Innwa Books and Cafe Mandalay

Innwa Books and Cafe Mandalay Innwa, the new classic. Browse, read, buy all sorts of books. Have a great cup of coffee. Read on our comfy couches. A place for book and coffee lovers!

မန္တလေး အင်းဝ စာအုပ်ဆိုင်မှာလည်း ဝယ်ယူနိုင်ပါပြီရှင့်📚
09/08/2026

မန္တလေး အင်းဝ စာအုပ်ဆိုင်မှာလည်း ဝယ်ယူနိုင်ပါပြီရှင့်📚

Mandalay Innwa စာအုပ်ဆိုင်မှာလည်း ရောက်ပါပြီရှင့်
09/08/2026

Mandalay Innwa စာအုပ်ဆိုင်မှာလည်း ရောက်ပါပြီရှင့်

မန္တလေး Innwa စာအုပ်ဆိုင်မှာလည်း ရောက်ရှိပါပြီရှင့်✨
09/08/2026

မန္တလေး Innwa စာအုပ်ဆိုင်မှာလည်း ရောက်ရှိပါပြီရှင့်✨

အတွေးအက်ဆေး ၁၀၁
24/05/2026

အတွေးအက်ဆေး ၁၀၁

ဒီနေ့.. အချိန်ပေး တွေးသင့်တဲ့ အကြောင်းအရာ ၁၀၁ ခု
----------------------------------------------------
( ချမ်းမြေ့ဝင်း ဘာသာပြန်သည့်၊
မကြာခင်ထွက်မည့် အတွေးအက်ဆေး ၁၀၁ စာအုပ်မှ
ကောက်နုတ်တင်ပြသည်။)

၁- ကိုယ်တကယ်လိုချင်တဲ့ ဘ၀ကို ရပြီဆိုရင် ဘယ်လိုခံစားချက်တွေ ကြုံရမလဲ.. ဆိုတာ တွေးကြည့်ပါ။ ဉပမာ- ကိုယ်နေချင်တဲ့နေရာ၊ ၀တ်ချင်တဲ့ အ၀တ်အစားတွေ၊ ဝယ်ဖြစ်မယ့် အသုံးအဆောင် ပစ္စည်းတွေ၊ စုဆောင်းဖြစ်မယ့် ပိုက်ဆံတွေ၊ ကိုယ်အမြဲ တသသ ဂုဏ်ယူဖြစ်မယ့် အောင်မြင်ခြင်းတွေ၊ ကိုယ့်အားလပ်ချိန်မှာ လုပ်ဖြစ်မယ့် အရာတွေ၊ ကိုယ့် အိပ်ရာပေါ်မှာ ခင်းဖြစ်မယ့် အကြိုက်ဆုံး အသွေးအ‌ရောင်နဲ့ အိပ်ရာခင်းတွေ၊ ကိုယ် ရိုက်ဖြစ်မယ့် အမှတ်တရ ဓာတ်ပုံတွေ.. စတဲ့.. စတဲ့ အရာပေါင်းများစွာ..

၂- သူများမကြိုက်လို့ မဟုတ်ဘဲ.. ကိုယ်ကိုယ်တိုင်က မနှစ်သက်လို့ ပြောင်းလဲပစ်မယ့် ကိုယ့်အမူအကျင့်နဲ့ စိတ်နေစိတ်ထားတွေအကြောင်း တွေးကြည့်ပါ။

၃- ကိုယ့်ကိုယ်ကိုယ် သဘောမကျဖြစ်နေတာကို ၀န်ခံတာ.. ပြီးတော့ ပိုကောင်းလာအောင် ပြောင်းလဲနိုင်တဲ့ အရာတွေကို ပြောင်းလဲဖို့အတွက် ခြေလှမ်းတွေကို မြင်နိုင်လာတာ.. ဒီနှစ်ချက်ဟာ မိမိကိုယ်ကိုယ် ချစ်ခင်လေးစားခြင်းရဲ့ သော့ချက်ဖြစ်နေတဲ့အကြောင်းကို စဉ်းစားကြည့်ပါ။

၄- ကိုယ့်အတွက် တကယ် အကျိုးရှိ၊ တကယ် မှန်ကန်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေအကြောင်း ပြန်တွေးကြည့်ပါ။

၅- ဒီနှစ်မှာ လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ အရာတွေ ဘာတွေလုပ်ဖြစ်မလဲဆိုတာ စဉ်းစားကြည့်ပါ။ စာအုပ် ဘယ်နှအုပ် ပြီးအောင်ဖတ်မလဲ။ ပရောဂျက်တွေ ဘယ်နှခု အကောင်အထည်ဖော်မလဲ။ မတွေ့တာကြာ၊ ဝေးကွာနေတဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစု၀င်ဘယ်နှယောက်နဲ့ ပြန်လည် ဆုံစည်းဖြစ်မလဲ။ ကိုယ့်နေ့ရက်တွေကို တစ်နှစ်တာ ဘယ်လို အသုံးချမလဲ။

၆- ဘယ်‌တော့မှ မကျော်လွန်နိုင်တော့ဘူး.. လို့ထင်ခဲ့ပေမယ့် ပြီးဆုံးကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်တဲ့၊ ပြန်ကြည့်လိုက်တဲ့အခါ ဘာမှ မဟုတ်တော့တဲ့.. အတိတ်က အဖြစ်အပျက်တွေအကြောင်း ပြန်တွေးကြည့်ပါ။

၇- ဒီနေ့ ကိုယ် ဘာလုပ်မလဲ၊ ဘာစားမလဲ၊ ဘယ်သူနဲ့တွေ့မလဲ.. ဆိုတဲ့ ပစ္စုပ္ပာန်ကိုလည်း အချိန်ပေး အရေးယူပြီး တွေးပေးပါ။ ကိုယ်နဲ့ တစ်ပါတည်းသယ်ဆောင်သွားလို့ ရတာဆိုလို့ ဒီဆုံးဖြတ်ချက်တွေပဲ ရှိတာ။

၈- သင်ယူစရာရှိတာတွေကို ဘယ်လို အကောင်းဆုံးသင်ယူမလဲ၊ လက်တွေ့ဆန်တဲ့ ပြုပြင်မှုတွေကို ဘဝထဲ ဘယ်လို ခေါ်ဆောင်လာမလဲ စဉ်းစားပါ။

၉- ပြီးပြည့်စုံတဲ့ဘဝကိုရဖို့ ရုပ်ရည်အရမ်းလှပနေစရာလည်းမလို၊ သိပ်ထူးချွန်ထက်မြက်နေဖို့လည်းမလို၊ အဓိပ္ပာယ်ရှိတဲ့ ဘဝဖြစ်ဖို့အတွက် လိုအပ်တာဟာ ချစ်ခြင်းတရား၊ ဉာဏ်ပညာ၊ လူလူချင်း နားလည်ဆက်သွယ်နိုင်မှုနဲ့ အသိုက်အမြုံပီသတဲ့ ပတ်၀န်းကျင်တွေပါ။

