Aung Delivery Service

Aung Delivery Service မင်္ဂလာပါ

ဆီဈေးက 2910 😭😭😭😭
30/04/2024

ဆီဈေးက 2910 😭😭😭😭

“တန်ဆောင်မုန်းလပြည့်နေ့ ၊သာမညဖလ အခါတော်နေ့”   မြန်မာ့ရိုးရာ ၁၂-လရာသီပွဲတော်များအနက်တန်ဆောင်မုန်းလဟာ တမူထူးခြားတဲ့ လဖြစ်ပ...
27/11/2023

“တန်ဆောင်မုန်းလပြည့်နေ့ ၊သာမညဖလ အခါတော်နေ့”

မြန်မာ့ရိုးရာ ၁၂-လရာသီပွဲတော်များအနက်
တန်ဆောင်မုန်းလဟာ တမူထူးခြားတဲ့ လဖြစ်ပါတယ်။
●ဒီလမှာ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
●ကထိန်သင်္ကန်း အလှူပွဲတော်၊
●မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတော်၊
●မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
●ကျီးမနိုးပွဲတော်၊
●သာမညဖလအခါတော်နေ့ ပွဲတော်တို့ကို
ကျင်းပလေ့ရှိကြပါတယ်။

ဒီအထဲမှာ သာမညဖလအခါတော်နေ့ ပွဲတော်
ကျင်းပခြင်းရဲ့ အကြောင်းရင်းကို တင်ပြလိုပါသည်။

အဇာတသတ်မင်းဟာ ဒေ၀ဒတ်နှင့် ပေါင်းမိပြီး
ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိပါတယ်။
ဒီအချိန်ကစပြီး အိပ်မပျော်တဲ့ ရောဂါဝေဒနာ
စွဲကပ်ခဲ့ပါတယ်။ သူ၏မျက်လုံးတွေကို
“လှံချက်ပေါင်း အရာအထောင်”တို့နဲ့
ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့ပါတယ်။
ဒီဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ
ကုစား၍မရ ဖြစ်နေခဲ့ပါတယ်။ ဒီအခါ ဝေဒနာကို
ကုစားရန်အတွက် အမတ်များ၏ အကြံပေးချက်အရ
တိတ္ထိဆရာကြီး ၆-ယောက်တို့ထံ ရှေးဦးစွာ
ရောက်သွားပါတယ်။

ဒါပေမဲ့ တိတ္ထိဆရာကြီး ၆-ဦးဟာ အဇာတသတ်မင်း၏
ရောဂါဝေဒနာကို ပျောက်ကင်းရန် နည်းပေးလမ်းညွှန်မှု
မပြုနိုင်ခဲ့ပါဘူး။ နောက်ဆုံးတော့ စိတ်သောကတွေ
သက်သာအောင် ဇီ၀ကအမတ်၏အကြံပေးချက်အရ
မြတ်စွာဘုရားထံသွားရောက် ဖူးတွေ့ဖို့
သွားရောက်ခဲ့ပါတယ်။

မြတ်စွာဘုရားထံရောက်ရှိခဲ့တဲ့ ညဟာ
တန်ဆောင်မုန်းလပြည့်ညဖြစ်ပြီး ဇီ၀ကဦးဆောင်တဲ့
“မိန်းမ စစ်သည်တော် ၅၀၀” တို့ဟာ
အဇာတသတ်မင်းကြီး မကြောက်ရွံဖို့နဲ့
မြတ်စွာဘုရားရဲ့ကျောင်းတော် ဆီမီးအလင်းရောင်
ထိန်ထိန်လင်းစေဖို့ တန်ဆောင်တိုင်လို့ ခေါ်တဲ့
မီးတိုင်တွေကို ကိုင်ဆောင် ထွန်းညှိကာ
မြတ်စွာဘုရားရဲ့ကျောင်းတော်ကို ထိန်လင်းစေတာကို
အစွဲပြုပြီး “တန်ဆောင်တိုင်ပွဲတော်”ကို ကျင်းပခဲ့ကြပါတယ်။

