Cook with care by May Cho

Cook with care by May Cho ကျန်းမာရေးနဲ့ညီညွတ်ပြီး၊သန့်ရှင်း?

Celebrating my 4th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
18/01/2025

Celebrating my 4th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ဝက်နံရိုးကြော်🧆ပဲပင်ပေါက်ခဝဲသီးကြော်ချက်🥗ပုဇွန်ကင်ပွန်းချဉ်စပ်🍤  #ကိုယ်တိုင်ချက်လက်ရာ #ချက်စားကြည့်ပါ #ထမင်းမြိန်စေမှာ #...
20/09/2024

ဝက်နံရိုးကြော်🧆
ပဲပင်ပေါက်ခဝဲသီးကြော်ချက်🥗
ပုဇွန်ကင်ပွန်းချဉ်စပ်🍤

#ကိုယ်တိုင်ချက်လက်ရာ
#ချက်စားကြည့်ပါ
#ထမင်းမြိန်စေမှာ
#👩🏻‍🍳CookwithcarebyMayCho

Check out Sweet’s video.

ပုဇွန်ကင်ပွန်းရွက်ကြော်နည်း🦐🌱🦐🌱🦐🌱🦐🌱🦐ပါဝင်ပစ္စည်းများပုဇွန်  (၂၅)ကျပ်သားကင်ပွန်းရွက် (၁၀)ကျပ်သားကြက်သွနနီ ကြက်သွန်ဖြူငပိင...
22/03/2023

ပုဇွန်ကင်ပွန်းရွက်ကြော်နည်း
🦐🌱🦐🌱🦐🌱🦐🌱🦐

ပါဝင်ပစ္စည်းများ

ပုဇွန် (၂၅)ကျပ်သား
ကင်ပွန်းရွက် (၁၀)ကျပ်သား
ကြက်သွနနီ
ကြက်သွန်ဖြူ
ငပိ
ငရုတ်သီးစိမ်း/နံနံပင်
ဆီ
ဆား/ဟင်းခတ်မှုန့်
ဆနွင်း/ငရုပ်သီးအရောင်တင်မှုန့်

ပြုလုပ်ပုံ🦐🌱

ပုဇွန်ကိုရေဆေးသန့်စင်ပြီးအခွံ့ခွါထားပါ။

ကျောခွဲပြီးချီးထုတ်ပါ။

ကိုယ်အသုံးပြုတဲ့ပုဇွန်ပေါ်မူတည်၍လုပ်နည်းကွလွဲတတ်ပါသည်။

အခုချက်ပြထားတဲ့ပုဇွန်ကဘော့ချိတ်ကြီးပုဇွန်မို့ကျောကချီးထုတ်ထားတာပါ။

သန့်စင်ပြီးသားပုဇွန်ကို ဆနွင်း၊ဆား၊ဟင်းခတ်မှုန့်တို့နှင့်သမအောင်နယ်ပြီးထားပါ။

ကင်ပွန်းရွက်ကိုခြွေပြီးရေဆေးသန့်စင်ထည့်ပါ။

ကြက်သွန်နီကြီး(၂)လုံးကိုအခွံခွါရေဆေးပြီးလှီးထားပါ။

ကြက်သွန်ဖြူအမွှာကြီး(၅)မွှာကိုထောင်းထားပါ။
အရောင်အတွက်ငရုပ်ပွအကြီးကိုအစေ့ထုတ်၊ရေစိမ်ပြီးထောင်းထားပါ။
(သို့မဟုတ်)
ငရုပ်သီးအရောင်တင်မှုန့်သုံးပါ။

ငရုတ်သီးစိမ်း/နံနံပင်ကိုရေဆေးသန့်စင်ထားပါ။

ပြုလုပ်နည်း🦐🌱

ဒယ်အိုးထဲသို့ရေအနည်းငယ်ထည့်၍ရေဆူလာရင်ပုဇွန်ထည့်ပြီးရေကုန်သည်ထိလှော်ပေးပါ။

ပုဇွန်အသားကျစ်သွားတဲ့အခါပုဂံတစ်ခုမှာခပ်ထားပါ။

ကြော်မည့်အိုးထဲကိုဆီထည့်ပါ။ဆီပူလာရင်ဆနွင်းထည့်ပါ။

ကြက်သွန်နီထည့်ကြော်ပါ။

ကြက်သွန်နီနွမ်းသွားရင်ကြက်သွန်ဖြူထည့်ကြော်ပါ။

ကြက်သွန်နီ/ဖြူကျက်ရင်ငရုတ်သီးထောင်းထားတာထည့်ပါ။(သို့)အရောင်တင်မှုန်ထည့်ပါ။
ပြီးရင်ငပိထည့်ကြော်ပါ။

ငပိထည့်လှိမ့်ပြီးအနံ့လေးမွှေးလာရင်ကင်ပွန်းရွက်ထည့်ပါ။

ကင်ပွန်းရွက်နွမ်းသွားရင်လှော်ထားတဲ့ပုဇွန်ထည့်ပါ။

ဆား/ဟင်းခတ်မှုန့်ထည့်ပြီးအရသာမြည်းပါ။

ဟင်းအိုးချခါနီးမှာငရုတ်သီးစိမ်း/နံနံပင်အုပ်ပါ။

အခုဆိုရင်နေပူပူမှာထမင်းစားမြိန်မယ့်ပုဇွန်ကင်းပွန်းရွက်ကြော်ဟင်းတစ်ခွက်ရပါပြီ။

MayCho👩🏻‍🍳(ကိုယ်တိုင်ချက်လက်ရာ(ဟင်းလျာများနှင့်မုန့်များစုစည်းမှု

🔺လွတ်လပ်စွာShareနိုင်ပါသည်။

🔻ပုံနှင့်စာသားများအားတစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

ဆိတ်သားခါးပတ်ကြော်နည်း🧆ဒီနည်းလေးကအိမ်မှာကျမကြော်စားတဲ့နည်းလေးပါ။ပါဝင်ပစ္စည်းများ1) ဆိတ်သား 🥩2)ကြက်သွန်နီ🧅3)ကြက်သွန်ဖြူ🧄4...
13/02/2023