၁၀- စကြဝဠာကြီးအကြောင်း စဉ်းစားကြည့်ပါ။ စကြဝဠာနဲ့ ယှဉ်လိုက်တဲ့အခါ လူဆိုတာ ဘာမှ မဟုတ်ပါဘူး။ ဒါပေမယ့် လူသားဆန်ဖို့အတွက်တော့ လူတိုင်း လူတိုင်းရဲ့ ဖြစ်တည်မှုနဲ့ ခံယူချက်တွေဟာ သိပ်ကို အရေးကြီးပါတယ်။

၁၁- ကိုယ်ပြောနေတဲ့ ဘာသာစကားကို ပိုမို ပီပြင်ပြတ်သားအောင် ဘယ်လို လေ့ကျင့်လို့ရမလဲ ဆိုတာကိုလည်း စဉ်းစားကြည့်ပါ။

၁၂- ဒီမနက်တုန်းက ပြုံးပြနှုတ်ဆက်ဖြစ်ခဲ့တဲ့ သူတွေ၊ ကိုယ် မက်ဆေ့ချ် ပုံမှန်ပို့နေကျ ရင်းနှီးသူတွေ၊ ကိုယ်နဲ့ အစပ်အဟပ်တည့်တဲ့ တချို့သောဆွေမျိုးတွေ.. သူတို့အကြောင်းကိုလည်း တစ်ခါလောက်တော့ အတွေးထဲ ထည့်တွေးကြည့်ပါ။ ဒီဆက်နွှယ်မှုတွေဟာ မသိလိုက်မသိဘာသာ ဘာမှမဟုတ်ဘူးထင်ရပေမယ့် တကယ်အ‌ရေးကြီးတဲ့အရာတွေ။

၁၃- နောက် အနှစ် ၂၀ ကြာတဲ့အခါ.. ဒီနေ့ ဒီအချိန်ကို ကိုယ် ဘယ်လို ပြန်မှတ်မိနေမလဲ မြင်ယောင်ကြည့်ပါ။ မလုပ်ဖြစ်ခဲ့လို့ နောင်တရနေတာတွေ ရှိမလား။ မမြင်မိလို့ နှမြောတသနေစရာတွေ၊ တန်ဖိုးမထားမိလို့ ၀မ်းနည်းမိမယ့် အရာတွေရော.. ရှိနေသလား။

၁၄- ဖြတ်သန်းခဲ့သမျှနေ့ရက်တွေမှာ ကိုယ်တကယ်မှတ်မိနေတဲ့ နေ့ရက်တွေ ဘယ်လောက်နည်းပါးနေသလဲဆိုတာကို သေချာ သတိပြုကြည့်ပါ။

၁၅- နောက် အနှစ် ၂၀ ကြာရင် ဒီနေ့ကိုလည်း မေ့သွားမှာပဲ..ဆိုတာကိုလည်း တွေးကြည့်ပါ။

၁၆- လမ်းခွဲခဲ့ပြီ ဖြစ်တဲ့ သူတစ်ယောက်အကြောင်း.. တွေးကြည့်ပါ။ အရင်လို ကိုယ့်ကိုယ်ကိုယ် ညာနေစရာ၊ အားနာတွန့်ဆုတ်နေစရာ မလိုတော့တဲ့အခါ သူ့အပေါ်မှာ ကိုယ့်အမြင်က အရင်အတိုင်းပဲလား၊ အမြင်သစ် ပြောင်းလဲသွားပြီလား။

၁၇- ဒီအတောအတွင်းမှာ ကိုယ့်အတွက်ကိုယ်ရော ဘာလုပ်ပြီးပြီလဲ စာရင်းလုပ်ကြည့်ပါ။

၁၈- နေ့ရက်တွေရဲ့ အရည်အသွေးကို ဘယ်လို မြှင့်တင်လို့ရနိုင်မလဲ စဉ်းစားကြည့်ပါ။ ဟင်းအသစ်တစ်မျိုး ချက်တတ်အောင် ကြိုးစားကြည့်မလား၊ အကြွေးမတင်အောင် ငွေကို ချွေတာသုံးကြည့်မလား.. ဒါမှမဟုတ်.. မရှင်းဖြစ်တာကြာပြီဖြစ်တဲ့ အဝတ်ဘီရိုကို ရှင်းလင်း‌ရေးလုပ်မလား.. စသဖြင့်။

၁၉- မအောင်မြင်.. လက်လျှော့လမ်းခွဲခဲ့ရတဲ့ သူတွေ အကြောင်းကို ပြန်‌ေတွေးကြည့်ပါ။ အဲဒီဖြစ်စဉ်တွေမှာ ကိုယ့်အပြစ်က ရာခိုင်နှုန်းဘယ်လောက်ပါနေသလဲ သုံးသပ်ကြည့်ပါ။

၂၀ - ကျော်ဖြတ်ဖို့ကြိုးစားနေပေမယ့် မသိစိတ်က စွဲလမ်းနေသေးတဲ့ “ပြဿနာ” .. ဆိုတဲ့ အရာတွေအကြောင်းကို သေချာ တွေးကြည့်ပါ။ လူတော်တော်များများက ပြဿနာတွေကို ဖြေရှင်းလိုက်ရင်.. အခြေအနေအသစ်တစ်ခုဆီကို ရောက်သွားမှာ ဖြစ်တဲ့အတွက် မဖြေရှင်းတော့ဘဲ ကိုယ်နဲ့ရင်းနှီးပြီးသား ပြဿနာပုံထဲမှာပဲ ဆက်နေချင်တတ်ကြတာ..။

၂၁- အခုကြုံနေရတဲ့ ပြဿနာ..ဟာ တကယ့်ပြဿနာရော ဟုတ်ရဲ့လား။ ဖြေရှင်းလိုက်ရင် မသက်မသာ အခြေအနေသစ်တွေကို ကြုံရမှာစိုးလို့ မသိစိတ်က အကြောင်းပြ ငြင်းဆန်နေတာလား.. ဆိုတာကို တွေးကြည့်ပါ။