ဇီ၀ကလှူဒါန်းတဲ့ ကျောင်းတော်ကိုရောက်တဲ့ခါမှာ
ဥယျာဉ်တော်ထဲမှာ တစ်ထောင်ငါးရာတစ်ဆယ်သော
ရဟန်းအပေါင်းခြံရံလျက် တင့်တယ်သပ္ပါယ်စွာ
သီတင်းသုံးနေတော်မူသောမြတ်စွာဘုရားကိုတွေ့မြင်
လိုက်ရတဲ့အခါ အဇာတသတ်ဟာ ကြည်ညိုသော
သဒ္ဓါတရားတွေ ဖြစ်ပွားပြီးငြိမ်သက်တည်ကြည်သော
ရဟန်းတို့ကိုရှေးကတစ်ကြိမ်တစ်ခါမျှမမြင်ဘူးပါလား
တကားလို့ တည်ကြည်သောစိတ်ထားဖြင့်
နှုတ်မှရေရွတ်ပြီး အလွန်ကြည်ညိုသွားပါတော့တယ်။

ထိုအခါ မြတ်စွာဘုရားက “သာမညဖလသုတ်”ကို
ဟောကြားသော်လည်း အဇာတသတ်ဟာ ဘုရားရှင်ထံမှ
တရားတော်ကို ကြည်ညိုသဒ္ဓါပွားနာကြားပြီး
တရားသဖြင့် မင်းပြုခဲ့ပေမယ့်ဒေ၀ဒတ်ဟူသောပညာမဲ့
ယုတ်မာသူကို မှီဝဲဆည်းကပ်မှု ကြောင့် အဇာတသတ်ဟာ
ကြီးလေးသော အမှားကြီးဖြစ်တဲ့ ကံကြီးငါးပါးထဲက
ပိတုဃာတက အဖကို သတ်တဲ့ကံဖြစ်သော
ဖခင်ဗိမ္ဗိသာရမင်းကြီးကို သတ်မိတဲ့ကံကြောင့်
မြတ်စွာဘုရားရှင်ဟောကြားသောတရားတော်ကို
နာကြားပေမယ့် သောတပတ္တိဖိုလ်မရဘဲ
နောင်တမလွန် ဘ၀မှာလည်း အပါယ်ငရဲ၌ ကျခဲ့ရပါတယ်။

သာမညဖလ တရားတော်ကို နာကြားလိုက်ရသည့်အတွက်
အဇာတသတ်မင်းအဖို့ အိပ်မပျော်သော ရောဂါဝေဒနာလည်း ငြိမ်းအေးပျောက်ကွယ်သွားခဲ့ပါတယ်။ဒါတင်မကဘဲ
ခမည်းတော်ကို သတ်ခဲ့မိတဲ့ သူရဲ့အမှားကိုလည်း
ကြီးစွာနောင်တရခဲ့ပါတယ်။
ပြီးတော့ မြတ်စွာဘုရားထံမှာ
(၁) (ခမည်းတော်ကို သတ်ခဲ့မိတဲ့ အပြစ်ကို) ၀န်ခံခြင်း၊
(၂) (ခမည်းတော်ကို သတ်ခဲ့မိတဲ့ အပြစ်ကို) တောင်းပန်ခြင်း၊
(၃) (ထိုကဲ့သို့သော မကောင်းမှုကို နောင်တဖန်
မလုပ်တော့ပါ ဟု) ကတိပေးခြင်း၊
တို့ကိုလုပ်ဆောင်ခဲ့ပါတယ်။

●အဇာတသတ်မင်းကြီးဟာ သာမညဖလသုတ်
တရားတော်ကို ကြားနာရပြီး သူ့အပြစ်တွေကို
ဒီလို ကုစားခဲ့တာကြောင့် “မဟာ အဝီစိ ငရဲ”တွင်
မကျရောက်တော့ဘဲ အပြစ်ဒဏ်ပေါ့တဲ့
“လောဟကုမ္ဘီ ငရဲ” ၌သာ ကျရောက်ပြီး
နောင်သောအခါမှာ “ဝိဇိတာဝီ” မည်တဲ့
ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်း၀င်ရ ပါလိမ့်မယ်။

