30/03/2022
အတွေးဟာ သိပ်ကိုအရေးကြီးတယ်...🌹
ဖတ်ကြည့်နော်…
ငါ ကံဆိုးတယ် လို့
မတွေးပါနဲ့။
ငါ ကံကောင်းနိုင်သေးတယ်လို့ပဲ
တွေးပါ…
ငါ ဆင်းရဲတယ် လို့
မတွေးပါနဲ့။
ငါ ချမ်းသာနိုင်သေးတယ်လို့ပဲ
တွေးပါ။
ငါ အဆင်မပြေဘူး လို့
မတွေးပါနဲ့။
ငါ အဆင်ပြေနိုင်သေးတယ်လို့ပဲ
တွေးပါ။
ငါ မပျော်ရွှင်ရဘူး လို့
မတွေးပါနဲ့။
ငါ ပျော်ရွှင်ရလိမ့်အုံးမယ်လို့သာ
တွေးပါ။
စိတ်ဟာ
အင်မတန်မှ တန်ခိုးကြီးပါတယ်။
စိတ်ထားလေးပဲ ပြင်လိုက်ပါ။
အတွေးကို လွန်စွာ မတွေးပါနဲ့။
စိတ်ဆင်းရဲစေမည့် အတွေးတွေကို
အတိတ်မှာပဲ ထားခဲ့လိုက်ပါ။
ဘာဖြစ်လို့လဲ ဆိုတော့…
လှပတဲ့ဘဝဆိုတာ…
လှပတဲ့အတွေးကနေ လာတာပါ။
တောက်ပတဲ့ဘဝဆိုတာ…
တောက်ပတဲ့အတွေးကနေ လာတာပါ။
ငြိမ်းချမ်းတဲ့ဘဝဆိုတာ
ငြိမ်းချမ်းတဲ့အတွေးကနေ လာတာပါ။
အတွေးတွေကနေ
အပြောတွေ အလုပ်တွေ ဘဝတွေ
ဖြစ်လာတာပါ။
ဒါကြောင့်…
အတွေးတွေကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။
သင့်အတွေးတွေက
သင့်ကို
ကောင်းတဲ့လူတစ်ယောက် ဖြစ်အောင်
လုပ္လို့ရသလို
သင့်ကို ပျက်စီးသွားအောင်လည်း
လုပ်လို့ရပါတယ်။
စိတ်ချမ်းသာအောင်
အားတက်နေအောင် လုပ်နိုင်သလို
စိတ်ဆင်းရဲအောင်
စိတ်ဓာတ်ကျနေအောင်လည်း
လုပ်နိုင်ပါတယ်။
ကောင်းတဲ့ အတွေးအမြင်တွေကသာ
ကောင်းတဲ့ ဘဝတစ်ခုဆီကို
ခေါ်ဆောင်သွားမှာပါ။
--------------
စာပေကိုချစ်မြတ်နိုးသူများ ခုစာမျက်နှာလေးကို
LIke or Follow လေးလုပ်ထားခြင်းဖြင့် စာတိုပေစလေးများကို ဖတ်ရူခံစားနိုင်ပါတယ်ခင်ဗျာ...
owner.
#စာတိုပေစလေးများ