၂၂- ကိုယ် တကယ်ကျရှုံး အရေးနိမ့်ခဲ့တဲ့ အချိန်တွေအကြောင်းကို ပြန်တွေးကြည့်ပါ။ အဲဒီအဖြစ်အပျက်တွေကနေ ဘယ်လိုသင်ခန်းစာယူမလဲ၊ ကိုယ့်အတွက်တင်သာမက ကိုယ်ကချစ်တဲ့သူ၊ ကိုယ့်ကိုချစ်တဲ့သူတွေအတွက်ပါ ဘယ်လိုပိုကောင်းအောင် ပြုပြင်မလဲ စဉ်းစားပါ။

၂၃- အခုလက်ရှိအခြေအနေအကြောင်းကိုလည်း သေချာတွေးကြည့်ပါ။ ဒီအခြေအနေဟ ကိုယ်မရည်ရွယ်ထားသော်လည်း ကိုယ့်မသိစိတ်ကတကယ် လိုချင်တဲ့ အခြေအနေလည်း ဖြစ်နေနိုင်တယ်။ ကိုယ့်စိတ်က အဲဒီလို မတွေးတတ်သေးလို့ လက်ရှိအခြေအနေကို မကျေမနပ်ဖြစ်နေတာလည်း ဖြစ်နိုင်တယ်။

၂၄- ကိုယ်ဟာ ဘယ်တော့မှ မသေမယ့်သူ မဟုတ်ဘူးဆိုတာကိုလည်း တွေးပါ။

၂၅- ရှင်သန်နေချိန်အခိုက်အတန့်အတွင်းမှာ ကိုယ့်အနီးအနားမှာ ရှိနေတဲ့၊ ကိုယ်ပိုင်ဆိုင်ခွင့် ရနေတဲ့ အရာတွေအားလုံးကို တန်ဖိုးထားဖို့ စဉ်းစားပါ။

၂၆- ကိုယ့်ဘ၀ကို အပြင်ကနေ တခြားသူတွေကလှမ်းကြည့်ရင် ဘယ်လို မြင်ကြမလဲ ဆိုတာကိုလည်း တွေးပါ။ သူများအမြင်ကို အတင်းတွေ အရေးတလုပ်ခိုင်းနေတာ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်တစ်ယောက်တည်းရဲ့ အမြင်နဲ့တင် အမြဲမှောင်ပိတ်နေလို့လည်း မရဘူး။

၂၇- ကိုယ်လုပ်နိုင်ခဲ့ပြီးတဲ့ အောင်မြင်မှုတွေအကြောင်းကိုလည်း တွေးပါ။

၂၈- အရာအားလုံး ပြီးဆုံးသွားတဲ့အခါ၊ လောကကြီးကို နှုတ်ဆက်ရတော့မယ့် အချိန်မှာ .. ကိုယ်ဟာ ဘယ်လိုလူသားမျိုးအဖြစ် မော်ကွန်းချန်ခဲ့ချင်သလဲ စဉ်းစားပါ။ (ကြင်နာသနားတတ်သူလား၊ ဉာဏ်ပညာပြည့်စုံသူလား၊ စေတနာကောင်းတဲ့သူလား၊ ရိုကျိုးနှိမ့်ချ သဘာ၀ကျစွာ နေတတ်တဲ့သူလား၊ သူတပါးကို ကူညီတတ်သူလား.. စသဖြင့်)

၂၉- အခုအချိန်မှာရော.. ကိုယ့်ကိုယ်ကိုယ် ဘယ်လို လူသားတစ်ယောက်အဖြစ် မြင်သလဲ။ ကိုယ်ဖြစ်ချင်တဲ့ သူ ဖြစ်ပြီလား.. စဉ်းစားပါ။

၃၀- ဘယ်အရာက အမှန်လဲ.. ဆိုတာကို ကိုယ့်မသိစိတ်က ဘယ်လောက်အထိ ပြောင်းလဲ ပုံဖော်ပေးနေသလဲဆိုတာကို တွေးပါ။

၃၁- တွေးနေကျအတိုင်းပဲ တွေးရမလား.. အဲဒီဘောင်ထဲကနေ ဖောက်ထွက်ပြီး တွေးကြည့်ရင်ရော အမှန်တရားဆိုတာဟာ ပြောင်းလဲသွားမလား.. စဉ်းစားပါ။

၃၂- အခု ကိုယ် ဘာတွေလုပ်နေသလဲဆိုတာကို အသေးစိတ် တွေးကြည့်ပါ။

၃၃- အခု လုပ်နေတဲ့ အလုပ်ထဲကို ထိုက်သင့် ထိုက်တန်တဲ့ ကိုယ့်အချိန်နဲ့ စွမ်းအင်တွေ ဘယ်လောက်ထပ်ပေးရမလဲ တွေးပါ။ အလုပ်ကို မလုပ်ဘဲ ရှောင်ပြေးနေရင် ပိုကုန်သွားမယ့် အချိန်နဲ့ အင်အားကိုလည်း မမေ့ပါနဲ့။

၃၄- ဒီနေ့မှာ သူများကို ဘယ်လို ကူညီလို့ရမလဲ တွေးကြည့်ပါ။ ပစ်ထားမိတဲ့ သူငယ်ချင်းဟောင်း တစ်ယောက်ဆီ ဖုန်းဆက်ပြီး စကားစမြည်ပြောတာပဲ ဖြစ်ဖြစ်၊ လိုအပ်နေတဲ့ မိတ်ဆွေတစ်ယောက်ကို ညစာလိုက်ကျွေးလိုက်တာပဲ ဖြစ်ဖြစ်.. ဒါမှမဟုတ် ကိုယ့်စိတ်ကို ထိခတ်သွားတဲ့ ဆောင်းပါးတစ်ပုဒ်၊ ကဗျာတစ်ကြောင်းကို သူများတွေနဲ့ မျှဝေလိုက်တာပဲ ဖြစ်ဖြစ်..

၃၅- တခြားသူတွေရဲ့ ခံယူချက်တွေ၊ ဆန္ဒတွေအကြောင်းကိုလည်း တွေးကြည့်ပေးပါ။

၃၆- သူများတွေနဲ့ ကိုယ်နဲ့ အတွေးချင်းမတူတာကိုလည်း သတိရပါ။ ဒီလူတွေနဲ့ ကိုယ်နဲ့ သဟဇာတမဖြစ်တာဟာ.. သူတို့ကို ကိုယ်က နားမလည်လို့လား၊ ကိုယ့်ကို သူတို့က နားမလည်တာလား။

၃၇- ကိုယ်နဲ့ ရင်းနှီးသူတွေရဲ့ အလေ့အထတွေ၊ အဲဒီ အလေ့အထတွေကြောင့် ပုံပေါ်လာတဲ့ သူတို့ရဲ့ ကိုယ်ကျင့်တရား.. ဒါတွေကိုလည်း အချိန်ပေး တွေးကြည့်ပါ။

