှင်စရာ သီတင်းကျွတ်မီးထွန်းပွဲတော်လေးမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများအပေါင်းငြိမ်းချမ်းခြင်း၊ ချမ်းသာခြင်း၊ ကျန်...
20/10/2021

ပျော်ရွှင်စရာ သီတင်းကျွတ်မီးထွန်းပွဲတော်လေးမှာ
မြန်မာနိုင်ငံသူ နိုင်ငံသားများအပေါင်း
ငြိမ်းချမ်းခြင်း၊ ချမ်းသာခြင်း၊ ကျန်းမာခြင်းတို့နှင့်
ပြည့်စုံနိုင်ကြပါစေလို့ SIP Cafe' Club မှ
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

SIP က ဆိုင်ကိုလာတဲ့ ဧည့်သည်တွေဆီကအကြံဉာဏ်လေးတွေကိုလည်း လိုချင်ပါတယ်SIP ပြန်ဖွင့်ပြီး စတင်ခဲ့တဲ့ project 1 အကြောင်းကို အရ...
16/10/2021

SIP က ဆိုင်ကိုလာတဲ့ ဧည့်သည်တွေဆီက
အကြံဉာဏ်လေးတွေကိုလည်း လိုချင်ပါတယ်

SIP ပြန်ဖွင့်ပြီး စတင်ခဲ့တဲ့ project 1 အကြောင်းကို
အရင်တခါ ပြောပြဖူးပါတယ်
အခုတော့ Project 1 ကနေ product လေးတွေ
ထွက်လာပါပြီ

ဆိုင်လာတဲ့ ဧည့်သည်များကို ထုတ်ထားတဲ့
Product ကို မြည်းစမ်းခွင့်ပေးမှာ ဖြစ်ပြီးတော့
Welcome Juice လည်း တိုက်ဦးမှာပါ
Product အကြောင်းကို အကြံဉာဏ်လေးတွေ
ပေးသွားဦးပေါ့နော်

SIP မှာ ထိုင်ရင်း၊ စာဖတ်ရင်း၊ ကော်ဖီသောက်ရင်း
အသစ်ထွက်လာတဲ့ product လေးကို မြည်းရင်း
အကြံဉာဏ်လေးတွေ ပေးဖို့ တောင်းဆိုပါရစေနော်

“Coffee Fairy ပြောတဲ့ အိမ်”ခင်ဗျားသိလား....ကော်ဖီ fairy တွေမှာလည်း အိမ်ရှိတယ်ဆိုတာ။ ကော်ဖီခွက်အကြီးကြီးလို ဒီဇိုင်းဆင်ထာ...
13/10/2021

“Coffee Fairy ပြောတဲ့ အိမ်”

ခင်ဗျားသိလား....ကော်ဖီ fairy တွေမှာလည်း အိမ်ရှိတယ်ဆိုတာ။ ကော်ဖီခွက်အကြီးကြီးလို ဒီဇိုင်းဆင်ထားတဲ့ အိမ်လား။ ဒါမှမဟုတ် နတ်ဘုံနတ်နန်းလို ရွှေရောင်ပြိုးပြက် အချွန်အတက်တွေနဲ့လား လို့ အတွေးများနေရင်တော့ ရုပ်ရှင်တွေ လျှော့ကြည့်ဖို့ အကြံပြုပါရစေ။ ကော်ဖီ fairy ကို ခင်ဗျားစိတ်ကူးမိသမျှ ပုံဖော်ပြောပြမိရင် ဟက်ဟက်ပက်ပက်ရယ်သံတစ်ခု ပြန်ရဖို့တော့ မျှော်လင့်ထားဗျို့။

စကားမစပ် ကော်ဖီfairy တွေက ပွင့်လင်းရိုးသားတယ် ဆိုပေမဲ့ sip မယ် ရှိရှိနေတဲ့ကော်ဖီ fairy ကတော့ လူမှုရေးမညက်တာ နည်းနည်းများလွန်းတယ်လို့ သတင်းကြီးသဗျ။ Sipမှာ တွေ့တွေ့နေတာ ခပ်စိတ်စိတ်နိုင်လွန်းတော့ ရင်းနှီးပြီဆိုပြီး သူ့အိမ်အကြောင်း သွားစပ်စုမိရင် သူ့မေးခွန်းတွေနဲ့ ပစ်ပေါက်ခံဖို့တော့ စိတ်အသင့်ပြင်ထားတာ ပိုကောင်းမယ်။

ကဲ... ခင်ဗျားအဆင်သင့်ဖြစ်နေပြီမလား။ သူ့အပြောအရခေါင်မိုးတစ်ခု နံရံလေးဖက်ရှိယုံနဲ့ အိမ်လို့ ပြောတာ အိမ်ရဲ့လေးနက်မှုကို စော်ကားတာဆိုပဲ။ ခန္ဓာကိုယ် သက်တောင့်သက်သာ နားနေနိုင်အောင် ရာသီဉတုဒဏ်ခံနိုင်အောင် ဆောက်ထားတာကို အိမ်လ်ို့ ယေဘုယျ သတ်မှတ်ကြတယ်ဆိုပေမဲ့အိမ်လို့ အသံကြားယုံနဲ့ ခင်ဗျားနှလုံးသားက နွေးထွေးသွားလို့လား။စိတ်ရဲ့ အရောင်တွေပေါ် မူတည်ပြီး ပုံဖော်ပေးနိုင်တဲ့ ဂီတတွေရှိတဲ့နေရာ၊ စာရွက်တွေထဲမှာ ကမ္ဘာကြီးကိုထည့်ပြီး ဘ၀တွေအကြောင်း လှစ်ဟပြပေးတဲ့နေရာကိုရော အိမ်လို့ အဓိပ္ပာယ် ဖွင့်လို့ မရဘူးလား။

