U Bein Tea House

U Bein Tea House Corner of 64th street & Theik Pan Street ,
Chan Mya Thar Si Township , Mandalay.
09 796 609906
Tradi

13/09/2026

Kathi Roll 🍽️😋

Happy Birthday July Borns လေးတွေပျော်ရွှင်ပါစေအေးချမ်းပါစေအစစအရာရာ အဆင်ပြေပါစေဆိုင်မှာရှိတဲ့ ဝန်ထမ်းလေးတွေထဲကမှ July လမှ...
16/07/2026

Happy Birthday July Borns လေးတွေ
ပျော်ရွှင်ပါစေ
အေးချမ်းပါစေ
အစစအရာရာ အဆင်ပြေပါစေ

ဆိုင်မှာရှိတဲ့ ဝန်ထမ်းလေးတွေထဲကမှ July လမှာ မွေးဖွားတဲ့ ကလေးတွေကို မွေးနေ့လေး ပြုလုပ်ပေးဖြစ်ပါတယ်

တစ်နေရာစီကနေ လာခဲ့ကြတယ်ဆိုပေမယ့် ဒီနေရာမှာတော့ ဒုတိယမိသားစုတွေပါပဲ

အချိန်အကြာကြီး အတူတူရှိကြတာပေါ့ ကလေးတို့ရေ

အိအိညက်ညက် Crepeအလွှာလေးထဲမှာ အနှစ်တွေ ပြည့်ပြည့်ဝဝထည့်ထားတဲ့ Pillow Dessertလေး U Beinမှာ ရပါပြီ 💛ဒူးရင်းသီးLover တွေရဲ့...
09/07/2026

အိအိညက်ညက် Crepeအလွှာလေးထဲမှာ အနှစ်တွေ ပြည့်ပြည့်ဝဝထည့်ထားတဲ့ Pillow Dessertလေး U Beinမှာ ရပါပြီ 💛
ဒူးရင်းသီးLover တွေရဲ့ အသည်းစွဲ! အနံ့လေးနဲ့တင် စွဲမက်သွားစေမယ့် Creamy အကျဆုံး ဒူးရင်းသီးအနှစ်တွေနဲ့ ထည့်ပေးထားတာမို့ တစ်လုတ်စားလိုက်တိုင်း ပါးစပ်ထဲမှာ အရည်ပျော်သွားမှာ အသေအချာပဲ။
Premium Quality ကိုပဲ သုံးထားပေးတဲ့ Durian Pillow 🥰
ဒါမှမဟုတ် နူးညံ့တဲ့ Crepe အသားလေးရယ်၊ ချိုအီမွှေးပျံ့နေတဲ့ သရက်သီးအနှစ်လေးရယ် ပေါင်းစပ်လိုက်တော့ တကယ့်ကို Pure Happiness ပါပဲ။ သရက်သီးအနှစ် အေးအေးလေးနဲ့ အမောပြေချင်သူတွေအတွက် အကွက်တိပါပဲဗျာ
အသီးစစ်စစ် အလတ်ဆတ်ဆုံးဖြစ်တဲ့ Mango Pillow 🥰

ကဲ... “Team Mango” လား “Team Durian” လား?
Comment မှာ ကိုယ်ကြိုက်တဲ့ဘက်ကို မဲပေးခဲ့ကြဦးဦးနော်! 👇

ဂျပန်လူမျိုးတွေရဲ့ အသည်းစွဲ Hambagu (ဟမ်ဘာဂူ)ကို ဂျပန်ထိ သွားစရာမလိုဘဲ အရသာလည်းအပြည့် ၊ ဗီတာမင် အပြည့် ၊ပရိုတင်းလည်းအပြည...
20/06/2026

