TMO Online shop

TMO Online shop ရောင်းသူမြတ်သုံးသူတန်တဲ့product

ကျောနာ၊ ခါးနာတွေကိုပျောက်ကင်းစေနိုင်တဲ့အိပ်စက်နည်း အနေအထား (၄)မျိုးတင်ပေးလိုက်ပါတယ်______________ကျောနာ၊ ခါးနာတွေကို အမျ...
12/10/2024

ကျောနာ၊ ခါးနာတွေကိုပျောက်ကင်းစေနိုင်တဲ့အိပ်စက်နည်း အနေအထား (၄)မျိုးတင်ပေးလိုက်ပါတယ်
______________

ကျောနာ၊ ခါးနာတွေကို အများဆုံး ခံစားရစေတာကတော့ မွေ့ရာကြောင့် နဲ့ အိပ်စက်ပုံမမှန်တာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ညဘက်အိပ်တဲ့အခါမှာ‌ေ .သချာ ဂရုတစိုက်နဲ့ အိပ်ပေးတာဖြစ်ဖြစ် ၊ အိပ်ပုံအနေအထားမှန်အောင် အိပ်တာဖြစ်ဖြစ် လုပ်ပေးပါ။

အိပ်ပုံအနေအထားမှန်ရက်နဲ့ မခံမရက်နိုင်အောင် နာနေရင် နားလည်တတ်ကျွမ်းသော သမားတော် နဲ့ ပြကြည့်ပေးဖို့ တိုက်တွန်းပေးပါတယ်။

(၁) လည်ပင်း နဲ့ ကျောအပေါ်ဘက်

မွေ့ရာကို နောက်ကျောပေးအိပ်တာက နောက်ကျောနဲ့ ခါးကို တစ်ကိုယ့်လုံးရဲ့ ဝိတ်က ပိနေတတ်ပါတယ်။

ဒီနည်းဆိုရင်တော့ လည်းပင်းနဲ့ ဒူးအောက်မှာ ခေါင်းအုံးအသေးစား ခုပေးဖို့လိုပါတယ်။ ဒီလိုခုပေးလိုက်တာက ခါးနဲ့ နောက်ကျောကို သ.က်သာသွားစေနိုင်ပါတယ်။

(၂) ကျောရိုး

ပက်လက်မှောက်အိပ်မယ်ဆိုရင်တော့ ဗိုက်အောက်မှာ ခေါင်းအုံးကို ခုအိပ်ပေးတာ ပိုကောင်းပါတယ်။

ခုထားတဲ့ ခေါင်းအုံးက (၃)လက်မထက် မထူရပါဘူး ဒီလိုအိပ်တာက ခါးနဲ့ နောက်ကျောကို လုံး၀ မထိခိုက် မနာကျင်စေပါဘူး။

(၃) ကျောအောက်ဘက်

ဘေးဘက်လှည့်ပြီး အိပ်တတ်တယ်ဆိုရင် ဖက်လုံးဖက်ပေးရပါမယ်။ ခါးနာတတ်သူတွေက ဖက်လုံးမဖက်တတ်သူတွေအဖြစ်များကြပါတယ်။

အကြောင်းကတော့ တစ်ဖက်ကို လှည့်အိပ်တဲ့အခါ ဖက်လုံးကို မဖက်ထားရင် တစ်ဖက်ရဲ့ အလေးချိန်က ခါးကို ပိနေသလိုဖြစ်နေတာကြောင့်ပါ။ဒါကြောင့် ဖက်လုံးရဲ့ အကူအညီနဲ့ လှည့်အိပ်ပေးတာက ခါးနာတာတွေကို သ.က်သာစေနိုင်ပါတယ်။

(၄) ခါးပိုင်း

တကယ်လို့ ကျောအောက် ခါးနေရာနားမှာ နာနေတယ်ဆိုရင် ဒီလို အနေအထားမျိုးက အထောက်အကူဖြစ်စေမှာပါ။

ခေါင်းအုံး နဲ့ ကူရှင် တို့ကို ကျောနောက်နဲ့ လည်ပင်းနောက်မှာ ခံပေးပါ။ ပိုပြီးသ.က်တောင့်သ.က်သာရှိစေဖို့ဆိုရင် နောက်ထပ် ခေါင်းအုံးနဲ့ ကူရှင်တို့ကို ဒူးအောက်နဲ့ ခြေဖနောင့်အောက်မှာ နေရာချထားပေးပါ။

မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

ဆံပင်ရှည်မြန်ရတဲ့ လျှို့ဝှက်ချက်(၇)ချက်"ဆံပင်ရှည်ရှည်လေး" ဆိုတာ မိန်းကလေးတိုင်းရဲ့ အိပ်မက်ဖြစ်ပါတယ်။ ဆံပင်ရှည်ရှည်ဖြစ်ဖိ...
10/10/2024

