12/09/2026
မေ ၊ ငါ၏ ။
သဗ္ဗေ ၊ အလုံးစုံကုန်သော ။
ပိယေဟိ ၊ ချစ်တဲ့သူတွေနဲ့ ။
မနာပေဟိ ၊ ငါမြတ်နိုးရတဲ့သူတွေနဲ့ ။
နာနာဘာဝေါ ဝါ ၊ နိုင်ငံရေး စီးပွားရေး ပညာရေးစတဲ့ အရေးအမျိုးမျိုးကြောင့် ရှင်ကွဲ ခွဲရခြင်းသည်လည်းကောင်း ၊
ဝိနာဘာဝေါ ဝါ ၊ ငါကအရင်ဖြစ်စေ သူကအရင်ဖြစ်စေ သေကွဲ ခွဲရခြင်းသည်လည်းကောင်း ၊
ဘဝိဿတိ ၊ တစ်နေ့နေ့တွင် မလွဲမသွေ ဧကန်မုချဖြစ်ကို ဖြစ်ရပေလိမ့်မည် ။
ဣတိ ၊ ဤသို့ ။
ဣတ္ထိယာ ဝါ ၊ မိန်းမပဲဖြစ်စေ ။
ပုရိသေန ဝါ ၊ ယောက်ျားပဲဖြစ်စေ ။
ဂဟဋ္ဌေန ဝါ ၊ အိမ်ရာတည်ထောင် လူ့ဘောင်မှာနေကြတဲ့ လူသားတွေပဲဖြစ်စေ ။
ပဗ္ဗဇ္ဇိတေန ဝါ ၊ အိမ်ရာမထောင် ရဟန်းဘောင်မှာနေကြတဲ့ ရဟန်းတော်တွေပဲဖြစ်စေ ။
အဘိဏှံ ၊ အမြဲမပြတ် ။
ပစ္စဝေက္ခိတဗ္ဗံ ၊ ကောင်းစွာမသွေ ဆင်ခြင် နှလုံးသွင်းပြီးတော့နေသင့်ပါတယ်လို့ ။
သတ္ထာ ၊ နတ် လူတို့ဆရာ ဘုရားရှင်ကိုယ်တော်မြတ်သည် ။ ဩဝါဒီ ၊ ကရုဏာရှေ့ရှု ဆုံးမတော်မူခဲ့ပါပေသတည်း 🙏🙏🙏