၃၈- လူတစ်ဦးရဲ့ ကိုယ်ကျင့်တရားကို အမှန်တကယ်မီးမောင်းထိုးပေးနေတာဟာ အဲဒီလူရဲ့ အပြုအမူသာြဖစ်တယ် ဆိုတာကိုလည်း တွေးကြည့်ပါ။ အဲဒီလူအပေါ်မှာ ကိုယ်က ထင်မြင်ကောက်ချက်ချနေတာတွေဟာ အဖြေမှန် ဟုတ်ချင်မှလည်း ဟုတ်မယ်။

၃၉- တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေအားလုံး ကြားသွားစေမယ့် စကားတစ်ခွန်း..ကိုယ်က ‌ပြောခွင့်ရမယ်ဆိုရင်.. ဘာပြောမလဲ တွေးကြည့်ပါ။

၄၀- အချိန်ခရီး နောက်ဆုတ်ပြန်သွားပြီး ငယ်စဉ်ကလေးဘ၀က ကိုယ့်ကို စကားတစ်ခွန်း ပြောခွင့်ရမယ်ဆိုရင် ဘာပြောဖြစ်မလဲ စဉ်းစားကြည့်ပါ။

၄၁- ကိုယ်အကြိုက်ဆုံး သီချင်းတစ်ပုဒ်အကြောင်း စဉ်းစားကြည့်ပါ။ အဲဒီ သီချင်းတစ်ပုဒ်ဖြစ်လာဖို့အတွက် တီးခတ်ရတဲ့ တူရိယာပစ္စည်းတွေ.. ဒါတွေကို တီးတတ်ဖို့ လေ့ကျင့်ရတဲ့ အချိန်တွေ.. သီချင်းစာသားတစ်ကြောင်း၊ သံစဉ်တစ်ပိုဒ် ဖြစ်လာဖို့ လိုအပ်တဲ့ ဖန်တီးနိုင်မှု စွမ်းအားတွေ.. ဘယ်လောက်အများကြီး လိုအပ်သလဲ တွေးကြည့်ပါ။

၄၂- ကိုယ်စားနေတဲ့ အစားအသောက်ကရော ဘယ်နေရာ ဘယ်ဒေသကနေ ဘယ်လို အဆင့်ပေါင်းများစွာကို ဖြတ်ကျော်ပြီး ကိုယ့်ရှေ့ကိုရောက်လာသလဲ တွေးကြည့်ပါ။

၄၃- ကိုယ့်ဘ၀မှာ အဖြစ်ချင်ဆုံးအရာက ဘာလဲ တွေးကြည့်ပါ။ ရခဲလှတဲ့ ဒီဘဝ အချိန်တိုလေးအတွင်းမှာ.. ကိုယ်ဘာကို လိုချင်သလဲ ဆိုတာကိုတောင် မသိရင် ဘာမှ လုပ်ဖြစ်တော့မှာ မဟုတ်ဘူးလေ။

၄၄- တကယ်လို့သာ တခြားတစ်နေရာ တစ်ဒေသကို အပြီးတိုင်ပြောင်းရွှေ့ရတော့မယ်၊ ကိုယ်သယ်သွားလို့ရတဲ့ အရာက သေတ္တာတစ်လုံးစာပဲရှိမယ်ဆိုရင်.. အဲဒီသေတ္တာထဲ ဘာတွေထည့်သွားမလဲ တွေးကြည့်ပါ။

၄၅- မဖတ်ဖြစ်သေးတဲ့ အီးမေးလ်တွေ၊ မက်ဆေ့ချ်တွေကို အကုန်ပြီးအောင် ဖွင့်ဖတ်ဖို့လည်း စဉ်းစားပါ။

၄၆- ကိုယ့်ရဲ့ ခွေး၊ ကြောင်၊ အိမ်မွေးတိရိစ္ဆာန်တွေခမျာ.. ကိုယ့်ကို ဘယ်လောက် သံ‌ယောဇဉ်ကြီး ချစ်ခင်နေသလဲ.. ဒါကိုလည်း အချိန်ပေး ‌တွေးကြည့်ပါ။

၄၇- ဆုံးရှုံး နာကျင်မှုတွေနဲ့ ကြုံရတဲ့အခါ.. ထိတ်လန့်တကြား ရှောင်မပြေးဘဲ စိတ်ကျန်းမာကြံ့ခိုင်စွာ ဘယ်လိုရင်ဆိုင်ရမလဲ.. ဆိုတာကို တွေးကြည့်ပါ။

၄၈- ကိုယ်အကြိုက်ဆုံး ရုပ်ရှင်၊ ဝတ္ထုတွေထဲက ဇာတ်ကောင်တွေ၊ ဇာတ်လမ်းတွေ၊ လှည့်ကွက်တွေအကြောင်း တွေးကြည့်ပါ၊

၄၉- ကိုယ့်လိုအင်ဆန္ဒတွေကို ခဏဘေးဖယ်ထားလိုက်ရင်.. ကိုယ်ဟာ တခြား ဘယ်သူ့အတွက်ရော လိုလိုလားလား ရှင်သန်ပေးချင်သေးသလဲ.. ဆိုတာကိုလည်း တွေးကြည့်ပါ။

၅၀- ဒီနေ့ ကိုယ့်ရဲ့ အ‌ခြေအနေကို အနာဂတ်မှာ ကိုယ်ကိုယ်တိုင်ကပဲ ပြန်လှည့်ကြည့်သုံးသပ်မယ်ဆိုရင် ဘာတွေ ပြောဖြစ်မလဲ.. စဉ်းစားကြည့်ပါ။

၅၁- သွားဖြစ်မယ့်၊ သွားချင်နေတဲ့ ခရီးစဉ်တစ်ခု အကြောင်း တွေးပါ။ ဘယ်နေရာမှာ ဓာတ်ပုံတွေ ရိုက်မလဲ၊ ဘာတွေ စားမလဲ၊ ဘယ်သူတွေနဲ့ တွေ့ဖြစ်မလဲ..။

၅၂- ကိုယ့်ဘဝရဲ့ အဆိုးဆုံးသော ညတစ်ည အကြောင်း ပြန်စဉ်းစားကြည့်ပါ။ အဲဒီညကိုသာ ပြန်သွားလို့ရမယ်ဆိုရင်.. အဲဒီတုန်းက ကိုယ့်ရဲ့ အပြုအမူတွေကို ဘယ်လို ပိုကောင်းအောင် ပြင်ဆင်လို့ရမလဲ တွေးကြည့်ပါ။