ဆံပင်ရှည်မြန်ရတဲ့ လျှို့ဝှက်ချက်(၇)ချက်

"ဆံပင်ရှည်ရှည်လေး" ဆိုတာ မိန်းကလေးတိုင်းရဲ့ အိပ်မက်ဖြစ်ပါတယ်။ ဆံပင်ရှည်ရှည်ဖြစ်ဖို့ အချိန်တွေအများကြီး ပေးရပါတယ်။ ဆံပင်ရှည်နှုန်းဆိုတာ အသက်အရွယ်၊ ဆံပင်ဆံသား၊ သွေးလည်ပတ်မှုစနစ်၊ ကျန်းမာရေးအခြေအနေတွေအပေါ်မှာ မူတည်နေတာမို့ ကိုယ်ဆံပင်ရှည်ချင်တိုင်းလည်း ရှည်မလာတတ်ပါဘူး။

တစ်နှစ်လုံးနေမှ ပျမ်းမျှ (4-6) လက်မလောက်ပဲ ရှည်တတ်ပါ​တယ်။ မရှည်လာဘူးဆိုပေမယ့် ရှည်လာအောင် ဖန်တီးလို့ရတဲ့ လျှို့ဝှက်ချက်လေးတွေ ရှိပါတယ်။ ဘာလေးတွေဖြစ်မလဲ ?

🔳 ဦးရေပြားကို သန့်စင်အောင်ထားပြီး နှိပ်နယ်ပေးပါ။

ဆံပင်သန်ဖို့အတွက်ဆို ဦးရေပြားသွေးလည်ပတ်မှုကောင်းဖို့အရေးကြီးတာမို့ ခေါင်းလျှော်ရင် လက်ထိပ်လေးတွေနဲ့နှိပ်နယ်ပေးပါ။ အခုတလောခေတ်စားနေတဲ့ ဦးရေပြားကို နှိပ်ပေးတဲ့ဟာလေးတွေနဲ့လည်း နှိပ်ပေးလို့ရပါတယ်။ အဲဒီအခါ ခေါင်းကမွေးညှင်းပေါက်လေးတွေကနေတစ်ဆင့် Oxygen ရတဲ့အခါ သွေးလည်ပတ်မှုကောင်းပြီး ဆံပင်သန်စေပါတယ်။
ခေါင်းလျှော်ရင်လည်း သေချာ ချေးတွေပြောင်အောင်လျှော်ပါ။

🔳 Supplements တွေလည်း သောက်ပါ။

လိုအပ်တဲ့ အာဟာရဓါတ်တွေရဖို့ Vitamin B, Vitamin E ,Vitamin D, Iron, Omega 3 Fatty Acids, Zinc စတဲ့ Vitamins နဲ့ Nutrients တွေ သောက်ရပါမယ်။

🔳 Chemical Treatment တွေ၊ တအားအပူပေးရတာတွေနည်းပါစေ။

Chemical တွေနဲ့ အပူဓါတ်တွေဟာ ဘယ်လောက်ပဲ စိတ်ချရတယ်ဆိုဆို ဆံသားကိုထိခိုက်စေတာမို့ ဆံပင်ရှည်မြန်ချင်ရင် ရှောင်ပေးသင့်ပါတယ်။ အိမ်မှာနေရင်း Hair Dryer အသုံးများတာ၊ ခဏခဏအပူပေးကောက်တာတွေကို လျှော့ချသင့်ပါတယ်။ ဆံပင်မှာရှိသင့်တဲ့ အစိုဓါတ်မရှိရင် မရှည်လွယ်ပါဘူး။

🔳 ဆံပင်ရှည်ဖို့ဆို အစိုဓါတ်ရှိဖို့ အရေးကြီးပါတယ်။

"ဆံပင်ဆိုတာ လူ့တစ်ကိုယ်လုံးမှာ အခြောက်သွေ့ဆုံးဖြစ်တာမို့ မြန်မြန်ရှည်ချင်ရင် စိုစိုအိအိလေးဖြစ်နေအောင် ထားဖို့ အရေးကြီးပါတယ်" လို့ Hairstylist တွေက ပြောလေ့ရှိပါတယ်။ ဒါကြောင့် Conditioner, Hair Mask, Serum, Oil တွေ ပုံမှန်သုံးပေးဖို့ အရေးကြီးပါတယ်။

🔳 ဆံသားအဖျားတွေကို မကြာမကြာတိပေးပါ။

ဆံပင်ရှည်လာလေလေ၊ အဖျား ၂ခွဖြစ်လာလေလေပါပဲ။
အဖျား ၂ ခွဖြစ်တာတွေက ဆံပင်ရှည်နှုန်းကို ထိခိုက်စေတာမို့ တစ်လကို တစ်ခါလောက် တိတိပေးရင် အရှည်ပိုမြန်ပါတယ်။

