Burmese Brew

Burmese Brew Specialty Coffee

23/05/2026

Yawaiwiththeproblems

နောက်ဆုံးကျန်တဲ့ တယောက်ကတော့ Yawaiwiththeproblems ပါ။ Yawaiwiththeproblems ကတော့ ရှမ်းပြည်အခြေစိုက် Artist တယောက်ဖြစ်ပါတယ်။ The Explosive ၊ Particle or Not ၊ Travelling Kites ၊ Walking Birds စတဲ့ တီးဝိုင်းတွေနဲ့ အနုပညာလှုပ်ရှားမှုတွေကို တောင်ကြီးမှာ အခြေချလုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူ့ဘော်ဒါ Khwar Khwar နဲ့ တယောက် project တယောက်ကူတီးရင်း solo project တွေအနေနဲ့ ခွဲထွက်လာပါတယ်။ မွေးရပ်မြေ ပြန်ရောက်တဲ့အချိန်မှာလည်း solo project တွေ အနေနဲ့ပဲ လှုပ်ရှားနေပြီး “မြူနှင်းဝေသီ Vol.1” ၊ “Grand Line” စတဲ့ပွဲတွေမှာလည်း တွေ့ခဲ့ရတာမလို့ ကျွန်တော်တို့နဲ့ မစိမ်းတဲ့လူတယောက်လည်း ဖြစ်ပါတယ်။ ရှေ့ပွဲတွေနဲ့ မတူတဲ့ Yawai ရဲ့ သီချင်းအသစ်တွေက်ို Midnight Synthfony မှာ ကြားရမှာမလို့ လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်။ မနက်ဖြန် ဆုံကြမယ်။

Event Details:

https://m.facebook.com/story.php?story_fbid=948541731279636&id=100083714527524

22/05/2026

Wai Hin

နောက်ထပ် မိတ်ဆက်ပေးမယ့် တယောက်ကတော့ ဝေဟင်ပါ။ ဝေဟင်ကတော့ ရှမ်းရှေ့၊ ကျိုင်းတုံအခြေစိုက် Artist တယောက်ဖြစ်ပြီး ဂီတလမ်းကြောင်း အစမှာတော့ Ballad ၊ R&B တွေကို လုပ်ကိုင်ရာကနေ နောက်ပိုင်းမှာတော့ Synth-Pop ၊ Indie-Pop နဲ့ Lofi တွေကို တွေ့လာရပါတယ်။ ပန်းခင်းဝါတွေ ၊ ကွေကွင်းရခြင်းဒုက္ခတွေ ၊ ညှိုးငယ်ဝမ်းနည်းမှုတွေအကြောင်းကို ဖွဲ့ဆိုတတ်တဲ့ ဝေဟင်ကလည်း Midnight Synthfony မှာ ရှိနေမှာမလို့ လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်။

Event Details:

https://m.facebook.com/story.php?story_fbid=948541731279636&id=100083714527524

21/05/2026

Jon Jone

Midnight Synthfony မှာ ပါဝင်သွားမယ့် နောက်တစ်ယောက်ကတော့ Jon Jone ပါ။ Jon Jone ကတော့ ငယ်စဉ်ကတည်းက ဂီတနဲ့ အကျွမ်းတဝင် ရှိခဲ့ပြီး Multi Instrument တီးခတ်နိုင်သူလည်း ဖြစ်ပါတယ်။ ဒီပွဲမှာတော့ အဖေဖြစ်သူရဲ့ သီချင်းတွေကို ပြန်လည်ဆန်းသစ် သီဆိုမယ့်အပြင် သူ့သီချင်းတွေကိုလည်း ကြားရမှာမလို့ လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်။

Event Details:

https://m.facebook.com/story.php?story_fbid=948541731279636&id=100083714527524

20/05/2026

Kyaw Lay In Da House

Kyaw Lay ကတော့ ရှမ်းမြောက်အခြေစိုက် လူငယ်တယောက်ဖြစ်ပါတယ်။ Lyrical Rap တွေကို သီဆိုတတ်ပြီး သူ့သီချင်းတွေမှာတော့ လူငယ်တယောက်ရဲ့ မွန်းကြပ်မှု ၊ စိတ်ဓာတ်ကျခြင်းနဲ့ စိတ္တဇဆန်တဲ့ အမှောင်ဘက်ခြမ်းတွေကို တွေ့ရပါတယ်။ Grand Line မှာလည်း ပါဝင်သီဆိုခဲ့ပြီး Midnight Synthfony မှာတော့ ရှေ့ပွဲနဲ့မတူတဲ့ ရသမျိုးကို ခံစားရမှာမလို့ လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်။

