Ko Than Gyi

Ko Than Gyi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Than Gyi, Restaurant, Mandalay.

12/03/2024
💯 စေတနာဝန်ထန်းလေး 💯ကျွဲစိမ်းတိုက်ပြီးအောက်Vo ThanToe
26/12/2023

💯 စေတနာဝန်ထန်းလေး 💯

ကျွဲစိမ်းတိုက်ပြီးအောက်
Vo ThanToe

ခွေး ၄ ကောင်ကိုလည်ချောင်းထဲ ကသွေးစပါလာအောင်ပင်အန်ကျွေးခဲ့တဲ့ ကျောက်တူးသမားမောင်စိုးနိုင်၏ရည်မှန်းချက်က( တစ်နေ့နေ့တစ်ချိန...
11/10/2022

ခွေး ၄ ကောင်ကိုလည်ချောင်းထဲ ကသွေးစပါလာအောင်ပင်အန်ကျွေးခဲ့တဲ့ ကျောက်တူးသမားမောင်စိုးနိုင်၏ရည်မှန်းချက်က
( တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဗုဒ္ဓစေတီတော်တစ်ဆူကို ရတနာကျောက်စိမ်းများဖြင့် တည်ထားကိုးကွယ်နိုင်စေရန် ) ဖြစ်သည်တစ်ခါက ဦးစိုးနိုင်သည် ခရီးသွားရင်း စိတ်မကောင်းစရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ခွေးမကြီးတစ်ကောင်နှင့် ခွေးလေးသုံးကောင်တို့သည် အစာရေစာပြတ်ပြီး ချုံပုတ်ထဲတွင် ခွေလဲနေကြသည်။အိမ်မှာမမွေးချင်သဖြင့် ခွေးမကြီးနှင့်ခွေးကလေးသုံးကောင်ပါ တောထဲလာပစ်ထားရာ လူနေအိမ်များမရှိသဖြင့် အစာရေစာပြတ်ကာလဲကျနေကြ ခြင်းဖြစ်သည်။အစာတစ်နပ်လောက်သာ စားရပါက လူနေအိမ်များရှိသောနေရာသို့ သူတို့သားအမိတစ်တွေ သွားနိုင်ကြမည်ဖြစ်သည်။ဦးစိုးနိုင်သည် ဖြစ်ပေါ်လာသော သဒ္ဒါ တရားကြောင့် ကားပေါ်သို့ အမြန်ပြေးကာ ကျွေးမွေးစရာများကို ရှာကြည့်သည်။ မည်သည့်အစာကိုမျှမတွေ့ရ။မျက်စေ့တစ်ဆုံး လှမ်းမျှော်ကြည့်သော်လည်း အိမ်ခြေရာခြေမပြောနဲ့ တဲတစ်လုံးပင်မတွေ့ရပေ။ကျွေးမွေးချင်သော မေတ္တာစေတနာသည် ပြင်းထန်နေပြီဖြစ်သောကြောင့် အပင်ထက်မှ ဖက်သန့်သန့်များကိုခူးကာ ခွေးများရှေ့တွင် ဖြန့်ခင်းချလိုက်သည်အရိုးပေါ်အရေတင်ဖြစ်ကာ ချိနဲ့နေသောခွေးမကြီးနှင့် ခွေးကလေးသုံးကောင်သည် ဦးစိုးနိုင်ကို ရန်သူလား၊ မိတ်ဆွေလားဟု မခွဲခြားနိုင်သောအကြည့်ဖြင့် လှမ်းကြည့်နေကြသည်။ ရန်သူဖြစ်နေပါက ထွက်ပြေးနိုင်စွမ်း မရှိတော့ပြီဖြစ်သဖြင့် အသေခံဖို့ရာသာရှိပေလိမ့်မည်။ဦးစိုးနိုင်သည် သူ၏အာခေါင်ကို လက်ညိုးဖြင့်ထိုးကာ အသင့်ချထားသော ဖက်ရွက်ကြီးပေါ်သို့ အန်ချလိုက်သည်။ခွေးမကြီးနှင့် ခွေးကလေးသုံးကောင်သည် အတင်းထိုးဟပ်စားလိုက်ကြရာ ခဏနှင့် ကုန်သွားသည်။ အစာရေစာပြတ်နေကြသော သူတို့ဝမ်းဗိုက်များသည် တစ်ကြိမ်စားရရုံနှင့် မတင်းတိမ်နိုင်ကြပေ။ ထို့ကြောင့် သူတို့၏မျက်လုံးလေးစုံက ဦးစိုးနိုင်၏ မျက်နှာကို တစ်ပြိုင်တည်းစိုက်ကြည့်နေကြသည်။ထိုအဖြစ်ကို ရိပ်မိသွားသော ဦးစိုးနိုင်က ဒုတိယအကြိမ်အန်ချပြီး ကျွေးလိုက်ပြန်သည်။ ထိုအချိန်တွင်လည်း မိသားစုလေးကောင် အလုအယက်စားကြရာခဏနှင့် ကုန်သွားပြန်သည်။ထို့ကြောင့် တတိယအကြိမ် အာခေါင်ကိုလက်ညှိုးထိုးအန်ချလိုက်ပြန်ရာ ခွေးလေးကောင်စားကြပြန်သည်။ ဤအကြိမ်စားရာတွင် က္ကနြေ္ဒရသွားသည်။ အလုအယက်မဟုတ်တော့။ထို့ကြောင့် သူတို့အားရတင်းတိမ်သွားပြီကို ဦးစိုးနိုင်ရိပ်မိသွားသည်။ သူ့ဝမ်းထဲတွင်လည်း စားထားသောထမင်းများ တစ်စေ့မျှမကျန်တော့ပေ။ နောက်ဆုံးအကြိမ် အန်ရာတွင် ပင်ပန်းလွန်းသဖြင့် သွေးစအနည်းငယ်ပင် ပါလာသည်။ထိုသို့ စေတနာသဒ္ဒါတရားထက်သန်သော ဦးစိုးနိုင်၏ လုပ်ငန်းများသည် တစ်ရှိန်ထိုးအောင်မြင်လာခဲ့သည်။ သူပိုင်သော ကျောက်စိမ်းတွင်းမှ မထင်မှတ်ဘဲ ပတ္တမြားများပင်ထွက်လာသဖြင့် စီးပွားရေးမှာ ထောင်တက်လာခဲ့သည်” ကမ္ဘာသိအလှူတော် “မန္တလေး တိုင်း၊ အမရပူရမြို့နယ်မြစ်ငယ် – စစ်ကိုင်းဖြတ်လမ်း၊ ဆင်ရွာမြင်းမူကျေးရွာအနီး၌ တည်ထားတော်မူလေသော ကမ္ဘာပထမဦးဆုံး” ဝေယောစန ကျောက်စိမ်းစေတီတော် ” ကြီးကို ယခုနှစ် ဇွန်လ( ၅ )ရက်နေ့က ထီးတော်တင်လှူနိုင်ခဲ့သည်။စေတီတော်တွင်…ပါရမီဆယ်ပါး ကျောက်စိမ်းစာလုံးများ။ ပန်းတင်ခုံနံရံအထက်တွင် အောင်ခြင်းရှစ်ပါးအောင်တော်မူခန်းများ။ဇာတ်တော်ကြီးဆယ်ဘွဲ့။မုခ်ဦးလေးမုခ်ရှိ တံကဲဝဲယာတို့တွင်…မဟာဗောဓိညောင်ပင် ပုံသဏ္ဍန် ကျောက်စိမ်းရုပ်ပုံတို့ကို ကပ်လှူထားသည်။ငှက်ပျောဖူးကြီးမှာ အမြင့်ရှစ်ပေ၊ ခြောက်လက်မရှိပြီး အေအဆင့် ရှိသော ကျောက်စိမ်းပြားများ ဖြင့် ပြုလုပ်ထားသည်။အလှူရှင်ဦးစိုးနိုင် ကိုယ်တိုင်ပင် စေတီတော်ကြီး၏ ဒီဇိုင်းများနှင့် ပန်းပုပုံ များကို ပုံဖော်စီမံခန့်ခွဲကပ်လှူထားပါသည်။စေတီတော်ကြီးအား ငွေကျပ်သိန်းပေါင်း တစ်သိန်းလေးသောင်းကျော်အထိ ကုန်ကျခံ၍ တည်ထားကိုးကွယ်ခဲ့ပါသည်။

Address

Mandalay
OK

Website

Alerts

Be the first to know and let us send you an email when Ko Than Gyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category