Umami restaurant

Umami restaurant True ingredients, True flavors, True passion.

Hello အားလုံး မင်္ဂလာပါ🙏 နှစ်သစ်မှာ ကဲဖို့ Ready ပဲလား???💃🕺ဒါဆို Umami Bar ကလည်း ကာကာတို့နဲ့အတူတူကဲဖို့ Ready ဖြစ်ပြီရှင...
29/12/2025

Hello အားလုံး မင်္ဂလာပါ🙏

နှစ်သစ်မှာ ကဲဖို့ Ready ပဲလား???💃🕺
ဒါဆို Umami Bar ကလည်း ကာကာတို့နဲ့အတူတူကဲဖို့
Ready ဖြစ်ပြီရှင့် 🍷
Unplugged မြူးမြူးလေးလဲထည့်ပေးထားတယ်🎸🎙️
ဘီယာလေးလဲသောက်🍻 ရှု့ခင်းလေးလဲ ကြည့်🌃🌆
Unplugged လေးခံစားရင်း
2025 နှစ်ဟောင်းရဲ့ ပျော်ရွှင်မှု့
ဝမ်းနည်းမှု့တွေကို စွန့်ပစ်ပြီး 2026 နှစ်သစ်ကို ကူးဖို့
Umami ကနေ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်📣

တစ်ယောက်ကို 25000 နဲ့ ဘီယာအဝသောက်ရမယ်ဆို စိတ်ဝင်စားလား ??   Promotion လေးက  25.12.2025  Christmas 🎄 နေ့တစ်ရက်ထဲ ရမှာဆိုတ...
21/12/2025

တစ်ယောက်ကို 25000 နဲ့ ဘီယာအဝသောက်ရမယ်ဆို စိတ်ဝင်စားလား ??

Promotion လေးက 25.12.2025 Christmas 🎄 နေ့တစ်ရက်ထဲ ရမှာဆိုတော့ လက်မလွှတ်သင့်ဘူးနော်😉😉😉
Beer မှ Beer ကို ကြိုက်ပြီး လုံးဝအမုန်းသောက်ချင်တဲ့ လူတွေတွက်ကဝောာ့ ကွက်တိ ဖြစ်စေရမယ် 🤭
ဒါကြောင့် သူငယ်ချင်းတွေ ချစ်ရသူတွေ မိသားစုတွေ Chill ဖို့ Umami ကို အရောက်လှမ်းခဲ့လိုက်တော့နော်🫶🫶

"Rooftop Bar တွေ ဈေးကြီးတယ်ထင်ပြီး အိမ်မှာခွေနေတုန်းလား?“ဒီနေရာလား…ဈေးကြီးတယ်ထင်တယ်နော်” ဆိုတဲ့ သူငယ်ချင်းတွေရှိရင် Umam...
29/09/2025

"Rooftop Bar တွေ ဈေးကြီးတယ်ထင်ပြီး အိမ်မှာခွေနေတုန်းလား?

“ဒီနေရာလား…ဈေးကြီးတယ်ထင်တယ်နော်” ဆိုတဲ့ သူငယ်ချင်းတွေရှိရင် Umami Rooftop Bar & Resturant ကိုသာ ခေါ်ခဲ့ပါ။

Umami မှာ မီနူးတွေစုံတဲ့အပြင် ကောက်တေးကြိုက်တဲ့ အသောက်တစ်လိုင်းတိုအတွက် အမိုက်ဆုံးနေရာလေးပေါ့။ Rooftop Bar ဖြစ်လို အထက်စီးကနေ မန္တလေးမြိုရဲ့ အလှတရားကို အပြည့်အဝခံစားနိုင်မှာဖြစ်ပါတယ်။

Budget ချွေတာနိုင်တဲ့ Umami ရဲ့ Budget Menu တွေရှိလို စိုးစိတ်ကိုဘေးဖယ်ပြီး အေးအေးဆေးဆေး အတူ Chill နိုင်မယ့် နေရာကောင်လေးဖြစ်ပါတယ်ရှင့် 🥂 ☺️