ဆိတ်သားခါးပတ်ကြော်နည်း🧆

ဒီနည်းလေးကအိမ်မှာကျမကြော်စားတဲ့နည်းလေးပါ။

ပါဝင်ပစ္စည်းများ

1) ဆိတ်သား 🥩

2)ကြက်သွန်နီ🧅

3)ကြက်သွန်ဖြူ🧄

4)ဆီ

5)🍅ခရမ်းချဉ်သီး(အနည်းငယ်)

6)🌱ပူစီနံရွက်(ပူဒီနံရွက်လို့လဲခေါ်ကြတယ်)

7)မဆလာ

8)ဂျင်း

9)သံပုရာသီး🍋

10)ဆား၊ဟင်းခတ်မှုန့်

ပြင်ဆင်ပြုလုပ်ပုံ🥩🧅🍅🧄🍋🌱

ဆိတ်သားကိုသုံပုရာသီး/ဆားတို့နှင်နယ်ပြီးသန့်စင်အောင်အောင်ဆေးပေးပါ။

သန့်စင်ပြီးသားဆိတ်သားကိုဆနွင်း၊ဆား၊ဟင်းခတ်မှုန့်၊မဆလာ၊ငရုတ်ကောင်း၊ဂျင်းအရည်ညှစ်တို့နှင့်နယ်ပြီး(၁၅)မိနစ်ခန့်နှပ်ထားပေးပါ။

ပြီးလျှင်ထည့်ပြုတ်မည့်(Pressure Cooker)ထဲသို့နှပ်ထားသောဆိတ်သား၊ကရဝေးရွက်၊ရေအနည်းငယ်ထည့်၍ပြုတ်ပေးပါ။

(Pressure Cooker)အိုးမရှိသူများကအခြားဘယ်အိုးနှင့်မဆိုအသားနူးတဲ့အထိပြုတ်ပေးပါ။

ကြက်သွန်နီကိုအခွံံခွါရေဆေးပြီးအကွင်းလိုက်လှီးထားပါ။

ခရမ်းချဉ်သီးကိုလည်းရေဆေးအစေ့ထုတ်ပြီးအကွင်းလိုက်လှီးထားပါ။

ပူစီနံရွက်ကိုရေဆေးပြီးအရွက်ချွေထားပါ။

ပြုတ်ချိန်ပြည့်၍အသားနူးလာပြီဆိုရင်အနေတော်အရွယ်(မထူမပါး)လှီးထားပေးပါ။

ကြက်သွန်ဖြူဓါးပြားရိုက်ထားပါ။

ဆိတ်သားခါးပတ်ကြော်နည်း🧆

ကြော်မည့်အိုးထဲကိုဆီထည့်ပြီးဆီပူလာရင်ကြက်သွန်ဖြူဓါးပြားရိုက်ထားတာထည့်ပါ။
အနံမွှေးလာရင်လှီးထားသောကြက်သွန်နီထည့်ကြော်ပါ။

ကြက်သွန်နီတစ်ဝက်လောက်ကျက်ပြီဆိုရင်ငရုတ်သီးမှုန့်(အရောင်တင်)အနည်းငယ်ထည့်ပါ။

လှီးထားတဲ့ခရမ်းချဉ်သီးထည့်ပါ။

ချက်တာမဟုတ်တဲ့အတွက်ကြောင့်အနှစ်ကျအောင်ခေါက်ဖို့မလိုပါ။

ကြက်သွန်၊ခရမ်းချဉ်သီးကျက်ရင်လှီးထားတဲ့ဆိတ်သားထည့်ကြော်ပါ။

မဆလာထည့်ပါ။

ဆား၊ဟင်းခတ်မှုန့်စိတ်ကြိုက်ထည့်ပါ။

အရသာ အပေါ့၊အငံမြည်းပေးပါ။

စိတ်ကြိုက်အရသာဖြစ်တဲ့အခါနောက်ဆုံးမှာပူစီနံရွက်ထည့်ပါ။အဖုံးခဏအုပ်ထားပါ။

(၅)မိနစ်လောက်နေတဲ့အခါအဖုံးဖွင့်လိုက်ပါ။အနံ့အရသာနဲ့ပြည့်စုံတဲ့ဆိတ်သားခါးပတ်ကြော်လေးသုံးဆောင်လို့ရပါပြီ။

MayCho👩🏻‍🍳(ကိုယ်တိုင်ချက်လက်ရာ(ဟင်းလျာများနှင့်မုန့်များစုစည်းမှု)

🔺စိတ်ကြိုက်လွတ်လပ်စွာShareနိုင်ပါသည်။
🔻ပုံနှင့်စာသားများအားတစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