🔳 ခေါင်းဖြီးရင် စိတ်ရှည်ပါ။ ဆံပင်ကို တအားတင်းအောင်၊ နာအောင်ဖြီးတာ၊ စည်းတာတွေ မလုပ်ပါနဲ့။

ဦးရေပြားကို တင်းနေအောင် Ponytail စည်းတာ၊ ကျစ်ဆံမြီးကျစ်တွေ လုပ်ပြီး မအိပ်ပါနဲ့။ ခေါင်းဖြီးရင်လည်း စိတ်ရှည်ရှည်ထားပြီး ညင်ညင်သာသာပဲ ဖြီးပါ။ ဒါလေးတွေက အကျင့်ဖြစ်နေတတ်ရင် ဆံပင်ရှည်နှေးစေပါတယ်။

🔳 Stress တအားမပိပါစနေဲ့။

လူဆိုတာ Stress တော့ ရှိစမြဲပေမယ့် တအားလွန်ရင် ဆံပင်တွေကျွတ်တဲ့အပြင် အရှည်လည်း နှေးပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်၊ Stress လျှော့ပြီး စိတ်ကလေးကို ပျော်ပျော်နေကြည့်ပါလို့ အကြံပြုချင်ပါတယ်။

ဒီ လျှို့ဝှက်ချက် (7) ချက်ကိုသာ လိုက်နာကျင့်သုံးမယ်ဆိုရင် "Rapunzel" လို ဆံပင်ရှည်လာလိမ့်ပါမယ်။ စိတ်ရှည်ရှည်နဲ့ သေချာလိုက်လုပ်မယ်ဆိုရင် (6) လကနေ တစ်နှစ်အတွင်း
Results ကောင်းတွေ မြင်တွေ့ရပါလိမ့်မယ်ရှင်။


crd

သနပ်ခါး ရဲ့ အသားအရေအတွက် ကောင်းကျိုးတွေက ဘာတွေများလဲသနပ်ခါးက အသားအရေအတွက် ကောင်းတယ်ဆိုတာကို သိပ်ပြောစရာတောင် လိုမယ်မထင်ပ...
09/10/2024

သနပ်ခါး ရဲ့ အသားအရေအတွက် ကောင်းကျိုးတွေက ဘာတွေများလဲ

သနပ်ခါးက အသားအရေအတွက် ကောင်းတယ်ဆိုတာကို သိပ်ပြောစရာတောင် လိုမယ်မထင်ပါဘူး။

နွေရာသီလိုမျိုး ပူပြင်းတဲ့အခါ သနပ်ခါးရေကျဲလေး လူးပေးတာက အသားအေးသွားစေပါတယ်။

နေရောင်ခြည်ကြောင့် အသားအရေ နေလောင်တာတွေကိုလည်း သနပ်ခါးလူးပေးရင် သက်သာစေပါတယ်။

ခန္ဓာကိုယ်မှာ အပူဖုတွေ မိတ်ဖုတွေ ထွက်တဲ့အခါမျိုးမှာလည်း
သနပ်ခါးလေး အုံထားလိုက် သက်သာသွားမယ်လို့ လူကြီးတွေပြောတာ ကြားဖူးကြမယ် ထင်ပါတယ်။

သနပ်ခါးက အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်က ကာကွယ်ပေးနိုင်တဲ့ သဘာဝဆေး တစ်မျိုးပါ။

သနပ်ခါး​သွေးဖို့အချိန်မ​ပေးနိုင်တဲ့ သူ​တွေအတွက်
လင်းလက်ကထုတ်တဲ့ သဘာဝ သနပ်ခါးမှုန့်စစ်စစ်​လေးရှိပါတယ်ရှင့် ​
ရေနဲ့​ဖျော်ပြီးအလွယ်တကူလိမ်းလိုရသလို🤗
Loose powder အ​နေနဲ့လဲသုံးလို့ရ​တော့ အရမ်းအဆင်​ပြေ

#လင်းလက်သဘာဝသနပ်ခါးမှုန်စစ်စစ်
#တစ်ဘူး9500ကျပ်
#လင်းလက်မန္တလေးကိုယ်စားလှယ်

#09797604645သို့ဆက်သွယ်မှာယူနိုင်ပါတယ်
#အမြို့မြို့အနယ်နယ်သို့ပို့ဆောင်ပေးပါတယ်ရှင့်

6 ရက်နေ့ လက်လီ3 ဦးလက်ကား1 ဦးမဌေး (ကုန်စုံဆိုင်)၉လမ်း၈၆ထွန်းတုန်း ဒုတိယအကြိမ်အမှာလေးလက်လီ 5️⃣ဘူး68*103 တတိယအကြိမ်အမှာလေးလ...
06/10/2024

