Good Good Food Studio

Good Good Food Studio Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Good Good Food Studio, Food Delivery Service, Magway.

ရေခဲသေတ္တာလေး သန့်ရှင်းကြမယ်အချိန်ပေးသန့်စင်ပါရေခဲသေတ္တာသန့်ရှင်းရာမှာ အတွင်းဘက်၊ သူ့မှာပါဝင်တဲ့ အစိတ်အပိုင်းတွေနဲ့ ရေခဲ...
09/05/2020

ရေခဲသေတ္တာလေး သန့်ရှင်းကြမယ်

အချိန်ပေးသန့်စင်ပါ
ရေခဲသေတ္တာသန့်ရှင်းရာမှာ အတွင်းဘက်၊ သူ့မှာပါဝင်တဲ့ အစိတ်အပိုင်းတွေနဲ့ ရေခဲသေတ္တာအပြင်ဘက်ဆိုပြီး ၃ ပိုင်းခွဲခြားသန့်စင်ရမှာဖြစ်ပါတယ်။ ရေခဲသေတ္တာကို ရေတွေ၊ ဆပ်ပြာတွေအများကြီးနဲ့ ကိုယ့်စိတ်ကြိုက်ဆေးချင်သလိုဆေးဖို့ အဆင်မပြေပါဘူးနော်။ရေခဲသေတ္တာတစ်ခုလုံးသန့်စင်မွှေးပျံ့သွားဖို့အတွက် အချိန်နည်းနည်းတော့ပေးရပါမယ်။ ပထမဆုံးအနေနဲ့ မီးကိုပိတ်ပါ။ရေခဲသေတ္တာထဲက မသန့်ရှင်းတဲ့ ညစ်ပတ်နေတဲ့ရေခဲတွေ ပျော်ကျသွားဖို့အတွက် ခဏစောင့်ရပါမယ်။ ပြီးမှ ဘေးနံရံက ခွက်တွေ၊ အထဲက စင်အဆင့်လေးတွေကို အကုန်ဖြုတ်ရမှာဖြစ်ပါတယ်။

စင်အဆင့်လေးတွေကို အကုန်ဖြုတ်ပြီးမှ သန့်ရှင်းပါ (Photo: Shutterstock)
သန့်စင်နည်းများ
ရေခဲသေတ္တာအတွင်းပိုင်းကို သန့်ရှင်းဖို့အတွက် ရေနဲ့ ဗနီဂါ(ရှာလကာရည်)ကို ဆတူရောပြီး ပက်ဖျန်းကာ ပဝါပိုင်းလေးနဲ့ ပြန်ပွတ်သုတ်ပါ။ ရေခဲသေတ္တာထဲကစင်အဆင့်လေးတွေ၊ ဘေးနံရံက ခွက်တွေ အားလုံးကိုတော့ ဆပ်ပြာရည်ရောထားတဲ့ ရေနွေးနွေးသုံးပြီး ဖော့တုံး၊ပန်းကန်ဆေးဖတ်လေးတွေနဲ့ ပွတ်တိုက်သန့်စင်ကာ အပြင်မှာပဲအခြောက်ခံထားရမှာဖြစ်ပါတယ်။ ရေခဲသေတ္တာအပြင်မျက်နှာပြင်ကိ တော့ မီးဖိုချောင်သုံး Microfiber အဝတ်စလေးတွေကို ရေစွတ်ပြီး သေသေချာချာပွတ်တိုက်သန့်စင်ပေးသင့်ပါတယ်။