ဒါကြောင့် စိတ်ထဲမှာရှိနေတဲ့ "" ဈေးကြီးတယ်"" ဆိုတဲ့အမြင်ကို ဖျောက်ဖျက်ပြီး Umami Rooftop Restaurant & Bar ကို တစ်ခေါက်လောက် လာရောက်လည်ပတ်ကြည့်ဖို ဖိတ်ခေါ်လိုက်ပါတယ်နော်💌

“Love is expensive, but not at Umami""
Umami Restaurant

📌Address - ၁၀၁လမ်း( သိပ္ပံလမ်း) ၊ ၅၄ × ၅၅ကြား ၊ မန္တလေးမြို
📞Phone - 09 985 616 88

Event launch ကျင်းပဖို့ခေါင်းခဲနေရပြီလား?ပွဲတစ်ပွဲလုပ်တော့မယ်ဆိုရင် နေရာရွေးရတာကလည်း ခေါင်းမီးတောက်စရာပါပဲ့ 🙄🔥 Outdoor လ...
27/09/2025

Event launch ကျင်းပဖို့ခေါင်းခဲနေရပြီလား?

ပွဲတစ်ပွဲလုပ်တော့မယ်ဆိုရင် နေရာရွေးရတာကလည်း ခေါင်းမီးတောက်စရာပါပဲ့ 🙄🔥

Outdoor လား? Indoor လား? အရွေးခက်လို့ အတွေးမမှားစေဖို့ ကျွန်တော့်တို့ Umami Rooftop Bar ကိုဖိတ်ခေါ်ပါရစေ 🤩

လူဦးရေများလို့ နေရာထိုင်ခင်းအတွက်ပူစရာမလိုသလို၊ မီနူးမစုံလို့ ဗိုက်အတင်းမစားရမှာလည်း လုံးဝတွေးပူစရာမလိုပါဘူး ⚡

Service လည်းကောင်းတဲ့အပြင် နွေးထွေးမှုနဲ့ လွတ်လပ်တဲ့ အရသာကိုအပြည့်အဝခံစားရစေမှာပါ။

ဒါ့အပြင် မန္တလေးမြို့ရဲ့ ရှုခင်းတွေနဲ့အပုံလှလှလေးတွေရိုက်နိုင်သလို စိတ်ပင်ပန်းမှုကို ဖြေဖျောက်ပေးနိုင်တဲ့ Cocktail အမိုက်စားတွေ တစ်နေရာတည်းမှာရရှိနိုင်မှာပါနော်…

ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုကလည်း ပွဲတစ်ပွဲလုံး အဆင်ပြေချောမွေ့အောင် ကူညီပေးနိုင်မှာဖြစ်လို့ သင့်ရဲ့ Event Launch ကို လူတိုင်းစိတ်ကျေနပ်စရာကောင်းပြီး အမှတ်တရဖြစ်စေမယ့် ပွဲတစ်ခု ဖြစ်လာဖို့ Umami Rooftop Bar ကို ရွေးချယ်လိုက်ပါ 🥂🤜🤛

Umami Restaurant

📌Address - ၁၀၁လမ်း( သိပ္ပံလမ်း) ၊ ၅၄ × ၅၅ကြား ၊ မန္တလေးမြို့
📞Phone - 09 985 616 88

ကြာချိန်တွေဘေးချန်ထားမယ့် Umami ရဲ့ BBQ Pan 🥘🍻ဘော်ဒါတွေအတူဆုံလို့ သောက်ကြတဲ့အခါ သောက်ရင်းမြည်းရင်းနဲ့ အကင်တွေကျက်မယ့် အခ...
27/09/2025

ကြာချိန်တွေဘေးချန်ထားမယ့် Umami ရဲ့ BBQ Pan 🥘

🍻ဘော်ဒါတွေအတူဆုံလို့ သောက်ကြတဲ့အခါ သောက်ရင်းမြည်းရင်းနဲ့ အကင်တွေကျက်မယ့် အချိန်ကိုစောင့်ဖူးကြလား?