6 ရက်နေ့ လက်လီ3 ဦးလက်ကား1 ဦး

မဌေး (ကုန်စုံဆိုင်)
၉လမ်း၈၆

ထွန်းတုန်း ဒုတိယအကြိမ်အမှာလေး
လက်လီ 5️⃣ဘူး

68*103 တတိယအကြိမ်အမှာလေး
လက်လီ 3️⃣ဘူး

အိမ်လာအဝယ်လေးက
တရော်နဲ့ပေါင်းဆီ 2️⃣ဘူး

လက်လီလက်ကားအားပေးသူအားလုံးကိုချစ်ခင်ကျေးဇူးတင်ပါတယ်ရှင့်😘😘😘

online shop
#မန္တလေးမြို့၄ဘူးဝယ်delifree
#မြို့နယ်စုံပို့ဆောင်ပေးပါတယ်ရှင့်

☎️09 797604645 Telegram
☎️09 970981838 Viber

🚰 ပိုလှချင်ရင် ရေပိုသောက်ပါ 🚰ရေအသက် တစ်မနက်လို့တောင် ဆိုရအောင် ခန္ဓာကိုယ်အတွက်'ရေ'ရဲ့ အခန်းကဏ္ဍက ကြီးလှပါတယ်။လူတိုင်းရေသ...
10/05/2024

🚰 ပိုလှချင်ရင် ရေပိုသောက်ပါ 🚰

ရေအသက် တစ်မနက်လို့တောင် ဆိုရအောင် ခန္ဓာကိုယ်အတွက်'ရေ'ရဲ့ အခန်းကဏ္ဍက ကြီးလှပါတယ်။

လူတိုင်းရေသောက်ပေမဲ့ တချို့က အသက်ရှင်ဖို့ လိုသလောက်ပဲသောက်တတ်ကြပါတယ်။

ရေထက် အချိုရည်တွေ ဘီယာတွေသောက်ရတာပိုကြိုက်တတ်ကြပါတယ်။

🩺ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ??

ရေများများသောက်တဲ့အခါ
▪️ဝမ်းမှန်စေပါတယ်
▪️ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ဖယ်ရှားပေးပါတယ်
▪️နှလုံးကျန်းမာရေးအတွက် ကောင်းပါတယ်
▪️စိတ်ဖိစီးမှုလျော့စေတယ်
▪️ခေါင်းကိုက်ပျောက်စေတယ် စတဲ့အကျိုးကျေးဇူးတွေအပြင် တခြားအကျိုးကျေးဇူးတွေလည်း အများကြီးရှိပါသေးတယ်။

🚩နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ အသားအရေကောင်းမွန်ဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့လိုအပ်တာပဲဖြစ်ပါတယ်။
ဒါ‌ကြောင့် ရေများများသောက်ပေးဖို့ လိုပါတယ်။

🩺ရေသောက်နည်းလို့ ရေဓာတ်မပြည့်မဝဖြစ်လာတဲ့အခါ အသားအရေမှာ
▪️ ခြောက်သွေ့တာ
▪️ ယားယံတာ
▪️မျက်ကွင်းညိုလာတာ
▪️မျက်တွင်းကျလာတာ
▪️အသားရောင်မွဲခြောက်ခြောက်ဖြစ်လာတာ
▪️အရေးအကြောင်းတွေ ပိုထင်ရှားလာတာ စတဲ့ လက္ခဏာတွေပေါ်လာပြီး အလှအပကို ထိခိုက်စေပါတယ်။

🚩ရေသောက်များလို့ ရေဓာတ်ပြန်လည်ပြည့်ဝသွားသူတွေမှာတော့
▪️အသားအရေ ပိုကြည်လင်လာတာ
▪️ပြည့်တင်းလာတာ
▪️အရေးအကြောင်းတွေလျော့ပါးလာတာ
▪️ပိုလန်းဆန်းလာတာ သိသိသာသာတွေ့ရပါလိမ့်မယ်။

🩺တနေ့ရေဘယ်လောက်သောက်ဖို့လိုလဲ ??

တနေ့ကို အနည်းဆုံးဖန်ခွက် ၈ခွက် သို့မဟုတ် ၂လီတာ အနည်းဆုံးသောက်ပေးဖို့လိုအပ်တယ်လို့ ဆိုကြပါတယ်။

🩺ရေဓာတ်ပြည့်ဝအောင် ဘယ်လိုနေမလဲ ??