ဤကား သာမညဖလသုတ်ကို နာကြားရသဖြင့်
အကျိုးကျေးဇူးကို ရရှိသော အဇာတသတ်မင်း၏
ဖြစ်ရပ်မှန်ပင် ဖြစ်သည်။
ဤတွင် သာမညဖလတရားတော်နှင့် ပတ်သက်၍
ကျွန်ုပ်တို့ သိနားလည်သင့်သည်ဟု ခံယူမိသည်။
သာမညဖလဟူသည် “ရဟန်းပြုခြင်း၏ အကျိုးများ”ကို
ဖော်ပြချက်ဖြစ်သည်။

“ရဟန်းပြုခြင်း၏ အကျိုးများ”
~~~~~~~~~~~~~~~~~
ရဟန်းပြုခြင်းဖြင့် -
(၁) မင်းခစားဘ၀နှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ခြင်း။
(၂) အခွန်ထမ်းဆောင်မှု ကင်းလွတ်ခြင်း။
(၃) ပါတိမောက္ခ သံ၀ရသီလနှင့် ပြည့်စုံသဖြင့်
အပါယ်ဘေးမှ ကင်းဝေးခြင်း။
(၄) ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက်ဒုက္ခမှ
ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း။
(၅) ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး၊
မကောင်းသော စကား အမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့်
ထိုဒုက္ခများမှ ကင်းလွတ်၍ ပဉ္စမသီလနှင့် ပြည့်စုံခြင်း။
(၆) နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ ဆေးကုခြင်း
စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီ၀ပါရိသုဒ္ဓိသီလနှင့်
ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်း။
(၇) ဣနြေ္ဒ ခြောက်ပါး၌ အကုသိုလ်မဖြစ်အောင်
စောင့်စည်းနိုင်ခြင်း။ သတိနှင့်ပြည့်စုံခြင်း။
(၈) သမ္ပဇင်-(ဆင်ခြင်တုံ)-တရားနှင့် ပြည့်စုံခြင်း။
(၉) သန္တောသ-(ရောင့်ရဲခြင်း)-ရှိခြင်း။
(၁၀) နီ၀ရဏ-စျာန်အစရှိသော ကုသိုလ်တရားများကို
တားမြစ်ပိတ်ပင်တတ်သော နီ၀ရဏတရား-ငါးပါးမှ
ကင်းလွတ်ခြင်း။
(၁၁) စျာန်တရား ရနိုင်ခြင်း။
(၁၂) ဝိဇ္ဇာရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရနိုင်ခြင်း
အကျိုးတရားတို့ ဖြစ်ပေသည်။

ဤရဟန်းပြုခြင်း၏ အကျိုးများကို
မြတ်စွာဘုရားက ဟောပြောတော်မူခဲ့သည်။
အဇာတသတ်မင်းနှင့်တကွ ကြားနာရသူအပေါင်းသည်၄င်း၊
ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာ၀င်တို့သည်၄င်း၊
ရဟန်းပြုခြင်း၏ အကျိုးများကို နာယူမှတ်သားခွင့် ရခဲ့ကြသည်။
ထိုသို့ နာယူမှတ်သားခွင့်ရသဖြင့်လည်း ခေတ်အဆက်ဆက်
ပါရမီရှင် ပုဂ္ဂိုလ်များသည် ရဟန်းပြုလာခဲ့ကြသည်။