အနံ့ဆိုးတွေဖယ်ရှားဖို့
ရေခဲသေတ္တာထဲက အနံ့ဆိုးတွေအတွက် ရေခဲသေတ္တာကိုသန့်ရှင်းလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ အနံ့ဆိုးတွေကို စုပ်ယူနိုင်မယ့် အကူပစ္စည်းလေးတွေသုံးဖို့လိုအပ်ပါသေးတယ်။ တန်ဖိုးလည်းနည်း တကယ်လည်းထိရောက်တာကတော့ မုန့်ဖုတ်ဆိုဒါ၊ မီးသွေးနဲ့ ကြိတ်ခွဲထားတဲ့ကော်ဖီစေ့တို့ပါပဲ။ မုန့်ဖုတ်ဆိုဒါ၊ မီးသွေး၊ ကော်ဖီ စတဲ့ ကိုယ်နှစ်သက်တဲ့အရာကို ခွက်လေးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာထားပေးပါ။ ဒီအရာတွေက အနံ့ဆိုးတွေကို အကောင်းဆုံးစုပ်ယူဖယ်ရှားပေးပါလိမ့်မယ်။ အသီးအနှံတွေထားတဲ့နေရာမှာတော့ စက္ကူအိတ်အညိုတွေကို လုံးချေပြီးထားပေးခြင်းအားဖြင့် အမှည့်လွန်သွားတဲ့အသီးအနှံရဲ့ အနံ့တွေကို ဖယ်ရှားပေးပြီးသားဖြစ်စေပါလိမ့်မယ်။

ရေခဲသေတ္တာနောက်မှ ဂက်စ်ပိုက်များ
ရေခဲသေတ္တာနောက်မှာရှိတဲ့ ဂက်စ်ပိုက်တွေ၊ ကွိုင်တွေကိုလည်း ၆ လတစ်ကြိမ် သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ဒီနေရာမှာ ဖုန်တွေ၊ အမှိုက်တွေ၊ ဆံပင်တွေနဲ့ ငြိနေခဲ့ရင် ရေခဲသေတ္တာရဲ့စွမ်းဆောင်ရည်ကျစေပါတယ်။ ဒီနေရာကို သန့်ရှင်းမယ်ဆိုရင်တော့ ပိုသတိထားရပါမယ်။ ရေတွေ၊ စိုတဲ့အရည်တွေနဲ့ လုံးဝမထိတွေ့စေဘဲ ခြောက်ခြောက်သွေ့သွေ့သန့်ရှင်းရမှာဖြစ်ပါတယ်။ ဘုရားပန်းအိုးဆေးတဲ့ ဘရပ်ရှ်အတံလေးနဲ့ ပွတ်တိုက်ခါချနိုင်သလို၊ Dryer နဲ့လည်း စုပ်ယူသန့်စင်နိုင်ပါတယ်။

စနစ်တကျထားသိုတတ်မှု
သန့်ရှင်းမွှေးပျံ့အေးမြတဲ့ ရေခဲသေတ္တာလေးရဖို့ စနစ်တကျထားသိုသိမ်းဆည်းတတ်မှုကလည်း အရေး ပါပါတယ်။ အအေးဆို အအေး၊ အသီးဆိုအသီး အိတ်လေးတွေ ဘူးလေးတွေနဲ့စနစ်တကျ လုံလုံခြုံခြုံသိမ်းဆည်းရမှာဖြစ်သလို တစ်ခုခုကိုထုတ်ယူတဲ့အခါ ပြန်ထားတဲ့အခါမှာလည်း စိတ်ရှည်ရှည်နဲ့ သပ်သပ်ရပ်ရပ်လုပ်ဆောင်တဲ့အကျင့်ရှိဖို့လိုပါတယ်။ Refrigerator storage box လေးတွေက ရေခဲသေတ္တာကိုအများကြီးသပ်ရပ်သန့်ရှင်းစေတာမို့ ဝယ်ယူသုံးစွဲဖို့အကြံပြုချင်ပါတယ်။ ရေခဲသေတ္တာကို နေ့စဉ် ဒါမှမဟုတ် နှစ်ရက်ခြားတစ်ခါ စစ်ဆေးကြည့်ရှုဖို့လည်းလိုပါတယ်။ ပုပ်သိုးမှိုတက်နေတဲ့အရာတွေ၊ သက်တမ်းကုန်သွားတဲ့အစားအသောက်တွေ၊ ထမင်းဟင်းအကျန်တွေ စတဲ့ရေခဲသေတ္တာကိုညစ်ပတ်စေမယ့်အရာမှန်သမျှကို အမြဲစောင့်ကြည့်ဖယ်ရှားတတ်ဖို့က တကယ့်ကိုအရေးကြီးတဲ့အချက်ပါပဲနော်..။ ရေခဲသေတ္တာဖွင့်လိုက်တိုင်း စိတ်ချမ်းသာရပြီး ကျန်းမာတဲ့မိသားစုလေးဖြစ်နိုင်ဖို့ ယုယမျှဝေခဲ့တဲ့ အချက်လေးတွေအတိုင်း မမေ့မလျော့လုပ်ဆောင်ကြည့်ပါဦးနော်။