ဂျပန်လူမျိုးတွေရဲ့ အသည်းစွဲ Hambagu (ဟမ်ဘာဂူ)ကို ဂျပန်ထိ သွားစရာမလိုဘဲ အရသာလည်းအပြည့် ၊ ဗီတာမင် အပြည့် ၊ပရိုတင်းလည်းအပြည့် ဖြစ်တဲ့အပြင် ဈေးနှုန်းလည်းချိုချိုသာသာနဲ့ မန္တလေးမြို့ထဲမှာတင်ပဲ သုံးဆောင်နိုင်မယ် ဆ်ို စိတ်ဝင်စားကြလား ဗျာ ✨
ဂျပန်စတိုင်လ် အာဟာရအပြည့်နဲ့ စတိတ်အသားလုံးကင် စစ်စစ်(Hambagu) ကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဈေးသက်သက်သာသာနဲ့ လူကြီး၊ လူငယ်မရွေး ဝဝလင်လင် သုံးဆောင်နိုင်ဖို့ ဦးပိန်တီးဟောက်စ်မှ ထပ်တိုး menuအနေနဲ့ စီစဉ်ပေးထားပါတယ်ခင်ဗျာ။ 😋
အသားအနှစ် ပြည့်ပြည့်ဝဝကိုမှ မိမိအကြိုက်ပေါ်မူတည်ပြီး ကြက်ဥ ပါတာနဲ့ မပါတာ ဆိုပြီး ရွေးချယ်သုံးဆောင်နိုင်လို့ ကလေး၊ လူကြီး မရွေး အကြိုက်တွေ့စေမှာ အသေအချာပါပဲ။

ကဲ ပိတ်ရက်မှာ တွေဝေမနေဘဲ ပရိုတင်းဓာတ် လာဖြည့်ကြရအောင်ဗျာ
#ဦးပိန်တီးဟောက်စ်

အရသာကောင်းတဲ့ ဟင်းတစ်ပွဲဟာဗိုက်ပြည့်စေရုံတင်မဟုတ်ပါဘူး စားပြီးတဲ့အချိန်အထိကျေနပ်မှုတစ်ခု ကျန်ရစ်စေဖို့လည်း လိုပါတယ်။ပူပူ...
12/06/2026

အရသာကောင်းတဲ့ ဟင်းတစ်ပွဲဟာ
ဗိုက်ပြည့်စေရုံတင်မဟုတ်ပါဘူး စားပြီးတဲ့အချိန်အထိ
ကျေနပ်မှုတစ်ခု ကျန်ရစ်စေဖို့လည်း လိုပါတယ်။
ပူပူနွေးနွေး ထမင်းဖြူလေးပေါ်မှာ
အရသာစိမ့်ဝင်အောင် ချက်ပြုတ်ထားတဲ့ အသားဟင်းကို
လတ်ဆတ်တဲ့ အရံဟင်းများနှင့်အတူ
အရသာမျှတစွာ ပြင်ဆင်ထားတဲ့အပြင် ကြက်၊ ဝက် ၊အမဲ ၊ဆိတ် သားဆိုပြီး အသားဟင်းလေးမျိုးနဲ့ ရွေးချယ် သုံးဆောင်နိုင်ပါတယ် ဗျ
ဖြေရှင်းရခက်နေတာအာလုံးအတွက် ဦးပိန်တီးဟောက်စ် ရှိပါတယ်
🏠64 ထောင့် ၊ သိပ္ပံလမ်း
📞09796609906
#ဦးပိန်တီးေဟာက်စ် #မြေအိုးထမင်း

Cheese ချစ်သူတို့ အသည်းစွဲဖြစ်တဲ့ U Bein ရဲ့ Cheese Series ထဲကနေ... ဒီတစ်ခေါက် ထပ်တိုးမိတ်ဆက်ပေးလိုက်တဲ့ Next Level ဟင်း...
04/06/2026

