21/10/2019
တန်ဆောင်တိုင်ညဆေးပေါင်းခကြမယ်
ဆေးစွမ်းထက်မြက် ရှီးပဒီး{ ဆောင်းပိုးနွေမြက် }
အကောင်တစ်ပိုင်း အပင်တစ်ပိုင်းဖြစ်ပြီးထူးခြားသည့်
သဘာဝအသွင်သဏ္ဌာန်ရှိရုံမက လွန်ခဲ့သောနှစ်ပေါင်းရာကျော်ကတည်းက အသက်ရှည်ဆေးအဖြစ် တရုတ်ဘုရင်များပင် မှီဝဲခဲ့ကြပါသည် ။
ရှီးပဒီး(၃)ပင်ခန့်ကို အမှုန့်ပြု၍ ပျားရည်ဖြင့်လည်းကောင်း ၊ အပင်လိုက်ကို အရက်ဖြင့်လည်းကောင်း စိမ်သောက်ပါက အံ့မခန်း အရွယ်တင် နုပျိုခြင်း ၊ ကျန်းမာသန်စွမ်းခြင်းနှင့် အမျိုးမျိုးသော ကောင်းကျိုးများကို ပေးစွမ်းနိုင်ပါသည် ။
ကချင်ဘာသာစကားဖြင့် တံတိုင်ရု (Tungtai ru)တွင် တံ Tung မှာ ပိုးကောင်၊ တိုင် Tai မှာ ဖြစ်ခြင်း၊ ရု RU မှာ ရှင်သန်ရာနွယ်ဟု တစ်လုံးချင်း သီးခြား အဓိပ္ပာယ်ရသည်ဖြစ်ရာ မြန်မာဘာသာစကားဖြင့် ဆေးပိုးနွယ်ရှင်(သို့) ပိုးဆေးနွယ်ရှင်ဟု စာပေဆန်ဆန် ရေးသားရသော်လည်း တိဘက်ဒေသအခေါ် ရှီးပဒီး Shae- pa- de ဟုသာ အခေါ်များ အသိများကြ၏။
ဆောင်းရာသီ၌ ပိုးကောင်၊ နွေရာသီ၌ မြက်ပင်သဏ္ဍာန်ရှိ၍ သုတေသီအချို့က Winter-worm, summer- grass ဟု မှတ်သားကြရာမှ ‘ဆောင်းပိုးနွေမြက်’ ဟု အမည်တွင်ပြန်သည်။
စင်စစ် ရုက္ခဗေဒ အခေါ်အားဖြင့် Cordyceps sinensis သာဖြစ်သည်။
အီတလီနိုင်ငံမီလန်တက္ကသိုလ်မှဇီဝဗေဒပညာရှင်Alssandroboesi၏ လေ့လာမှုအရ ရှီးပဒီးသည် ကပ်ပါးမှိုတစ်မျိုးဖြစ်ပြီး Clavicipitaceae မျိုးရင်းတွင် ပါ၀င်ကြောင်း မှို၏စပိုးခေါ် မျိုးမှုန်များသည် တချို့သော ဖလံမျိုးစိတ်များ Hepialus spp, hepai-lidae, Lepidoptera များ၏ ကိုယ်တွင်း၌ကူးစက်ပေါက်ဖွားခြင်းဖြင့် ရှီးပဒီး ဖြစ်လာကြောင်း သုတေသနပြု တင်ပြခဲ့ပေသည်။
အဆိုပါဖလံမျိုးနှင့်မှိုများသည် တရုတ်ပြည်သူ့တမ္မတနိုင်ငံ ၊ အိန္ဒိယနိုင်ငံနှင့်
မြန်မာနိုင်ငံတွင် မြောက်ဘက်စွန်း အမြင့်ပေ(၁၂၀၀၀)ခန့်ရှိ တောင်ပေါ် ထင်းရှူးတောမြက်ခင်း Alpine,meadow ပေါက်ရောက်သည့် မြေတွင် တွေ့ရပါ
သည်။
မိုးရာသီနှင့် ဆောင်းအ၀င်ကာလအတွင်း Hepialus ဖလံမျိုးတို့၏ ဥများ ပေါက်ပါသည်။တစ်ချိန်တည်းများစွာသော
သားလောင်းများသည်
ဆောင်းရာသီကာလအတွင်း ၎င်းတို့၏ ရုပ်သွင်ပြောင်းလဲမှု အဆင့်ဆင့် မဖြစ်မီ လက်ခံအပင်ငယ် Herbများတွင် စားသောက် ရှင်သန်နေပေသည်။