▪️ရေများများသောက်ပါ။
▪️အိပ်ရေးဝဝအိပ်ပါ။
▪️ရေအပြင် အရည်ရွှမ်းတဲ့ အသီးအနှံတွေ များများစားပါ
▪️ဟင်းချို၊ စွပ်ပြုတ်လို အရည်များတဲ့ အစာတွေများများ စားပါ
▪️ဆီးရွှင်ပြီးရေဓာတ်ဆုံးရှုံးမှုများစေတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဘီယာ စတာတွေ ရှောင်ရပါမယ်
▪️လေ့ကျင့်ခန်းတွေ အားကစားတွေလုပ်ပြီးရင် ရေပဲသောက်ပါ
▪️ချွေးထွက်များရင်တော့ အုန်းရည်၊ ဓာတ်ဆားရည်စတာတွေနဲ့ ဆားဓာတ်တွေပါ ပြန်လည်ဖြည့်တင်းပါ။

ကျန်းမာပျော်ရွှင်ကြပါစေ...
#ပြန်လည်မျှဝေခြင်းဖြစ်သည်

05/05/2024

100% ကရမက် စစ်စစ်

သန့်သန့်ရှင်းရှင်းထုတ်လို့ထားလို့စိတ်ချစွာသုံးစွဲနိုင်ပါတယ်ရှင့်

လင်းလက် ကရမက်မှုန့်

မဂ်လာရှိသောနံနက်ခင်းလေးပါ🙏🙏🙏
18/04/2024

မဂ်လာရှိသောနံနက်ခင်းလေးပါ🙏🙏🙏

လေးဘက်နာခေါ် သွေးမှင်အစအစာမကြေခြင်းကအစာကြေနည်း(၆)နည်း-အစားစာတဲ့အခါမမြန်စေနဲ ့-အစာကိုညက်အောင်ဝါး-ကြိုက်မကြိုက်နဲ့မစားနဲ့-...
07/04/2024

လေးဘက်နာခေါ် သွေးမှင်အစ
အစာမကြေခြင်းက

အစာကြေနည်း(၆)နည်း
-အစားစာတဲ့အခါမမြန်စေနဲ ့
-အစာကိုညက်အောင်ဝါး

-ကြိုက်မကြိုက်နဲ့မစားနဲ့
-သင့် မသင့်နဲ့စား

-အဆာ လွန်ခံပြီးလည်းမစားနဲ့
-မဆာဘဲနဲ့လည်းမစားနဲ့


ရောဂါလက္ခဏာ

-ရေချိုးချင်စိတ်နည်းလာတတ်တယ်

-မိန်းကလေးတွေမှာဖြစ်တတ်သောဓမ္မတာကမောက်ကမဖြစ်တတ်သလို ရောဂါကြောင့်စိတ်ဖိစီးမှုများတတ်တယ်

-သာမန်ထက်စိတ်တိုလွယ်
-လေးဘက်နာဝေဒနာရှည်''စိတ်ရှည်တတ်သူ"
မရှိတတ်

အခက်သုံးခက်

အထိုင်ခက်အထခက်-ငယ်ငယ်ရွယ်ရွယ်နဲ့လေးဘက်နာခံစားရပြီဆိုရင်ဘေးလူထူပေးမှထိုင်နိုင်ထနိုင်ခြင်း

အမခက်အချခက်-မိုးလင်းလို့ခေါင်းဖြီးတာတောင်အဆင်မပြေခြင်း

အကွေးခက် အဆန့်ခက်- လက်တွေခြေတွေကွေးဆန့်မလွယ်ကူခြင်း

လေးဘက်နာသမားများရှောင်ရန်

-လုံးဝအနှိပ်မခံရ
-ပူလွန်းပြင်းလွန်းသောဆေးသောက်/လိမ်းခြင်းရှောင်
-ကြွပ် ရွ ချို ဆိမ့်ရှောင်

-အပူအစပ် တာရှည်ခံအစားအစာရှောင်


လေးဘက်နာသမားစာသင့်သောအစာ

-ချဉ်ချိုအရသာသုံးရက်
ဆီးဖြူသီး မန်ကျည်းသီးပါတဲ့အရည်သောက် ဒိန်ချဉ်

-အေးခါးအရသာသုံးရက်
မဲဇလီ ခွေးတောက် ကြောင်လျှာပွင့်
ကြက်ဟင်းခါးညွန့်

-ချိုအေးသုံးရက်
ထန်းလျက် ပဲဝါလေး ဖရဲသီး ဖီးကြမ်းဌက်ပျောသီး ကန်စွန်းရွက် -ရိုးနီ

ရေချိုးတဲ့အခါမှာလည်းအခါးရွက်ပြုတ်ပြီး
ရေချိုးပေး

လေးဘက်နာသမားတွေခံစားမှု
-ကိုက်လည်းကိုက် /နာလည်းနာ
-ပူလည်းပူ / အောင့်လည်းအောင့်တယ်

-ပူပြီးအရောင်ပြောင်းလာရင်ရေခဲကပ်ပေး
-ရေခဲမရှိ အမွှေးပွတဘက်ကိုရေညှစ်အုပ်


ဆေးနည်း

ကရမက်လို သနပ်ခါးလိုအရည်ကျဲကို တဘက်လေးမှာဆွတ်ပြီး ဖြစ်တဲ့နေရာကိုအုပ်လိုက်ခွာလိုက်လုပ်ပေးပါ

crd
ဆရာကြီးဦးရန်အောင်(သြ/သု)