၅၃- ကိုယ့်ဘဝရဲ့ အကောင်းဆုံး ညတွေအကြောင်းကိုလည်း ပြန်တွေးကြည့်ပါ။ အဲဒီအချိန်တွေမှာ ကိုယ်ဟာ ဘယ်သူနဲ့ ရှိနေခဲ့သလဲ.. ဘာတွေ လုပ်နေခဲ့သလဲ.. ဆိုတာကို သတိရပါ။

၅၄- ဘယ်အရာကမှ လွယ်မနေဘူးဆိုတာကိုလည်း တွေးကြည့်ပါ။ အချစ်ရေး၊ အိမ်ထောင်ရေး.. ဆိုတာ အမြဲ အခက်အခဲတွေနဲ့ ပြည့်နေတာ။ ရှိရင်လည်း ခက်သလို.. မရှိတော့လည်း မလွယ်တဲ့အရာ။ အချစ်ရေး အိမ်ထောင်ရေးသာမက.. အသက်အရွယ်တစ်ခုရောက်ပြီး.. ကိုယ်ဖြစ်ချင်တာတွေ၊ အိပ်မက်တွေ ဖြစ်မလာသေးတဲ့အခါ..မှာလည်း ဘဝဆိုတဲ့ အရာဟာ ခက်ခဲနေဦးမှာပဲ။ ဒါ မထူးဆန်းပါဘူး။ ဘယ်အရာဟာ ကြိုးစားဖြတ်ကျော်ဖို့ ထိုက်တန်သလဲ ဆိုတာကို တွေးတတ်ဖို့သာ လိုတာပါ။

၅၅- ကိုယ့်ကြိုးစားမှုနဲ့ တကယ်ထိုက်တန်တဲ့အရာက ဘာလဲ။ ဒါကိုလည်း တွေးကြည့်ပါ။

၅၆- ကိုယ်သဘောကျတဲ့၊ ကိုယ့်ကို စိတ်တည်ငြိမ် ယုံကြည်မှုရစေတဲ့ ပတ်ဝန်းကျင်၊ နေရာ၊ အခင်းအကျင်း အပြင်အဆင်တွေ အကြောင်း တွေးပါ။

၅၇- ကိုယ့်မိဘတွေအတွက် အကောင်းဆုံး ဖြစ်စေမယ့် အပြုအမူနဲ့ ဆုံးဖြတ်ချက်တွေအကြောင်းလည်း တွေးကြည့်ပါ။

၅၈- ကိုယ် အကြောက်ဆုံး အရာတစ်ခု..အကြောင်း စဉ်းစားကြည့်ပါ။

၅၉- အဲဒီအကြောက်ဆုံးအရာနဲ့.. ကိုယ်အလိုချင်ဆုံးအရာ.. ဒီနှစ်ခုကြားမှာ ဆက်နွှယ်မှုများရှိနေသလား တွေးကြည့်ပါ။

၆၀- ဘဝရဲ့ ဆုလာဘ် သေးသေးလေးတွေကို အချိန်ပေး အရေးယူ လေ့လာကြည့်ပါ။ မိုးရွာပြီးကာစ.. ပြတင်းတံခါးကနေ ဖြတ်ဝင်လာတဲ့ မြေသင်းနံ့၊ ကိုယ်အကြိုက်ဆုံး တီရှပ်တစ်ထည်၊ ငယ်ဘဝတုန်းက ပါးစပ်ကမချ တတွတ်တွတ် ညည်းဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်၊ ဗိုက်ဆာလာတိုင်း ပထမဆုံး သတိရမိ၊ စားချင်နေမိတဲ့ အကြိုက်ဆုံး အစားအသောက်တစ်မျိုး.. စသဖြင့်..

၆၁- ကိုယ့်ဘဝရဲ့ အဖြစ်အပျက် ဇာတ်လမ်း အတိုအထွာတွေ၊ ကိုယ်တွေ့ကြုံ ဖြတ်သန်းခဲ့ရတဲ့ ထူးဆန်းလှပတဲ့ ဖြစ်ကြောင်းကုန်စင်တွေ.. ဒီအကြောင်းအရာတွေကို သူများတွေသိအောင် ဘယ်လို မျှဝေလို့ရသလဲ.. တွေးကြည့်ပါ။

၆၂- ကြောက်နေလို့မရတော့ဘူး.. လုပ်ကိုလုပ်ရတော့မယ်ဆိုရင် ဘယ်အရာတွေက ကိုယ့်ကို ခွန်အားပေးမလဲ.. တွေးကြည့်ပါ။

၆၃- ကြောက်နေလို့မရတော့ဘူး.. လုပ်ကိုလုပ်ရတော့မယ်ဆိုရင် ဘာတွေ လုပ်ဖြစ်မလဲ တွေးကြည့်ပါ။

၆၄- ကိုယ့်အတွက် ဘယ်လောက်ရရင် “လုံလောက်” ပြီလဲ.. ဆိုတာကို သေချာ တွေးကြည့်ပါ။ ပိုက်ဆံဘယ်လောက်ရမှ လုံလောက်မှာလဲ။ ဘယ်လောက်အထိ အချစ်ခံရချင်တာလဲ။ ဘယ်လောက်အထိ အောင်မြင်ချင်တာလဲ..။ ဘယ်လောက်ဆိုရင် လုံလောက်ပြီလဲ.. ဆိုတာကို မသိသရွေ့ ဘယ်တော့မှ ပြီးပြည့်စုံမှာ မဟုတ်ဘူး။

၆၅- ကိုယ် အဖြစ်ချင်ဆုံး အရာတချို့အကြောင်း တွေးကြည့်ပါ။ ကိုယ့်ချစ်သူခင်သူတွေ အားလုံး ရောက်လာကြမယ့် ကိုယ့်ရဲ့ မွေးနေ့ပွဲ၊ မရောက်ဖူးတဲ့ နိုင်ငံ တစ်နိုင်ငံကိုသွားဖို့ လေယာဉ်ပေါ်ကို တက်ရတဲ့ အချိန်၊ ကိုယ်အမြဲလိုချင်နေတဲ့ ခန္ဒာကိုယ်အချိုးအစား၊ အကြွေးဆပ်စရာတွေ အကုန် ဆပ်ပြီးသွားတဲ့အချိန်..၊ ကိုယ်နေထိုင်ရာ အိမ်ကလေးကို စိတ်တိုင်းကျ ပြင်ဆင်ခွင့်ရတဲ့အချိန်.. စသဖြင့်..။