Crd
ယုယ

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း ၅ ချက်၁) အရိုးဆုံးနဲ့ မြန်မာပြည်မှာ အသုံးအများဆုံးနည်းကတော့ ပလတ်စတစ်...
09/05/2020

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း ၅ ချက်

၁) အရိုးဆုံးနဲ့ မြန်မာပြည်မှာ အသုံးအများဆုံးနည်းကတော့ ပလတ်စတစ်ဘူးတွေနဲ့ ဟင်းခတ်အမွှေးအကြိုင်နဲ့ ခနောကြက်သားမှုန့်လို ရသာမှုန့်တွေကို ပြောင်းထည့်တာပါပဲ။ ဒါပေမယ့် ပလတ်စတစ်ဘူးတွေဟာ ခြောက်သွေ့သန့်ရှင်းဖို့ လိုသလို လေလုံဖို့လည်း လိုပါတယ်နော်။ အထုတ်ကြီးထဲက အမှုန့်တွေကို ခြောက်သွေ့သန့်ရှင်းပြီး လေလုံတဲ့ ပလတ်စတစ်ဘူးတွေထဲ ပြောင်းထည့်ပြီး အပေါ်မှာ စာကပ်ကာ စနစ်တကျ သိမ်းဆည်းထားနိုင်ပါတယ်။

၂) ဒီထက်ပိုပြီးကောင်းတဲ့ သိမ်းဆည်းနည်းကတော့ ဖန်ပုလင်းတွေနဲ့ သိမ်းဆည်းတာပါပဲ။ လေလုံပြီး သန့်ရှင်းတဲ့ ဖန်ပုလင်းတွေဟာ ဟင်းခတ်အမွှေးအကြိုင်နဲ့ ရသာမှုန့်တွေကို အများဆုံး ၂နှစ်လောက်ထိ ရနံ့နဲ့ ရသာ မပြယ်အောင် ထိန်းသိမ်းနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

၃) ဟင်းခတ်အမွှေးအကြိုင်တွေအမှုန့်တွေကို အနံ့အရသာ အဖျက်စီးဆီးနိုင်ဆုံးက လေ၊ အလင်းရောင်၊ အပူနဲ့ စိုထိုင်းဆပဲလို့ ဆိုကြပါတယ်။ ဒါကြောင့် ဟင်းခတ်အမွှေးအကြိုင်နဲ့ ရသာမှုန့်ဘူးတွေ၊ ပုလင်းတွေကို မီးဖိုပေါ်က စင်၊ မီးဖိုနားက စင်တွေမှာ မထားသင့်ဘဲ မီးဖိုနဲ့ ဝေးတဲ့နေရာမှာ သိမ်းဆည်းသင့်ပါတယ်။

၄) အန်တီမေသီတို့ နောက်တစ်ခုသတိထားရမှာက နနွင်းမှုန့်၊ ဆားဘူးနဲ့ ခနောကြက်သားမှုန့်လို ဘူးတွေကို မီးဖိုခန်းပြတင်းပေါက်ဘောင်ဘေးမှာ စီစီရီရီထားတတ်ကြတာအချက်ပါပဲ။ ဒီအချက်ကလည်း အလင်းရောင်နဲ့ တိုက်ရိုက်ထိတွေ့ရင် အနံ့ပြယ်တတ်တဲ့ သဘာဝရှိတဲ့ဟင်းခတ်အမွှေးအကြိုင်မှုန့်တွေအတွက် အဆင်မပြေပါဘူး။ ဒါကြောင့် ဒီလို ရသာမှုန့်နဲ့ ဟင်းခတ်အမွှေးအကြိုင်အမှုန့်တွေကို မှောင်တဲ့နေရာနဲ့ ကြောင်အိမ်၊ ဗီဒို အတွင်းဘက်စတဲ့နေရာတွေမှာ သိမ်းဆည်းသင့်ပါတယ်။