ဝက်သုံးထပ်သားကြော်နည်း🥓🧆ပါဝင်ပစ္စည်းများဝက်သုံးထပ်သား ဂျင်းတရုပ်မဆလာငရုပ်ကောင်းမှုန့်ပဲငံပြာရည်(အကြည်)နာနတ်ပွင့်သကြားဆား...
03/10/2022

ဝက်သုံးထပ်သားကြော်နည်း🥓🧆

ပါဝင်ပစ္စည်းများ

ဝက်သုံးထပ်သား
ဂျင်း
တရုပ်မဆလာ
ငရုပ်ကောင်းမှုန့်
ပဲငံပြာရည်(အကြည်)
နာနတ်ပွင့်
သကြား
ဆား
ဟင်းခတ်မှုန့်(Dashi)
ဆီ(နေကြာဆီ)

ပြုလုပ်ပုံ

ဝက်သားကိုရေစင်အောင်ဆေးပြီးရေခဏစစ်ထားပေးပါ။
အတော်လေးရေစစ်ပြီးတဲ့အခါဆား၊သကြား၊ဂျင်း(အရည်)တရုပ်မဆလာ၊ငရုပ်ကောင်းမှုန့်တို့နှင့်သမအောင်နယ်ပြီး(၁၅)မိနစ်ခန့်နှပ်ထားပေးပါ။

နှပ်ထားတဲ့ဝက်သားကိုပြုတ်မည့်(ဒယ်)ထဲကိုဆီအနည်းငယ်ထည့်ပြီးအိုးပူတိုက်ပေးပါ။

ဝက်သားထဲကရေကုန်သွားတဲ့အခါပြုတ်ရန်ရေထည့်ပေးပါ။(ဝက်သားမြုတ်သည်ထိ)

ဝက်သားပြုတ်ထားသည့်အိုးထဲကိုနာနတ်ပွင့်(၅)ပွင့်ထည့်ပေးပါ။ပဲငံပြာရည်(အကြည်)အနည်းငယ်ထည့်ပေးပါ။

နာရီဝက်ခန့်ကြာတဲ့အခါ ရေလည်းခမ်းပြီးအခေါက်ရောအသားပါနူးနေပါပြီ။

ကိုယ်ဝယ်တဲ့ဝက်သားပေါ်မူတည်ပြီးရေချင့်ချိန်ထည့်ပေးရမှာဖြစ်ပါတယ်။

အခုဝက်သားစကြော်ပါပြီ။

ဝက်သားကြော်ရန်အတွက်အိုးပူလာရင်ဆီထည့်ပါ။

အကြော်အိုးသည်မကပ်အိုးဖြစ်ရပါမယ်။(ဒါမှမဟုတ်)သံအိုးဆိုရင်ပိုကောင်းပါတယ်။

ဆီကိုဝက်သားမြုတ်အောင်ထည့်ပေးပါ။

အဲ့ဒီအတွက်ဆီမပေါက်စေပါဘူး။

ဝက်သားကိုမမြုတ်ရင်တော့ဆီပေါက်တတ်ပါတယ်။

ကြော်တဲ့အခါ (အဖုံးအုပ်ပြီးကြော်ပေးပါ)

မီးကိုသိပ်မပြင်းရပါ။

👩🏻‍🍳MayCho(ကိုယ်တိုင်ချက်လက်ရာ(ဟင်းလျာများနှင့်မုန့်များစုစည်းမှု)

🔺Share button ကိုနှိပ်ပြီးလွတ်လပ်စွာShareနိုင်ပါသည်။
🔹ပုံနှင့်စာသားများအားတစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းသီးခံပါ။

ပုဇွန်ပေါင်မုန့်ကြက်ဥလိပ်ကြော်နည်း🍤🍞🥚🍤🍞🥚🍤🍞🥚🍤🍞🥚ဒီတစ်ခါမှာတော့လုပ်ရလွယ်ကူပြီးခလေး/လူကြီးအကြိုက်တွေ့စေမယ့်ပုဇွန်ပေါင်မုန့်က...
26/01/2022

ပုဇွန်ပေါင်မုန့်ကြက်ဥလိပ်ကြော်နည်း
🍤🍞🥚🍤🍞🥚🍤🍞🥚🍤🍞🥚

ဒီတစ်ခါမှာတော့လုပ်ရလွယ်ကူပြီးခလေး/လူကြီးအကြိုက်တွေ့စေမယ့်ပုဇွန်ပေါင်မုန့်ကြက်ဥလိပ်ကြော်နည်းလေးကိုပြောပေးမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ🍞🍤🥚

ပေါင်မုန့် (၁)ထုပ်
ကြက်ဥ(၂)လုံး
ပုဇွန် (၁၀)ကောင်
တန်ပူရာမုန့်ကျွတ်ခြောက်
ဆား
ဆီ

ပြုလုပ်နည်း🍤🥚🍞

ပုဇွန်ကိုရေဆေးသန့်စင်ပြီးခေါင်းဖြုတ်၊အခွံ့ခွာထားပါ။အမြှီးမချွတ်ရပါ။

ပေါင်မှုန့်ရဲ့ဘေးသားကိုလှီးထုတ်ပေးပါ။

ပြီးရင် ဒလှိမ့်တုံးဖြင့်ဖိလှိမ့်ပေးပါ။

ကြက်ဥကိုဆားအနည်းငယ်ထည့်ပြီးခေါက်ထားပါ။

တန်ပူရာမုန့်ကြွပ်ခြောက်ကိုအနည်းငယ်ပြန်ချေပေးပါ။

စလိပ်ပါမယ်။

ဖိလှိမ့်ထားတဲ့ပေါင်မုန့်ပြားကိုယူပြီးပုဇွန်ကိုတင်ပါ။
ကျန်ပေါင်မုန့်ပြားတစ်ဝက်ကိုကြက်ဥခေါက်ထားတဲ့အနှစ်ထဲကိုနှစ်ပေးပါ။

