Delicious by Shwii

Delicious by Shwii Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Delicious by Shwii, Food stall, Mandalay.

စျေးထဲကနေ ဒညင်းခွက်တွေ ၀ယ်လာတော့ အရင်နှစ်တွေမှာ ဒညင်းခွက်တွေ ကြော်ရောင်းတာ သတိရမိတယ်...ပုံမှန်ဆို ဒီမှာ ဒညင်းခွက်ထက် ဒညင...
21/06/2023

စျေးထဲကနေ ဒညင်းခွက်တွေ ၀ယ်လာတော့ အရင်နှစ်တွေမှာ ဒညင်းခွက်တွေ ကြော်ရောင်းတာ သတိရမိတယ်...

ပုံမှန်ဆို ဒီမှာ ဒညင်းခွက်ထက် ဒညင်းသီး ငါးပိချက်၊ ဒညင်းသီးပြုတ် တို့ကို ပိုစားကြလို့ ကြိုက်ကြပါ့မလား တွေးမိပေမယ့် အများကြီးရောင်းခဲ့ရတာ...

အဲဲဒီတုန်းက စရောင်းတတ်ကာစဆိုတော့ စားလို့ကောင်းတယ်ဆိုပြီး ထပ်လာမှာတိုင်း အရမ်းပျော်...

Hello !ဘာမှ မတင်ဖြစ်တာ ကြာလို့ မေ့နေကြပြီလား???ရွှီတို့ဆီက စားကောင်းသောက်ဖွယ်လေးတွေ ပြန်မှာလို့ ရပါတော့မယ်နော် ... 💛💛💛
10/06/2023

Hello !

ဘာမှ မတင်ဖြစ်တာ ကြာလို့ မေ့နေကြပြီလား???

ရွှီတို့ဆီက စားကောင်းသောက်ဖွယ်လေးတွေ ပြန်မှာလို့ ရပါတော့မယ်နော် ... 💛💛💛

ဘာလချောင် ပြန်မှာလို့ရနေပါပြီနော် ☺️လောလောလတ်လတ် စိတ်ချမ်းသာစရာလေး ❤️
01/05/2022

ဘာလချောင် ပြန်မှာလို့ရနေပါပြီနော် ☺️

လောလောလတ်လတ် စိတ်ချမ်းသာစရာလေး ❤️

📢📢📢ရွှီတို့ရဲ့ ကြွပ်ရွမွှေးမြသော ဆိတ်သားခြောက်ကြော်နော်🍽 ဟင်းမချက်ဖြစ်လို့ အလွယ်တကူ ဖောက်စားလိုက်မလား???🍽 ခရီးထွက်လို့ လ...
19/02/2022

📢📢📢
ရွှီတို့ရဲ့ ကြွပ်ရွမွှေးမြသော ဆိတ်သားခြောက်ကြော်နော်

🍽 ဟင်းမချက်ဖြစ်လို့ အလွယ်တကူ ဖောက်စားလိုက်မလား???
🍽 ခရီးထွက်လို့ လမ်းမှာစားဖို့ ထည့်သွားမလား???
🍽 ထမင်းနဲ့ မဟုတ်ပဲ သောက်စရာ တစ်ခုခုနဲ့ မြည်းမလား??? 😉

ရွှီတို့ဆီက ဆိတ်သားခြောက်ကြော် မွှေးမွှေးကြွပ်ကြွပ်လေး ရနိုင်ပါတယ်နော်...
ချင်း ကြက်သွန်ဖြူကြော်ရဲ့ အနံ့လေးက ဆိတ်သားခြောက်အနံ့လေးနဲ့ ပေါင်းသွားပြီး ဝါးလိုက်ရင် ကြွပ်မွှေးပြီး အရသာအရမ်းရှိနေတာပဲ...

💰💰💰 တစ်ထုပ်ကို 6500 ကျပ်ပါရှင်

💡💡💡
ရွှီတို့က သဘာဝမဟုတ်သော ကြာရှည်ခံမယ့်နည်းလမ်း လုံးဝ လုံးဝ မသုံးတဲ့အပြင် မှာမှပဲ လတ်လတ်ဆတ်ဆတ်ကြော်လှော်ပြီး သေချာထုပ်ပိုးပေးတာမို့ မဖောက်သေးတဲ့အခြေအနေမှာ အနည်းဆုံး 2 ပတ် လောက်တော့ အထားခံပါတယ်နော်...

🛒🛒🛒
Page Messenger or Comment မှာ တစ်ရက်ကြိုတင်မှာယူ အားပေးလို့ရပါတယ်ရှင်
မြို့တွင်းအနီးအဝေးပေါ်မူတည်ပြီး Delivery Charges ရှိပါမယ်ရှင်
အခြားမြို့များကိုလည်း ကားဂိတ်ကနေတဆင့် ပို့ပေးပါတယ်နော်

To Singapore 💛
11/02/2022

To Singapore 💛

ပိုင်ဆိုင်မှုတွေ မီးထဲပါပြီး အားလုံးပျက်စီးသွားလို့ရတယ်...ကိုယ့် ကာစတမ်မာရဲ့ ယုံကြည်မှုတော့ ပျက်စီးသွားလို့ မဖြစ်ဘူး.......
19/01/2022

ပိုင်ဆိုင်မှုတွေ မီးထဲပါပြီး အားလုံးပျက်စီးသွားလို့ရတယ်...

