Swel Taw Phoo Restaurant

Swel Taw Phoo Restaurant Myanmar, Chinese & Thai Foods Restaurant

ယနေ့ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
16/02/2026

ယနေ့ကြွလာမိတ်သဟာ

ချမ်းသာကိုယ်စိတ်မြဲပါစေ

16/02/2026

လတ်ဆတ်သန့်ရှင်း
အရသာကောင်းမွန်
စျေးနှုံးသင့်စွာ ရောင်းချပေးတာ
စွယ်တော်ဖူးပါ

မိုးကုတ်မြို့ ရွှေကျောင်းတိုက်ကြီး​၏ လွန်တော်မူပြီးသောရွှေကျောင်းဆရာတော်ဘုရားကြီး ((၇) ပြည့်အထိမ်းအမှတ်ကုသိုလ်ပြုလုပ် အမ...
19/01/2026

မိုးကုတ်မြို့ ရွှေကျောင်းတိုက်ကြီး​၏
လွန်တော်မူပြီးသော
ရွှေကျောင်းဆရာတော်ဘုရားကြီး (
(၇) ပြည့်အထိမ်းအမှတ်
ကုသိုလ်ပြုလုပ် အမျှပေးဝေသည့် အခမ်အနား အတွက် စွယ်တော်ဖူး စားသောက်ဆိုင်မှဆွမ်းကွမ်းများ စီစဉ်ဆောင်ရွက်ခွင့်ပေပါသော မြတောင်တိုက်သာယာဝင်းကျောင်းဆရာတော်ဘုရားကြီးနှင့်ဆရာတော်ဦးဝရဥာဏနှင့်ဆရာတော်သံဃာတော်တို့အား ဦးထိပ်ပန်ဆင်ကျေးဇူးတင်ရှိပါတယ်ဘုရား🙏🙏🙏

06/01/2026

2026နှစ်သစ်မှာချစ်ရတဲ့ Customer များအားလုံးစီးပွါးဥစ္စာများဒီရေလားကြီးပွါးတိုးတက်ကြပါစေရှင်

အမျိုးတို့ရေမိသားစုပျော်ပျော်ရွှင်ရွှင်စားသောက်သီဆိုရင်းအေးမြတဲ့ဆောင်းတစ်ညကိုအဓိပ္ပာယ်ရှိရှိ ဖြစ်စေဖို့ဆိုရင်ကျန်းမာရေးန...
21/12/2025

အမျိုးတို့ရေ
မိသားစုပျော်ပျော်ရွှင်ရွှင်
စားသောက်သီဆိုရင်း
အေးမြတဲ့ဆောင်းတစ်ညကို
အဓိပ္ပာယ်ရှိရှိ ဖြစ်စေဖို့ဆိုရင်
ကျန်းမာရေးနဲ့ကိုက်ညီတဲ့
ယူနန်ဟော့ပေါ့လေးတစ်အိုး
တော့လိုလိမ့်မယ်ထင်။

တစ်ခါမှာရင် ငါးအိုးခြောက်အိုး
အမြဲမှာယူအားပေးတဲ့ အကိုကြီး
soe lwinနှင့် ရှဲဒိုးကဖိီးမှ အစ်ကိုနဲ့အစ်မတို့ကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ရှင့်။
စီးပွါးဥစ္စာများဒီရေအလားကြီးပွါး
တိုးတက်ကြပါစေရှင်🙏🙏🙏

စားဖူးသူတိုင်းအကြိုက်တွေ့စေတဲ့စွယ်တော်ဖူး
ယူနန်ဟော့ပေါ့

31လမ်း(80&81)လမ်းကြား၊မန္တလေး
Ph.09443503773,09767829111

Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
20/12/2025

Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ချိုချဉ်စပ်အရသာလေးနဲ့စားဖူးသူတိုင်းအကြိုက်တွေ့စေတဲ့ပျဉ်းမနားမြို့ ရဲ့ နံမည်ကြီး ကော်ပြန့်စိမ်းသုပ်၊ကော်ပြန့်ကြော်သုပ် (က...
20/12/2025

ချိုချဉ်စပ်အရသာလေးနဲ့

စားဖူးသူတိုင်းအကြိုက်တွေ့စေတဲ့

ပျဉ်းမနားမြို့ ရဲ့ နံမည်ကြီး ကော်ပြန့်စိမ်းသုပ်၊

ကော်ပြန့်ကြော်သုပ် (ကြက်/ဝက်)

သုံးဆောင်ချင်တယ်ဆိုရင်

မန္တလေးမြို့၊31လမ်း(80&81)လမ်းက

စွယ်တော်ဖူးစားသောက်ဆိုင်မှာ လာရောက်

သုံးဆောင်နိုင်ပြီ အမျိုးတို့ရေ🥰
09-443503773,09767829111

04/10/2025

Check out Swel Taw Phoo Restaurant (MDY)’s video.