​ပြီးရင် ပုဇွန်တင်ထားတဲ့အဖက်ကစပြီးလိပ်ပေးပါ။

လိပ်ပြီးသွားရင်ကြက်ဥခေါက်ထားတဲ့အထဲပြန်နှစ်ပေးပါ။

တန်ပူရာအကြွပ်မှုန့်ထဲကိုလူးပေးပါ။

ကြော်နည်း🥚🍤🍞

ကြော်မည့်အိုးကိုအပူပေးထားပါ။

အိုးပူလာရင်ဆီထည့်ပါ။

ပေါင်မုန့်လိပ်လေးများမြုပ်အောင်ဆီထည့်ပေးရပါမယ်။
စကြော်ပါမယ်။

မီးအလယ်အလတ်နဲ့ကြော်ပေးပါ။

ရွှေညိုရောင်သန်းလာပြီဆိုဆယ်လို့ရပါပြီ။

အအေးခံပြီးသုံးဆောင်ပါ။

ကြိုက်နှစ်သက်ရာဆော့စ်၊မရိုးနိစ်နှင့်တွဲဖက်စားသုံးပါ။

MayCho👩🏻‍🍳(ကိုယ်တိုင်ချက်လက်ရာ(ဟင်းလျာများနှင့်မုန့်များစုစည်းမှု)

🔹Share button ကိုနှိပ်ပြီးလွတ်လပ်စွာShareနိုင်ပါသည်။
🔻ပုံနှင့်စာများအားတစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းသီးခံပါ။

ကောက်ညှင်းပဲကပ်ကြော်ပြုလုပ်နည်း😋         😋        😋       😋       😋              ပါဝင်ပစ္စည်းများကောက်ညှင်းမှုန့်ဆန်စိမ်...
01/10/2021

ကောက်ညှင်းပဲကပ်ကြော်ပြုလုပ်နည်း
😋 😋 😋 😋 😋

ပါဝင်ပစ္စည်းများ

ကောက်ညှင်းမှုန့်
ဆန်စိမ်းမှုန့်
ကုလားပဲခြမ်း
ဆား
ဂျင်း
Baking Powder(or)Baking Sodar
ရေ

ပြုလုပ်နည်း👩🏻‍🍳

ကုလားပဲနို့ဆီဗူးတစ်ဝက်ခန့်ကို တစ်ညကြိုပြီးရေစိမ်ထားပေးပါ။

ညကရေစိမ်ထားသောကုလားပဲကိုအတော်လေးနပ်အောင်ပြုတ်ပေးပြီးအအေးခံထားပေးပါ။အရမ်းမနူးပါစေနဲ့။

ကောက်ညှင်းမှုန့်(ပေါင်းအိုးဆန်ချိန်ခွက်(၃)ခွက်၊ဆန်စိမ်းမှုန့် (ထမင်းစားဇွန်း(၃)ဇွန်း
ဆား (လ္ဘက်စားဇွန်းဝက်)
Baking Powder (လ္ဘက်စားဇွန်းဝက်)တို့ကိုဇလုံတစ်ခုတွင်ထည့်၍အားလုံးသမသွားအောင်အရင်ပြုလုပ်ပေးပါ။

​ပြီးရင်ဂျင်းအနည်းငယ်ခြစ်၍ထည့်ပေးပါ။

အားလုံးသမသွားရင်ရေကိုနည်းနည်းခြင်းထည့်၍နယ်ပေးပါ။

စုစုပေါင်း ရေ ပေါင်းအိုးဆန်ချိန်ခွက်၁ခွက်နဲ့၄ပုံ၁ပုံခန့်ထည့်ရပါတယ်။

အဲ့ဒီနောက်၁နာရီခွဲခန့်နှပ်ထားပေးပါ။

အချိန်ပြည့်ရင်စကြော်လို့ရပါပြီ။

မီးကိုအလယ်အလတ်ထား၍ကြော်ပေးပါ။

မီးမများပါစေနဲ့။

မီးများရင်ကောက်ညှင်းကကျစ်ပြီးမာသွားတတ်ပါတယ်။

အခုအချိုးအစားအတိုင်းပြုလုပ်ပါကကောက်ညှင်းပဲကပ်ကြော်၁၃ခုရပါတယ်။

နေ့လည်ခင်းအဆာပြေလုပ်စားကြည့်ပါ။စားလို့အရမ်းကောင်းပါတယ်။

အဆိမ့်စားချင်ရင်ဒီအတိုင်းစားပါ။

အချိုကြိုက်ရင်ထန်းညက်ရည်နှင့်စားပါ။

ထန်းညှက်ကိုရေထည့်ပြီးကြွက်မြှီးတန်းအောင်ကြိုပေးပါ။
ပြီးရင်ဇကာနဲ့စစ်ပေးပါ။

MayCho👩🏻‍🍳(ကိုယ်တိုင်ချက်လက်ရာ(ဟင်းလျာများနှင့်မုန့်များစုစည်းမှု)

🔹Share button ကိုနှိပ်ပြီးလွတ်လပ်စွာShareနိုင်ပါသည်။
🔻ပုံနှင့်စာများအားတစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းသီးခံပါ။