ရေချိန်ကိုက်နေတဲ့ ဒီအချိန်မှာ စောင့်နေရတာလည်းစိတ်မရှည်၊ အသားမကျက်လို့စားမိရင်လည်း ဗိုက်အောင့်ဗိုက်နာတွေကဖြစ်ဦးမှာဆိုတော့ အခက်တွေ့နေရပြီလေ 🤨

ဒီလိုပြဿနာတွေမဖြစ်စေဖို့ ရွှေမန်းမြေလို့ အမည်တွင်တဲ့ မန္တလေးမြို့က Umami Rooftop Bar & Restaurant ကိုအရောက်လာခဲ့ပါနော်…

မီနူးစုံစုံနဲ့ ကောက်တေးမျိုးစုံကို တစ်နေရာတည်းမှာရရှိနိုင်တဲ့အပြင် BBQ ကြိုက်သူတွေအတွက် (၁) မိနစ်တည်းနဲ့ အသားကျက်မြန်စေတဲ့ Umami BBQ Pan လည်းရှိပါတယ် 🤗

အသားကို ဒယ်အိုးပေါ်တင်လိုက်တာနဲ့ တစ်မိနစ်အတွင်းမှာ အပြင်ဘက်ကနေ ကျက်သွားတာကြောင့် အသားရဲ့ အတွင်းပိုင်းအရသာလည်းစားလို့ပြေမှပြေပဲပေါ့ 🥓 🫕🥩

လတ်ဆတ်တဲ့အသားနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးသူတိုင်း အရသာထိထိမိမိစွဲညှိနေစေမှာပါ။

ကဲ..ဒီလိုဆိုရင် တစ်ခွက်တစ်ဖလား အတူပြိုင်မော့ကြမယ့် ဘော်ဒါတွေအတူစုပြီး အကင်လေးစားရင်း Umami မှာ အေးအေးဆေးဆေး Chill လိုက်ကြစို့လေ 🤝 😎

Umami Restaurant

📌Address - ၁၀၁လမ်း( သိပ္ပံလမ်း) ၊ ၅၄ × ၅၅ကြား ၊ မန္တလေးမြို့
📞Phone - 09 985 616 88

တစ်နှစ်မှာတစ်ရက်ကျရောက်တဲ့ မွေးနေ့မှာဘော်ဒါတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်သူဖြစ်ဖြစ်၊ နှစ်ကုန် Staff Party ကျင်း...
24/09/2025

တစ်နှစ်မှာတစ်ရက်ကျရောက်တဲ့ မွေးနေ့မှာဘော်ဒါတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်သူဖြစ်ဖြစ်၊ နှစ်ကုန် Staff Party ကျင်းပဖို့တွေးနေသူတွေအတွက် မန္တလေးကနေရာကောင်းလေးကို ပြောပြချင်ပါတယ် 👇

Umami ရဲ့ အဓိကအားသာချက်ကတော့ ပုံမှန် Bar တွေလို ရှုပ်ထွေးဆူညံတာမျိုးမဟုတ်ဘဲ၊ Camping Vibe ကို အဓိကထားဖန်တီးထားတာဖြစ်ပါတယ်။

သိပ်လှတဲ့အပြင်အဆင်တွေနဲ့ အလင်းရောင်မှိန်မှိန်လေးတွေအောက်မှာ အားလုံးအတူ ရယ်မောပျော်ရွှင်ရင်း ဓာတ်ပုံလှလှလေးတွေလည်း ရိုက်ကူးနိုင်ပါတယ် 📸