05/04/2024

ကူးယူဖော်ပြသည် crd

မနေ့က ၄ လပိုင်း ၃ ရက်နေ့က စပြီး မြန်မာပြည်မှာ အယ်နီညို အပူလှိုင်း စဖြတ်နေပြီ ။ ဒီတခါအပူလှိုင်းက နေ့အပူချိန် ၄၅ ဒီဂရီဝန်းကျင်အထိ ရှိနိုင်တယ် ၊ ကျော်နိုင်တယ်ဆိုတော့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေအတွက် အတော်ကို အန္တရာယ်များတယ် ။ အထူးသဖြင့် အပူလှိုင်းဖြတ်ပြီဆို လူအိုတွေကို တော်တော်ထိတတ်တယ် ။ ဒီတော့ ဘယ်လိုကာကွယ်နေထိုင်ကြမလဲ ။

၁ ။ နေ့အပူချိန်များလာတဲ့ မနက် ၁၀ ခွဲလောက်ကနေ ညနေ ၃ ခွဲလောက်အထိကို #အရိပ်ထဲမှာပဲနေသင့်တယ် ။
ဖြစ်နိုင်ရင် ဘယ်မှမသွားနဲ့ ။ အရိပ်ဆိုတာကလည်း တတ်နိုင်သမျှ အေးတဲ့ အရိပ်ရှိရာကိုဆိုလိုတာ။ မြန်မာတွေက အိမ်ဆောက်ရင် ပုပုနဲ့ သွပ်မိုးကလည်း ခေါင်နှိမ့်တတ်တော့ ရိုးရိုးနေ့လည်းခင်းတောင်အိမ်ထဲမနေနိုင်ကြဘူး ။ အဲ့လိုအိမ်တွေကလူတွေကတော့ အခြားနီးစပ်ရာဘုရားတန်းဆောင်း သစ်ပင်အောက် အရိပ်ရ အပူသက်သာတဲ့နေရာမှာ သွားကို နေသင့်တယ် ။ အပူလှိုင်းဖြတ်နေတုန်းရက်တွေမှာတော့ ကိုယ့်အိမ်မဟုတ်ပေမယ့် သည်းခံနေရမှာပဲ ။

၂ ။ #ရေများများသောက်ဖို့လိုတယ် ။ တဆက်ထဲ ရေခဲရေလုံးဝ မသောက်ပါနဲ့ ။ တခါထဲ လည်ချောင်းတွေပါကွဲထွက်သွားမယ် ။ ရေပဲသောက် ။ ရေများများသောက်လေ ခန္တာကိုယ်က အပူချိန်ကို ထိန်းနိုင်လေပဲ ။ ရေနွေးလည်း မသောက်နဲ့ ။ ရေနွေးသောက်ရင် ကိုယ်အပူချိန်တက်လာပြီး ချွေးထွက်တယ် ။ ချွေးထွက်ရင် ကိုယ်တွင်းရေဓါတ်ဆုံးရှုံးတဲ့အတွက် body temperature ထိန်းနိုင်စွမ်းကျတယ် ။ မြန်မာတွေက ချွေးလေးစို့ပြီး အရေပြားလေးအေးတာကို ဇိမ်ခံချင်တာ ။ အပူလှိုင်းဖြတ်နေချိန်မှာ သွားမလုပ်နဲ့ ။ ရိုးရိုးရေ ရေသန့်ကိုပဲ တနေ့ ၃ လီတာလောက် သောက် ။ အချို့လူကြီးတွေရှိတယ် ။ ကျွန်တော်က ရေမသောက်နိုင်ဘူး ဘာဘူးညာဘူး ။ မရဘူး ။ ရေပဲသောက်ရမယ် ။ ရေသောက်လိုက်သေးပေါက်လိုက်လုပ်လေ ကိုယ်အပူချိန်ကို ထိန်းနိုင်လေပဲ ။

၃ ။ #အဝတ်ကိုချောင်ချောင်ချိချိဝတ် ။ ဒါမှ ကိုယ်တွင်းအပူက အပြင်ကို ကောင်းကောင်းထွက်လို့ရမယ် ။

၄ ။ နောက်ပြီး #အစားကိစ္စ ။ အစားစားရင် ကိုယ်တွင်းအပူချိန်သိသိသာသာတက်တယ် ။ အဲ့တော့ နေ့ခင်းစာကို ၁၁ မထိုးခင် စားထား ။ အရမ်းပူနေချိန်မှာ သိပ်မစားနဲ့တော့ ။ စားချင်ရင်လည်း အစာကြေလွယ်ပြီး ရေဓါတ်များတဲ့ ဖရဲသီး သခွားသီးလို ဟာတွေပဲစား ။ ထမင်းစားချင်တာဆို တော်သင့်ရုံ ဗိုက်အဆာပြေရုံပဲစား ။ နင်းကန်မစားနဲ့ ။

