07/12/2023
ယနေ့အကြိုက်ဆုံးဥပမာ.
သိပ်ကောင်းတဲ့စာတပုဒ်မို့
ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ"
💓👨💼💓👨💼💓👨💼💓👨💼💓👨💼
ငါးတစ်ကောင်
ကုန်းပေါ်ရောက်လာပါတယ်
ရေထဲပြန်ဆင်းဖို့ သူ..
လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..
သေပါစေတော့ ပေါ့
ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို
ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့
ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကိုနာအောင် ဝိုင်းကိုက်ကြမယ် "
ဆိုပြီး ဝိုင်းကိုက်ကြလေတော့..
ငါးက..နာလွန်းပြီး
တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ
ရောက်သွားနိုင်ခဲ့တယ်. . .
တစ်ချို့ နာကျင်ခြင်းတွေဟာ..
တစ်ချို့တိုက်ခိုက်မှု့တွေဟာ .
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။
တစ် ခါ တ လေ
တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။
သို့သော် စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း, ကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...
နင်းတတ်ရင်..အားလုံးဟာ
လှေကားထစ်တွေချည်းပါပဲ။
"အရာရာဟာ ကောင်းဖို့ဖြစ်လာတာ"
ဆိုတဲ့ ပုံပြင်လေးကို သတိရပါ.."