၅) အမှုန့်မဟုတ်ဘဲ ခနောတုန်ယမ်းခဲလို အခဲ ပုံစံမျိုးဆိုရင်တော့ ရေခဲသေတ္တာထဲမှာ ထည့်ထားပြီး သိမ်းဆည်းနိုင်ပါတယ်။ ထည့်ချက်တော့မယ်ဆိုရင်တော့ ရေခဲသေတ္တာထဲက အချိန်အနည်းငယ် ကြိုထုတ်ထားပြီး ချက်ပြုတ်ပြင်ဆင်နိုင်တယ်လို့ အန်တီမေသီက ပြောပြပါရစေ။ အပေါ်မှာ ပြောပြထားတဲ့အချက်လေးတွေကတော့ ဟင်းခတ်အမွှေးအကြိုင်နဲ့ ရသာမှုန့်တွေကို ကြာရှည်ခံပြီး အနံ့အရသာမပျက်အောင် အန်တီမေသီ ဘယ်လို ထိန်းသိမ်းသလဲဆိုတာကို မျှဝေပေးတာပါ။ တခြား ဟင်းခတ်အမွှေးအကြိုင်အမှုန့် သိမ်းနည်းတွေရှိရင်လည်း ပြောပြသွားနိုင်တယ်နော်။

အန်တီမေသီ

ထမင်းမွှေးမွှေးလေးရဖို့ ဘယ်လိုထမင်းချက်နည်းတွေ အသုံးပြုမလဲသတိထားရမယ့် ရေနဲ့ ဆန်အချိုးမြန်မာနိုင်ငံမှာတော့ နေ့စဉ်စားသုံးန...
09/05/2020

ထမင်းမွှေးမွှေးလေးရဖို့ ဘယ်လိုထမင်းချက်နည်းတွေ အသုံးပြုမလဲ

သတိထားရမယ့် ရေနဲ့ ဆန်အချိုး
မြန်မာနိုင်ငံမှာတော့ နေ့စဉ်စားသုံးနေကြတဲ့ ဆန်အမျိုးအစားအများကြီးရှိနေပါတယ်။ ဆန်စက်သမားတွေရဲ့အခေါ်အဝေါ်အရ မြန်မာနိုင်ငံမှာ ငစိန်၊ မီးတုံး၊ ဧည့်မထ ၊ လက်ရွေးဆန် နဲ့ ဗျတ် ဆိုပြီးရှိတယ်လို့သိရပါတယ်။ ထမင်းကိုပေါင်းအိုးနဲ့ ရေခန်းချက်တဲ့အခါ ဆန်အမျိုးအစားကိုလိုက်ပြီး ရေအချိန်အဆကွာသွားသလို ဆန်ဟောင်း၊ ဆန်သစ်ပေါ်မူတည်ပြီးတော့လည်း ထည့်ရတဲ့ရေအချိန်အဆကွာခြားပါတယ်။ ထမင်းငှဲ့ချက်တဲ့အခါရေထည့်ရတဲ့အချိန်အဆကအဆင်ပြေပေမယ့် ရေခန်းချက်၊ ပေါင်းချက်တဲ့အချိန်မှာတော့ စံသတ်မှတ်ထားတဲ့အချိုးအစားက ဆန်နို့ဆီဘူးတစ်ဘူးကို ရေနို့ဆီဘူးတစ်ဘူးခွဲ ထည့်ရမှာဖြစ်ပါတယ်။

မနောသုခလို အဆီအနှစ်နည်းတဲ့ ဆန်ကြမ်းမျိုးတွေဆိုရင်တော့ ဆန်နို့ဆီတစ်ဘူးကို ရေနို့ဆီဘူးနှစ်ဘူးထည့်ပြီးချက်မှအဆင်ပြေပါမယ်။ ဆန်ဟောင်းက မာတဲ့သဘောရှိတဲ့အတွက် ရေအနည်းငယ်ပိုသွားခဲ့ရင်သိပ်ပြဿနာမရှိပေမယ့် ဆန်သစ်တွေကတော့ စေးကပ်ပျော့ပျောင်းတဲ့အတွက် ရေမများအောင်သတိထားဖို့ လိုအပ်ပါတယ်နော်။