၅ ။ #အရက်မသောက်နဲ့ ။ အရက်သောက်ရင် ကိုယ်တွင်းအပူချိန်ထိန်းတဲ့စနစ်ကို ထိခိုက်စေတယ် ။ အလိုလိုကို ကိုယ်ပူချိန်တက်လာတယ် ။ ဒီကိစ္စက လူကြီးတွေကလေးတွေကတော့ သိပ်မပြောရဘူး ။ တနေကုန်မူးရူးနေတဲ့လူတွေ ။ ကြာကြာသောက်ချင်ရင် ခဏတော့ ရှောင် ။ မရှောင်နိုင်လည်း ကိုယ့်အကြောင်းနဲ့ကိုယ်ပဲ ။

၆ ။ အပြင်မထွက်တာအကောင်းဆုံးပဲ။ ထွက်ရင်တော့ ိမ်း lotionလိမ်း ။ Lotion ကို ရေဓါတ်များတာ SPF များတာ လိမ်း ။ ထွက်ခါနီး တန်းလိမ်းပဲ ။ မနက်ကလိမ်းထားတယ် ။ မနေ့ကလိမ်းထားတယ် မလုပ်နဲ့ ။ အိမ်မှာနေရင်းလည်း ရေဓါတ်များတဲ့ lotion လိမ်းထားသင့်တယ် ။ အဲ့မှာ ရေနွေးသောက်ပြီး ချွေးထိုင်ထုတ်မနေနဲ့ ။ Dehydration နဲ့ ပျော့သွားလိမ့်မယ် ။

အရေးအကြီးဆုံးကတော့ အပူလှိုင်းဆိုတာရက်ပိုင်းပဲ ဖြစ်ပြီး ဒီရက်ပိုင်းလေးတော့ အပြည့်အဝဂရုစိုက်ဖို့လိုတယ်ဆိုတာ သတိမမေ့ဖို့ပါ ။ အချို့က ခေါင်းမာတယ် ။ ဘာမှမဖြစ်ဘူးလို့ထင်တယ် ။ ဖြစ်လာရင် heat stroke ဟာ အရမ်းကုရခက်တယ်။ သေကို သေတယ် ။ မပေါ့ဘဲ ကောင်းကောင်းကွာကွယ်ရင် အသက်နဲ့အဝေးကြီးဆိုပေမယ့် လူကြီးတွေ heat stroke မိလို့ကတော့ သေဖို့များတယ် ။ အဲ့တော့ ကိုယ့်အိမ်ကလူ ကိုယ်ဂရုစိုက် ။ ရက်ပိုင်းလေးကို မပေါ့စေချင်ဘူး ။

အပူလှိုင်းကို အန္တရာယ်ကင်းကင်းနဲ့ အတူတူပျော်ဖြတ်ရအောင်ဗျာ ။

 #မိန်းမတွေထက်မြက်ဖို့လိုပါတယ်**************************** #ပျော့ညံ့နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့..စိတ်ဓာတ်မာကျော့တဲ့မိန်...
22/03/2024

#မိန်းမတွေထက်မြက်ဖို့လိုပါတယ်
****************************
#ပျော့ညံ့နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့..
စိတ်ဓာတ်မာကျော့တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ..

#မပြတ်သားတဲ့မိန်းမ ဖြစ်အောင်မနေပါနဲ့
ဆုံးဖြတ်ချက်ချပြီးနောက်လှည့်မကြည့်တတ်တဲ့မိန်းမဖြစ်အောင်ကြိုးစားပါ..

#အရာရာအရှုံးပေးတတ်တဲ့မိန်းမဖြစ်အောင်မနေပါနဲ့အရှုံးတွေထဲကသင်ခန်းစာယူပြီးဘဝခရီးဆက်နိုင်တဲ့မိန်းဖြစ်အောင်နေထိုင်ပါ..

#မျက်ရည်လွယ်တဲ့ မိန်းမတစ်ယောက်ဖြစ်အောင်မနေပါနဲ့..မျက်ရည်ကျတိုင်းကိုယ်မျက်ရည်ကိုယ်သုတ်ပြီးပြုံးနိုင်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ

#အချစ်တွေအလွမ်းတွေနဲ့အချိန်ကုန်နေတဲ့မိန်းမဖြစ်အောင်
မနေပါနဲ့..အချစ်ဆိုတာမရှိမဖြစ်မဟုတ်ဘူးဆိုတဲ့စိတ်ဓာတ်နေထိုင်အောင်ကြိုးစားပါ..

#အိမ်နောက်ဖေးမှာဘဝကုန်ဆုံးတော့မယ်မိန်းမတစ်ယောက်ဖြစ်အောင်မနေပါနဲ့ အိမ်ဦးခန်းမှာအိမ်ထောင်ဦးစီးကိုလမ်းပြနိုင်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ..