ထိုထိုရဟန်းများကိုလည်း ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ၀င်များက
ဆည်းကပ်ကိုးကွယ်လာခဲ့ကြသည်။

ထိုသာမညဖလသုတ်ခေါ်
(ရဟန်းပြုခြင်း၏ အကျိုးတရားကို)
မြတ်စွာဘုရားသည် အဇာတသတ်မင်းအား
“တန်ဆောင်မုန်းလပြည့်နေ့” တွင် ဟောပြောတော်မူသည်ကို
အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို
“သံဃာတော်များနေ့” ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်သည်။
တန်ဆောင်မုန်းလပြည့်နေ့တွင်၊ မြတ်စွာဘုရားက
အဇာတသတ်မင်းအား “သာမညဖလသုတ္တန်”ကို
ဟောကြားတော် မူသောကြောင့် ဤနေ့ကို
သာမညဖလ အခါတော်နေ့ဟူ၍ သတ်မှတ်ကာ
သံဃာရတနာ၏ ဂုဏ်ကျေးဇူးအပေါင်းကို
ပူဇော်ကြသည့် အချိန်အခါလည်း ဖြစ်ပါသည်။
ထိုထိုအကြောင်းများကို လေ့လာဆည်းပူး၍
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ၀င်များသည် သံဃာတော်များကို
ပိုမိုလေးစားကြည်ညို ဆည်းကပ်ကိုးကွယ်ခြင်း ပြုအပ်ပေသည်။

အညွှန်း - ဦးပညာသာမိ(မာဂဓီ-သာစည်) ၏ အခါတော်နေ့များမှ-

အဖြစ်က အဲလိုပါဆို😏😏😏
19/11/2023

အဖြစ်က အဲလိုပါဆို😏😏😏

မနေ့ကအရမ်းရီရတယ်ပိုက်ဆံလေးတစ်သောင်းကျော်ကိုမရှင်းလို့ ပစ္စည်းသွားယူတော့ Videoခိုးရိုက်နေတယ်တဲ့😂အဆိုးဆုံးက ပစ္စည်းပို့နေတ...
19/10/2023

မနေ့ကအရမ်းရီရတယ်

ပိုက်ဆံလေးတစ်သောင်းကျော်ကိုမရှင်းလို့ ပစ္စည်းသွားယူတော့ Videoခိုးရိုက်နေတယ်တဲ့😂

အဆိုးဆုံးက ပစ္စည်းပို့နေတုန်း
သူ့ဆီတိုက်ရိုက်ငွေလွှဲဖို့ Coustomerကိုပြောလိုက်တာက
ရုပ်အပေါက်ဆုံးပဲ။

သိန်းတစ်ရာ့လေးဆယ်က ဖုန်းတခါမှမပြောလိုက်ရဘူး
ပြေစာလည်းမတောင်းဘူး ကျနော်တို့အပေါ်ထားတဲ့ယုံကြည်မှု။

ယုံကြည်မှုကိုလည်းသိန်းတစ်ရာကျော်နဲ့မလဲနိုင်ပါဘူး
အထူးသဖြင့် ကျနော်တို့ သိက္ခာပေါ့ မလဲပါဘူး။

အဲ့ဘဲတစ်သောင်းကျော်လေးကဖုန်ထနေတော့
အရမ်းရီမိတယ်။

ယုံကြည်မှုနဲ့အလုပ်လုပ်ရတာဖြစ်လို့
မယုံကြည်တဲ့သူအတွက် အလုပ်ဆက်လုပ်စရာမရှိပါဘူး။

တချို့တွေရဲ့ခေါင်းထဲမှာ ငယ်ငယ်ထဲက
ငွေဆိုတာကြီးကို အရေးတယူနဲ့ကျင့်ဝတ်တွေ
သိက္ခာတွေရောမသိတော့ဘဲ ရုပ်ပျက်ဆင်းပျက်ကိုဖြစ်လို့။

ဘဝမှာငွေ‌ထက်အရေးကြီးတာတွေအများကြီးရှိပါတယ်။

AUNG DELIVERERY SERVICE
MANDALAY

