Café Premier ဆိုတာဘာလဲ?
• Cafe Premier ဆိုတာ မြန်မာ့ ကော်ဖီစျေးကွက်မှာ ၁၅နှစ်ကျော် ရပ်တည်လာခဲ့တဲ့ ကော်ဖီချစ်သူတွေရဲ့ အသည်းစွဲ ပရီမီယာကော်ဖီ ကနေ ဖွင့်လှစ်လိုက်တဲ့ အဆင့်မြင် cafe ဆိုင်ဖြစ်ပါတယ်။
• မြန်မာ့နိုင်ငံ ရှမ်းပြည်တောင်ပိုင်းရွာငံဒေသ တွင် ကိုယ်ပိုင် စိုက်ခင်းဖြင့် စိုက်ပျိုးထားသည့် အာရေဗီးကား ကော်ဖီကို ခေတ်မှီစက်ကြီးများဖြင့် Roasting ပြုလုပ်ပြီး ကျွမ်းကျင်သော အဆင့်မြင့် နည်းပညာများဖြင့် စနစ်တကျ ထုတ်လုပ်ထားသည့် လတ်ဆတ်ကောင်းမွန်သော သဘာဝကော်ဖီစစ်စစ် အရသာကို ပေးစွမ်းနိုင်ခြင်းကြောင့် ကော်ဖီချစ်သူများ ကြိုက်နှစ်သက်မှာ သေချာပါတယ်။
• Cafe Premier ဆိုင်မှာ အရည်အသွေးမြင့် လတ်ဆက်သော ကော်ဖီများကို လိုအပ်သည့် ပမာဏအတိုင်း ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး ရရှိနိုင်သော ကော်ဖီအမျိုးအစားများကတော့
(1) Roasted Coffee Beans - အသင့်လှော် ေကာ်ဖီေစ့ (Medium, Dark, Espresso)
(2) Ground Coffee Powder - ကော်ဖီအနုမှုန့် ၊ အကြမ်းမှုန့် (Fine, Coarse Powder)
• ပြည်တွင်းဖြစ် ၁၀၀% အာရေဗီးကား ကော်ဖီစစ်စစ်ကို ချက်ချင်းလှော် ချက်ချင်းကြိတ်ခွဲပြီး ချက်ချင်းဖျော်စပ်ပေးသည့်အတွက် လတ်ဆက်မွှေးပျံ့ပြီး အရသာကောင်းတဲ့ ကော်ဖီတစ်ခွက်သောက်ဖို့ Cafe Premier ကို လာခဲ့စေချင်ပါတယ်
• မိသားစုနဲ့ စျေးဝယ်ထွက်ရင်း အပန်းဖြေကော်ဖီသောက်မလား ၊ သူငယ်ချင်းနဲ့အတူ chill ကြ မလား၊ ချစ်သူနဲ့ စကားတွေ ပြောရင်း Coffee Date မလား ၊ တစ်ယောက်တည်း အလုပ်လုပ်ရင်း ကော်ဖီသောက်ဖို့ သန့်ရှင်းသပ်ရပ် ခေတ်မီတဲ့ အပြင်အဆင်များနှင့်အတူ သဘာဝကော်ဖီ အနံ့လေးအမြဲမွှေးပျံ့နေတဲ့ Cafe Premier ကိုသာ လှမ်းလာခဲ့ပါ။