Cordyceps sinensis ရှီးပဒီး၏‘စပိုး’ ခေါ်မျိုးမှုန်များသည် လေထုအတွင်း လွင့်ပါ၍ မြေပေါ်နှင့် အပင်ငယ်များအပေါ် ကျရောက်ပျံ့နှံ့ကာ ထိမိလေသည့် ပိုးလောင်းများ၏ ခန္ဓာကိုယ်အတွင်း ၀င်ရောက်လေသည်။
ထို ‘စပိုး’ခေါ် မျိုးမှုန်များသည် ပိုးလောင်းမှ စားမိ၍ဖြစ်စေ ထိမိ၍ဖြစ်စေ ပေါက်ပွားနိုင်ကာ ၎င်းတို့၏ Myceliumများသည် ပါးစပ်(သို့မဟုတ်) အသက်ရှူပေါက်များမှ တစ်ဆင့် ၀င်ရောက်ကြလေသည်။
ထို့နောက် ပိုးလောင်း၏ ကိုယ်တွင် အလျင်အမြန်ပြန့်ပွားကာ ပိုးလောင်း၏ ပါးစပ်မှ မှိုပင်ငယ်သည် တိုးထွက် ကြီးထွားလာတော့၏။ ကပ်ပါးဖြစ်စဉ်တွင် Cordycepsသည် ၎င်းဘ၀၏ ရှင်သန်ကြီးထွားစေရေး အတွက် ပိုးလောင်း၏ ကိုယ်အင်္ဂါအစိတ်အပိုင်းပစ္စည်းများ Orangic matterများကို အသုံးချလိုက်သဖြင့် ပိုးလောင်းမှာ သေဆုံးရလေ၏။
မှိုထွက်လာသောပိုးလောင်းသည် မြေကြီးတွင်
ထောင်လျက်အနေအထားဖြင့် ထွက်လာပါသည်။ ပိုးလောင်းဘ၀တွင် အဖြူရောင်ရှိပြီး မှိုပင်(ဦးမှင်) Intennaထွက်ပြီး သေသွားသည့်အခါ အညိုရောင်ပြောင်းသွားပါသည်။
ဓာတုဗေဒစမ်းသပ်မှု
°°°°°°°°°°°°°°°°°°°°
ပရိုတင်း၊ အဆီ၊ ဗီတာမင် B12၊ CORDY- CEPi-CACiIနှင့် ERGOSTEROLဓာတ်များပါ၀င်သည်။
ခေတ်မီဆေးသုတေသန ဖော်ထုတ်ချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ရှီးပဒီးတွင် CORDYCEPICACID(CORDY- CEPiCACiD) သည် အဆုတ်လေပြွန်ကျယ် စေခြင်း၊ ADRENAL GLAND အင်အားတိုးစေခြင်း စသည့်အာနိသင်ရှိကြောင်း သိရသည်။
ကျောက်ကပ်အထူးပါရဂူ “ လီရှင်း”၏
လေ့လာမှုအရ ရှီးပဒီးသည် ပဋိဇီဝဆေးများကြောင့် ဘေးထွက်ဆိုးကျိုး(Side effect) ဖြစ်ပွားသည့် ကျောက်ကပ် ပျက်စီးမှုကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
ဒေသခံတို့၏ အဆို
°°°°°°°°°°°°°°°°°°°
ပျားရည်(သို့မဟုတ်) အရက်တွင် စိမ်သောက်ခြင်းဖြင့် အမျိုးသားများ ကာမအားတိုးစေသည်။ကြက်သားဖြင့် ပေါင်းစားခြင်းဖြင့် အမျိုးသမီးများ သွေးသားသန့်စင်ကာ ကျန်းမာဝြဖိုးစေသည်။
ရှီးပဒီး(၁)ကောင်အမှုန့်၊ ပျားရည်(၄)ဇွန်း၊ အရက်(၁)ဇွန်း ရောမွှေ၍ နေ့စဉ်မှန်မှန်စားသုံး(လျှက်ပေး)ခြင်းဖြင့် အမျိုးသားတို့၌ ကာမစည်းစိမ်ခံ စွမ်းအင်တိုးလာခြင်း ၊
အမျိုးသမီးတို့၏ မွေးလမ်းကြောင်းပုံမှန်ဖြစ်ကာ “မိန်းမအအိုများ အပျိုပြန်ဖြစ်ဆေး” အဖြစ် လျှို့ဝှက်သုံးစွဲကြသည်။