ကိုယ့် ကာစတမ်မာရဲ့ ယုံကြည်မှုတော့ ပျက်စီးသွားလို့ မဖြစ်ဘူး....

Photo Crd

07/01/2022
😊❤
22/12/2021

😊❤

နယ်စပ်ခြံစည်းရိုးမှာ နေလို့ရလား 😬😬😬
25/11/2021

နယ်စပ်ခြံစည်းရိုးမှာ နေလို့ရလား 😬😬😬

24/11/2021

ပုရစ်ကလေ မရတော့ဘူးလားလို့ လာလာမေးနေကြလို့
ရရင် ထပ်မှာချင်ကြသေးလား 😍

အဲလိုလေးတွေ လာပြောကြရင် ညှော်မိတာ ညောင်းတာ အကြောတက်တာတွေ ဘယ်ရောက်သွားမှန်းမသိဘူး... ❤❤❤ရောင်းသူ ဝယ်သူ ဘယ်လောက်အသံတူလဲဆို...
24/11/2021

အဲလိုလေးတွေ လာပြောကြရင် ညှော်မိတာ ညောင်းတာ အကြောတက်တာတွေ ဘယ်ရောက်သွားမှန်းမသိဘူး... ❤❤❤

ရောင်းသူ ဝယ်သူ ဘယ်လောက်အသံတူလဲဆိုတာ Emoji လေးတွေသာရှိုး... ☺☺☺

မနေ့က စင်္ကာပူကို ပို့တဲ့ နွားနို့ခဲချက်ဘူးကြီးကို တွေ့တော့ ခါတိုင်းရောင်းတာ မတွေ့ဘူးဆိုပြီး မေးကြလို့..ရွှီတို့ အမြဲ ရေ...
23/11/2021

မနေ့က စင်္ကာပူကို ပို့တဲ့ နွားနို့ခဲချက်ဘူးကြီးကို တွေ့တော့ ခါတိုင်းရောင်းတာ မတွေ့ဘူးဆိုပြီး မေးကြလို့..

ရွှီတို့ အမြဲ ရောင်းပါတယ်နော်...
စားချင်တဲ့အချိန် အမြဲ တစ်ရက် ကြိုတင်မှာလို့ရပါတယ်...
ဒီမင်မင်က ချက်လိုက် ထုပ်ပိုးလိုက် ပို့ပေးဖို့စီစဥ်လိုက်နဲ့ ဘက်စုံသုံးလေးဖြစ်နေတော့ Post တင်ဖို့ မေ့မေ့နေတာ... 😅😅😅

တော်တော်များများ ချက်စားလေ့စားထမရှိတဲ့ အညာဟင်းတွေထဲက တမျိုးကတော့ နွားနို့ခဲချက်လေးပါနော်...

ရွှီတို့ငယ်ငယ်က အဖေတို့ရွာကို အလည်သွားရင် ဝမ်းသာအားရ စားခဲ့ရတဲ့ ဟင်းလေးပေါ့...
အသားဟင်းမပါလည်း ထမင်းဖြူဖြူပူပူလေးမှာ နွားနို့အနံ့အရသာ မွှေးမွှေး ဆိမ့်ဆိမ့်လေးကို ခရမ်းချဥ်သီး အနှစ်လေးနဲ့ စပ်စပ်လေး ချက်ထားတဲ့ ဟင်းလေးကိုစားရတာကိုက အရသာတစ်ခုနော်...

နွားနို့ခဲဆိုလို့ ပွပွမာမာကြီးတွေ မဟုတ်ပဲ အဆီခဲမဟုတ်တဟုတ် တုန်တုန်ဆိမ့်ဆိမ့်မွှေးမွှေးလေး... 😋😋😋
နယ်ဝေးပို့ဖို့အတွက်တော့ အထားခံအောင် ဆီပြန်နေအောင် ကြော်ထားပေးရတာပေါ့... 😘😘😘

✅✅✅
ပွဲသေး - 2500 Kyats
ပွဲလတ် - 5000 Kyats
ပွဲကြီး - 10000 Kyats ပါရှင့်...

အညာဟင်းအရသာလေးကို မြည်းစမ်းချင်ရင်တော့ ၁ရက်ကြိုပြီး Messenger or Comment မှာ Order လေးသာတင်လိုက်နော်...
ရွှီတို့က သဘာဝမဟုတ်သော တာရှည်ခံမယ့်နည်းလမ်း ဘာမှ မသုံးပါဘူး..
မှာမှပဲ လတ်လတ်ဆတ်ဆတ်ကြော်ချက် ထုပ်ပိုးပေးလို့ စိတ်ချလက်ချ စားသုံးလို့ရပါတယ်ရှင့်...

🛵🛵🛵 မန္တလေးမြို့တွင်း အနီးအဝေးပေါ်မူတည်ပြီး Delivery Charges ရှိပါ့မယ်ရှင်...

🚚🚚🚚 တခြားမြို့တွေကိုလည်း ကားဂိတ်/Delivery Service တွေကဆင့် ချိတ်ဆက်ပြီး ပို့ပေးပါတယ်...
ငွေလွှဲဝင်ပြီး ၂ရက်အတွင်း ပို့ပေးပါတယ်နော်...

❤❤❤ KPay နဲ့ ငွေပေးချေမှု လက်ခံပါတယ်... % အပို မယူပါဘူးရှင်...

Address

Mandalay

Telephone

+959787800012

Website

Alerts

Be the first to know and let us send you an email when Delicious by Shwii posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category