🎉Birthday Party နဲ့ Staff Party တွေလိုမျိုး လူဦးရေများတဲ့ပွဲတွေအတွက်လည်း သင့်တော်တဲ့
* အကင်နဲ့ အခြားဟင်းလျာမျိုးစုံ 🍝
* အရည်အသွေးမြင့် ကော့တေးနဲ့ ဝိုင်မျိုးစုံ 🥂
*တေးဂီတလွင်လွင် 🎼
* ပေါ့ပါးလွတ်လပ်တဲ့နေရာထိုင်ခင်း 🏕️
* ရင်းနှီးပျူငှာတဲ့ ဝန်ဆောင်မှု 🤵
စတဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့ Rooftop Bar လေးဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ပုံမှန် Bar တွေနဲ့မတူဘဲ၊ အမှတ်တရဖြစ်စေပြီး ပေါ့ပါးလွတ်လပ်တဲ့ ပါတီပွဲတစ်ခုကို ဖန်တီးချင်တယ်ဆိုရင်တော့ Umami Rooftop Bar ကိုအရောက်လာခဲ့လိုက်ပါ 👋

Umami Restaurant

📌Address - ၁၀၁လမ်း( သိပ္ပံလမ်း) ၊ ၅၄ × ၅၅ကြား ၊ မန္တလေးမြို့
📞Phone - 09 985 616 88

စားလို့သိပ်ကောင်း ပင်လယ်စာထောင်း 😋🍽️ချဉ်၊ ငန်၊ စပ် အရသာတွေ စုံစုံလင်လင်ကို ချိန်ညှိပြီး ဖန်တီးထားတဲ့ Umami ရဲ့ ပင်လယ်စာထ...
18/09/2025

စားလို့သိပ်ကောင်း ပင်လယ်စာထောင်း 😋🍽️

ချဉ်၊ ငန်၊ စပ် အရသာတွေ စုံစုံလင်လင်ကို ချိန်ညှိပြီး ဖန်တီးထားတဲ့ Umami ရဲ့ ပင်လယ်စာထောင်းကိုစားပြီးကြပြီလား?

လျှာအရသာပျက်နေတယ်ဆိုတဲ့သူတွေတောင် ဆွေမျိုးမေ့သွားစေမယ့် Umami ရဲ့ Signature လေးက ပင်လယ်စာထောင်းတဲ့ဗျာ…

လတ်ဆတ်ပြီး ချိုမြိန်နေတဲ့ ပုစွန်၊ကဏန်းတို့ကို အရည်နှစ်နှစ်လေးနဲ့ ချက်ပြုတ်ပေးထားတာဖြစ်ပါတယ်။

အကောင်းဆုံးပါဝင်ပစ္စည်းတွေနဲ့ လတ်ဆတ်တဲ့ ရေစာတွေကိုသာအဓိကထားလို့ စားပြီးစိတ်ပျက်တာမျိုးလုံးဝမဖြစ်စေရပါဘူး 🔥

ရှူးရှူးရှဲရှဲနဲ့ ထိထိမိမိလေးမို့ Umami ကိုရောက်ခဲ့ရင် ပင်လယ်စာထောင်းကိုလည်း လက်တို့ဖို့မမေ့ကြပါနဲ့နော် 😊👍

စားသုံးသူတွေကို နှာပွင့်သွားစေမယ့် အရသာကောင်းကောင်း ပင်လယ်စာထောင်းကို မြည်းချင်ရင်တော့ Umami ကိုသာ အရောက်လာခဲ့ပါဗျို့ 🏬 🤗

Umami Restaurant

📌Address - ၁၀၁လမ်း( သိပ္ပံလမ်း) ၊ ၅၄ × ၅၅ကြား ၊ မန္တလေးမြို့
📞Phone - 09 985 616 88