ရှီးပဒီး(ဆောင်းပိုးနွေမြက်) ၏ အကျိုးကျေးဇူးများ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကျောက်ကပ်နှင့်အဆုတ်ကို အားဖြစ်စေပြီး၊ ချောင်းဆိုးရောဂါကို ပျောက်ကင်းစေ၍ ရင်ကြပ်ရောဂါကို သက်သာစေသည်။ တီဘီရောဂါအတွက် ထိရောက်သော အကျိုးရှိစေပြီး ခန္ဓာကိုယ်၏ ကိုယ်ခံအားဆဲလ်များကို ပွားများစေသည်။
Cordyceps ဆေးမြစ်သည် အဆုတ် အားနည်းခြင်း၊ တရစပ်ချောင်းဆိုးခြင်း၊ အဆုတ်တီဘီ၊ ကျောက်ကပ်တီဘီ၊ ကျောက်ကပ် ပြဿနာ၊ ကျောနာ၊ ဒူးနာ၊ ကျောက်ကပ်အားနည်းခြင်း၊ အမျိုးသားစွမ်းဆောင်ရည် လျော့နည်းခြင်း၊ အာရုံကြောအားနည်းခြင်း စသည်တို့ကို ပျောက်ကင်းသက်သာစေပါသည်။
(ဓာတ်ကင်ခြင်း) Chemotherapy နှင့် Radiotherapy ကုထုံးပြုလုပ်ပြီးနောက် သွေးဖြူဥလျော့နည်း သွားစေခြင်းကို လည်းကာကွယ်ကုသနိုင်ပါသည်။ သွေးဥများကိုတိုးပွားစေခြင်း၊ သွေးရည်ကြည်အတွက် ပရိုတိန်းများ ဖြစ်ပေါ်စေခြင်း၊ သွေးဖိအားကိုပုံမှန်အတိုင်းဖြစ်စေနိုင်ခြင်း၊ ကင်ဆာဖြစ်ပွားခြင်းကိုလျော့နည်းစေခြင်း အပြင် အာဟာရဓာတ်ပါ၀င်မှုများပြားတဲ့အတွက် ဖျားနာပြီးနလံထစလူနာများအား အမြန်ဆုံး ကျန်းမာရေးကောင်းမွန်လာစေပါသည်။
၎င်းဆေးမြစ်သည် ဒဏ်ရာများ၊ အားနည်းခြင်းများ နှင့် ခန္ဓာကိုယ်အတွင်းမတူကွဲပြားသော အင်္ဂါ(၆၀)ကျော်ကို အံ့သြဖွယ်ကောင်းလောက်အောင် အကျိုး သက်ရောက်မှု ဖြစ်ထွန်းစေသည်။
👉1. နှလုံးနှင့် သွေးကြောများအတွက် အကျိုးကျေးဇူး Triglycerides, cholesterol နှင့် lipoproteins တို့ကို သိသိသာသာ လျော့နည်းစေ၍ သွေးခဲခြင်းကို ခုခံကာကွယ်ပေးသည်။
နှလုံးခုန်မမှန်ခြင်းနှင့် သွေးပေါင်တက်ခြင်းကို လျော့နည်းစေ သည်။
အဆီပိုများကိုလောင်ကျွမ်းစေသောကြောင့် slimming ဖြစ်စေသောအကျိုးကျေးဇူးကိုပါ
ရရှိစေနိုင်ပါသည်။
👉2.Tumours (အဖု၊ အကျိတ်၊ အလုံးများ) အတွက် ကင်ဆာဆဲလ်များကို သေးစေပြီး၊ မပြန့်ပွားအောင် တားဆီးကာကွယ်ပေးသည်။
ခန္ဓာကိုယ်တွင်းရှိ T cell နှင့် macrophage cell များ၏ လုပ်ငန်းဆောင်တာများကို တိုးမြှင့်ပေးသဖြင့် ကင်ဆာဆဲလ်များကို ခုခံတိုက်ဖျက်နိုင်သည့် အစွမ်းအစ ပိုမိုတိုးတက်လာစေသည်။
👉3.immune system (ခုခံအားစနစ်)အတွက် အသည်းနှင့် သရက်ရွက်ကို
သိသိသာသာ အားဖြည့်ပေးသည်။
T cells ပျက်ဆီးခြင်းကို ကာကွယ်ပေး၍ အသည်း၏လုပ်ငန်းဆောင်တာများနှင့်
ဇီ၀ကမ္မဖြစ်စဉ်ကို တိုးတက်စေသည်။ immune system ကို မြှင့်တင်ပေးသည်။