၆၆- တစ်လကို သိန်း ၄၀ လောက်များ အပိုဝင်ငွေရနေမယ်ဆိုရင် ဘာလုပ်ဖြစ်မလဲ တွေးကြည့်ပါ။

၆၇- ဘဝခရီးမှာ ကိုယ်လိုချင်တဲ့ နေရာကို သွားဖို့အတွက် ဘာတွေ တည့်မတ်ပေးဖို့ လိုသလဲ တွေးကြည့်ပါ။ အပေါင်းအသင်း မိတ်ဆွေအသစ်တွေ လိုသလား။ အိမ်တွင်းအောင်းနေတာကို လျှော့ရမှာလား။ နေရာအသစ်တွေကိုသွားရောက် လေ့လာရမှာလား.. ။

၆၈- ကိုယ့်အရေပြားပေါ်ကို နေရောင် နွေးနွေးကျလာတဲ့အခါ ခံစားရတဲ့ နေ့သစ် အရသာအကြောင်း တွေးကြည့်ပါ။

၆၉- နွေဦးရဲ့ ရနံ့အကြောင်း တွေးကြည့်ပါ။

၇၀- နေ့ရက်တွေ၊ နာရီတွေကို ခဏမေ့ထားပြီး မိနစ်ပိုင်း အချိန်အပိုင်းအခြားလေးတွေနဲ့တင် ဘာတွေလုပ်လို့ရသလဲ စဉ်းစားကြည့်ပါ။

၇၁- ပတ်ဝန်းကျင်ရဲ့ အထင်အမြင်၊ လူ့အသိုင်းအဝိုင်း ယဉ်ကျေးမှုနဲ့.. ကိုယ့်အသိုက်အဝန်းရဲ့ မျှော်လင့်ချက်တွေဟာ ကိုယ့်အမြင်ကို တည်ဆောက်တဲ့အခါမှာ ဘယ်အတိုင်းအတာအထိ လွှမ်းမိုး နေသလဲဆိုတာကို တွေးကြည့်ပါ။

၇၂- ပတ်ဝန်းကျင်ရဲ့ အထင်အမြင်၊ လူ့အသိုင်းအဝိုင်း ယဉ်ကျေးမှုနဲ့.. ကိုယ့်အသိုက်အဝန်းရဲ့ မျှော်လင့်ချက်တွေဟာ ကိုယ့်အမြင်ကို ပြောင်းလဲမသွားအောင် ဘယ်အတိုင်းအတာအထိ ထိန်းချုပ် ထားသလဲဆိုတာကို တွေးကြည့်ပါ။

၇၃- အနီးအနားမှာ ဘယ်သူမှ ရှိမနေ၊ တစ်ယောက်တည်းဖြစ်နေတဲ့အချိန်တွေမှာရော.. ကိုယ်ဟာ ဘယ်လိုလူ ဖြစ်နေသလဲဆိုတာကို သတိပြုကြည့်ပါ။

၇၄- ငယ်ငယ်တုန်းက.. ငါ ကြီးလာရင် ဘာလုပ်မယ် ဆိုပြီး တွေးခဲ့တာနဲ့ လက်ရှိအခြေအနေကို ယှဉ်ကြည့်ပါ။ အဲဒီ ရည်မှန်းချက်က အခု လက်တွေ့ဘဝမှာရော ဘယ်အထိ လွှမ်းမိုးနေသေးသလဲ စဉ်းစားကြည့်ပါ။

၇၅- ကိုယ်အခု ဖြတ်သန်းနေထိုင်နေရတဲ့ အချိန်ကိုသာ ရုပ်ရှင်တစ်ကားလို နောက်ပြန်ရစ်၊ ရှေ့ကျော်ရစ်.. လိုသလို ထိန်းချုပ်လို့ရမယ်ဆိုရင် ကိုယ့်အမူအကျင့်တွေ ဘယ်လိုပြောင်းလဲသွားမလဲ တွေးကြည့်ပါ။

၇၆- ကိုယ့်အတွေးတိုင်း အပြုအမူတိုင်းကသာ ကိုယ့်ကံတရားကို ချက်ချင်း လက်ငင်း ပြောင်းလဲသွားစေခဲ့မယ်ဆိုရင် ကိုယ့်အမူအကျင့်တွေ ဘယ်လိုပြောင်းလဲသွားမလဲ တွေးကြည့်ပါ။

၇၇- ရှေးခေတ် အဆုံးအမ ဆိုရိုးစကားများစွာထဲက ကိုယ်နဲ့ အသက်ဆိုင်ဆုံး၊ ကိုယ်အကြိုက်ဆုံး တစ်ခုကို ရွေးပြီး သေချာ အတွေးနယ်ချဲ့ကြည့်ပါ။
၇၈- မရေးစပ်ရသေးတဲ့ သီချင်းအသစ်တွေရဲ့ သံစဉ်တွေအကြောင်း စဉ်းစားပါ။

၇၉- ဘဝကို ပြောင်းလဲဖို့အတွက် အတွေးတွေကို အရင်ပြောင်းဖို့လိုတယ်။ အတွေးတွေပြောင်းဖို့အတွက် အတွေးပြောင်းစေတဲ့ စာတွေကို ဖတ်ဖို့လိုတယ် ဆိုတာကို သတိရပါ။

၈၀- သူများတကာက ကောင်းတယ်.. ဆိုပြီး ဖတ်ခိုင်းတဲ့ စာတွေကို မဖတ်ဘဲ.. ကိုယ်စိတ်ဝင်စားတာကိုပဲ ဦးစားပေးမယ်ဆိုရင် ဘာစာအုပ်တွေဖတ်ဖြစ်မလဲ တွေးကြည့်ပါ။

၈၁- သူများတကာက ကောင်းတယ်.. ဆိုပြီး နားထောင်ခိုင်းတဲ့ သီချင်းတွေကို နားမထောင်ဘဲ.. ကိုယ်စိတ်ဝင်စားတာကိုပဲ ဦးစားပေးမယ်ဆိုရင် ဘာသီချင်းတွေ နားထောင်ဖြစ်မလဲ တွေးကြည့်ပါ။

၈၂- ကိုယ့်ကို တကယ် မိန်းမော စိတ်လှုပ်ရှားစေတဲ့ အရာတစ်ခုအကြောင်း တွေးကြည့်ပါ။

၈၃- သူများတွေမှာရှိတဲ့.. ကိုယ် လေးစားအားကျမိတဲ့ အရည်အသွေးတွေ အကြောင်း တွေးကြည့်ပါ။ (ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်တဲ့အခါမှာလည်း ကိုယ်သဘောအကျဆုံးအရည်အသွေးတွေက အဲဒီအတိုင်း တစ်ထပ်တည်း ဖြစ်နေတတ်တယ်)

၈၄- သူများတွေမှာရှိတဲ့.. ကိုယ် မနှစ်မြို့၊ မုန်းတီးမိတဲ့ အကျင့်စရိုက်တွေ အကြောင်း တွေးကြည့်ပါ။ (ကိုယ့်မှာရော ဒီလို အကျင့်စရိုက်တွေရှိနေသလား၊ ကိုယ့်ကိုယ်ကိုယ်ကျတော့မှ မမြင်ချင်ယောင်ဆောင်၊ ချောင်ထိုးထားသလား..)