သရက်ပြင်ပြုလုပ်နည်း🥭   🥭   🥭   🥭   🥭  ပါဝင်ပစ္စည်းများ🥭သရက်သီးအမှည့်အရွယ်တော်(၅)လုံး(သို့)ခပ်လတ်လတ်(ကြိုက်ရင်)ရောထည့်ပါ။...
15/07/2021

သရက်ပြင်ပြုလုပ်နည်း
🥭 🥭 🥭 🥭 🥭

ပါဝင်ပစ္စည်းများ

🥭သရက်သီးအမှည့်အရွယ်တော်(၅)လုံး(သို့)ခပ်လတ်လတ်(ကြိုက်ရင်)ရောထည့်ပါ။

🌶ငရုတ်သီးမှုန့် (လ္ဘက်စားဇွန်း(၂)ဇွန်း)
သကြား (ထမင်းစားဇွန်း(၃)ဇွန်း(အချိုကြိုက်ကပိုထည့်ပါ)

ဆား (အနည်းငယ်)

မဆလာ (အနည်းငယ်)နှစ်သက်မှထည့်ပါ)

ဆီ (အနည်းငယ်)

ပြုလုပ်ပုံ

သရက်သီးကိုရေစင်အောင်ဆေး၍အခွံခွာပြီးအတုံးလေးများတုံးထားပေးပါ။

သရက်သီးအတုံးလေးများထဲသို့သကြား၊ငရုတ်သီးမှုန့်၊ဆား၊မဆလာတို့ကိုထည့်ပြီးကြိတ်စက်မှာကျေညက်သည်ထိကြိတ်ချေပေးပါ။

ကြိတ်စက်မရှိကလက်ဖြင့်ကျေညက်သည်ထိချေပေးပါ။(လက်အိတ်စွတ်၍)

သရက်ပြင်ပြုလုပ်မည့်လင်ဗန်း(သို့)ခွက်အတွင်းသို့ဆီအနည်းငယ်သုတ်ထားပေးပါ။

ကြိတ်ချေ၍ရလာသည့်သရက်ရည်များကိုမီးအေးအေးဖြင့်(၂၀မိနစ်ခန့်)ပျစ်လာသည်ထိကြိုပေးပါ။

သတိထားရမှာက မီးများရင်လက်ကိုသရက်ရည်လာစင်တတ်ပါတယ်။
ဒါကြောင့်အဆက်မပြတ်မွှေပေးနေရပါမယ်။

ရလာတဲ့သရက်ရည်များကိုဆီသုတ်ထားတဲ့လင်ဗန်း(သို့)အသင့်ပြင်ထားတဲ့ခွက်လေးများအတွင်းသို့လောင်းထည့်ပြီးနေပူပူမှာ(၂)ရက်ခန့်လှမ်းပေးရပါမယ်။

(၂)ရက်အကြာ မှာတော့အနံအရသာနဲ့ပြည့်စုံတဲ့သရက်ပြင်လေးရရှိပါပြီ။

🌱🌱 🌱🌱 🌱🌱 🌱🌱 🌱🌱

MayCho👩🏻‍🍳(ကိုယ်တိုင်ချက်လက်ရာ(ဟင်းလျာများနှင့်မုန့်များစုစည်းမှု)

🔹Share button ကိုနှိပ်ပြီးလွတ်လပ်စွာShareနိုင်ပါသည်။
🔺ပုံနှင့်စာများအားတစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းသီးခံပါ။

ထောပတ်ကွတ်ကီးပြုလုပ်နည်း(Shortbread Cookies)🍪     🍪      🍪     🍪      🍪      🍪     🍪     🍪   🍪                        ပါ...
04/07/2021

ထောပတ်ကွတ်ကီးပြုလုပ်နည်း(Shortbread Cookies)
🍪 🍪 🍪 🍪 🍪 🍪 🍪 🍪 🍪

ပါဝင်ပစ္စည်းများ

ဒုံးပျံတံဆိပ်ဂျုံမှုန့်(အစိမ်းရောင်)၂ခွက်နှင့်၄ပုံ၃ပုံ

အခန်းအပူချိန်တွင်ထားသောဆားမပါတဲ့ထောပတ် (ပေါင်းအိုးဆန်ချိန်ခွက်)၁ခွက်နှင့်၄ပုံ၁ပုံ
ထောပတ်သည်အခဲဖြစ်ရပါမည်။

ပြောင်းကော်မှုန့်(ထမင်းစားဇွန်း(၅)ဇွန်း

သကြားမှုန့် (ထမင်းစားဇွန်း(၈)ဇွန်း

ဆား (လ္ဘက်စားဇွန်း၄ပုံ၁ပုံ)

ဗင်နီလာအမွှေးနံ့(လ္ဘက်စားဇွန်း ၁ဇွန်း)

ပြုလုပ်နည်း

ပထမဦးစွာအခန်းအပူချိန်တွင်ထားသောထောပတ်ကိုဇလုံတစ်ခုတွင်ဖိချေပေးပါ။

လက်ဖြင့်မချေရပါ။(ဆီလီကွန်ယောင်းမဖြင့်ချေပါ)
နောက်ထောပတ်ပွလာစေရန်မွှေတံဖြင့်၂မိနစ်ခန့်မွှေပေးပါ။