မြန်မာထမင်းဟင်း ကို လက်ရာကောင်းကောင်း၊အရသာရှိ ရှိ သန့်သန့်ရှင်းရှင်း၊ချို ချဉ် ငံ စပ် ခါးအရံဟင်းအမျိုးမျိုးနဲ့ အရသာမျိုး...
04/10/2025

မြန်မာထမင်းဟင်း ကို လက်ရာကောင်းကောင်း၊အရသာရှိ ရှိ သန့်သန့်ရှင်းရှင်း၊ချို ချဉ် ငံ စပ် ခါး
အရံဟင်းအမျိုးမျိုးနဲ့ အရသာမျိုးစုံ
သုံးဆောင်ချင်တယ်ဆိုရင် မန္တလေးက
စွယ်တော်ဖူး ထမင်းဆိုင်ကို အရောက်လှမ်းလာခဲ့ဖို့
ဖိတ်ခေါ် လိုက်ပါရစေရှင်👌
အော်👉ဒါနဲ့ နော်-မြန်မာထမင်းဟင်းဘဲရတာမဟုတ်ဘူးရှင့်❤️ အနှစ်(၃၀)ကျော်သက်တမ်းရှိ
ဝါရင့် စာဖိုမှူးကြီးများမှ
ပူပူလောလောကြော်ချက်ပေးတဲ့ တရုတ်စာနဲ့
ထိုင်းစာတွေလည်း စိတ်ကြိုက်မှာယူသုံးဆောင်နိုင်ပါသေးတယ်ရှင့်🙏
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်🙏
👉အမှတ်(၁၇၃)၊၃၁လမ်း၊(၈၀&၈၁)လမ်းကြား
မန္တလေးမြို့။
👉Ph.09443503773,09767829111

စားပွဲထိုး(Waiter)ဆိုတာ ဝန်ဆောင်မှုနယ်ပယ်ရဲ့ အသက်ရူသံတစ်ခုပါစားပွဲထိုး(Waiter)အလုပ်ဆိုတာ မြန်မာနိုင်ငံမှာ တချို့သူတွေက အ...
08/07/2025

စားပွဲထိုး(Waiter)ဆိုတာ ဝန်ဆောင်မှုနယ်ပယ်ရဲ့ အသက်ရူသံတစ်ခုပါ

စားပွဲထိုး(Waiter)အလုပ်ဆိုတာ မြန်မာနိုင်ငံမှာ တချို့သူတွေက အဆင့်နိမ့်တယ်လို့ သတ်မှတ်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒီအလုပ်ဟာ ဘယ်လိုမှ အဆင့်နိမ့်တဲ့အလုပ် မဟုတ်ပါဘူး။ အဲဒီထက် ပိုအရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။

ကျွန်တော်တို့ ဗိုက်ဆာလို့ ဆိုင်တစ်ဆိုင်ကို ရောက်တဲ့အခါ "ဘာစားမလဲခင်ဗျာ" လို့ နွေးထွေးတဲ့ အပြုံးနဲ့ မေးလာတဲ့ သူတွေရှိပါတယ်။ ဟုတ်ပါတယ်၊ သူတို့က စားပွဲထိုးတွေပါ။ သူတို့ရဲ့ ဝန်ဆောင်မှုကောင်းမွန်မှုပေါ်မှာ ဆိုင်ရဲ့ပုံရိပ်၊ ဧည့်သည်တွေရဲ့ စိတ်ကျေနပ်မှုနဲ့ ဆိုင်ရဲ့အောင်မြင်မှုက တိုက်ရိုက်မူတည်နေတယ်ဆိုတာ သင်ရော သိပါရဲ့လား။

စားပွဲထိုးဆိုတာ ရိုးရိုးလေး အလုပ်လုပ်နေတာ မဟုတ်ပါဘူး။ သူတို့ရဲ့ မျက်နှာမှာ အပြုံးတစ်ခု၊ စကားသံမှာ နွေးထွေးမှုတစ်ခု ရှိနေဖို့ အမြဲကြိုးစားနေရပါတယ်။ တချို့ဧည့်သည်တွေက စိတ်မြန်လက်မြန် ဖြစ်နိုင်တယ်။ တချို့က တောင်းဆိုတာ များနိုင်တယ်။ ဒါပေမဲ့ စားပွဲထိုးတစ်ယောက်ဟာ စိတ်ရှည်သည်းခံပြီး အကောင်းဆုံးဝန်ဆောင်မှုပေးဖို့ အမြဲကြိုးစားရပါတယ်။ ခြေထောက်တစ်နေ့လုံး မနားရဘဲ လှုပ်ရှားရတာ၊ အလေးအပင်တွေ သယ်ရတာ စတာတွေကလည်း ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို လိုအပ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ မမြင်နိုင်တဲ့ သူတို့ရဲ့ အားထုတ်မှုတွေပါ။