ရှာလကာရည်
ထမင်းချက်တဲ့အခါ ရှာလကာရည်အနည်းငယ် ထည့်သုံးပေးခြင်းအားဖြင့် ပိုလျှံနေတဲ့ကစီဓာတ်ကို ဖယ်ရှားပေးပြီး နူးညံ့ပျော့ပျောင်းတဲ့ ထမင်းသားကိုရရှိစေပါတယ်။ အရသာကိုလည်းမလျော့ပါးစေသလို ထမင်းလည်းအလွယ်တကူမသိုးဘဲ တာရှည်ခံစေပါတယ်။ ဒါကြောင့် ထမင်းတစ်ဘူးချက်တဲ့အခါ ရှာလကာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပေးခြင်းအားဖြင့် ရနံ့မွှေးပြီး စားကောင်းတဲ့ ထမင်းသားကိုရရှိစေပါတယ်နော်။

ဆန်အရက်
ဆန်အရက်ကို အသားနယ်တဲ့အခါမှာ အရသာရှိစေဖို့သုံးလေ့ရှိပေမယ့် ထမင်းကြော်တဲ့အခါ၊ ထမင်းချက်တဲ့အခါမှာလည်း သုံးနိုင်ပါတယ်။ ထမင်းချက်တဲ့အခါ ရေအချိုးအဆကြောင့်ပဲဖြစ်ဖြစ်၊ မီးကြောင့်ဖြစ်ဖြစ် ထမင်းကောင်းကောင်းမနပ်၊ မကျက်ဘဲဖြစ်နေတဲ့အခါ ဆန်အရက်ကို သုံးနိုင်ပါတယ်။ ထမင်းအကျက်မညီဘဲ မကျက်တကျက်နဲ့ မာဆတ်ဆတ်ဖြစ်နေခဲ့ရင် ရေထမင်းစားဇွန်း ၂ ဇွန်း၊ ဆန်အရက် ထမင်းစားဇွန်း ၁ ဇွန်းခန့် ပက်ဖျန်းပြီးမှ ပြန်နှပ်ပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ နဂိုအတိုင်းနူးညံ့အိထွေးတဲ့ ထမင်းသားကိုပြန်လည်ရရှိမှာဖြစ်ပါတယ်။


ဆီများ
ထမင်းချက်တဲ့အချိန်မှာ မွှေးပျံ့မှုနဲ့အတူ အရသာတိုးချင်ရင်၊ ကျန်းမာရေးနဲ့ညီညွတ်ချင်ရင်တော့ ပဲဆီ၊ သံလွင်ဆီလေးတွေကို သုံးနိုင်ပါတယ်။ ဆန်နဲ့ရေထည့်ပြီးတဲ့အခါ ပဲဆီစစ်စစ်လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ထည့်မွှေပြီးချက်ပေးရင် မွှေးပျံ့အိစက်တဲ့ ထမင်းသားလေးကိုရရှိစေပါတယ်။ သံလွင်ဆီထည့်ချက်ပေးရင်တော့ ဆန်ရဲ့အချိုဓာတ်ကိုထိန်းပေးတာကြောင့် ဝိတ်ချလိုသူ၊ ဆီးချိုရှိသူတွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ ဆန်ပြုတ်ပြုတ်ချိန်မှာတော့ နှမ်းဆီမွှေးလေးကို တစ်ပေါက်နှစ်ပေါက်ထည့်ပေးခြင်းက ဆန်ပြုတ်ကို ပိုမိုနူးညံ့စေပြီးအရသာတိုးစေပါတယ်နော်။


နေ့တိုင်းထမင်းချက်နေရတဲ့သူတွေအနေနဲ့ ဒီလိုနည်းလမ်းလေးတွေသုံးပြီးချက်မယ်ဆိုရင် အရသာရှိစားကောင်းလှတဲ့ ထမင်းတစ်အိုးကို ရရှိမှာအမှန်ပါပဲနော်။ အန်တီမေသီမသိသေးတဲ့ နည်းလမ်းကောင်းလေးတွေရှိခဲ့ရင်လည်း အန်တီ့ကိုပြန်ပြီးမျှဝေပေးခဲ့ပါဦးနော်။

Crd
အန်တီမေသီ

Address

Magway

Telephone

09976254625

Website

Alerts

Be the first to know and let us send you an email when Good Good Food Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share