အဲ့လိုမွှေပေးခြင်းဖြင့်ထောပတ်အရောင်ပိုဖွေးလာစေပါတယ်။

မွှေထားတဲ့ထောပတ်ထဲသို့သကြားမှုန့်ကိုဇကာချပေးပါ။ပြီးရင်သမအောင်မွှေပေးပါ။

ဆက်လက်ပြီးဂျုံမှုန့်၊ပြောင်းကော်မှုန့်၊ဆားတို့ကိုလည်း၃ကြိမ်ခွဲ၍ဇကာချပေးပါ။

သကြားအမှုန့်နေရာမှာသကြားအနုကိုလည်းသုံးနိုင်ပါသည်။

ဇကာချပြီးသွားရင်ဗင်နီလာအမွှေးနံကိုထည့်ပြီးအားလုံးသမသွားအောင်မွှေပေးပါ။

မွှေတံနှင့်မွှေပေးပြီးဆီလီကွန်ယောင်းမဖြင့်ဆက်လက်၍သမသွားအောင်မွှေပေးရပါမယ်။

လက်နှင့်မမွှေပေးရပါ။

ထောပတ်အရည်ပျော်သွားတတ်ပါတယ်။

ကွတ်ကီးမှုန့်သားရသည်အထိဆီလီကွန်ယောင်းမဖြင့်မွှေပေးပါ။

ရာသီဥတုပြင်းလို့မုန့်သားအရမ်းပျော့နေတဲ့အခါရေခဲသေတ္တာမှာနာရီဝက်ခန့်ထားပေးပါ။

ကွတ်ကီးမှုန့်သားကိုပုံသွင်းခွက်အတွင်းသို့ဇွန်းဖြင့်ကော်ထည့်ပြီးအသာအယာဖိ ၍ပုံသွင်းပေးပါ။

ပုံသွင်းခွက်မရှိသူများကမုန့်ဖုတ်စက္ကူ၁ရွက်ကိုယူ၍ခင်းပါ။

မုန့်သားထည့်ပါ။

ပြီးရင်လေးထောင့်ပုံဖြစ်အောင်စက္ကူကိုခေါက်ပေး
ပါ။
ဘယ်ညာ၂ဖက်ခေါက်ပြီးအထက်အောင်ခေါက်ပေးပါ။

အဲ့ဒီလိုခေါက်ပေးပြီးဒလှိမ့်တုံးဖြင့်အသာလှိမ့်ပေး
ပါ။
လက်မဝက်ခန့်အထူရသည်အထိပုံသွင်းပေးရပါမယ်။

မျက်နှာပြင်ညီညာအောင်ပြုလုပ်ပေးပြီးကိုယ်လိုချင်တဲ့အနေအထားကိုရောက်တဲ့အခါအလည်မှထက်ဝက်ပိုင်းပေးပါ။(ကော်ဓါးဖြင့်)

ပိုင်းထားတဲ့တစ်ဖက်တစ်ချက်စီကိုလက်၂လုံးလောက်လောက်အပိုင်းလေးများဖြစ်အောင်ညီညီညာညာပိုင်းဖြတ်ပေးပါ။

အဲ့နောက်ခရင်းဖြင့်အပေါက်ကလေးများဖောက်ပေးလိုက်ပါ။အောက်ခြေထိမဖောက်ရပါ။

မျက်နှာပြင်အပေါ်ယံသာဖောက်ပေးပါ။

ခရင်းဖြင့်အရာပေးပြီးမုန့်ဖုတ်ဗန်းပေါ်သို့တင်ပေးပါ။

ကွတ်ကီးဖုတ်ရန်အတွက်Ovenကို၁၅မိနစ်ကြို၍အပေါ်မီး၊အောက်မီး၁၆ဝံဖြင့်အပူပေးထားပါ။

၂၅မိနစ်မှမိနစ်၃၀ခန့်ဖုတ်ပေးရပါမယ်။
အပေါ်မျက်နှာပြင်ညိုလာသည်ထိဖုတ်ပေးရန်မလိုပါ။

ကွတ်ကီးရဲ့ဘေးသားနဲ့အောက်ခြေအနားသားကနဲနဲညိုလာရင်တော့Ovenမှထုတ်၍ဓါးဖြင့်ပိုင်းပေးပါ။

ပူနေတဲ့နေတဲ့အချိန်မှာဓါးဖြင့်ပိုင်းပေးပါ။

ပူနေတဲ့အချိန်မှာမုန့်သားကပျော့နေတဲ့အတွက်အသာလေးပိုင်းဖြတ်ပေးပါ။(သို့)လုံးဝအေးမှသာလက်ဖြင့်ချိုးပေးလိုက်ပါ။

အားလုံးဖြတ်ပြီးသွားရင်တော့လုံးဝအေးမှသုံးဆောင်ပေးပါ။

သို့မှသာကွတ်ကီးမှုန့်လေးကမာမာကြွပ်ကြွပ်လေးဖြစ်ပြီးပိုစားလို့ကောင်းနေမှာပါ။
အားလုံးအေးသွားရင်လေလုံဗူးမှာထည့်ပြီးသိမ်းထားလို့ရပါပြီ။

MayCho👩🏻‍🍳(ကိုယ်တို င်ချက်လက်ရာ(ဟင်းလျာများနှင့်မုန့်များစုစည်းမှု)

🔹Share button ကိုနှိပ်ပြီးလွတ်လပ်စွာShareနိုင်ပါသည်။
🔺ပုံနှင့်စာများအားတစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းသီးခံပါ။