Event Details

https://m.facebook.com/story.php?story_fbid=948541731279636&id=100083714527524

19/05/2026

Dark Century

Dark Century ကတော့ ရှမ်းမြောက်အခြေစိုက်ဖြစ်ပြီး လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ Band လည်း ဖြစ်ပါတယ်။ Band Line Up ကတော့ NC.Croco ( Vocal )၊ Willain( Guitar / Vocal )၊ Nio( Drums ) တို့ပဲ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ ဖြတ်သန်းမှုကို ကြည့်မြင်နားဆင်ခံစားနိုင်ဖို့ Midnight Synthfony မှာ Dark Century လည်း ရှိနေပါမယ်။

Event Details:

https://m.facebook.com/story.php?story_fbid=948541731279636&id=100083714527524

Midnight Synthfony မိုးဦးကာလရဲ့ ပထဆုံးပွဲလေးကတော့ Midnight Synthfony ပဲ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ ပုံမှန်မြင်နေကျ မြို့ထဲက...
18/05/2026

Midnight Synthfony

မိုးဦးကာလရဲ့ ပထဆုံးပွဲလေးကတော့ Midnight Synthfony ပဲ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ ပုံမှန်မြင်နေကျ မြို့ထဲကလူငယ်တွေအပြင် ရှမ်းရှေ့ ၊ ကျိုင်းတုံအခြေစိုက် လူငယ်တွေပါ ပါဝင်သွားမှာ ဖြစ်ပါတယ်။ လာမယ့် ၂၄ရက်နေ့ တနင်္ဂနွေမှာ ကျင်းပမှာဖြစ်ပြီး နေရာကတော့ Burmese Brew မှာပါ။

Artist Line Up -

Dark Century
Kyaw Lay In Da House
Jon Jone
Wai Hin
Yawaiwiththeproblems

Show Time - 5:00 Pm To 7:30 Pm

Date - 24.5.2026 ( Sun )

Location - အမှတ် ၃ ရပ်ကွက် ၊ အောင်ဆန်းလမ်း၊ ဗဟိူစျေးအနီး ၊ Burmese Brew Coffee Shop

#𝐤𝐲𝐚𝐮𝐤𝐦𝐞

ကြမ်းတမ်းတဲ့ ပင်လယ်ပြင်ထဲမှာ Nakama တွေနဲ့ ရွက်လွှင့်နိုင်ဖို့ မနက်ဖြန် သောကြာနေ့ ကျွန်တော်တို့ Burmese Brew မှာ “Grand ...
23/04/2026

ကြမ်းတမ်းတဲ့ ပင်လယ်ပြင်ထဲမှာ Nakama တွေနဲ့ ရွက်လွှင့်နိုင်ဖို့ မနက်ဖြန် သောကြာနေ့ ကျွန်တော်တို့ Burmese Brew မှာ “Grand Line” ဆိုတဲ့ Music Concert ရှိပါမယ်ခင်ဗျာ။ Outdoor Area ဖြစ်တာနဲ့အညီ Sour သောက်ရင်း သံစဉ်တွေနဲ့ ကခုန်နိုင်ဖို့ ဖိတ်ခေါ်ပါတယ်။

CREW LIST

Yawaiwiththeproblems
Kyaw Lay In Da House
The Explosive

Door Opens - 4:30 Pm
Show Time - 5 Pm to 7 Pm

Location - အမှတ် ၃ ရပ်ကွက်၊ အောင်ဆန်းလမ်း၊ ဗဟိုစျေးအနီး၊ ကျောက်မဲမြို့။

ဘာနဲ့ချည်ချည် မမြဲပါဘူး
17/04/2026

ဘာနဲ့ချည်ချည် မမြဲပါဘူး

RETRO CLASSIC@ NIGHTသင်္ကြန်အခါသမယမှာ ခေတ်ဟောင်းတေးသီချင်းလေးတွေနဲ အမောဖြေနိုင်ဖို့ ကျွန်တော်တို့ Burmese Brew မှာ မနက်ဖ...
12/04/2026

