25/12/2025
Just reporting
ကျန်းခမ်းသာလို့ မာပါစခင်ဗျာလို့ နှုတ်ခွန်းဆက်ပါရစေ။ ကျနော်တို့ အကောင်းဆုံးပြန်လာနိုင်အောင် ကြိုးစားနေပါတယ်။ ငလျင်ပြီးခါစက ကျနော်တို့ ဆိုင်ခန်းငှားဖွင့်ဖို့ စဥ်းစားပါသေးတယ်။ ငှားခစျေးနှုန်း၊ ပြင်ဆင်စရိတ်၊ ဆိုင်ခန်းပိုင်ရှင်နဲ့ ရေရှည်အဆင်ပြေ မပြေ (ဆိုလိုတာက တနှစ်လောက်ငှားပေးပြီး နောက်နှစ်မငှားတော့ပါဘူးဆိုရင် ဒုက္ခများပါပြီ) စသဖြင့် အဖက်ဖက်ကစဥ်းစားချင့်ချိန်ပြီး အကောင်းဆုံးကို ကျနော်တို့ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်ပါတယ်။ ဟုတ်ပါတယ် ခုနေရာလေးက ကျနော်တို့လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ဝယ်ထားတဲ့ ကိုယ်ပိုင်မြေနေရာလေးပါ။ 40´×60´ ဆိုတော့ ကျနော်တို့မျှော်လင့်သလို ဆိုင်ကျယ်ကျယ်ဝန်းဝန်းမှာ ကာကာတွေအတွက် ပိုအဆင်ပြေသလို Kitchen ကျယ်ကျယ်မှာ ကျနော်စိတ်ကူးထားတဲ့ menu အသစ်တွေကိုလဲ စိတ်လွတ်ကိုယ်လွတ် ပုံဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဆိုတော့ မကြာခင်မှာ ကျနော်တို့ ပြန်လည်ဆုံတွေ့ကြရအောင်လားဗျာ.....
နေရာအသစ်မှာ Vibeအသစ်၊ ဆန်းသစ်တဲ့menuအသစ်တွေနဲ့ ကျနော်တို့ ပြန်လာခဲ့ပါ့မယ်။
New Adress : : 68B၊ 115×116 ကြား