အမဲမြီး ဟင်းရည်နဲ့ အလိုက်ဖက်ဆုံး Menu 3 မျိုးအရည်ပြစ်ပြစ်နဲ့ အမဲအရိုးအဆစ်ကထွက်လာတဲ့ အနှစ်အရသာချိုချိုလေးကို ခံတွင်းမှာထိ...
14/09/2025

အမဲမြီး ဟင်းရည်နဲ့ အလိုက်ဖက်ဆုံး Menu 3 မျိုး

အရည်ပြစ်ပြစ်နဲ့ အမဲအရိုးအဆစ်ကထွက်လာတဲ့ အနှစ်အရသာချိုချိုလေးကို ခံတွင်းမှာထိထိမိမိဖြစ်စေမှာက Umami ရဲ့အမဲမြီးဟင်းရည်ဖြစ်ပါတယ်။

အမဲမြီးအသားရဲ့နူးညံ့တဲ့အရသာကို ခံစားနိုင်ပြီး အားပြည့်စေတဲ့ဟင်းပွဲလေးလည်းဖြစ်ပါတယ်နော်🫶💖

ဒီလို အမဲမြီးဟင်းရည်ရဲ့ ချွဲပြစ်တဲ့အရသာနဲ့ လိုက်ဖက်ဆုံးကတော့ Umami ရဲ့မီးနူး ၃ခွက်ပေါ့👇

*ပူစပ်စပ်နဲ့ ချဉ်တဲ့အရသာကို ပေးတဲ့ သရက်သီးထောင်း🤤
* ပေါ့ပါးတဲ့အရသာနဲ့ မွှေးကြိုင်တဲ့ ပုစွန်ဆားဘဲဥကြော်🫶🤭
* ငရုတ်ကောင်းအနံ့ မွှေးမွှေးနဲ့ ကြက်တောင်ပံ ငရုတ်ကောင်း 🤗

သရက်သီးထောင်းရဲ့ အချဉ်အရသာနဲ့ အစပ်အရသာက အမဲမြီးဟင်းရည်ရဲ့ အရည်ပြစ်ပြစ်ကို မျှတအောင်ထိန်းပေးနိုင်ပါတယ်💯
အမဲဟင်းရည်ကို သောက်ပြီးတဲ့အခါ သရက်သီးထောင်းရဲ့ စပ်တဲ့၊ ချဉ်တဲ့အရသာက ပါးစပ်ထဲက အရသာခံအာရုံကို လန်းဆန်းသွားစေပြီး နောက်ထပ်အမဲမြီးဟင်းရည်တစ်ဇွန်းကို ဆက်ပြီးသောက်ချင်လာအောင် ဆွဲဆောင်နိုင်ပါတယ်။

ပုစွန်ဆားဘဲဥကြော်မှာ လတ်ဆတ်တဲ့ပုစွန်အရသာကို ပေးနိုင်တဲ့အပြင် အငန်အရသာက အမဲမြီးဟင်းရည်ရဲ့ချွဲပြစ်တဲ့အရသာကို ပံ့ပိုးပေးပါတယ်။
ဆီသန့်သန့်နဲ့ အငန်ဓာတ်ကိုထိန်းပေးတဲ့ ဟင်းပွဲဖြစ်လို စားလိုက်တိုင်း အရသာထိမိစေမှာဖြစ်ပါတယ်၊ ဒါအပြင်အမဲမြီးဟင်းရည်နဲ့ ပုစွန်ဆားဘဲဥကြော်က အစာကြေလွယ်တဲ့ ပရိုတင်းဓာတ်ကိုလည်း တွဲဖက်ရရှိနိုင်ပါတယ်✨

ကြက်တောင်ပံကို ငရုတ်ကောင်းအနံ့မွှေးမွှေးနဲ့ ပျားရည်ရောပြီးချက်တဲ့အခါ ရရှိလာတဲ့ အရသာက အမဲမြီးဟင်းရည်ကို အကောင်းဆုံးပေါင်းစပ်မှုဖြစ်စေမှာပါ။
ပြင်းတဲ့အမဲသားအရသာနှင့် မွှေးကြိုင်တဲ့ ကြက်သားအရသာ ခံစားရတဲ့အတွက် စားကောင်းသောက်ကောင်း ပိုဖြစ်စေမှာအသေအချာပါပဲနော်👌