Cheese ချစ်သူတို့ အသည်းစွဲဖြစ်တဲ့ U Bein ရဲ့ Cheese Series ထဲကနေ... ဒီတစ်ခေါက် ထပ်တိုးမိတ်ဆက်ပေးလိုက်တဲ့ Next Level ဟင်းပွဲကတော့ Meat & Cheese 🧀🔥
အိအိညက်ညက် အသားပြားပေါ်မှာ "စောင်ခြုံထားသလို" အရည်ပျော်ကျနေတဲ့ Cheese အလွှာထူထူကြီး! 🤤 ပူပူနွေးနွေးလေးကို တစ်လုတ်ဝါးလိုက်တာနဲ့ အသားရဲ့အချို၊ Cheese ရဲ့ အဆိမ့်အရသာတွေ ပေါင်းစပ်သွားပြီး ပါးစပ်ထဲမှာတင် အရည်ပျော်သွားစေမှာ သေချာပါတယ်နော်။ (ကြက်၊ ဝက်၊ အမဲ မိမိကြိုက်နှစ်သက်တဲ့ အသားနဲ့ စိတ်ကြိုက် Customize လုပ်ပြီး မှာလို့ရပါတယ်)
ဒါနဲ့တင် မဟုတ်သေးဘူးဗျာ Foodies တွေအသည်းစွဲဖြစ်မယ့်အပြင် စပ်စပ်လေးနဲ့ ထမင်းမြိန်စေမယ့် "အင်ဒိုနီးရှား ကြက်ကြော်" ကလည်း ready ပဲ! 🌶🍗🍛
ရွှေဝါရောင်သန်းပြီး တစ်လုတ်ဝါးလိုက်တိုင်း "ဂျွတ်ကနဲ" ဖြစ်သွားမယ့် ကြက်သားကြော်ပူပူနွေးနွေးကို... အင်ဒိုနီးရှားစတိုင် အစပ်ဆော့စ် ထိထိမိမိလေး ဆမ်းပေးထားတာမို့ လျှာလည်သွားစေရမယ်ဗျာ။ 💥
ကဲ... မနက်စာကနေ နေ့လယ်စာ/ညစာအထိ ထူးထူးခြားခြားနဲ့ Premium ဖြစ်တဲ့ အရသာမျိုးကို ခံစားချင်တယ်ဆိုရင်တော့ U Bein Tea House ကိုသာ အရောက်လှမ်းခဲ့ဖို့ သတိရလိုက်ပါဦးဗျာ။ 👋✨

🏡 ၆၄ လမ်း နှင့် သိပ္ပံလမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး ၊ 09-796609906

အခုရက်ပိုင်းမှာ U BEIN TEA HOUSE ကို အားပေးမှုများလာတဲ့အတွက် Customer တစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ပါတယ် ဗျ🤍အားပေးမှ...
24/05/2026

အခုရက်ပိုင်းမှာ U BEIN TEA HOUSE ကို အားပေးမှုများလာတဲ့အတွက် Customer တစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ပါတယ် ဗျ🤍
အားပေးမှုများလာတာနဲ့အတူ အချို့သော service ပိုင်း၊ waiting time ပိုင်းများတွင် အဆင်မပြေမှုများ ဖြစ်ခဲ့တာကိုလည်း ကျွန်တော်တို့ Team အနေနဲ့ သိရှိထားပြီး ဖြစ်ပါတယ် ဗျ
အဆိုပါ experience များအတွက် အမှန်တကယ် တောင်းပန်အပ်ပါတယ်
Customer feedback တစ်ခုချင်းစီကို seriously ယူထားပြီး kitchen flow, service system, staff coordination နဲ့ customer care ပိုင်းတွေကို တစ်ခုချင်းစီ ပြန်လည်ပြင်ဆင်သွားပါမယ် ဗျ

U BEIN TEA HOUSE ကို ယုံကြည်ပြီး လာရောက်အားပေးတဲ့ customer တစ်ဦး တစ်ယောက်ချင်းစီကို ကျေးဇူးတင်ရှိ သလို အဆင်မပြေဖြစ်သွားကြတဲ့ customer တစ်ဦးတစ်ယောက်ချင်းစီကို U Bein Team မှ အနူးညွတ် တောင်းပန်အပ်ပါတယ်ဗျ 🙏

15/05/2026

Nann Cheese lovers တွေရဲ့အသည်းစွဲ Nann Cheese ✌️✌️
ဘယ်အရသာလေးတွေပို အကြိုက်ဆံုးဖြစ်မလဲ ဖြေခဲ့ကြပါအံုး ခင်မျာ

