13/07/2024
ဂဏန်းမဆလာချက်နည်း🦀
ပါဝင်ပစ္စည်းများ
ဂဏန်း - ၂/၃ကောင်🦀
ကြက်သွန်နီ - ၃လုံး
ကြက်သွန်ဖြူ - ၅မွှာ
ခရမ်းချဉ်သီးအနေတော် - ၁လုံး🍅
ငရုတ်သီးစိမ်း - ၁၀~၁၅တောင့်🌶️
နံနံပင် - ၅ပင်
ပျဉ်တော်သိမ် - ၃ခက်
ငါးမဆလာ - ထမင်းစားဇွန်း ၁ဇွန်း
ငရုတ်သီးအစိမ်းမှုန့် - ထမင်းစားဇွန်း ၁ဇွန်း
မန်ကျည်းရည်ပျစ်ပျစ် - ထမင်းစားဇွန်း ၃ဇွန်း
ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၁ဇွန်း
ဆီ ထမင်းစားဇွန်း - ၃ဇွန်း
ဆား - အနည်းငယ်
ကြက်ဥ - ၁လုံး
၁) ဂဏန်းကို အခွံခွာပြီး အတွင်းထဲက ပါးဟက်တွေကို ထုတ်ပစ်ပါ။ (ဝမ်းပျက်တတ်သည်) သေသေချာချာ သန့်စင်ထားပါ။ လက်မတွေကို သပ်သပ် ဖြုတ်ထားပြီး ကိုယ်လုံးကို နှစ်ပိုင်းပိုင်းထားပါ။
၂) အိုးတလုံးဖြင့် ရေကို ဆူအောင် တည်ပါ။ ပွက်ပွက်ဆူနေတဲ့ ရေထဲကို ဂဏန်းတွေကို ထည့်ပြီး ချက်ချင်း ပြန်ဆယ်ထားပါ။
၃) ဒယ်အိုးကျယ်ကျယ်ထဲမှာ ဆီကို High Heat ဖြင့် အပူပေးပါ။ ပြီးလျှင် မီးလျှော့ပြီး ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ ငရုတ်သီးအစိမ်းမှုန့်ထည့်ပြီး ဆီသတ်ပါ။
၄) ဆီသတ်နံ့မွှေးလာလျှင် ပါးပါးလှီးထားသော ခရမ်းချဉ်သီးတွေကို ထည့်ပြီး ကျေအောင် မွှေပါ။
၅) ပျဉ်တော်သိမ်ရွက် နှင့် မဆလာအနည်းငယ် ထည့်ပါ။ ငရုတ်သီးစိမ်း၊ ပဲငံပြာရည်၊ ဆား တို့ထည့်ပြီး မွှေပါ။
၆) ဂဏန်းတွေကို ထည်လုံးပြီး ဖြေးဖြေးချင်း မွှေပေးပါ။ ရေနွေး ၇၅၀ml ထည့်ပြီး ဆူအောင် တည်ပါ။
၇) ပွက်ပွက်ဆူလာပြီဆိုလျှင် မန်ကျည်းရည် ထည့်ပြီး ဆက်တည်ပါ။ နောက်ထပ် ထပ်ဆူလာလျှင် နံနံပင်နှင့် ကျန်မဆလာ ထပ်ထည့်ပါ။
၈) ကြက်ဥကို နာနာလေး ခေါက်ထည့်ပြီး မွှေပါ။ အရသာ ပေါ့အငန်ပြင်ပြီးလျှင် ရပါပြီ။
အနံ့မွှေးမွှေးလေးနဲ့ ချဉ်ငံစပ် ဂဏန်းမဆလာဟင်း သုံးဆောင်လို့ ရပါပြီနော် 💖