အခုလို Umami ရဲ့ Signature Menu ဖြစ်တဲ့ အမဲမြီးဟင်းရည်ကို ဘယ်လိုဟင်းပွဲတွေနဲ့ လျှာပေါ်မှာ စွဲအောင်တွဲစားသင့်လဲဆိုတာ သိရတော့ Umami ရောက်တိုင်း ဟင်းပွဲရွေးဖို အချိန်မကုန်တော့ဘူးပေါ့🫕🥘🍲

Umami Restaurant

📌Address - ၁၀၁လမ်း( သိပ္ပံလမ်း) ၊ ၅၄ × ၅၅ကြား ၊ မန္တလေးမြို
📞Phone - 09 985 616 88

မန္တလေးမြိုရဲ့ ညနေခင်းကို အရသာရှိရှိ ဖြတ်သန်းချင်သူတွေလား?မြိုပြရဲ့ ရှုပ်ထွေးမှုတွေကနေ ခဏတာ ခွဲခွာပြီး ပေါ့ပေါ့ပါးပါး အန...
12/09/2025

မန္တလေးမြိုရဲ့ ညနေခင်းကို အရသာရှိရှိ ဖြတ်သန်းချင်သူတွေလား?

မြိုပြရဲ့ ရှုပ်ထွေးမှုတွေကနေ ခဏတာ ခွဲခွာပြီး ပေါ့ပေါ့ပါးပါး အနားယူချင်သူတွေအတွက် Umami က Camping Vibe ကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်နော် 🏕

🌾Camping vibe ဆိုတာက သဘာဝနဲ့ အနီးကပ်ဆုံးနေထိုင်ရင်း စိတ်ကိုလွတ်လပ်ပေါ့ပါးစေတဲ့ ခံစားချက်မျိုးဖြစ်ပါတယ်။

Umami Rooftop Bar မှာဆို အမြင့်တစ်နေရာမှာ ထိုင်ရင်း မန္တလေးရဲ့ ညအလှကို ရှုစားနိုင်သလို၊ လေပြည်ညင်းနဲ့အတူ သဘာဝနဲ့ ထိတွေ့နေရသလိုမျိုး ခံစားရစေပါတယ် 🍃

ဒါ့အပြင်အလင်းရောင်မှိန်မှိန်လေးအောက်မှာ သူငယ်ချင်းတွေနဲ့ စကားပြောရင်း၊ စိတ်အေးလက်အေးနဲ့ နွေးထွေးတဲ့ ခံစားချက်ကို အပြည့်အဝရရှိစေမှာပါ။

Umami Rooftop Bar ရဲ့ အဓိကဆွဲဆောင်မှုကတော့ လွတ်လပ်ပေါ့ပါးပြီး အေးချမ်းတဲ့ ခံစားမှု ပါပဲ…

ဒီလိုကောင်းမွန်တဲ့ အချက်တွေကြောင့်ပဲ Umami Rooftop Bar က မန္တလေးမြိုရဲ့ လူကြိုက်များတဲ့ အချိန်ကောင်းလေးတွေကို ဖန်တီးရာလေးဖြစ်နေတာပေါ့ ✨🌅 💚

Umami Restaurant

📌Address - ၁၀၁လမ်း( သိပ္ပံလမ်း) ၊ ၅၄ × ၅၅ကြား ၊ မန္တလေးမြို
📞Phone - 09 985 616 88

မန္တလေးရဲ့ Rooftop Bar တွေထဲမှာ ဘာကြောင့် Umami က ပထမဆုံးဖြစ်နေရတာလဲ?မန္တလေးမြိုမှာ Rooftop Bar တွေ အများကြီး ရှိပါတယ်။ ...
09/09/2025

မန္တလေးရဲ့ Rooftop Bar တွေထဲမှာ ဘာကြောင့် Umami က ပထမဆုံးဖြစ်နေရတာလဲ?