02/05/2026

အရသာလည်းရှိရမယ်၊ ကျန်းမာရေးအတွက်လည်း မထိခိုက်ချင်ဘူး ဘယ်လိုအစားအသောက်မျိုးနဲ့မှ အဆင်ပြေမလဲ တွေးရ ရွေးရခက်နေလား ??
ဒါဆို ဒီMenuတစ်ခုနဲ့ မိတ်ဆက်ပေးမယ်ဗျာ -
“ဂျူးဆိုင်ပလာတာ “တဲ့

ပလာတာဆိုတာနဲ့ ဆီရွှဲနေမှ စားလို့ကောင်းတယ်ဆိုတဲ့ အတွေးကို ဖျောက်လိုက်ပါ။ ကျွန်တော်တို့ဆိုင်ရဲ့ ဂျူးဆိုင်ပလာတာ ကို ကျန်းမာရေးအတွက် အထူးရည်ရွယ်ပြီး ဆီခြောက် (Dry Fry) သန့်သန့်နဲ့ပဲ အပူပေးထားတာပါ။
အဆီများရင် ဖြစ်လာနိုင်တဲ့ ဗိုက်ကယ်တာ၊ အီတာမျိုး လုံးဝမရှိဘဲ ဂျူးဆိုင်ရဲ့ သဘာဝအာဟာရနဲ့ ရနံ့သင်းသင်းလေးကို အပြည့်အဝ ခံစားရမှာပါ။
ကိုယ်အလေးချိန် ထိန်းနေသူတွေ၊Gym ကစားနေသူတွေ အဆီရှောင်နေတဲ့ လူကြီးမိဘတွေနဲ့ ကလေးငယ်တွေပါ စိတ်ချလက်ချ စားလို့ရအောင် စနစ်တကျ ပြင်ဆင်ပေးထားပါတယ်။
"ခန္ဓာကိုယ်အတွက် အဆီပိုတွေ မလိုချင်ဘူး၊ ဒါပေမဲ့ ခံတွင်းမြိန်မယ့် အရသာတော့ လိုချင်တယ်" ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဆီခြောက် “ဂျူးဆိုင်ပလာတာ”က အသင့်တော်ဆုံး ရွေးချယ်မှုဖြစ်မှာပါ။

U Bein Tea House
သိပ္ပံလမ်း*၆၄ထောင့်
09796609906

#ဂျူးဆိုင်ပလာတာ #ဆီခြောက်သန့်သန့် #ကျန်းမာရေးသရေစာ

🙏ကဆုန်လပြည့်နေ့ ဆုတောင်း 🙏ယနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့မှာ စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတက်ကြပါစေ🙏ကျန်းမာ ပြီးပြည့်စုံ...
30/04/2026

🙏ကဆုန်လပြည့်နေ့ ဆုတောင်း 🙏

ယနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့မှာ
စီးပွားလာဘ်လာဘများ
ဒီရေအလားတိုးတက်ကြပါစေ🙏

ကျန်းမာ ပြီးပြည့်စုံ ပျော်ရွှင်တဲ့ ဘဝတွေကို လူတိုင်းပိုင်ဆိုင်နိုင်ကြပါစေ🙏

သောကကင်းဝေးကြပါစေ🙏
မောဟကင်းဝေးကြပါစေ🙏
ဒုက္ခကင်းဝေးကြပါစေ🙏 လို့
U Bein Tea House မိသားစု မှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏🙏🙏

U Bein Tea House
101×64 ထောင့်
09796609906
Mandalay

Address

Corner Of 64th Street & Theik Pan Street , Chan Mya Thar Si Township
Mandalay

Opening Hours

Monday 06:30 - 17:00
Tuesday 06:30 - 17:00
Wednesday 06:30 - 17:00
Thursday 06:30 - 17:00
Friday 06:30 - 17:00
Saturday 06:30 - 17:00
Sunday 06:30 - 17:00

Telephone

+959796609906

Website

Alerts

Be the first to know and let us send you an email when U Bein Tea House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to U Bein Tea House:

Shortcuts

Share