Aung Delivery Service  ကိုအားပေးလာကြသောဖောက်သည်များကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ 15 promax တလုံး…see more
13/09/2023

Aung Delivery Service ကိုအားပေးလာကြသောဖောက်သည်များကို
ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ 15 promax တလုံး…see more

ရေနွေးတခွက်သွားဝယ်တာဆိုင်ရှင်ကလက်ဖက်ရည်နည်းနည်းထည့်ပေးလိုက်တယ်😕
26/08/2023

ရေနွေးတခွက်သွားဝယ်တာဆိုင်ရှင်ကလက်ဖက်ရည်နည်းနည်းထည့်ပေးလိုက်တယ်😕

မန်းလေးမြို့လား အင်းလေး လားမသဲကွဲဘူးရယ်ကိုကတော့ဆင်းကိုတွန်းခဲ့ရတယ်😁😁😁
23/08/2023

မန်းလေးမြို့လား အင်းလေး လားမသဲကွဲဘူးရယ်
ကိုကတော့ဆင်းကိုတွန်းခဲ့ရတယ်😁😁😁

ဖေဘုတ်မှာကြိုသတိမပေးလိုက်ရတာ😁😁😁
20/08/2023

ဖေဘုတ်မှာကြိုသတိမပေးလိုက်ရတာ😁😁😁

အဲလိုပါဆို☺☺☺
14/08/2023

အဲလိုပါဆို☺☺☺

နီးနီးဝေးဝေး သေးသေးကြီးကြီး အမြဲမပြတ်ပို့ဆောင်လျက်ပါဗျZပုံ သူများဟာ
12/08/2023

နီးနီးဝေးဝေး သေးသေးကြီးကြီး အမြဲမပြတ်ပို့ဆောင်လျက်ပါဗျ
Z
ပုံ သူများဟာ

လင်မယားနှစ်ယောက် စကားများပြီး ယောကျာ်းဖြစ်သူက အိမ်ကနေ ဆင်းသွားပါတယ်၊ယောကျာ်းဖြစ်သူက တစ်ပတ်လည်း ပြန်မလာ...နှစ်ပတ်လည်း ပြန...
09/08/2023

လင်မယားနှစ်ယောက် စကားများပြီး
ယောကျာ်းဖြစ်သူက အိမ်ကနေ ဆင်းသွားပါတယ်၊
ယောကျာ်းဖြစ်သူက တစ်ပတ်လည်း ပြန်မလာ...
နှစ်ပတ်လည်း ပြန်မလာ...
ဒီတော့ မိန်းမဖြစ်သူက သတိရလာပြီး
ယောကျာ်းဖြစ်သူ စိတ်ဆိုးပြေသွားစေရန်
သူတို့သားလေးကို ဓာတ်ပုံရိုက်၍
Viber ကနေ စာရေးပြီး လှမ်းပို့လိုက်ပါတယ်...

" သားသားကို မလွမ်းဘူးလား... ''

ယောကျာ်းဖြစ်သူလည်း သားလေးကို မြင်ပြီး
ညနေ အိမ်ပြန်လာခဲ့ပါတယ်။

crd -

လူတွေလည်း ဘာတွေဖြစ်ကုန်ကြလည်း မသိဘူး..လမ်းသွားရင်..တွေဝေငေးမော လို့..ဆိုင်ကယ်က..ဟွန်း တတီတီ ပေးလည်း...မကြားဘူး..အစ်မကြီး...
05/08/2023

လူတွေလည်း ဘာတွေဖြစ်ကုန်ကြလည်း မသိဘူး..

လမ်းသွားရင်..
တွေဝေငေးမော လို့..

ဆိုင်ကယ်က..
ဟွန်း တတီတီ ပေးလည်း...
မကြားဘူး..
အစ်မကြီး ဘေးကို..လို့..
ပြောလည်း..မကြားဘူး..

အေး..
မတော်တဆ..ပွတ်ဆွဲမိတာတို့..
တိုက်မိတာတို့..ဖြစ်ရင်တော့..

ဆိုင်ကယ်ကို..ဘယ်လို မောင်းတာလဲ..