၈၅- ချစ်ခြင်းတရားဆိုတဲ့အရာဟာ ဘဝကိုတောင် ကယ်တင်ပေးနိုင်သလား.. ဆိုတာကို တွေးကြည့်ပါ။ (အဖြေ- ကယ်တင်ပေးနိုင်ပါတယ်)

၈၆- စကြဝဠာရဲ့ အဆုံးအစမရှိ ကျယ်ပြောနေမှုကို တွေးကြည့်ပါ။ လူ..ဆိုတာ ဘာမှ မဟုတ်သော.. အမှုန်အမွှားသာသာ..။

၈၇- မေးခွန်းတွေ ဘယ်လောက်ရှုပ်ထွေးခက်ခဲ နက်နဲနေပေမယ့် အဖြေတော်တော်များများက ရှင်းလင်းလွယ်ကူနေတဲ့ သဘောတရားကိုလည်း တွေးကြည့်ပါ။

၈၈- တစ်ခုခုမှားနေပြီ.. ဆိုရင် လူတွေက အလိုလို သတိထားမိတတ်ကြပေမယ့်.. လမ်းမှန်ပေါ်ရောက်နေပြီ.. မှန်ကန်နေပြီဆိုရင်.. သတိမထားမိ၊ အမှတ်တမဲ့ နေနေတတ်ကြတာကို စဉ်းစားကြည့်ပါ။

၈၉- ကိုယ့်ဘဝရဲ့ အရေးပါတဲ့ ပြောင်းလဲမှုတွေတော်တော်များများမှာ.. ကံတရားနဲ့ အစိုးမရခြင်းတွေရဲ့ ရိုက်ခတ်မှု ဘယ်လောက်တောင် ပါနေခဲ့သလဲဆိုတာကိုလည်း တွေးကြည့်ပါ။

၉၀- အနာဂတ်..ဟာ ဒီကနေ့နဲ့မတူ ပြောင်းလဲမှုတွေ ရှိနေမယ်.. ဆိုတဲ့ ယုံကြည်ချက်၊ ပြီးတော့ အဲဒီယုံကြည်ချက်အတိုင်း မဖြစ်မနေ ဖြစ်အောင်လုပ်မယ့် .. စိတ်ဓာတ်ကို ဘယ်လို မွေးမြူရမလဲ စဉ်းစားပါ။

၉၁- ပေးဆပ်ဖို့ ထိုက်တန်တဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ အရာဟာ.. ကိုယ့်ကမ္ဘာကို အနည်းနဲ့ အများတော့ တိမ်းစောင်း ပြောင်းလဲစေမှာပဲ.. ဆိုတဲ့အကြောင်းကို သတိရပါ။

၉၂- ပြဿနာတွေကို ရင်ဆိုင်တဲ့အခါ ဘယ်လို ပိုကောင်းအောင် ကိုင်တွယ်မလဲ စဉ်းစားပါ။ လူတွေကို မတိုက်ခိုက်ဘဲ.. ကိုယ့်အတွေးအခေါ် ခံယူချက်တွေကို သိမြင်နားလည်အောင် ဘယ်လို ဆက်သွယ်ပြောဆိုမလဲ၊.. ထစ်ခနဲဆို ငြင်းခုန် ရန်ဖြစ်နေမယ့်အစား တစ်ယောက်နဲ့ တစ်ယောက်ကြားက ခင်မင်မှု နှောင်ကြိုးတွေ ပိုမို ခိုင်မာလာအောင် ဘယ်လို လုပ်လို့ရမလဲ.. တွေးကြည့်ပါ။

၉၃- ကိုယ့် လိုအင်ဆန္ဒတွေ.. လိုအပ်ချက်တွေကိုပဲ အာရုံထားမနေဘဲ. တခြား ဘယ်အရာတွေအတွက်၊ ဘယ်သူတွေအတွက်.. ဆက်လက် ရှင်သန်ချင်သလဲ ဆိုတာကို တွေးကြည့်ပါ။

၉၄- ကိုယ့်အပေါ် သံယောဇဉ်ကြီး.. မှီခိုအားထားနေကြသူတွေအကြောင်းကို သတိတရ တွေးကြည့်ပါ။ ကိုယ်သာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် သူတို့ရဲ့ ကမ္ဘာ.. ဘယ်လောက်တောင် လှုပ်ခါ ပျက်စီးသွားမလဲ စဉ်းစားကြည့်ပါ။

၉၅- အခုလက်ရှိအတိုင်း မပြောင်းလဲဘဲ ဆက်သွားနေမယ် ဆိုရင် နောင် ၅ နှစ် အကြာမှာ ကိုယ် ဘယ်အခြေအနေရောက်နေမလဲ တွေးကြည့်ပါ။
၉၆- အခုလက်ရှိအချိန်အထိ.. ဘဝမှာ သင်ယူခဲ့သမျှ သင်ခန်းစာတွေထဲမှာ ဘယ်သင်ခန်းစာတွေက အရေးအကြီးဆုံးလဲ.. တွေးကြည့်ပါ။

၉၇- အဲဒီသင်ခန်းစာတွေကို ဘယ်ကနေ ဘယ်လို ရယူ၊ သင်ယူဖြစ်သွားသလဲ ပြန်စဉ်းစားကြည့်ပါ။

၉၈- ကိုယ့်မှာရှိတဲ့ အလုပ်အကိုင်၊ ချစ်ခင်ရသူတွေ၊ နေစရာ အိမ်၊ အိပ်စရာ နေရာ၊ ပညာရေး၊ အပေါင်းအသင်းမိတ်ဆွေတွေ.. စတဲ့ စတဲ့ ဆုလာဘ်တွေကို တန်ဖိုးထား စဉ်းစားကြည့်ပါ။ ဒါတွေမရှိလို့၊ ပိုင်ဆိုင်ခွင့်မရလို့.. အိပ်မပျော် စိတ်ဆင်းရဲ၊ ငိုကြွေး နေရသူတွေ အများကြီး ရှိတယ်ဆိုတာကို သတိရပါ။

၉၉- အခု ကိုယ်ပိုင်ဆိုင် နေတဲ့ အရာတွေကို မရခင်တုန်းအချိန်တွေတုန်းက ကိုယ်ကိုယ်တိုင်လည်း ဘယ်လောက် စိတ်ဆင်းရဲ ငိုကြွေးခဲ့ဖူးသလဲ.. ပြန်စဉ်းစားကြည့်ပါ။