နို့ပေါင်မုန့်လုပ်နည်း(Milk Bread)🧈🥛🧈🥚🧈🥛🧈🥚🧈🥛ပါဝင်ပစ္စည်းများပေါင်မှုန့်ဂျုံ(ဒုံးပျံတံဆိပ်)ပေါင်းအိုးဆန်ချိန်ခွက်(၃)ခွက်က...
16/06/2021

နို့ပေါင်မုန့်လုပ်နည်း(Milk Bread)
🧈🥛🧈🥚🧈🥛🧈🥚🧈🥛

ပါဝင်ပစ္စည်းများ

ပေါင်မှုန့်ဂျုံ(ဒုံးပျံတံဆိပ်)ပေါင်းအိုးဆန်ချိန်ခွက်(၃)ခွက်

ကြက်ဥ (၁)လုံး

ဆားမပါသောထောပတ် (ထမင်းစားဇွန်း(၂)ဇွန်း
(အခန်းအပူချိန်)

နွားနို့ ခပ်နွေးနွေး(ပေါင်းအိုးဆန်ချိန်ခွက်၁ခွက်ခွဲ)

Yeast(တဆေး) လ္ဘက်စားဇွန်း(၁)ဇွန်း

သကြား (ထမင်းစားဇွန်း(၂)ဇွန်း

ဆား (လ္ဘက်စားဇွန်း (တစ်ဝက်)

ပြုလုပ်ပုံ

ပထမဆုံးနွားနို့ခပ်နွေးနွေးထဲသို့Yeast(တဆေး)ကိုထည့်ပြီးမွှေထားပေးပါ။

နွားနို့အရမ်းမပူပါစေနဲ့၊
Yeast(တဆေး)သေတတ်ပါတယ်။

အဲ့ဒီနောက်ဂျုံမှုန့်ထဲကိုဆားနှင့်သကြားထည့်ပြီးရောမွှေထားပါ။

ပြီးရင်ကြက်ဥဖောက်ထည့်ပြီးသမအောင်မွှေပေးပါ။

နို့ပေါင်မုန့်မုန့်လုပ်နည်းကအရည်ပါဝင်မှုများတဲ့အတွက်ဂျုံသားကစေးစေးပျစ်ပျစ်ဖြစ်နေမှာပါ။

ဒါကြောင့်လက်နဲ့မနယ်ဘဲဂျုံနယ်တဲ့အခါသုံးတဲ့ဆီလီကွန်ဇွန်း(ထိပ်အပြားလေး)နဲ့ပဲနယ်ပေးပါ။

နောက်နွားနို့နှင့်Yeast အရောကိုဖြည်းဖြည်းခြင်းထည့်ပြီးသမအောင်မွှေထားပေးပါ။

အားလုံးသမသွားရင်နောက်ဆုံးမှာထောပတ်ထည့်ပြီးသမအောင်ဆက်မွှေထားပါ။

အားလုံးနယ်လို့သမသွားတဲ့အခါပလပ်စတစ်အပါးနှင့်အုပ်ပြီး၁နာရီခန့်မုန့်သား၂ဆပွလာအောင်ထားပေးရပါမယ်။

မုန့်ဖုတ်ရန်အတွက်မုန့်ထည့်မည့်ဗန်းကိုကြိုတင်ပြင်ဆင်ထားပါ။(မု ုန့်ဖုတ်စက္ကူခင်းထားပါ)

၁နာရီခန့်ကြာတဲ့အခါမှာတော့မုန့်သားလေးက၂ဆဖြစ်၍လာပါပြီ။

နို့ပေါင်မုန့်လုပ်နည်းကအရည်ပါဝင်မှုများလို့အရမ်းပျော့ပြီးကပ်တဲ့အတွက်ဂျုံမှုန့်ကိုဖြူးပေးပြီးမှကိုင်ပေးပါ။

ဂျုံ သားကိုအရမ်းမနယ်ပေးရပါ။

ဂျုံသားထဲမှာရှိတဲ့
လေထွက်သွားဖို့အတွက်ဂျုံကိုဖိဖိပြီးပေးရပါမယ်။

ပြီးရင်အရွယ်တူအပိုင်းလေးတွေပိုင်းပေးပြီးပုံသွင်းပေးပါ။

ပုံသွင်းပေးဖို့အတွက်ဂျုံသားကိုလက်နှင့်အသာဖိပေးပြီးအပြင်ကနေအတွင်းသို့ခေါက်၂ထည့်ကာအဝိုင်းပုံဖြစ်အောင်လက်ဖဝါးနှစ်ဖက်နှင့်လှည့်၂ပေးပြီးမျက်နှာပြင်ချောမွေ့ညီညာအောင်ပြုလုပ်ပေးပါ။

ကိုယ်လိုချင်တဲ့ပုံသွင်းပြီးရင်တော့ကြိုတင်ပြင်ဆင်
ထားတဲ့မုန့်ဖုတ်ဗန်းထဲသို့ထည့်ပြီး
ပလပ်စတစ်အပါးအုပ်၍နောက်ထပ်မိနစ်၃၀ခန့်ဂျုံသားပွလာစေရန်ထားပေးရပါမယ်။(အခန်းအပူချိန်)

မိနစ်၃၀ပြည့်တဲ့အခါမုန့်သားလေးများပွလာပြီးလက်နှင့်ဖိကြည့်တဲ့အခါပြန်ပြီးဖောင်းတက်လာရင်မုန့်ဖုတ်ရန်အတွက်အဆင်သင့်ဖြစ်လို့နေပါပြီ။