ဓာတ်မတည့်ခြင်းကို သက်သာစေသည်။
👉4.Anti Aging ( အရွယ်တင်နုပျိုခြင်း) အတွက် အိုမင်းရင့်ရော်စေသောဓာတ်များကို
လျော့နည်းစေပြီး အန္တရာယ်ဖြစ်စေနိုင်သော
free radicals များကို သုတ်သင်ပေးသဖြင့်
အသက်ရှည်ပြီး ကျန်းမာရေးပိုမို ကောင်းမွန်လာစေပါသည်။
Cordyceps သည် ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှုနှင့် လူလတ်ပိုင်း၊ သက်ကြီးရွယ်အိုများ နလန်ထရေးတွင် အထူးသင့်တော်သောဆေးဖြစ်ပါသည်။
👉5.အသက်ရှုလမ်းကြောင်းအတွက် အဆုတ်ကို အာဟာရဖြစ်စေ၍ ချွဲသလိပ်များကို ပျော်၀င်စေသည်။ လည်ချောင်းအတွင်းရှိ ကြွက်သားများနှင့် သရက်ရွက်၏ လုပ်ငန်းဆောင်တာများကို တိုးတက်စေသဖြင့်
လည်ပြွန်ရောင်ခြင်း လက္ခဏာများ၊ ရင်ကြပ်ခြင်း၊ အဆုတ်တွင်လေအောင်းနေခြင်း၊ အဆုတ်ပွခြင်း နှင့် အဆုတ် သွေးလွှတ်ကြောဆိုင်ရာနှလုံးရောဂါများကို သက်သာပျောက်ကင်းစေပါသည်။
👉6.ခုခံအားစနစ်ကို ကောင်းမွန်စေ၍ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်ကူးစက်ခြင်းများနှင့် ရောင်ရမ်း ခြင်းများအတွက် အစွမ်းထက်သော အာနိသင်ရှိသည်။
ကိုယ်ခံအားကိုမြင့်မားစေ၍ ရောဂါ ကူးစက်ခြင်းမှ ကာကွယ်နိုင်စွမ်းရှိသည်။
👉7.Physical improvementအနေဖြင့် မောပန်းလွယ်ခြင်းနှင့်
ကြွက်သားများညောင်းညာကိုက်ခဲခြင်းကို
သက်သာစေသည်။ physical performance ကို
ပိုမိုတိုးတက်ကောင်းမွန်စေသည်။ အမျိုးသားများအတွက်လည်း ခွန်အားကိုတိုးပွား စေပါသည်။
👉8.စိတ်တည်ငြိမ်စေသည့်စွမ်းအားဆိုင်ရာ အကျိုးအာနိသင်ကိုလည်း ပေးစွမ်းနိုင်သည်။
👉9.အရေပြားအတွက် သွေးကြောများကို ကျယ်စေပြီး အရေပြားတွင် သွေးလည်ပတ်မှုအားကောင်းစေ၍ အလှအပနှင့် အရေပြားဆိုင်ရာကျန်းမာခြင်းများအတွက်
အကျိုးသက်ရောက်မှု ရှိစေသည်။ အမျိုးသမီးများအတွက် ဓမ္မတာကောင်းမွန်စေခြင်း၊ နုပျိုစေခြင်း နှင့် အရေးအကြောင်းများကို ပျောက်ကင်းသက်သာစေသည်။
👉10.ရှီးပဒီး သည် Natural Tonic and Nutrient ဖြစ်၍ အဆုတ် ၊ အသည်းနှင့် ကျောက်ကပ်တို့၏ လုပ်ငန်းဆောင်တာများ၊ သုတ်နှင့် ရိုးတွင်းချဉ်ဆီတို့၏ စွမ်းဆောင်ရည်များကို တိုးတက်မြင့်မားစေသည်။
သွေးနှင့်အောက်ဆီဂျင်ထောက်ပံ့မှုတို့ ညီမျှစေသောကြောင့် ဆံပင်သန်ခြင်း ၊
နက်စေခြင်း အကျိုးကျေးဇူးများလည်း ရရှိနိုင်ပါသည်။
မူရင်းရေးသားသူအား credit ပေးပါသည်။😁