လူမမြင်ဘူးလား..ဘာလား..တို့..
ပြောကြပါလိမ့်မယ်..

ကျတော်လည်း..
ဟိုးအရင် အချိန်တွေက ဆိုရင်တော့..

''ဟွန်းတီးနေတာ..မကြားဘူးလား..။
နားပင်းနေလား..။
နင့်အမေလင် လမ်း...မှတ်နေလား..''

စသဖြင့်

ပြန်ပြန် ပြောတတ်ပါတယ်..

ဒါပေမဲ့
ခုချိန်မှာတော့...
ကျတော်..ကိုယ်ချင်းစာတတ်ခဲ့ပါပြီ..
ဘာမှ ပြန်မပြောတော့ပါဘူး..
စိတ်ရှည်သီးခံလို့..
စောင့်ပြီး..မောင်းနှင်ပေးပါတယ်..

ဘာကြောင့်ဆို..
ခုခေတ် အခြေအနေအရ..
လူတွေဟာ စိတ်ဖိစီးမှုတွေ
အရမ်းများလာကြလို့ပါပဲ..

သူတို့တွေ..စျေးဝယ်ပြီးလို့..
စျေးက ပြန်ထွက်လာပြီ..ဆိုတာနဲ့..
ခေါင်းထဲမှာ..
အတွေးပေါင်း သောင်းခြောက်ထောင်က..
နေရာယူလိုက်ပါပြီ...

ငါ..
အိမ်က..ယူလာတာက..
ပိုက်ဆံ..ဘယ်လောက်...

အခု
လက်ထဲမှာ..ကျန်တာက..ဘယ်လောက်..😁

ဟိုဆိုင်က..ဝယ်လိုက်တာ..ဘယ်လောက်..😁

ဆန်ဝယ်တာက..ဘယ်လောက်..😁

ဟို ဟင်းရွက်ဆိုင်မှာက..ဘယ်လောက်..😁

တွက်ပြီလေ..😁😁

စျေးခြင်းထဲ ကြည့်တော့လည်း
ဘာမှ ထွေထွေထူးထူး မပါဘူး..

ပါတဲ့ပိုက်ဆံကတော့..
အကုန် ကုန်ပဲ..

ဒီကြားထဲ..
တွက်ရင်း ချက်ရင်း..
တစ်ထောင်လို
နှစ်ထောင်လို...လို့...
ထပ်ခါထပ်ခါ..ပြန်တွက်..
ပြန်စဥ်းစား..
.ပြီးတော့မှ
ဪ..ငါ..မုန့်စားလိုက်တာကိုး..လို့..
အဖြေထွက်တာမျိုး...😁😁

တကယ်ပါ..
ကျတော်တို့လည်း..
အဲ့လိုပါပဲ..

စျေးသွားမယ်..ဆိုလည်း..
တွက်တာပဲ..
ဘာတွေ ဘာတွေ..ဝယ်ရမယ်..
ဘယ်လောက် ယူသွားမှ ရမယ်..

စျေးက..ပြန်လာရင်လည်း
ခုနကလိုပဲ..
ဘာက ဘယ်လောက်..
ဟိုဟာက..ဘယ်လောက်နဲ့..
တွက်ရင်းချက်ရင်း..
ပတ်ဝန်းကျင်လည်း..သတိမထားမိ..
လမ်းမှာ..
အသိမိတ်ဆွေက..နှုတ်ဆက်လည်း. မတွေ့....

မျက်လုံးကြီး...
ရှေ့ကို...ငေးကြည့်ပြီး...
တွေးနေခဲ့တာတွေ....

ကိုယ်ချင်းစာပါတယ်..

ခင်ဗျားတို့တွေ..လမ်းမှာ..
ထီထီကြီး...သွားတဲ့ကိစ္စ..

ခေါ်မကြား..အော်မကြား...
ဟွန်းသံ မကြားတဲ့ကိစ္စတွေ...

ဒီကောင်က...
နားလည်ပါတယ်..လို့...

ဟူးးးးးးးး....

#လူချွန်တော်

Address

Mandalay

Alerts

Be the first to know and let us send you an email when Aung Delivery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Delivery Service:

Share