Ovenထဲသို့မထည့်ခင်ထောပတ်(သို့)ကြက်ဥအနှစ်ရည်ပြန်သုတ်ပေးလိုက်ပါ။
အဲ့ဒီလိုသုတ်ပေးခြင်းအားဖြင့်မုန့်အရောင်လည်းပိုလှစေပါတယ်။
မုန့်ဖုတ်ရန်အတွက်Ovenကိုကြိုတင်အပူပေးထားရပါမယ်။

၁၈ဝဒီဂရီနဲ့မိနစ်၂၀ဖုတ်ပေ း ရပါမယ်။

မုန့်ဖုတ်ပြီးရင်အရောင်ပိုလှစေရန်အတွက်ထောပတ်(အနည်းငယ်)သုတ်ပေးပါ။

MayCho👩🏻‍🍳(ကိုယ်တိုင်ချက်လက်ရာ(ဟင်းလျာများနှင့်မုန့်များစုစည်းမှု)

🔺Share button ကိုနှိပ်ပြီးလွတ်လပ်စွာShareနိုင်ပါသည်။

🔹ပုံနှင့်စာများအားတစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းသီးခံပါ။

အုန်းနို့ကောက်ညှင်းပြုလုပ်နည်း🍚🌱🥥🌱🍚🌱🥥🌱🍚🌱ပါဝင်ပစ္စည်းကောက်ညှင်းဆန်အုန်းနို့သကြားဆားရေပြုလုပ်နည်းကောက်ညှင်းဆန် နို့ဆီဗူး (...
27/04/2021

အုန်းနို့ကောက်ညှင်းပြုလုပ်နည်း
🍚🌱🥥🌱🍚🌱🥥🌱🍚🌱

ပါဝင်ပစ္စည်း
ကောက်ညှင်းဆန်
အုန်းနို့
သကြား
ဆား
ရေ

ပြုလုပ်နည်း

ကောက်ညှင်းဆန် နို့ဆီဗူး (၂)လုံးကိုရေစင်အောင်ဆေးပြီး(၇)နာရီကြာအောင်ရေစိမ်ထားပေးပါ။

(၇)နာရီအကြာမှာစိမ်ထားတဲ့ရေကိုသွန်ပြီးရေ၁ထပ်ပြန်ဆေးပေးပါ။

အသာအယာလေးဆေးပေးပါ။ပြီးရင်ရေစစ်ထားပေးပါ။

ရေစစ်ထားတဲ့အချိန်မှာ

အုန်းနို့(၂)ခွက်ခွဲ(ပေါင်းအိုးဆန်ချိန်ခွက်ဖြင့်)

သကြား (ထမင်းစားဇွန်းဖြင့်(၁)ဇွန်းခွဲ

ဆား (လ္ဘက်စားဇွန်းဝက်)

ရေ (ပေါင်းအိုးဆန်ချိန်ခွက်(၁)ခွက် တို့ကိုရော၍ဆား/သကြားပျော်ဝင်အောင်ရောမွှေထားပေးပါ။

အုန်းကောက်ညှင်းလေးစချက်ပါပြီ။

​ချက်နေကျထမင်းပေါင်းအိုးထဲသို့ရေစစ်ထားတဲ့ကောက်ညှင်းဆန်ထည့်ပါ။

အုန်းနို့/သကြား/ဆား/ရေ တို့ကိုရောဖျော်ထားတာကိုထည့်ပါ။

သမသွားအောင်ပြုလုပ်ပြီးခလုပ်နှိပ်ထားပေးပါ။

ကောက်ညှင်းကျက်သွားပြီးခလုပ်တက်သွားတဲ့အခါယောင်းမလေးနှင့်အထက်အောက်အသာယာမွှေပေးပြီးလက်နှင့်စမ်းကြည့်ပါ။

သင့်စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့သုံးဆောင်လို့ရပါပြီ။

အကယ်၍ကောက်ညှင်းမာနေသေးတယ်ထင်ရင်အုန်းနို့(၂)ဇွန်းထပ်ထည့်ပြီးအထက်အောက်နှံ့အောင်မွှေပေးပြီးခလုပ်ပြန်နှိပ်ထားပေးပါ။

​အုန်းနို့ကောက်ညှင်းလေးနဲ့တွဲစားဖို့

ဆိတ်သားနှပ်၊ပုဇွန်ခြောက်ငပိကြော်၊သရက်ချဉ်သုပ်တို့ပါရင်ပိုလို့စားကောင်းပါတယ်။
ဒါမှမဟုတ်သရက်သီးပေါ်ချိန်ဆိုတော့အုန်းနို့ကောက်ညှင်းနဲ့သရက်သီးမှည့်လေးနဲ့လည်းလိုက်ဖက်ပါတယ်။

🌱🌱 🌱 🌱🌱 🌱 🌱🌱 🌱 🌱🌱

MayCho👩🏻‍🍳(ကိုယ်တိုင်ချက်လက်ရာဟင်းလျာများနှင့်မုန့်များစုစည်းမှု)

🔺Share button ကိုနှိပ်ပြီးလွတ်လပ်စွာShare နိုင်ပါသည်။

🔹ပုံနှင့်စာများအားတစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းသီးခံပါ။

Address

67th Street , Bet 41 & 42 , Maharmyaing (1)
Mandalay

Telephone

+959973310025

Website

Alerts

Be the first to know and let us send you an email when Cook with care by May Cho posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cook with care by May Cho:

Share