#အသိဥာဏ်မဲ့တဲ့မိန်းမတစ်ယောက်
ဖြစ်အောင်မနေထိုင်ပါနဲ့..အသိဥာဏ်ကြွယ်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ...

#တန်ဖိုးမဲ့မိန်းမတစ်ယောက်
ဖြစ်အောင်မနေထိုင်ပါနဲ့တန်ဖိုးကြီးတဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ

💪💪💪အနာဂတ်အမေတွေဖြစ်လာမယ့်
မိန်းမတွေ ထက်မြက်ဖို့လိုပါတယ်...!!

❌❌❌နွယ်ပင်လိုလူမဖြစ်ပါစေနဲ့❌❌❌

ဒူးနာ ခြေနာ အဆစ်မြစ်နာ အတွက် ရုံပတေသီး💚💚💚💚💚💚💚💚💚💚💚💚ရုံးပတေသီး ရေနွေးဖျော သောက်တာ အခုဆို တစ်လပြည့်သွားပါပြီ။ အကျိုးအာနိသင်...
15/03/2024

ဒူးနာ ခြေနာ အဆစ်မြစ်နာ အတွက် ရုံပတေသီး
💚💚💚💚💚💚💚💚💚💚💚💚

ရုံးပတေသီး ရေနွေးဖျော သောက်တာ အခုဆို တစ်လပြည့်သွားပါပြီ။ အကျိုးအာနိသင်ကတော့ ဒူးနာတယ် ခြေထောက်နာတယ် ကြာကြာမရပ်နိုင်ဘူး ကြာကြာလမ်းလျှောက်နိုင်ဘူး ကြာကြာမထိုင်နိုင်ဘူး ထလည်းနာ တကျွတ်ကျွတ် အော်နေရတဲ့

ထိုင်လည်းနာ

ပါးစပ်က ရောင်ပြီးတောင် "နာတယ်"လို့

မထွက်လာတော့ဘူး။

အသက်ငါးဆယ်ကျော်ရင်

ရုံးပတေသီးကို မချစ်တောင်မှ မုန်းလို့ဆိုပြီး ပစ်မထားသင့်ပါဘူး။ ခန္ဓာကိုယ်အတွက် ကျေးဇူးများလွန်းတဲ့ အသီးလေးဖြစ်လို့ ပေါင်းထားသင့်ပါတယ်။ ပေါင်းနိုင်သလောက်လည်း ကောင်းတယ်ဆိုတာ သက်သေပြလိမ့်မယ်။ ဒီအသီးလေးက အရိုးအဆစ်နာကျင် ကိုက်ခဲမှုများကို မောင်းထုတ်ပစ်နိုင်စွမ်းရှိတာကတော့ အလွန်ကိုအံ့ဩသွားစေပါလိမ့်မယ်။

ပြုလုပ်ပုံ

ရုံးပတေသီး သုံးတောင့်ကို ဓားနဲ့လှီးပြီး

အဖုံးပါတဲ့ခွက်ထဲထည့်

ရေနွေးပူပူလောင်းထည့်ပြီး

အဖုံးပြန်အုပ်ထားပါ။

အေးသွားမှ

အရေလည်းသောက်

အဖတ်လည်းစားရမှာ ဖြစ်ပါတယ်။

အဓိကအရေးကြီးတဲ့အချက်က အစားအိမ်ထဲ အစာမရှိတဲ့အချိန်မှာစားရ သောက်ရမှာပါ။

တစ်ခါထဲ ကုန်အောင်မသောက်နိုင်ရင်

နှစ်ကြိမ် သုံးကြိမ်ခွဲသောက်နိုင်ပါတယ်။

အစာအိမ်ထဲ

အစာမရှိချိန်သောက်ဖို့က

အဓိကဖြစ်တယ်ဆိုတာ လေးကိုတော့

မမေ့စေချင်ပါဘူး။

ဒူးနာ ခြေနာ အဆစ်မြစ်နာ

ဝေဒနာ ရှင်များအတွက်

ကျေးဇူးများတဲ့ ဒီအသီးလေးကို

ဆေးအဖြစ်နဲ့ ပေါင်းသင်းမှီဝဲစားသုံး

ကြည့်ကြပါလို့ မေတ္တာဖြင့်

တိုက်တွန်းလိုက်ပါတယ်။

မိဘပြည်သူများအားလုံး...

ကျန်းမာခြင်းမဂ်လာနဲ့ပြည့်စုံကြပါစေ။

မဂ်ာနံနက်ခင်းပါ🙏🙏🙏
15/03/2024

မဂ်ာနံနက်ခင်းပါ🙏🙏🙏

Address

54 115c
Mandalay
05041

Website

Alerts

Be the first to know and let us send you an email when TMO Online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category