တကယ်တော့ စားပွဲထိုးအလုပ်ဆိုတာ လွယ်တဲ့အလုပ် မဟုတ်ပါဘူး။

* အသေးစိတ်ကျတဲ့ ဗဟုသုတရှိရတယ်။ဥပမာ-ဟင်းပွဲတိုင်းအကြောင်း၊ ပါဝင်ပစ္စည်းတွေအကြောင်း၊ ချက်ပြုတ်ပုံတွေအကြောင်း အသေးစိတ်သိထားရပါမယ်။ ဒါမှ ဧည့်သည်တွေ မေးတဲ့အခါ အကောင်းဆုံး ရှင်းပြနိုင်မှာပါ။

* လူမှုဆက်ဆံရေးကောင်းပြီး ဖော်ရွေရမယ်၊ သည်းခံရမယ်၊ ပြီးတော့ ပြဿနာတစ်ခုခုပေါ်လာရင်လည်း ကျွမ်းကျင်စွာ ဖြေရှင်းနိုင်ရပါမယ်။ ဧည့်သည်တွေရဲ့ လိုအပ်ချက်ကို နားလည်ပြီး မြန်မြန်ဆန်ဆန် ဖြည့်ဆည်းပေးနိုင်ဖို့လိုပါတယ်။

* စားပွဲထိုးအလုပ်ကနေ ရရှိတဲ့ အတွေ့အကြုံတွေဟာ နောင်တစ်ချိန်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်တဲ့အခါပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုလုပ်ငန်းရဲ့ တခြားကဏ္ဍတွေမှာပဲဖြစ်ဖြစ် အလွန်အသုံးဝင်ပါတယ်။ ဖောက်သည်စိတ်ဓာတ်ကို နားလည်တာ၊ စီမံခန့်ခွဲမှု အရည်အချင်းတွေ ရရှိတာ စတာတွေဟာ ဘယ်လုပ်ငန်းမဆို အောင်မြင်ဖို့ အဓိကကျတဲ့အချက်တွေပါပဲ။

အဲ့ဒီအပြင်ဘာသာစကားတွေ ၊Wine Knowledge တွေ၊Beverages Knowledge တွေကို အကုန်သိထားရပါတယ်။

Luxury Hotel ၊ Fine Dining Restaurant နဲ့ Michelin Star Restaurant တွေမှာ Waiter တစ်ယောက်ဖြစ်ဖို့ဆိုတာ Hard Skills နဲ့ Soft Skills နှစ်မျိုးစလုံးရှိမှရမှာပါ။

ဒူဘိုင်းလို Hospitality Industry အရမ်းကောင်းတဲ့နေရာမျိုးမှာဆိုရင် Luxury Hotel ၊ Fine Dining Restaurant နဲ့ Michelin Star Restaurant တွေမှာလုပ်တဲ့Waiter တစ်ယောက်ရဲ့ Income က မြန်မာငွေသိန်းတစ်ရာနီးပါးရှာနိုင်ပါတယ်။အဲ့ဒီထက်ပိုရှာနိုင်တဲ့သူတွေလည်းရှိပါတယ်။

ဒါကြောင့် စားပွဲထိုး(Waiter)အလုပ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ စိန်ခေါ်မှုတွေရှိတဲ့၊ ကျွမ်းကျင်မှုနဲ့ အားစိုက်ထုတ်မှုတွေ လိုအပ်တဲ့ ဂုဏ်သိက္ခာရှိတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။

14/06/2025

Address

No. 173/A, 31 Street, Bet;80 & 81 Streets, Chan Aye Thar Zan Township
Mandalay
05023

Opening Hours

Monday 08:00 - 21:30
Tuesday 08:00 - 21:30
Wednesday 08:00 - 21:30
Thursday 08:00 - 21:30
Friday 08:00 - 21:30
Saturday 08:00 - 21:30
Sunday 08:00 - 21:30

Telephone

+959787517121

Website

Alerts

Be the first to know and let us send you an email when Swel Taw Phoo Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share