RETRO CLASSIC@ NIGHT

သင်္ကြန်အခါသမယမှာ ခေတ်ဟောင်းတေးသီချင်းလေးတွေနဲ အမောဖြေနိုင်ဖို့ ကျွန်တော်တို့ Burmese Brew မှာ မနက်ဖြန်ညအတွက် “Retro Classic Night” ဆိုတဲ့ Unplugged လေး စီစဉ်ထားပါတယ်ခင်ဗျာ။

Afterhours မှာ Sour နဲ့ Beer လည်း ရပြီဆိုတော့ မိတ်ဆွေတို့နဲ့ ပျော်ရွှင်စွာ အတူတူ ဖြတ်သန်းကြဖို့ ဖိတ်ခေါ်ပါတယ်။

Time : 6:30 - 9 Pm

Location - အမှတ် ( ၃ ) ရပ်ကွက်၊ အောင်ဆန်းလမ်း၊ ဗဟိုစျေးအနီး၊ Burmese Brew Specialty Coffee၊ ကျောက်မဲမြို့။

YawaiwiththeproblemsYawaiwiththeproblems ကတော့ ရှမ်းပြည်အခြေစိုက် Artist တယောက်ဖြစ်ပြီး The Explosive ရဲ့ Bassist & Fron...
28/02/2026

Yawaiwiththeproblems

Yawaiwiththeproblems ကတော့ ရှမ်းပြည်အခြေစိုက် Artist တယောက်ဖြစ်ပြီး The Explosive ရဲ့ Bassist & Frontman ဖြစ်ပါတယ်။ Particle or Not ၊ Travelling Kites ၊ Walking Birds စတဲ့ ဝိုင်းတွေမှာလည်း တီးခတ်ပြီး လက်ရှိမှာတော့ Yawaiwiththeproblems နာမည်နဲ့ solo project တွေကို လုပ်ကိုင်နေပါတယ်။ Band Project တွေမှာတော့ Pop Punk ၊ Indie Folk ၊ Indie Rock အမျိုးအစားတွေ အများဆုံးတွေ့ရပြီး Solo Project တွေမှာတော့ Bedroom Pop ၊ Emo ၊ Lofi နဲ့ Folk တွေကို တွေ့ရမှာပါ။ မြို့ပြနဲ့ အသားမကျပုံတွေ ၊ ဘဝအမောတွေ ၊ တောင်တန်းဒေသရဲ့အလှတွေကို ပုံဖော်လေ့ရှိတဲ့ သူ့သီချင်းတွေကို ကြားရ ၊ မြင်ရဖို့ မြူနှင်းဝေသီ Vol.1 မှာ ရှိနေပါမယ်။


ပြီးပြည့်စုံတဲ့ ညနေခင်းတခုကို ဂီတသံစဉ်တွေနဲ့အတူ ဖြတ်သန်းဖို့ ဒီတပတ် တနင်္ဂနွေနေ့ ကျနော်တို့ Burmese Brew မှာ “မြူနှင်းဝေ...
27/02/2026

ပြီးပြည့်စုံတဲ့ ညနေခင်းတခုကို ဂီတသံစဉ်တွေနဲ့အတူ ဖြတ်သန်းဖို့ ဒီတပတ် တနင်္ဂနွေနေ့ ကျနော်တို့ Burmese Brew မှာ “မြူနှင်းဝေသီ”ဆိုတဲ့ music concert လေး တခုရှိပါမယ်ခင်ဗျာ။

Artist Line Up -

Yawaiwiththeproblems

1.3.2026 ( Sunday )

Free Entry

Door Opens - 3 PM

Show Time - 4 PM - 5 PM

Location - Burmese Brew
အမှတ်(၃/၆)၊ အောင်ဆန်းလမ်း၊ အမှတ် (၄)ရပ်ကွက်ရုံးရှေ့၊ ဗဟိုလ်ဈေးကြီးအနီး၊ ကျောက်မဲမြို့

Artwork by Mai Soe Aung

Address

Aung San Road
Kyaukme

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 19:00
Sunday 08:30 - 19:00

Telephone

+959263030310

Alerts

Be the first to know and let us send you an email when Burmese Brew posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burmese Brew:

Share

Category