24/09/2026
ဒါမျိုးတွေက Deli Service လုပ်ငန်းရှင်တိုင်းရင်ဆိုင်နေရတဲ့ပြဿနာတွေပဲ
သမုဒ္ဒရာရေက မကုန်ခမ်းပါဘူး…
ဒါပေမယ့် သူများတည်ဆောက်ထားပြီးသား အရာတွေကို လိုက်ယူ၊ လိုက်တုပပြီး
ကိုယ့်အရာလို အသုံးချနေတာတွေကို မြင်ရတာတော့
တကယ် စိတ်မကောင်းစရာပါပဲ။
ဒီလုပ်ငန်းကို ဒီနေ့လို ဖြစ်လာအောင်
အောက်ခြေကနေ ကိုယ်တိုင်စခဲ့ရတာပါ။
အော်ဒါတစ်ခုချင်းစီ၊ Customer တစ်ယောက်ချင်းစီ၊
ယုံကြည်မှုတစ်စက်ချင်းစီကို
အချိန်၊ အား၊ ငွေကြေးတွေ ထည့်ပြီး
တစ်ဆင့်ချင်း တည်ဆောက်လာခဲ့ရတာပါ။
အတူလက်တွဲလုပ်ကိုင်ခဲ့တဲ့အချိန်တွေမှာ
ကိုယ်ထောက်ပံ့ပေးထားတဲ့ လုပ်ငန်းသုံးပစ္စည်းတွေ၊
ကိုယ်ပေးထားတဲ့ အော်ဒါတွေကို အသုံးချပြီး
ကိုယ်မသိအောင် Page အသစ်တွေ ထောင်တာတွေ…
နေ့စဉ် အချိန်ကုန်၊ငွေကုန်ခံပြီး ကိုယ်အသေးစိတ်စုဆောင်းထားရတဲ့ အချက်အလက်တွေကို လွယ်လင့်တကူ အဆင်သင့်ကောက်စားပြီး
ကိုယ်တည်ဆောက်ထားတဲ့ ဈေးကွက်ထဲမှာ အောက်ဈေးနဲ့ ဝင်လာပြီး ဈေးနှုန်းလိုက်တုပတာတွေ…
အချို့ဆိုင်တွေဆိုလည်း
အခြေအနေအားလုံးကို သိသိကြီးနဲ့
လက်တွဲဖြုတ်ပြီး အောက်ဈေးနဲ့ လုပ်ပေးတဲ့သူတွေဆီ
ပြောင်းလဲသွားတာတွေ…
ကိုယ့်ဝန်ထမ်းတွေကို အောက်ဈေးနဲ့ဆွယ်ပြီး ကိုယ်မသိအောင်လွှတ်နေတာတွေ...
ဒီလိုအရာတွေကို ကြုံခဲ့ရတာ မနည်းပါဘူး။
အခုချိန်ထိလည်း
ကိုယ်ဖန်တီးထားတဲ့ ဆောင်ပုဒ်တွေ၊
ကိုယ်ရေးထားတဲ့ စာသားတွေကို
အတိအကျနီးပါး ကူးယူပြီး
ကိုယ့်အလုပ်လို အသုံးချကာ
Post တင်၊ Order ကောက်နေတာတွေကို
မြင်နေရတုန်းပါပဲ။
ကူးယူအသုံးချနေတာတွေကို မြင်ရတာ
တကယ် ရှက်ဖို့ကောင်းပါတယ်
ဒါပေမယ့်…
ကိုယ်ကတော့ ဘယ်သူ့ကိုမှ လိုက်တုပပြီး
ဒီလုပ်ငန်းကို တည်ဆောက်လာတာ မဟုတ်ပါဘူး။
ဒီလုပ်ငန်းစလုပ်တဲ့နေ့ကနေ ဒီနေ့အထိ—
ကိုယ့်စတိုင်နဲ့ကိုယ်၊
ကိုယ့်ဝန်ဆောင်မှုနဲ့ကိုယ်၊
ကိုယ့်ဈေးနှုန်းနဲ့ကိုယ်
ရပ်တည်လာခဲ့တာပါ။
တစ်ဖက်မှာလည်း
အခြားမြို့တွေက Delivery လုပ်ငန်းလေးတွေ
ကျွန်တော်တို့ Page ကို Reference ယူပြီး လေ့လာတာ၊
လုပ်ငန်းနဲ့ပတ်သက်ပြီး အကြံဉာဏ်လာတောင်းတာတွေကိုတော့ ကျွန်တော်တို့ဘက်က အမြဲ Welcome လုပ်ပေးပါတယ်။ ❤️
သိသလောက်၊ လုပ်ဖူးသလောက်
Details တွေကိုလည်း စိတ်ရှည်ရှည်နဲ့
မျှဝေပေးပါတယ်။ 🤝
ဘာလို့လဲဆိုတော့
တစ်ယောက်နဲ့တစ်ယောက် အတွေ့အကြုံတွေ မျှဝေရင်း
ကိုယ့်မြို့၊ ကိုယ့်ဒေသမှာ
Delivery လုပ်ငန်းလေးတွေ ပိုကောင်းလာတာကိုပဲ
ကျွန်တော်တို့ ဝမ်းသာပါတယ်။ 🫶
ဈေးနှုန်းနဲ့ပတ်သက်ပြီးလည်း
ဈေးနှုန်းချင်းယှဉ်ပြီး အတင်းဈေးလျှော့ခိုင်းဖို့ မလိုအပ်ဘူးလို့ မြင်ပါတယ်။
ကိုယ့်ဝန်ဆောင်မှုနဲ့ ကိုယ့်ဈေးနှုန်း
အဆင်ပြေရင် မှာယူပါ။
အဆင်မပြေရင်လည်း အတင်းအကျပ် မှာယူခိုင်းမှာ မဟုတ်ပါဘူး။
ဈေးကွက်ထဲမှာ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။
ကိုယ်ကတော့
သူများကို လိုက်တုပပြီး
သူများနဲ့ လိုက်ပြိုင်ပြီး ရပ်တည်မယ့်အစား
ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ လမ်းပေါ်မှာပဲ
ကိုယ့်စတိုင်နဲ့ကိုယ် ဆက်လျှောက်သွားမှာပါ။
ဘာလို့လဲဆိုတော့—
Copy လုပ်လို့ရတာက စာသားပါ။
Copy လုပ်လို့ရတာက ဈေးနှုန်းပါ။
Copy လုပ်လို့ရတာက ပုံစံပါ။
ဒါပေမယ့်…
ကိုယ်တိုင် အောက်ခြေကနေ စခဲ့ရတဲ့အချိန်တွေ၊
ကြုံခဲ့ရတဲ့အခက်အခဲတွေ၊
ထည့်ခဲ့ရတဲ့ အားထုတ်မှုတွေ၊
Customer တွေရဲ့ ယုံကြည်မှုကို
တစ်စက်ချင်း တည်ဆောက်ခဲ့ရတဲ့
နှစ်ကာလတွေကိုတော့—
ဘယ်သူမှ Copy လုပ်လို့မရပါဘူး။
ဒါကြောင့် ကိုယ်ကတော့
ဘယ်သူဘာလုပ်လုပ်
ကိုယ့်လမ်းကိုယ် လျှောက်မယ်။
ကိုယ့်တန်ဖိုးကို ကိုယ်သိပြီး
ကိုယ့်လုပ်ငန်းကို ကိုယ်တည်ဆောက်မယ်။ 🖤
— KayTu Delivery Service
စိတ်ချ • ယုံကြည် • KayTu Deli