ခင်ဗျားကို အဆုံးစွန်ထိ ယုံပေးတဲ့သူတွေ၊ ခင်ဗျားရဲ့ စိတ်မလုံခြုံမှုတွေကို နှစ်သိမ့်နားလည်ပေးပြီး အရှိအတိုင်း လက်ခံပေးတဲ့သူတွေကရော အဲ့ ခင်ဗျား ပြောပြောနေတဲ့ အိမ်ဆိုတဲ့ အဆောက်အဦးမှာ ရှိလို့လား။ခင်ဗျားနဲ့ တူတူရယ်မောပေးတဲ့သူတွေ၊လောကဓံကို ဂျစ်တိုက်ပေးတဲ့သူတွေ စိတ်ဓာတ်ကျလို့ သေပစ်ချင်တယ် ညည်းတဲ့အခါ ချကွာ... မဟုတ်လည်း တစ်နေ့ သေရမှာပဲ လို့ ပါးစပ်က ပြောပြီး နည်းနည်းလေးမှ အလွတ်မပေးဘဲ နောက်က ကပ်လိုက် ဟာသတွေ လျှောက်ပြောတတ်တဲ့ သူတွေ တူတူရှိနေတဲ့ နေရာကရော အိမ် လို့ မခေါ်နိုင်ဘူးလား။

ဆိုကြပါစို့ ...အဲ့ဒါတွေ အားလုံးနဲ့သာ အိမ်ကို စံသတ်မှတ်လိုက်ရင် ခင်ဗျားမှာ အိမ်ရော တကယ် ရှိရဲ့လား။ အဲ့လိုမေးခွန်းတွေနဲ့ တရစပ် ပစ်ပေါက်ခံရတဲ့အခါ မအံသြ သွားပါနဲ့။ ရုတ်တရက်မို့ ကြောင်ပြီး မဆွံ့အသွားပါနဲ့။ ထပ်ပြောပါမယ်။ သူ့မေးခွန်းတွေအောက်မှာ လမ်းပျောက်မခံပါနဲ့။ သူ့အိမ်အကြောင်း သိချင်လို့ မေးတဲ့သူကို မေးခွန်းတွေ ပြန်မေးပြီး လမ်းကြောင်းလွှဲတဲ့ ဗျူဟာကို ထိုးစစ်ပြန်ဆင်ရပါမယ်။
သူ့အိမ်ကရော သူပြောတဲ့ စံနှုန်းတွေနဲ့ ကိုက်လို့လားဆိုတဲ့ မေးခွန်းနဲ့ ပြန်ပစ်ပေါက်ပါ။ လိမ်ညာလို့ မရတာ Fairy သဘာဝမို့ အမှန်တိုင်း ဖြေမှာပါ။ ကြိုပြီး အတည်ပြုပေးပါရစေ။ အကယ်၍များ သူ့အဖြေကြားပြီး Van Gogh ရဲ့ကြယ်တွေရုတ်တရက် လင်းလက်သွားတယ်လို့ ခံစားမိရင် ခင်ဗျားဟာ Sip မှာ ပျော်ဝင်နေတာ သေချာသွားပါပြီ။ Fairy ရဲ့ ရိုးရှင်းတဲ့ အဖြေက စံနှုန်းမှန်သမျှ ကျနော့ အိမ်နဲ့ ကိုက်နေရင် Sip ကို second home လို့ သတ်မှတ်ပြီး ကျနော် ခဏခဏ ဘယ်လာထိုင်နေတော့မလဲဗျာ တဲ့။


SIP နဲ့ ခွဲခြားလို့မရတဲ့ အရာတွေထဲမှာ စာအုပ်က ထိပ်ဆုံးကပါမယ် ထင်ပါတယ်ဒါကြောင့် SIP မှာ စာအုပ်တွေ ပြန်ဖတ်လို့ရပြီဖြစ်ကြောင...
09/10/2021

SIP နဲ့ ခွဲခြားလို့မရတဲ့ အရာတွေထဲမှာ
စာအုပ်က ထိပ်ဆုံးကပါမယ် ထင်ပါတယ်

ဒါကြောင့်
SIP မှာ စာအုပ်တွေ ပြန်ဖတ်လို့
ရပြီဖြစ်ကြောင်းကို ပြောပြချင်တာပါ

အရင်တုန်းက Library ကို လှေကားအောက်
အခန်းထဲမှာ ထားပေးထားခဲ့ပေမယ့်
အခုတော့ main hall ထဲမှာ box လေးတွေနဲ့
ထားပေးထားပါတယ်

အစကတော့ စာအုပ်တွေနဲ့ Box တွေနဲ့ ပေါင်းပြီး
Performance art ဆန်ဆန်လေးလုပ်ဖို့ပေါ့
အခုလည်း စာအုပ်ရယ်၊ အပင်ရယ်ပေါင်းပြီးတော့
စာပါထိုင်ဖတ်လို့ရမယ့် နေရာမျိုးလေးကို
ဖန်တီးပေးထားပါတယ်

ကော်ဖီရယ်၊ စာအုပ်ရယ် ၊ SIP ရယ် ရှိနေပြီဆိုရင်
ကိုယ်ပိုင်အချိန်လေးတွေကို ဖန်တီးလို့ ရပြီပေါ့


Address

Mandalay

Telephone

+9592024488

Website

Alerts

Be the first to know and let us send you an email when Sip Café Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sip Café Club:

Share

Category