၁၀၀- ဒီလို အမြဲ တန်ဖိုးထားစဉ်းစားတတ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို လေ့ကျင့်ယူရမလဲ တွေးကြည့်ပါ။

၁၀၁- ကိုယ်ဟာ ဘယ်လိုလူလဲ.. ဆိုတာကို ပီပီပြင်ပြင် နားလည် သဘောပေါက်လာတဲ့အထိ အချိန်ပေး၊ တွေးကြည့်ပါ။ ဘဝမှာ.. ကိုယ် ကျေးဇူးတင်စရာ ဘာတွေ ရှိနေသလဲ.. ဘယ်သူတွေကို သံယောဇဉ်တွယ်၊ ချစ်ခင်နေသလဲ.. စတဲ့ စတဲ့.. ငါဘယ်သူလဲ.. ဆိုတဲ့ ပုံရိပ်ကို ထင်သထက်ထင်ရှား..လာအောင် မြင်ယောင်စဉ်းစားကြည့်ပါ။ ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်လာဖို့အတွက် အရေးအကြီးဆုံးနဲ့.. ပထမဆုံး ခြေလှမ်းဟာ ကိုယ့်ကိုယ်ကိုယ် မြင်အောင် ကြည့်တတ်ဖို့ပဲ။ ဒီအဆင့်ကို ကျော်ဖြတ်ပြီးသွားပြီဆိုရင် ကျန်တာ ဘာမှ မခက်တော့ဘူး။

+++++

- မကြာခင်ထွက်မည့် "အတွေးအက်ဆေး ၁၀၁"
ဘာသာပြန် စာအုပ်မှ
ကောက်နုတ်တင်ပြပါသည်။

09/04/2026

Mandalay Innwa စာအုပ် ဆိုင်မြန်မာနှစ်သစ်ကူးသင်္ကြန်ပိတ်ရက်ကြေညာခြင်း
ချစ်ခင်ရပါသောစာပေချစ်သူများရှင့်Mandalay Innwa စာအုပ်ဆိုင်ကို(12.4.2026)မှစ၍(17.4.2026)နှစ်ဆန်းတစ်ရက်နေ့ထိပိတ်ပြီး(18.4.2026)နေ့မှာပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သွားပ့ါမယ်ရှင့်
အားလုံးနှစ်သစ်ကူးမှာစိတ်ချမ်းသာကိုယ်ကျန်းမာပြီးလိုရာဆန္ဒများပြည့်၀ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်။

မန္တလေး အင်းဝစာအုပ်ဆိုင် မှာလည်း ရပါပြီရှင့်📣✨
20/02/2026

မန္တလေး အင်းဝစာအုပ်ဆိုင် မှာလည်း ရပါပြီရှင့်📣✨

Available at Mandalay branch 📣
20/02/2026

Available at Mandalay branch 📣

"စိုးရိမ်တကြီး ကမ္ဘာငယ်"------------------------" စိုးရိမ်ပူပင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ယနေ့ ဒစ်ဂျစ်တယ်ခေတ်မှာစိတ်အေးတည်င...
03/02/2026

"စိုးရိမ်တကြီး ကမ္ဘာငယ်"
------------------------

" စိုးရိမ်ပူပင်မှုတွေနဲ့ ပြည့်နှက်နေတဲ့
ယနေ့ ဒစ်ဂျစ်တယ်ခေတ်မှာ
စိတ်အေးတည်ငြိမ်စွာ နေထိုင်နည်း "
ယနေ့ ဒစ်ဂျစ်တယ်ခေတ်မှာ ဆက်သွယ်ရေးစနစ်တွေဟာ မယုံနိုင်စရာကောင်းလောက်အောင်ပဲ တိုးတက်ကောင်းမွန်နေပြီ။ ဘယ်လောက်ပဲ ‌ေဝးလံပြီး နယ်မြေတွေခြားနားနေပါစေ လူတစ်ဉီးနဲ့တစ်ဉီး မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာ ဆက်သွယ်ချိတ်ဆက်လို့ ရနေပြီ။
ဒါပေမယ့် လူသားတွေဟာ အထီးကျန် ဆန်နေဆဲပဲ။ အားငယ်စိတ်တွေ၊ ပူပင်စိုးရိမ်စိတ်တွေ အပြည့်နဲ့ စိတ်ဖိစီးနေကြတုန်းပဲ။
ကိုယ်ပိုင် ကမ္ဘာငယ်လေးတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် စက်ဝန်းခတ် နေထိုင်ရင်း စိုးရိမ်တကြီးခံစားချက်တွေနဲ့ ပြည့်နှက်နေကြတဲ့ ယနေ့ ဒစ်ဂျစ်တယ်ခေတ် လူသားတွေအဖို့ .. စိတ်ဖိစီးတာတွေ လျော့ကျသွားအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာကို ဒီစာအုပ်ထဲမှာ မှတ်စု အထွေထွေ၊ အက်ဆေးအသွယ်သွယ်နဲ့ ဆွေးနွေးထားပါတယ်။

Matt Haig ရဲ့ Notes on a nervous planet စာအုပ်ကို "စိုးရိမ်တကြီး ကမ္ဘာငယ်" .. ဆိုတဲ့ အမည်နဲ့ "ဇွန်" က ဘာသာပြန်ဆိုထားပြီးဇာစ်မြစ်စာအုပ်ထုတ်‌ေဝရေးကနေ ထုတ်‌ေဝဖြန့်ချိသွားမှာပါ။

စာမျက်နှာ -330
စျေးနှုန်း - ၁၃၀၀၀
ဆိုဒ် - ၅.၅” x ၈.၅”

* ဖေဖော်ဝါရီ ၆ ရက်နေ့ ထွက်ပါမည်။

ဒီAcc ပိုင်ရှင်မောင်လေးကို မြကျေးရုံတို့ပုဂံရွှေပြည် အသစ်ထွက်ထားတဲ့စာအုပ်လေးနဲ့ surpriseတိုက်ထားပါတယ်ရှင့်🥰🤍
26/01/2026

ဒီAcc ပိုင်ရှင်မောင်လေးကို မြကျေးရုံတို့ပုဂံရွှေပြည် အသစ်ထွက်ထားတဲ့စာအုပ်လေးနဲ့ surpriseတိုက်ထားပါတယ်ရှင့်🥰🤍

  marathon
24/01/2026

marathon

Address

No. 76. 28th Street. Between 73rd X 74th Street. Mandalay
Mandalay

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959263684557

Website

Alerts

Be the first to know and let us send you an email when Innwa Books and Cafe Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Innwa Books and Cafe Mandalay:

Shortcuts

Share

Category