မန္တလေးမြိုမှာ Rooftop Bar တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် Umami Restaurant & Rooftop Bar ကို တစ်ခါလာဖူးသွားရင် အခြားနေရာတွေကို သွားဖို မေ့သွားလောက်တဲ့အထိ စွဲလမ်းသွားစေမှာပါ။ ဘာလိုလဲဆိုတော့...

နေရာကျယ်တယ်ဆိုတာထက် လွတ်လပ်မှုအပြည့်ပေးနိုင်ခြင်း ✨

ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ လူအများထဲမှာ ပိတ်လှောင်နေမယ့်အစား Umami ရဲ့ ကျယ်ဝန်းတဲ့နေရာလေးမှာ ကိုယ်ပိုင်နေရာလေးကို အေးအေးဆေးဆေးနဲ့ ခံစားနိုင်ပါပြီ ။ တစ်နေကုန် ပင်ပန်းလာသမျှ စိတ်ဖိစီးမှုတွေအားလုံးကို လေကောင်းလေသန့်နဲ့အတူ အပေါ်စီးကနေ ရှုစားရင်း ဘဝအမောတွေကို ဖြေဖျောက်လိုက်ပါ။

အရသာရှိတဲ့မီနူးတွေနဲ့ စိတ်တိုင်းကျရွေးချယ်နိုင်ခြင်း ✨

Rooftop Bar ဆိုရင် Cocktail နည်းနည်း၊ Snacks နည်းနည်းလောက်ပဲ ရတယ်လို မထင်လိုက်ပါနဲ့။ Umami မှာဆိုရင် အရည်အသွေးမြင့်တဲ့ Cocktail အမျိုးအစားတွေစုံတဲ့အပြင် အရသာရှိတဲ့ အစားအသောက် မီနူးပေါင်းများစွာကို စိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်နော်…

View ကောင်းကောင်းနဲ့ လှပတဲ့ အမှတ်တရတွေကို ဖန်တီးပေးနိုင်ခြင်း ✨

ညဘက် မီးရောင်စုံမှာ လှနေတဲ့ မန္တလေးမြိုရဲ့ မြင်ကွင်း၊ နေဝင်ဆည်းဆာရဲ့ ရွှေရောင်ဆန်တဲ့အလှ၊ လမင်းကြီးရဲ့ ငွေရောင်အောက်က ရှုခင်းတွေအားလုံးကို Umami ရဲ့ အမြင့်ဆုံးထပ်ကနေ အကောင်းဆုံးခံစားရင်း အမှတ်တရတွေဖန်တီးလိုက်ပါ။

ပိုမိုနွေးထွေးတဲ့ ဝန်ဆောင်မှုကောင်းတွေကိုပေးစွမ်းနိုင်ခြင်း ✨

Umami က ဝန်ဆောင်မှုကောင်းကောင်းတွေနဲ့ လာရောက်တဲ့ဧည့်သည်တိုင်းကို မိသားစုဝင်တစ်ယောက်လို နွေးထွေးဖော်ရွေစွာ ကြိုဆိုနေပါတယ်။ တစ်ခေါက်ရောက်ဖူးသူတိုင်း ထပ်ခါထပ်ခါ လာချင်အောင် ဆွဲဆောင်နိုင်တဲ့ အဓိကအချက်ဆိုရင်လည်းမမှားပါဘူး။

ဒါကြောင့်... မန္တလေးမှာ Chill ဖို၊ Relax လုပ်ဖို၊ အရသာရှိတဲ့ အစားအသောက်တွေကို စားသုံးဖိုနဲ့ လှပတဲ့ အမှတ်တရတွေကို ဖန်တီးဖိုအတွက်ဆိုရင် Umami Restaurant & Rooftop Bar ကိုသာ သတိရလိုက်ပါရှင့် 🏩 🥂

Umami Restaurant

📌Address - ၁၀၁လမ်း( သိပ္ပံလမ်း) ၊ ၅၄ × ၅၅ကြား ၊ မန္တလေးမြို
📞Phone - 09 985 616 88

မိုးရွာတာစောင့်နေရင်း ညိုကီတိုပျော်ရွှင်မှုတွေ မပျောက်ပါစေနဲ့။ 🌧မိုးအေးအေးလေးမှာ ဘီယာခါးခါးလေးတစ်ခွက်သောက်ဖို စိတ်ကူးထား...
30/08/2025

မိုးရွာတာစောင့်နေရင်း ညိုကီတိုပျော်ရွှင်မှုတွေ မပျောက်ပါစေနဲ့။ 🌧

မိုးအေးအေးလေးမှာ ဘီယာခါးခါးလေးတစ်ခွက်သောက်ဖို စိတ်ကူးထားပေမဲ့ နေပူကျဲကျဲကြောင့် စိတ်ပျက်နေတာလား? 😥

ညိုကီတိုရဲ့ အစီအစဉ်တွေကို ရာသီဥတုက လာလုယူခွင့် မပေးလိုက်ပါနဲ့။

မိုးမရွာလည်း ကိစ္စမရှိပါဘူး။ Umami Restaurant & Bar Mandalay မှာ ပျော်စရာကောင်းတဲ့ အချိန်တွေကို ဖန်တီးလိုရပါတယ်။ 🍻

Umami ကို လာရောက်ပြီး အရသာရှိတဲ့ အစားအသောက်တွေနဲ့အတူ စိတ်ကြိုက် သောက်သုံးရင်း ပျော်ရွှင်မှုကို အကောင်းဆုံးခံစားလိုက်ပါ။ 🍣🍢

ဒီလို ရာသီဥတုကြောင့် အစီအစဉ်ပျက်သွားဖူးတဲ့ အဖြစ်အပျက်တွေရှိရင်လည်း ကောမန့်မှာ ပြောပြခဲ့ပါဦး။ 👇

📍 Address
၁၀၁လမ်း(သိပ္ပံလမ်း)၊ ၅၄ × ၅၅ကြား၊ မန္တလေးမြို

📞 Phone
09 985 616 88


ဒီတစ်ခါနောက်ဆုံး 🤞နောက်တစ်ခါမသောက်တော့ဘူး ဆိုပြီးနောက်ဆုံးပေါင်း များခဲ့ပြီဟုတ်  🤠Umami Restaurant 𝘼𝙙𝙙𝙧𝙚𝙨𝙨 - ၁၀၁လမ်း( သိ...
24/08/2025

ဒီတစ်ခါနောက်ဆုံး 🤞
နောက်တစ်ခါမသောက်တော့ဘူး ဆိုပြီး
နောက်ဆုံးပေါင်း များခဲ့ပြီဟုတ် 🤠

Umami Restaurant
𝘼𝙙𝙙𝙧𝙚𝙨𝙨 - ၁၀၁လမ်း( သိပ္ပံလမ်း) ၊ ၅၄ × ၅၅ကြား ၊ မန္တလေးမြို
Phone - 09 985 616 88

Address

101st 54x55. Myanmar Golden City Hotel, 9TH Floor
Mandalay
05041

Opening Hours

Monday 11:00 - 23:00
Tuesday 11:00 - 23:00
Wednesday 11:00 - 23:00
Thursday 11:00 - 23:00
Friday 11:00 - 23:00
Saturday 23:00 - 23:00
Sunday 11:00 - 23:00

Telephone

+959985616888

Website

Alerts

Be the first to know and let us send you an email when Umami restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Umami restaurant:

Share

Category